YAY YAY News

YAY YAY News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YAY YAY News, Media/News Company, 58-08 Van Horn Street, Elmhurst, NY.

PEP နို့မှုန့်ကုမ္ပဏီရဲ့ပေါ့ဆမှုကြောင့် ကလေးငယ် တယောက်အသက်ဆုံးရှုံးသွားနိုင်တဲ့အခြေအနေတခုဖြစ်ခဲ့ပါတယ်
01/07/2026

PEP နို့မှုန့်ကုမ္ပဏီရဲ့ပေါ့ဆမှုကြောင့် ကလေးငယ် တယောက်အသက်ဆုံးရှုံးသွားနိုင်တဲ့အခြေအနေတခုဖြစ်ခဲ့ပါတယ်

01/07/2026

PEP နို့မှုန့်ကုမ္ပဏီရဲ့ပေါ့ဆမှုကြောင့် ကလေးငယ် တယောက်အသက်ဆုံးရှုံးသွားနိုင်တဲ့အခြေအနေတခုဖြစ်ခဲ့ပါတယ်။

ကလေးတွေ အများဆုံးစားဖြစ်တဲ့ pep နို့မှုန့် အတွင်းမှ သံချောင်းတစ်ချောင်း ထွက်လာတာကို အသက်၇နှစ်အရွယ်ကလေးငယ်က တွေ့ရှိခဲ့ပြီး မိခင်ကိုသွားပြခဲ့ရာမှာ မိခင်က လူမှုကွန်ရက်ပေါ်မှာဖော်ထုတ်တင်ပြခဲ့ပြီး လူအများအကြား စိုးရိမ်ပူပန်မှုတွေး ဖြစ်ပေါ်လာခဲ့တဲ့နောက်း pep ဖက်မှ တရားဝင် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရပါတယ်။

ကလေးက သံချောင်းကို တွေ့ရှိခဲ့လိုသာကလေးငယ်တစ်ယောက် အသက်အန္တရာယ်ကနေ သီသီလေး လွတ်မြောက်ခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုပါ မိခင်ရဲ့ပြောကြားချက်အရ ကလေးငယ်ဟာ နို့မှုန့်ကို စားနေရင် နို့မှုန့်ထဲမှ လက်တစ်ဆစ်ဝက်ခန့်အရှည်ရှိပြီး သေးသေးပိန်ပိန် သံချောင်းတစ်ချောင်း ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါအချိန်မှာ မိခင်နှင့် ကလေးတို့ အတူတကွ ရှိနေချိန်ဖြစ်ပြီး ကလေးကလည်း သံချောင်းကို မမျိုချလိုက်တာကြောင့် သာ ကလေးအတွက် အန္တရာယ်မဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

အကယ်၍ ကလေးသာသံချောင်းကို မတွေ့ပဲ စားမိသွားရင်..." ဆိုတဲ့ အတွေးက မိဘတိုင်းအတွက် ရင်လေးစရာပါပဲ။

အဆိုပါအကြောင်းအရာကို လူမှုကွန်ရက်ပေါ်မှာ တင်ပြလိုက်ပြီးနောက် အများပြည်သူအကြား ကလေးအစားအသောက် လုံခြုံရေးနှင့်ပတ်သက်ပြှး စိုးရိမ်မှုများ မြင့်တက်လာခဲ့ကာ pep ကုမ္ပဏီဘက်မှ ယင်းဖြစ်ရပ်ကို အသိအမှတ်ပြုကာ ပြန်လည်တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

pep ဖက်မှ ထုတ်ပြန်ချက်အရ ယခုဖြစ်ရပ်မှာ ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်း ဖြစ်ပေါ်ခဲ့နိုင်တဲ့ပေါ့ဆမှုတစ်ရပ်ဖြစ်ကြောင်း ဝန်ခံထားပြီး နို့မှုန့်ထုတ်လုပ်ရေး စနစ်များကို ပြန်လည်စစ်ဆေးကာ အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် အရေးယူဆောင်ရွက်သွားမည်ဟု ကတိပြုထားပါတယ်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ပြည်သူအချို့က ကုမ္ပဏီရဲ့ ပြန်လည်တောင်းပန်မှုကို ကြိုဆိုကြသော်လည်း ကလေးတွေရဲ့အသက်အန္တရာယ်နှင့် တိုက်ရိုက်ဆိုင်သော အစားအသောက်ဖြစ်တာကြောင့်တိကျပြတ်သားတဲ့စစ်ဆေးမှုနှင့် တာဝန်ယူမှုများကို
လက်တွေ့ကျကျ မြင်တွေ့လိုကြောင်း ဝေဖန်ထောက်ပြမှုများလည်း ဆက်လက် ထွက်ပေါ်နေဆဲဖြစ်ပါတယ်။

ို့မှုန့်ကုမ္ပဏီ
ို့မှုန့်

11/26/2025

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ၁၈ ဦးကို အကြမ်းဖက်သမားတွေအဖြစ် NUG ကြေငြာ

နိုဝင်ဘာ ၂၆၊ ၂၀၂၅

၂၀၂၁ ခုနှစ် အာဏာသိမ်းယူရာတွင် ပါဝင်ခဲ့သူ ၁၈ ဦး အကြမ်းဖက် သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကြေညာချက် ထုတ်ပြန်လိုက်ပါတ်။
အကြမ်းဖက်သမားများအဖြစ် တရားဝင် သတ်မှတ် ကြေညာခံရသူတွထဲမှာ စစ်ကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
အာဏာသိမ်းပြီးနောက် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခံရသူ ဦးမြင့်ဆွေ
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အပါအဝင်အာဏာသိမ်းရာတွင် ပါဝင်ခဲ့သည့် ထိပ်တန်း စစ်ခေါင်းဆောင်များ၊ ဗိုလ်ချုပ်အဆင့် အရာရှိများနှင့် အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်ပါတယ်။

#အမျိုးသားညီညွတ်ရေးအစိုးရ #အာဏာသိမ်းစစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #အကြမ်းဖက်ကြေငြာ

Address

58-08 Van Horn Street
Elmhurst, NY
11373

Website

Alerts

Be the first to know and let us send you an email when YAY YAY News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share