HtooMax This page is mainly for technology ideas and rumors with current trends and leaks.

04/17/2026

မင်္ဂလာရှိသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ….

🙏🙏🙏

သင့် iPhone က Locked ဖြစ်နေရင်တောင် ပိုက်ဆံ ဒေါ်လာ “တစ်သောင်း” အခိုးခံရနိုင်သလား? 📱💸ဒီနေ့တော့ တကယ့်ကို သတိထားသင့်တဲ့ တုန...
04/16/2026

သင့် iPhone က Locked ဖြစ်နေရင်တောင် ပိုက်ဆံ
ဒေါ်လာ “တစ်သောင်း” အခိုးခံရနိုင်သလား? 📱💸

ဒီနေ့တော့ တကယ့်ကို သတိထားသင့်တဲ့ တုန်လှုပ်စရာ Tech News တစ်ခုအကြောင်း ပြောပြချင်ပါတယ်။

နာမည်ကြီး YouTube channel တစ်ခုဖြစ်တဲ့ **Veritasium** က **MKBHD** နဲ့ပေါင်းပြီး iPhone ရဲ့ Apple Pay မှာရှိတဲ့ ကြောက်စရာကောင်းတဲ့ လုံခြုံရေးအပေါက် (Exploit) တစ်ခုကို လက်တွေ့ပြသသွားပါတယ်။

ဘာတွေဖြစ်ခဲ့တာလဲ? 🤔

MKBHD ရဲ့ iPhone က **Locked** ဖြစ်နေတာတောင်မှ သူ့ဆီကနေ ပိုက်ဆံ **$10,000** ကို Derek (Veritasium) က ဘာ Password မှ မလိုဘဲ၊ Face ID လည်း မတောင်းဘဲ ခိုးထုတ်ပြသွားတာပါ။ ဘယ်လိုလုပ်သွားတာလဲဆိုတာ ကြည့်ရအောင်...

https://youtu.be/PPJ6NJkmDAo?si=Ptmmk_R04G51n4d2

🛠 အဲ့ဒီ "ခိုးတဲ့စက်" က ဘယ်လိုအလုပ်လုပ်တာလဲ?

ဒါကို University of Surrey နဲ့ University of Birmingham က သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး နည်းပညာအရ **"Relay Attack"** လို့ ခေါ်ပါတယ်။

1. **The Trick:** အခိုးသမားက NFC Card Reader လေးတစ်ခုကို သင့်ဖုန်းနားမှာ ကပ်ရပ်ထားလိုက်ပါတယ်။ အဲ့ဒီစက်က iPhone ဆီကို "ငါက ဘတ်စ်ကားဂိတ်က စက်ပါ" လို့ လှည့်စားလိုက်တာပါ။

2. **The Loophole:** Apple Pay မှာ **Express Transit** ဆိုတဲ့ feature ရှိပါတယ်။ အဲ့ဒါက ရထားစီး၊ ဘတ်စ်ကားစီးရင် မြန်အောင်ဆိုပြီး ဖုန်းကို Lock ဖွင့်စရာမလိုဘဲ Tap
လုပ်လိုက်ရုံနဲ့ ငွေချေပေးတဲ့ စနစ်ပါ။

3. **The Bridge:** အခိုးသမားရဲ့စက်က Laptop တစ်လုံးနဲ့ချိတ်ထားပြီး၊ အဲ့ဒီကနေတစ်ဆင့် တခြားတစ်နေရာက Burner Phone တစ်လုံးဆီကို Signal လွှတ်လိုက်ပါတယ်။ အဲ့ဒီ Burner Phone ကို တကယ့်ဆိုင်က ငွေချေစက် (Card Terminal) မှာ Tap လုပ်လိုက်တဲ့အခါ သင့်ဖုန်းထဲက ပိုက်ဆံက အဝေးကနေ အခိုးခံလိုက်ရတာပဲ ဖြစ်ပါတယ်။

4. **Bypass Limit:** ပုံမှန်ဆိုရင် Tap to Pay က ပိုက်ဆံအများကြီး ခိုးလို့မရပေမယ့်၊ ဒီနည်းလမ်းက Transaction Limit တွေကိုပါ ကျော်ဖြတ်နိုင်လို့ MKBHD ဆီကနေ $10,000 တောင် ခိုးပြနိုင်ခဲ့တာပါ။

🍏 Apple နဲ့ Visa ကရော ဒါကို သိလား?
ဒီပြဿနာက ၂၀၂၁ ကတည်းက ပေါ်ခဲ့တာဖြစ်ပြီး အခုထိ အငြင်းပွားနေကြတုန်းပါ။
* **Apple** က "ဒါဟာ iPhone ရဲ့ ပြဿနာမဟုတ်ဘူး၊ Visa Card တွေရဲ့ စနစ်ကြောင့်ဖြစ်တာ" လို့ ပြောပါတယ်။
* **Visa** ကတော့ "ဒါက လက်တွေ့ပြင်ပလောကမှာ ဖြစ်ဖို့ တော်တော်ခဲယဉ်းပါတယ်၊ တကယ်လို့ အခိုးခံရရင်လည်း Visa ရဲ့ Zero Liability Policy အရ ပြန်တောင်းလို့ရတယ်" လို့ ဆိုပါတယ်။

* **မှတ်ချက်:** ဒီ Exploit က **Samsung Pay** မှာ အလုပ်မလုပ်သလို၊ **Mastercard** နဲ့ **American Express** တွေမှာလည်း အလုပ်မလုပ်ပါဘူး။ **Visa + iPhone** မှာပဲ ဖြစ်တာပါ။

🛡 ဘယ်လိုကာကွယ်မလဲ? (HtooMax Tips)

လက်တွေ့မှာ အခိုးသမားက သင့်နားအနီးကပ် လာရမှာမို့ ဖြစ်ဖို့ခဲယဉ်းပေမယ့်၊ ကြိုတင်ကာကွယ်ချင်ရင်တော့ အခုပဲ ဒါလေးတွေ လုပ်ထားပါ-

✅ **Visa ကို Express Transit မှာ မသုံးပါနဲ့:** သင့်ဖုန်းရဲ့ **Settings > Wallet & Apple Pay > Express Transit Card** ထဲမှာ Visa Card ကို မရွေးထားပါနဲ့။

✅ **Mastercard သို့မဟုတ် Amex ပြောင်းသုံးပါ:**
ဒီ Card တွေက လုံခြုံရေးစနစ်မတူတာကြောင့် ဒီ Relay Attack ကို ခံနိုင်ရည်ရှိပါတယ်။

✅ **ပိတ်ထားလိုက်တာ အကောင်းဆုံး:** ပိုစိတ်ချချင်ရင်တော့ Express Transit ကို **None** ပဲ ထားလိုက်ပါ။ ဘတ်စ်ကားစီးရင် Face ID လေး ခဏပြလိုက်တာက $10,000 အခိုးခံရတာထက် ပိုတန်ပါတယ်။

နည်းပညာတွေ တိုးတက်လာသလို အန္တရာယ်တွေကလည်း ပုံစံအမျိုးမျိုးနဲ့ လာတတ်တာမို့ အားလုံးပဲ သတိထားနိုင်ကြပါစေခင်ဗျာ! 🔥

သင်ရော... Apple Pay မှာ Visa Card သုံးနေသလား? သင့်ဖုန်းမှာ Express Transit On ထားလား? အခုပဲ သွားစစ်ကြည့်လိုက်ဦးနော်!

သာယာပျော်ရွှင်ဖွယ် သင်္ကြန် အကြိုနေ့လေး ဖြစ်ကြပါစေ..ကြုံတွေ့နေရတဲ့ ဒုက္ခ၊ အဆင်မပြေမှုတွေ ခဏမေ့ပြီးသင်္ကြန်နှစ်သစ်ကူးချိန...
04/13/2026

သာယာပျော်ရွှင်ဖွယ် သင်္ကြန် အကြိုနေ့လေး ဖြစ်ကြပါစေ..

ကြုံတွေ့နေရတဲ့ ဒုက္ခ၊ အဆင်မပြေမှုတွေ ခဏမေ့ပြီး

သင်္ကြန်နှစ်သစ်ကူးချိန်ခါမှာ မြန်မာပြည်သူတွေ စိတ်အေးချမ်းသာမှုများနဲ့ ပြည့်စုံပြီး ပျော်ရွှင်ကြည်နူးစရာ ချိန်ခါသမယလေးကို ပိုင်ဆိုင်ကြပါစေနော်…

လကမ္ဘာခရီးစဉ်ပေါ်က iPhone 17 Pro Max နဲ့ ကိုယ်တွေ ကမ္ဘာကြီးကို ရိုက်ထားတဲ့ ပုံတွေ NASA က ထပ်ပြီး ထုတ်ပြန်
04/05/2026

လကမ္ဘာခရီးစဉ်ပေါ်က iPhone 17 Pro Max နဲ့

ကိုယ်တွေ ကမ္ဘာကြီးကို ရိုက်ထားတဲ့ ပုံတွေ NASA က ထပ်ပြီး ထုတ်ပြန်

ဒါကတော့ ပန်းရောင်ပြောင်းသွားတဲ့ 17 Pro Max အပိုင်း(၂)ပါအပိုင်း(၁) မှအဆက်…ကိုယ်တိုင်က Apple ပစ္စည်းတွေကို အမြဲ Review လုပ...
04/05/2026

ဒါကတော့ ပန်းရောင်ပြောင်းသွားတဲ့ 17 Pro Max အပိုင်း(၂)ပါ

အပိုင်း(၁) မှအဆက်…

ကိုယ်တိုင်က Apple ပစ္စည်းတွေကို အမြဲ Review လုပ်နေတဲ့ TechTuber တစ်ယောက်ဆိုတော့ ဖုန်းတစ်လုံးကို ဘယ်လောက် အမြတ်တနိုးနဲ့ စနစ်တကျ ကိုင်လဲဆိုတာ သိကြမှာပါ။ ဒီ Orange iPhone လေးကို Launch Day ကတည်းက Case နဲ့ တစ်ခါမှ မချွတ်ဘဲ အမြဲတမ်း သေချာကိုင်ခဲ့တာ။ ဖုန်းကို သန့်ရှင်းရေးလုပ်ရင်တောင် Finish ပျက်မှာစိုးလို့ ဘယ်လို Chemical မှ မသုံးဘဲ Microfiber လေးနဲ့ပဲ အမြဲသန့်ရှင်းရေးလုပ်တာ။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ ရက်က Case ကို ချွတ်ပြီး သန့်ရှင်းရေးလုပ်မလို့ ကြည့်လိုက်တော့မှ... Oh My God! ဖုန်းအရောင်ကြီးက သိသိသာသာကို "ပန်းရောင်" (Pink) ဘက် ပြောင်းနေတာဗျာ။

အပိုင်း(၂)

ဖြစ်ဖြစ်ချင်း Apple Support ကို ချက်ချင်းပဲ အကြောင်းကြားလိုက်တယ်။ သူတို့က အိမ်နဲ့နီးတဲ့ Best Buy မှာ အရင်ပြကြည့်ဖို့ Appointment ပေးလို့ သွားပြခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီက Technician က "ဒါမျိုး အရောင်ပြောင်းတာ (Discoloration) က hardware error ဖြစ်နိုင်လို့ Apple Store ကိုယ်တိုင်မှပဲ ဆုံးဖြတ်လို့ရမယ်" လို့ ပြောလိုက်တာနဲ့ Apple Store ဆီ တစ်ခေါက် ပြန်သွားခဲ့ရပြန်တယ်။

Apple Genius Bar ရောက်တော့ ဝန်ထမ်းတွေလည်း အံ့သြကုန်ကြတာပဲ။ သူတို့ပြောတာက ဒါမျိုး Case ကို အပြင်မှာ လူကိုယ်တိုင်မြင်ဖူးတာ ဒါ ပထမဆုံးဘဲတဲ့။
Online မှာတော့ တွေ့ဖူးတယ်လို့ပြောကြတယ်

အဆိုးဆုံးက ဘာလဲဆိုတော့ ကိုယ့်မှာ AppleCare+ ရှိနေတာတောင် သူတို့က အစမှာ Service Fee $99 ဆောင်ရမယ်လို့ ပြောလာတာပဲ။

ကိုယ်ကလည်း ဒါမျိုးတော့ မရဘူးလေ။ "ဒါက ငါ့ဘက်က ပြုတ်ကျတာ ဒါမှမဟုတ် ရေဝင်တာမျိုး
(Accidental Damage) မဟုတ်ဘူး၊ စက်ရုံထုတ် Finish Error ဖြစ်တာကြောင့် ဒါဟာ Limited Warranty အောက်မှာပဲ ရှိရမယ်" ဆိုပြီး သေချာ Reason နဲ့ ပြောလိုက်တယ်။

နောက်ပြီး ကိုယ်ကိုယ်တိုင်ကလည်း Apple Reviewer တစ်ယောက်ဖြစ်ကြောင်း၊ ဒါကို Video လုပ်ပြီး လူတွေသိအောင် တင်ပြဖို့ ရှိကြောင်းပါ ပြောလိုက်တော့ သူတို့လည်း နည်းနည်း Nervous ဖြစ်သွားပုံရတယ်။ တော်ကြာ Negative Review တွေ ဘာတွေ တက်လာမှာ စိုးရိမ်သွားတာလည်း ဖြစ်နိုင်တာပဲလေ။

နောက်ဆုံးတော့ ဖုန်းကို အထဲယူသွားပြီး စစ်ဆေးပြီး ပြန်ထွက်လာတော့မှ Miracle ပဲဗျာ... ကိုယ်ပြောတာ မှန်သွားလို့
$0 (အခမဲ့) နဲ့ အကုန် Fix ပေးမယ်လို့ ဖြစ်သွားတယ်။ (ချက်ချင်းကြီး)

အခုတော့ သူတို့ Camera Plateau အပိုင်း (Camera
ပတ်ပတ်လည်က နေရာ) ကို အသစ်လဲဖို့ Order မှာထားပေးတယ်။ ပစ္စည်းရောက်တာနဲ့ ဖုန်းသွားထားခဲ့ရုံပဲ၊ တစ်ရက်တည်းနဲ့ အပြီးပြင်ပေးမှာပါ။ 🛠️

အဲ့တော့ ကိစ္စကတော့ အောင်မြင်သွားတယ်ပေါ့

ဒီ Post ကို တင်ရတဲ့ အဓိက Reason ကတော့ သူငယ်ချင်းတို့ထဲမှာလည်း ကိုယ့်လိုမျိုး ဖုန်းအရောင်ပြောင်းတာ ဒါမှမဟုတ် Finish ပျက်တာမျိုး ကြုံလာရရင် မပေါ့ဆဘဲ Apple မှာ သေချာသွားပြောကြဖို့ပါ။

ကိုယ့်အမှားမဟုတ်ဘဲ $99 အလဟဿ မပေးလိုက်ကြနဲ့ဦး။

ကိုယ်ကတော့ လာမယ့် September ကျရင် Trade-in လုပ်ပြီး အသစ်လဲဦးမှာဆိုတော့ အခုလို အခမဲ့ ပြင်ခွင့်ရလိုက်တာက တော်တော်လေး ကံကောင်းသွားတယ်လို့ ပြောရမယ်။

AppleCare ရှိရှိ မရှိရှိ၊ ကိုယ့်ဘက်က အမှားမဟုတ်ရင် သေချာသွားပြောကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါ! 👋✨

ဖုန်းပြင်ပြီး ပြန်ရရင်လည်း update တင်ပေးပါမယ်

Artemis II: ၅၄ နှစ်အကြာမှာ လကမ္ဘာဆီ ပြန်လည်ခြေလှမ်းခြင်း 🚀🌕HtooMax တို့ရေ... အခုမြင်နေရတဲ့ ကမ္ဘာကြီးရဲ့ ဓာတ်ပုံဟာ သာမန်ပ...
04/04/2026

Artemis II: ၅၄ နှစ်အကြာမှာ လကမ္ဘာဆီ ပြန်လည်ခြေလှမ်းခြင်း 🚀🌕

HtooMax တို့ရေ... အခုမြင်နေရတဲ့ ကမ္ဘာကြီးရဲ့ ဓာတ်ပုံဟာ သာမန်ပုံတစ်ပုံ မဟုတ်ပါဘူး။ ဒါဟာ လူသားတွေ လကမ္ဘာဆီကို နောက်တစ်ကြိမ် ပြန်လည်ဦးတည်နေတဲ့ Artemis II mission ရဲ့ အမှတ်တရပုံရိပ်တစ်ခုပါ။

Artemis II ဆိုတာ ဘာလဲ?
ဒါဟာ NASA ရဲ့ လကမ္ဘာဆီ လူသားတွေ စေလွှတ်တဲ့စီမံကိန်းထဲက ပထမဆုံး "လူပါဝင်တဲ့" (Crewed) စမ်းသပ်ခရီးစဉ်ပါ။ ၁၉၇၂ ခုနှစ် Apollo mission နောက်ပိုင်း လူသားတွေ လနားကို ပထမဆုံးအကြိမ်
ပြန်သွားတာလည်း ဖြစ်ပါတယ်။

ဘယ်သူတွေ ပါဝင်သလဲ?
ဒီခရီးစဉ်မှာ စွမ်းဆောင်ရည်ထက်မြက်တဲ့ အာကာသယာဉ်မှူး (၄) ဦး ပါဝင်ပါတယ် -
* Reid Wiseman (Commander)
* Victor Glover (Pilot) - လနားရောက်မယ့် ပထမဆုံး လူမည်းအမျိုးသား
* Christina Koch (Mission Specialist) - လနားရောက်မယ့် ပထမဆုံး အမျိုးသမီး
* Jeremy Hansen (Mission Specialist) - ကနေဒါနိုင်ငံသား

ဘာကြောင့် သွားတာလဲ?
ဒီ mission ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နောက်လာမယ့် Artemis III မှာ လပေါ်ကို တကယ်ဆင်းသက်နိုင်ဖို့အတွက် အာကာသယာဉ်ရဲ့ Life Support စနစ်တွေ၊ ဆက်သွယ်ရေးနဲ့ နည်းပညာတွေကို လူသားတွေနဲ့ လက်တွေ့စမ်းသပ်တာ ဖြစ်ပါတယ်။ သူတို့က လကို တစ်ပတ်ပတ်ပြီး ကမ္ဘာမြေကို ပြန်လာမှာပါ။

နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ၊ အာကာသထဲကနေ လှမ်းကြည့်ရင် ကျွန်တော်တို့ ကမ္ဘာကြီးက သေးငယ်ပြီး နုနယ်လွန်းလှပါတယ်။ ဒီခရီးစဉ်ဟာ လူသားတွေ အင်္ဂါဂြိုဟ် (Mars) အထိ သွားနိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။

ခရီးစဉ်က ဘယ်လောက်ကြာမှာလဲ?

ဒီ mission ဟာ စုစုပေါင်း ၁၀ ရက် (10 Days) ကြာမြင့်မှာ ဖြစ်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ စတင်လွှတ်တင်ခဲ့တာဖြစ်ပြီး၊ လကမ္ဘာကို တစ်ပတ်ပတ်ပြီးတာနဲ့ ဧပြီလ ၁၀ ရက်နေ့မှာ ကမ္ဘာမြေကို ပြန်လည်ရောက်ရှိမှာပါ။ လကမ္ဘာနားကို အနီးကပ်ဆုံးရောက်မယ့်အချိန်ကတော့ ခရီးစဉ်ရဲ့ (၆) ရက်မြောက်နေ့ (ဧပြီလ ၆ ရက်) မှာ ဖြစ်ပါတယ်။

အာကာသထဲက iPhone 17 Pro?! 📱✨
Tech Fan တွေအတွက် အစိတ်လှုပ်ရှားရဆုံး သတင်းကတော့ NASA အာကာသယာဉ်မှူးတွေဟာ သူတို့နဲ့အတူ iPhone 17 Pro Max တွေကို ယူဆောင်သွားတာပါပဲ။ ဒါဟာ NASA ရဲ့ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် သာမန်သုံးနေကြ Smartphone တစ်လုံးကို အာကာသခရီးစဉ်အတွက် အပြည့်အဝ အသိအမှတ်ပြု (Qualified) ပေးလိုက်တာပါ။

ဘာကြောင့် ယူသွားတာလဲဆိုတော့:
• High-Quality Documentation: အာကာသယာဉ်အတွင်းက အမှတ်တရပုံရိပ်တွေကို အကောင်းဆုံးအရည်အသွေးနဲ့ ရိုက်ကူးဖို့။
• Tech Validation: လူသုံးကုန်နည်းပညာပစ္စည်းတွေဟာ အာကာသရဲ့ ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲဆိုတာ စမ်းသပ်ဖို့ပါ။

HtooMax တို့ရော... အာကာသထဲက မြင်ရတဲ့ ကမ္ဘာကြီးကို ကြည့်ပြီး ဘာတွေတွေးမိလဲ?

iPhone 18 Pro နဲ့ Pro Max တွေမှာDynamic Island အသေးစား Nano Island လာမယ်လို့ သိရပါတယ်
04/02/2026

iPhone 18 Pro နဲ့ Pro Max တွေမှာ

Dynamic Island အသေးစား

Nano Island လာမယ်လို့ သိရပါတယ်

HtooMax ရဲ့ လိမ္မော်ရောင်ဖုန်း ပန်းရောင်ပြောင်းသွားတဲ့အကြောင်း…..အပိုင်း(၁)17 Pro Max ကို September 2025 စထွက်ကတည်းကCove...
04/02/2026

HtooMax ရဲ့ လိမ္မော်ရောင်ဖုန်း ပန်းရောင်ပြောင်းသွားတဲ့အကြောင်း…..အပိုင်း(၁)

17 Pro Max ကို September 2025 စထွက်ကတည်းက

Cover တပ်ပြီးကိုင်လာတာ

ဒီနေ့ Cover လေးချွတ်ပြီး ရိုးရိုးအဝတ်ခြောက်နဲ့ သန့်ရှင်းရေးလုပ်မယ်ဆိုပြီး ကြည့်တာ

လိမ္မော်ရောင်ကနေ ပန်းရောင်ပြောင်းနေတာကို တွေ့လိုက်ရ🤯

Cosmic Orange ဖုန်းတွေ ပန်းရောင်ပြောင်းတယ်ဆိုတုန်းက သိပ်ပြီး မယုံခဲ့ဘူး

အခု ကိုယ်တိုင် ဘာဆိုဘာမှ chemical နဲ့ထိတာလည်းမရှိဘဲ အဲ့နေရာကွက်ပြီး ပန်းရောင်ပြောင်းသွားတာ..

ချက်ချင်းဘဲ Apple ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြ၊ Apple Care လည်းရှိတယ်လို့

မနက်ဖြန်ညနေ Appointment ယူထားတယ်၊ လူကိုယ်တိုင်သူတို့ ကြည့်ပြီး စစ်ဆေးမယ်တဲ့

အသစ်ရမလား ဘာလားဆိုတာတော့ ဆက်ပြီး ပြောပြမယ်နော်

အပိုင်း(၂)မျှော်ပါ🫠

04/02/2026

မနေ့ကဖျက်ပြီးပြီဆိုတော့ ဒီနေ့ပြန်လာပါပြီ😅

April fools လိုက်တာပါ

04/01/2026

ဒီနေ့ April ၁ ရက်နေ့ဟာ Apple Company တည်ထောင်တာ နှစ်(၅၀)ပြည့် ရွှေရတုဖြစ်ပါတယ်

1976 ခုနှစ်မှာစပြီး တည်ထောင်ခဲ့တာပါ…

03/28/2026

MacBook ကို တချက်ပုတ်လိုက်တိုင်း ဆက်စီကျကျ

ညည်းသံထွက်တဲ့ App

အရမ်းခေတ်စားနေပြီး download ဆွဲတဲ့သူတွေများ…😆😭

အသံကို ကြိုက်ရာရွေးလို့ရ

iOS 26.4 Official ထွက်ပါပြီ..iOS 26.4 မှာ ပါလာတဲ့ Features အသစ်များ 🍎🔥 * 📱 ဖုန်းအခိုးခံရတဲ့အခါ ကာကွယ်ပေးမယ့်စနစ် (Stolen...
03/24/2026

iOS 26.4 Official ထွက်ပါပြီ..

iOS 26.4 မှာ ပါလာတဲ့ Features အသစ်များ 🍎🔥
* 📱 ဖုန်းအခိုးခံရတဲ့အခါ ကာကွယ်ပေးမယ့်စနစ် (Stolen Device Protection) ကို Default အနေနဲ့ တစ်ခါတည်း ဖွင့်ပေးထားခြင်း - Security ပိုစိတ်ချရအောင် Apple က အလိုအလျောက် ဖွင့်ပေးလိုက်တာပါ။

* 😊 Emoji အသစ်များ ပါဝင်လာခြင်း - အီမိုဂျီအသစ်တွေနဲ့ ပိုပြီး Chat လို့ ကောင်းသွားမှာပါ။

* 🎵 Apple Music ထဲက Playlist တွေနဲ့ Album စာမျက်နှာတွေကို ပုံစံသစ်နဲ့ မြင်တွေ့ရခြင်း - Design ပိုင်းကို ပိုပြီး လှလှပပလေး ပြောင်းလဲထားပါတယ်။

* 🎤 ကိုယ့်အနားမှာရှိတဲ့ ဂီတဖျော်ဖြေပွဲတွေကို Apple Music app ထဲကနေ တိုက်ရိုက်ရှာဖွေနိုင်ခြင်း - Concert သွားချင်တဲ့သူတွေအတွက် အကြိုက်ပေါ့။

* 🤖 AI ကို အသုံးချပြီး Playlist တွေ ဖန်တီးပေးမယ့် Playlist Playground စနစ် - Apple Music မှာ AI နဲ့ ကိုယ်လိုချင်တဲ့ Vibe အလိုက် Playlist တွေ လုပ်ခိုင်းလို့ ရပါပြီ။

* 🎙️ Apple Podcasts ထဲမှာ Video Podcasts တွေပါ ကြည့်ရှုနိုင်ခြင်း - အသံတင်မကဘဲ Video ပါ ကြည့်လို့ ရသွားတာပါ။

* 🎧 Ambient Music playlist ပါဝင်လာခြင်း - စိတ်အပန်းပြေစေမယ့် နောက်ခံတေးဂီတတွေ နားထောင်လို့ ရပါပြီ။

* 🛌 Health app ထဲမှာ ပျှမ်းမျှ အိပ်စက်ချိန် (Average Bedtime) ကို ကြည့်ရှုနိုင်ခြင်း - ကိုယ့်ရဲ့ အိပ်စက်မှု အလေ့အထကို ပိုသိလာမှာပါ။

* ✨ CarPlay မှာ ChatGPT, Claude နဲ့ Gemini တို့လို AI တွေကို သုံးနိုင်လာခြင်း - ကားမောင်းနေရင်း AI တွေနဲ့ စကားပြော၊ အကူအညီတောင်းလို့ ရပါပြီ။

* 🎬 CarPlay ကနေတစ်ဆင့် Video Streaming တွေ ကြည့်နိုင်လာခြင်း - ကားထဲမှာတင် Video တွေ ကြည့်လို့ ရတော့မှာပါ။

* 🔔 Reminders app ထဲမှာ အရေးကြီးတဲ့အလုပ်တွေအတွက် Urgent Section အသစ် ပါဝင်လာခြင်း - Deadline နီးတာတွေကို သီးသန့် ခွဲထုတ်ပေးထားတာပါ။

* 🎙️ ကင်မရာ app ထဲမှာ အသံကိုပါ Zoom ဆွဲနိုင်မယ့် Audio Zoom Setting အသစ် - Video ရိုက်တဲ့အခါ အသံကို ပိုပြီး Focus လုပ်လို့ ရသွားပါပြီ။

* 🔨 Liquid Glass နည်းပညာအတွက် အနည်းငယ် အဆင့်မြှင့်တင်မှုများ - Screen ရဲ့ ကြည်လင်ပြတ်သားမှုနဲ့ ခံနိုင်ရည်ကို ထပ်ပြီး Update လုပ်ပေးထားတာပါ။

Address

Glen Allen, VA

Website

Alerts

Be the first to know and let us send you an email when HtooMax posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HtooMax:

Share