07/07/2026
JS JoJo မှာလာရောက်သုံးဆောင်သွားတဲ့ ထဘီအနီ uniform နဲ့ အမျိုးသမီး (သို့) အများသုံးအချဉ်အိုးကိုလက်နဲ့နှိုက်ပြီးလျှာနဲ့ယက်ခဲ့သူသို့
ဒီနေ့ (၇.၇.၂၀၂၆) ညနေ (၃:၃၀) ဝန်းကျင်လောက်က JS Jo Jo Hotpot - 九九 မှာ လာရောက်သုံးဆောင်သွားခဲ့တဲ့ အသက် (၃၀) ကျော်၊ (၄၀) ဝန်းကျင်၊ ထဘီအနီရောင်နဲ့ အမျိုးသမီးကြီးများခင်ဗျာ...
Jojo က budget လည်းသက်သာပြီး ၊ အရသာလည်းရှိလို့ ကျွန်တော့်လိုပဲ အပတ်တိုင်းလိုလို နေ့တိုင်းနီးပါး စွဲစွဲမြဲမြဲ လာစားနေတဲ့ Regular Customer တွေ အများကြီးရှိပါတယ်။ဒါပေမဲ့ အများပြည်သူ ဝေမျှသုံးဆောင်နေတဲ့ "အချဉ်စပ်တဲ့နေရာ" မှာ အချဉ်တွေကို လက်နဲ့နှိုက်၊ ပြီးတော့လျှာနဲ့ပြန်ယက် စားသုံးသွားတဲ့ လုပ်ရပ်ကတော့ တကယ်ကို စိတ်ပျက်စရာကောင်းလှပါတယ်။(ကိုယ်ကအမြင်မတော်လို့သွားပြောလိုက်လို့ ဝန်ထမ်းတွေကချက်ချင်းအချဉ်ရည်ကိုအသစ်တွေပြန်လဲပေးတာတော်ပါသေးတယ်။)
အခုလိုရောဂါဘယ ထူပြောတဲ့ခေတ်မှာမိမိရဲ့လုပ်ရပ်က မိမိရဲ့အဆင့်အတန်းကို ဖော်ပြနေသလို၊ အခြားစားသုံးသူတွေအပေါ်မှာလည်း အဆိပ်ခတ်သလို ဖြစ်စေတဲ့ "အခြေခံလူ့ကျင့်ဝတ်" ကင်းမဲ့တဲ့ လုပ်ရပ်မျိုးပါ။ကျွန်တော့်အပြင် ဘေးကတခြားလူကြီးတွေပါ မျက်ဝါးထင်ထင် မြင်တွေ့သွားရလို့ အစားစားရင်း တကယ်ပဲစိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
လူမှုပတ်ဝန်းကျင်မှာနေရင် လူလိုနားလည်ပြီး စည်းကမ်းရှိဖို့လိုပါတယ်။မိမိတို့ရဲ့စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်ကြောင့် တခြားလူတွေဘယ်လောက် စိတ်ပျက်ပြီးရွံသွားမလဲဆိုတာတွေးကြည့်ပြီးရှက်တတ်ပါစေ။အရမ်းကြိုက်လို့ တစ်ပတ် ၅ ရက်လောက် လာစားနေကျဆိုင်မို့ အခုလို စည်းကမ်းမဲ့သူတွေကြောင့် ဆိုင်ရဲ့ ပုံရိပ်ပါ ထိခိုက်မှာစိုးလို့သတိပေးတာပါ။
ဆိုင်ဘက်ကလည်းအများသုံး အချဉ်ကောင်တာတွေရဲ့ သန့်ရှင်းရေးနဲ့ စားသုံးသူတွေရဲ့ စည်းကမ်းကို ပိုမိုကြပ်မတ်ပေးနိုင်ရင် အားလုံးအတွက်ပိုအဆင်ပြေမယ့်အကြောင်း သတိပေးလိုပါတယ်ခင်ဗျာ။
Edit : အပေါ်အင်္ကျီကပလိန်းအဖြူရောင်ပါ။