Klean I am thankful for the air I breath.

လူတစ်ယောက် နဲ့ တွေ့ကြုံတဲ့အခါ ဒီလူက ကိုယ့်အတွက် ကောင်းတာမျိုး။ ဒီတစ်ယောက်နဲ့ အရမ်းရီမောတယ် ပျော်ရွှင်တယ်၊ ကြည်နူးတာတွေ ဖ...
03/28/2025

လူတစ်ယောက် နဲ့ တွေ့ကြုံတဲ့အခါ ဒီလူက ကိုယ့်အတွက် ကောင်းတာမျိုး။
ဒီတစ်ယောက်နဲ့ အရမ်းရီမောတယ် ပျော်ရွှင်တယ်၊ ကြည်နူးတာတွေ ဖြစ်တယ်။

နောက်တစ်ယောက်နဲ့ တွေ့တဲ့အခါ စိတ်မကြည်လင်ဖြစ်တာမျိုး၊ မုန်းတီးတာ၊ နာကျင်တာမျိုး၊ အဆင်မပြေတာမျိုးတွေ ကို
လူတ်ိုင်းခံစားကြဖူးမယ်ထင်ပါတယ်။....

Eclipse အချိန်မှာ ရောက်လာတဲ့ Relationships တွေက Karmic လည်း ဖြစ်နိုင်သလို soulmate ဖြစ်နိုင်တယ်။
..
Karmic RS ..ကိုယ့်ဆီရောက်လာတာက ကိုယ့်လုပ်ခဲ့တဲ့ အကျိုးဆက်တွေ ပြန်ပေးဆပ်ဖို့..

တစ်ယောက်ရဲ့တိုးတတ်မှု တစ်ယောက်ရဲ့ လုပ်ဆောင်မှုတွေ ကိုဟန့်တားမှုတွေပါတယ်။
သူနဲ့ ကိုယ်ပေါင်းသင်းရတာ
အားပြိုင်မှုတွေ ၊ စိတ်ဖိစီးမှုတွေ ၊
တစ်ယောက်နဲ့ တစ်ယောက် သာရင်မနာလိုပဲ တွန်းချနေတာမျိုး...
တစ်ချို့ကျတော့ ဒီတစ်ယောက်က်ို အရမ်းချစ်တာ ဒါပေမယ့် ကိုယ့်အပေါ် မကောင်းဘူး ။ မပြတ်သားနိုင်ဘူး....

Soulmate ..တစ်ဦးနဲ့ တစ်ဦး အကျိုးပြုဖို့ရောက်လာတာ။ ကိုယ့်အနားက်ို ရောက်လာတာက ကိုယ့် အမှန်တရားနားကိုတွန်းပို့တာမျိုး ။
တိုးတတ်တာမျိုးမြင်ရတယ် ။
soulmate တိုင်းက ကိုယ့်ဘဝမှာပေါင်းဖက်ဖို့လာတာမျိုး၊ လက်တွဲဖော် မျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ၊ ဥာဏ်ပွင့်သွားဖို့၊တိုးတတ်ဖို့ လုပ်ပေးပြီး ပြီးသွားတာမျိုး၊.....
soulmate RS ကအလိုလို သိနိုင်တယ်တဲ့
မျက်လုံးကြည့်တာနဲ့ sense ကအလိုလို connection ရတာမျိုးပါတဲ့။

ps...
ဂဏန်းဗေဒ ဆရာရဲ့ unlock your destiny ထဲမှ စာသားတစ်ချို့

လူတွေ က ဘာလ်ို့ငွေရှာကြလည်းတဲ့ ??ဒီမေးခွန်းက သာမာန်ကြည့်ရင် ဟငွေရှာတာ လုပ်ချင်တာလုပ်ရဖို့ပေါ့၊ သားသမီးတွေ လိုတာဖြည့်ဆည်း...
06/23/2024

လူတွေ က ဘာလ်ို့ငွေရှာကြလည်းတဲ့ ??
ဒီမေးခွန်းက သာမာန်ကြည့်ရင် ဟငွေရှာတာ လုပ်ချင်တာလုပ်ရဖို့ပေါ့၊ သားသမီးတွေ လိုတာဖြည့်ဆည်းပေးချင်လို့၊ အလှူဒါနကိုစိတ်ကြိုက်လုပ်ချင်လို့ ဆိုပီး ပြောကြပါလိမ့်မယ်။ တကယ်တမ်း ကိုယ်လုပ်ချင်တာလုပ်ရဖို့ငွေရှာနေတဲ့ အခါ နဲနဲတော့ လုပ်ချင်တာလုပ်ရမယ် ဘယ်တော့မှ ပြည့်မှာလည်း။လူ့ဆိုတာ ဒါပီးရင်ဒါလိုချင်တယ် ။ လိုချင်တာနောက်လိုက်ရင်း တဖြေးဖြေး ရှေ့မှာဂျောက်ပဲရှိတော့တယ်။ပျော်ရွှင်ရမှာလည်း မဟုတ်ဘူး။လူဆိုတာအမြဲဆန္ဒက ရှိနေတာ ပြည့်ဝတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
လုပ်ချင်တာလုပ်ရဖို့ ပိုခက်လာတယ်။
ကိုယ်လုပ်ချင်တာကိုလုပ်ရဖို့ ငွေရှာတယ်ဖို့ အလုပ်ကလည်း ဘယ်တော့မှလုပ်လို့မပီးဘူး။အလုပ်ကဘယ်တော့မှ လုပ်လို့မပီးရင် ဘဝကြီးကလည်းပြည့်ဝစွာပျော်ရွင်ဖို့ ဘယ်တော့မှ မပျော်ရွှင်တော့ဘူး။

ဒါဆို မေးစရာရှိလာပီ ဘာလုပ်ဖို့ငွေရှာလည်း ဆိုတာ...
တစ်ဖက်က ကြည့်ရင် ကိုယ်မလုပ်ချင်တာမလုပ်ရဖို့ငွေရှာတာဆိုရင်ရော?? ။ ကိုယ်မလုပ်ချင်တာတွေ မလုပ်ဖို့ ငွေရှာတဲ့အခါ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့ နေရာတွေ ပိုလွတ်လာမယ် ။အခွင့်အရေးတွေပိုရလာမယ် ။ကိုယ်မလုပ်ချင်တာတစ်ခြားလူကို ခိုင်းတဲ့အခါမှာလည်း တစ်ဦး နဲ့ တစ်ဦး ကြား respect ရှိဖို့လိုတယ်။ ကိုယ်မလုပ်ချင်တာ တစ်ခြားသူက ငွေပေးတိုင်းလုပ်ပေးတယ်ဆိုပေမယ့် တစ်ဦး နဲ့ တစ်ဦး ကြား ကိုယ်မလုပ်ချင်တာသူလုပ်ပေးတဲ့အတွက် ကျေးဇူးတော့တင်ရမယ် ။ကိုယ်ချင်းစာတရားလေးတွေနဲ့ ရှင်သန်ထိုင်ကြရင် ပို အဓိပ္ပါယ်မရှိဘူးလား။
ကျေးဇူးတရားနဲ့ ရှင်သန်နေထိုင်တဲ့အတွက် အေးချမ်းမှုတွေရှိလာမယ်။ လောဘဒေါသတွေ လျော့နည်းလာမယ် ။ သေချာစဥ်းစားကြည့်ရင်ရိုးရိုးလေးပါပဲ။

ဘယ်ရာသီခွင်တွေက ဘယ်သူတွေဖြစ်မလဲ ခန့်မှန်းကြည့်😊Photo Credit
06/22/2024

ဘယ်ရာသီခွင်တွေက ဘယ်သူတွေဖြစ်မလဲ ခန့်မှန်းကြည့်😊

Photo Credit

06/22/2024

ကျွန်မတို့တွေရဲ့ဘဝမှာ ရွေးချယ်စရာတွေ ကြုံခဲ့ဖူးကြမှာပဲ ။၂ ခုစလုံး လုပ်လို့မရတာမျိုး ၊ လမ်းနှစ်လမ်းလျှောက်လို့မရတာမျိုးတွေ ကြုံလာရင် ကိုယ်ဖြစ်ချင်တာကိုလျှောက်ကြလား မိဘတွေ ဆွေမျိုးတွေ ဖြစ်ချင်တာက်ိုလျှောက်ကြလား။ ကိုယ်လျှောက်ချင်တာတစ်လမ်း သူများကြောင့်ရွေးချယ်လျှောက်ရတဲ့ လမ်းကတစ်လမ်းဆိုရင် ကိုယ်ကိုယ်တိုင်ရော ပျော်ရွှင်ရဲ့လား သေချာစဥ်းစားဖို့လိုတယ်။ခုခေတ်ကာလမှာမြင်နေရတာက မိဘတွေက ဒါဖြစ်စေချင်တယ် ။သားသမီးတွေက ဟိုဟာဖြစ်ချင်ကြတယ် အဲတော့ မိဘနဲ့သားသမီးကြားမှာ ပဋိပက္ခ လေးတွေ စတင်လာကြတယ်။ အဲဒီအခါ ဘယ်လ်ိုမျိုးတွေမြင်တွေ့နေရလည်းဆိုတော့ တစ်ချို့သားသမီးက မိဘဖြစ်စေချင်တာကိုရွေးပီး တစ်သက်လုံး မပျော်ရွှင်ဘဲနေကြပီး၊တစ်ချို့က ကိုယ့်လျှောက်ချင်တဲ့လမ်းကိုရွေးပီး ပျော်ရွှင်ပေမယ့် တစ်ဖက်မှာမိဘငြိုငြင်နေတာကြီးက မပျော်ရွှင်စေပြန်ဘူး။မိဘ ပဲ ဖြစ်ဖြစ် သားသမီးပဲ ဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ရွေးချယ်ချက် ဆုံးဖြတ်ချက်တွေကို တန်ဖိုးထားတတ်ရမယ် လေးစားတတ်ရမယ်။ကိုယ်က ဒီလမ်းကိုလျှောက်မယ်ဆိုရင် ကိုယ်လျှောက်တဲ့ လမ်းကို တန်ဖိုးထားပေးတဲ့ ပတ်ဝန်းကျင်လိုတယ်။ တကယ်လို့ကိုယ်လျှောက်တဲ့ လမ်းက မှားသွားလို့ လဲကျသွားရင်တောင်ဘေးကနေ ဖေးမ ကူညီ ပေးမယ့်ပတ်ဝန်းကျင်လိုတယ်။ ဘဝမှာတစ်ချိန်မဟုတ်တစ်ချိန် လူတိုင်းအမှားလုပ်မိတတ်ကြတယ်။ အဲပေါ်မှာသွားပီး နာကျင် ခံစားနေလို့မရဘူး။ လူဆိုတာသင်ခန်းစာ ရဖူးမှ နောက်တစ်ဆင့်ကိုခုန်နိုင်မှာ ။ သင်ခန်းစာမရရင် နောက်တစ်ဆင့်ခုန်ဖို့ခက်တယ်။
လူတိုင်းက လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကိုတန်ဖိုးထားတတ်ကြပါစေ။ ဘယ်အရာတွေက ကိုယ့်ရဲ့ inner voice ကိုပိတ်နေလည်း ဆိုတာကိုယ်က်ိုယ်တိုင်ကလည်း ကိုယ့်ဘာသာသိရှိအောင်ကြိုးစားပီး ကိုယ့်ကိုယ့်ကို reflect လိုပါတယ်။ ဒါမှသာ သာယာပျော်ရွှင်တဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်မှာပါ။

06/22/2024

ဟိုရက်က ဆရာ ဂဏန်းဗေဒရဲ့
Remembering who you are လေးပြန်နားထောင်မိတယ်
ကိုယ့်ကိုယ့်ကို မေးပါတဲ့
survival mood မှာနေထိုင်နေတာလား
survial ကအောက်ကိုလည်နေတာ
ကမ္ဘာမြေပေါ်ရောက်လာပီး မားမားမတ်မတ်မရပ်တည်နိုင်ဘူး။တနေ့တနေ့ လောဘတွေ ဒေါသတွေ အဆင်မပြေမှုတွေ စိတ်မရှည်မှုတွေ စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်းရုန်းကန်နေရတယ် သူများကို ဝေဖန်မယ် ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ သူများပြစ်ချက်ထိုင်ပြောနေမယ်
creation mood မှာနေထိုင်နေတာလား
creation mood ကို ရောက်ဖို့ ဆိုရင်
The act of being ကိုယ့်ကိုယ်ကို reflect လုပ်မယ် ကိုယ့်ကိုယ်ကို မေးပါ
ကိုယ့်ကိုယ်ထဲဘာတွေ ပါသလဲ Talent skill intention lifestyle creation တွေ reflect လုပ်လိုက်ပီးမှ ကိုယ့်ကိုယ်ကိုရှာဖွေပီး
The act of doing ကို စတင်ပီး Creation လုပ်ရမှာပါ
Ikigai ဆိုတဲ့ ဂျပန်နည်းပညာလေးတခုက ကိုယ့်ကိုယ်ကိုယ်ရှာဖွေတဲ့ နေရာမှာ အရမ်းအထောက်အကူပြုတယ်
၁.ကိုယ်က ဘာလုပ်ရရင် ပျော်လည်း
၂.ကိုယ်ကဘယ်နေရာတွေမှာတော်တာလဲ
၃.ဘာလုပ်ရင် ဝင်ငွေ အဆင်ပြေမလည်း
၄.ကမ္ဘာမှာ ဘာတွေ လိုအပ်နေလည်း
ဆိုတဲ့ ဒီအချက် ၄ ချက်ကို ရှာဖွေ တွေ့ရှိသွားရင် အိပ်ယာက နိုးလာတ်ိုင်းမှာ အကြောင်းပြချက်တစ်ခုပေါ်လာတယ်
happy ဟော်မုန်းတွေ ထွက်လာတယ်
အဲတာတွေ စတင်ဖို့ The act of being ကို စတင်ရှာကြည့်ပါ

သင်တို့ရော Survival mood မှာနေထိုင်နေတာလား Creation mood မှာနေထိုင်နေကြတာလား

ဒီစာအုပ်ကို သူငယ်ချင်းကလာပေးဖတ်တော့ပတ်ဝန်းကျင်ကောင်းမှာပဲ အမြဲရှင်သန်ပါ ဆိုတဲ့စကားလေးသတိရသွားတယ် ။1. ခွင့်လွှတ်ခြင်း၏ စွ...
06/22/2024

ဒီစာအုပ်ကို သူငယ်ချင်းကလာပေးဖတ်တော့
ပတ်ဝန်းကျင်ကောင်းမှာပဲ အမြဲရှင်သန်ပါ ဆိုတဲ့စကားလေးသတိရသွားတယ် ။

1. ခွင့်လွှတ်ခြင်း၏ စွမ်းအား-

ဒေါသနဲ့ နာကြည်းမှုတွေကို ဆုပ်ကိုင်ထားရတာဟာ ကျွန်ပ်တို့ကို နှောင့်နှေးစေမယ့် လေးလံတဲ့ အလေးချိန်ကို ထမ်းထားသလိုပါပဲ။ ခွင့်လွှတ်ခြင်းကို လေ့ကျင့်ရန် ကျွန်ုပ်တို့အား အခြားသူများအတွက်မဟုတ်ဘဲ၊ မိမိကိုယ်ကိုအတွက် တွန်းအားပေးထားပါတယ် အတိတ်က နာကျင်စရာတွေနဲ့ အဆိုးမြင်မှုတွေကို စွန့်လွှတ်လိုက်ပါ။ အမှားတွေအတွက် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပြီး ပေါ့ပါးတဲ့နှလုံးသားနဲ့ ရှေ့ဆက်လိုက်ပါ။ ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့အား ပစ္စုပ္ပန်တွင် အသက်ရှင်နေထိုင်ရန် လွတ်မြောက်စေပြီး ရှေ့တွင်ရှိသော ဖြစ်နိုင်ခြေများကို ဆုပ်ကိုင်ထားသည်လို့ ရေးထားတယ်

2. ဆက်ဆံရေးတွင် ရင်းနှီးမြုပ်နှံပါ-

လူသားချင်းဆက်နွှယ်မှုသည် ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတဲ့။ ချစ်ရသူများ၊ သူငယ်ချင်းများနှင့် လမ်းညွှန်ပေးသူများနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို ပြုစုပျိုးထောင်ရန် အရေးကြီးကြောင်း အလေးပေးဖော်ပြသည်။ ဤချိတ်ဆက်မှုများသည် ပံ့ပိုးမှု၊ အားပေးမှု၊ နှင့် သက်ဆိုင်သည့်သဘောကို ပေးဆောင်သည်။ သင့်ဆက်ဆံရေးတွင် ရင်းနှီးမြုပ်နှံပါ၊ ၎င်းတို့သည် သင့်ဘဝတစ်လျှောက်လုံး ခွန်အားနှင့် ပျော်ရွှင်မှု၏ရင်းမြစ်ဖြစ်လာပါလိမ့်မည်။

3.စဉ်ဆက်မပြတ် သင်ယူခြင်းသည် အဓိကကျသည်-

ကမ္ဘာကြီးက အမြဲပြောင်းလဲနေတယ်၊ ​​ငါတို့လည်း ဒီလိုပဲ။ ကျွန်ုပ်တို့အား တစ်သက်တာ သင်ယူမှု စိတ်သဘောထားကို လက်ခံကျင့်သုံးရန် အားပေးသည်။ စာအုပ်များဖတ်ပါ၊ စိတ်ကူးသစ်များရှာဖွေပါ၊ သင်၏သက်တောင့်သက်သာဇုန်အပြင်သို့ထွက်ပါ။ ကျွန်ုပ်တို့ လေ့လာလေလေ၊ ကျွန်ုပ်တို့ ကြီးထွားလေလေ၊ ကျွန်ုပ်တို့သည် အမြဲတစေ ပြောင်းလဲနေသော ဘဝအခင်းအကျင်းကို သွားလာရန် အဆင်သင့်ဖြစ်လေလေဖြစ်သည်။

*****ဒီအချက်က အရမ်းမှန်းတယ် အမြဲလေ့လာနေတော့ အရင်က သိခဲ့တဲ့အသိနဲ့ အခုသိတဲ့အသိ ကွာခြားသွားတယ်
အရင်က သာမာန်ပဲတတ်ခဲ့တဲ့ ဂဏန်းဗေဒရဲ့ အတန်းတွေက အခုချိန်ပြန်နားထောင်ရင် အနှစ်တွေချည်းပဲဆိုတာ သိလာတာမျိုး*****

4. သတိပဋ္ဌာန်၏ အစွမ်း၊

သင့်စိတ်ကို ဥယျာဉ်အဖြစ် တွေးပါ။ အဆိုးမြင်တတ်သော ပေါင်းပင်များသည် အလွယ်တကူ အညှောက်ပေါက်နိုင်ပြီး အပြုသဘောဆောင်သော ပန်းများကို ညှစ်ထုတ်နိုင်သည်။ သတိပဋ္ဌာန်ဆိုတာ မင်းရဲ့ဥယျာဉ်ကို ပြုစုစောင့်ရှောက်တာ၊ အပျက်သဘောဆောင်တဲ့ အတွေးတွေကို ဖယ်ထုတ်ပြီး အကောင်းမြင်တတ်တဲ့သူတွေကို ပြုစုပျိုးထောင်ပေးသလိုပါပဲ။ တရားထိုင်ခြင်း နှင့် ဆင်ခြင်သုံးသပ်ခြင်းကဲ့သို့သော အလေ့အကျင့်များအားဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အတွင်းရှုခင်းကို သိရှိလာပြီး ကျန်းမာသော စိတ်ပိုင်းဆိုင်ရာနေရာတစ်ခုကို ပြုစုပျိုးထောင်ရန် သင်ယူပါ။

Address

Southgate
Florida City, FL
33321

Website

Alerts

Be the first to know and let us send you an email when Klean posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share