Chin World

Chin World Chin World Media (www.chinworld.org)

Youtube Link
www.youtube.com/

Telegram Link
https://t.me/realchinworldmedia
(452)

၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဟားခါး၊တီးတိန်၊ခိုင်ကမ်းမြို့ပေါ် ရပ်ကွက်များမှာသာ ပြုလုပ်မည်ဒီဇင်ဘာလ ၆ ရက်။၂၀၂၅ ခုနှစ် ...
12/06/2025

၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဟားခါး၊တီးတိန်၊ခိုင်ကမ်းမြို့ပေါ် ရပ်ကွက်များမှာသာ ပြုလုပ်မည်

ဒီဇင်ဘာလ ၆ ရက်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ချင်းပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈၄ ခု နှင့် ရပ်ကွက် ၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိတဲ့ အတွက် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း၊ဟားခါး၊တီးတိန်နှင့်ခိုင်ကမ်းမြို့ပေါ်ရှိ ရပ်ကွက် ၁၆ ခုမှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဟားခါးမြို့မှာ မြို့ ၂ ခု၊ ကျေးရွာ ၆၈ ရွာ ရှိပြီး ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၂၉ ခုဖြင့် ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ် ကျင်းပမည် မဟုတ်ဟု ကြေငြာထားသည့် စာရင်းမှာ ဆူရ်ခွားမြို့ရှိ ရပ်ကွက် ၂ ခု အပါအဝင် ကျေးရွာ အုပ်စု ၂၉ ခု ပါဝင် ခဲ့တာကြောင့် ဟားခါးမြို့ရှိ ရပ်ကွက် ၈ ခု တွင်သာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

တီတိန်းမြို့မှာ မြို့ ၂ ခု၊ ကျေးရွာ ၁၂၉ ရွာ ရှိပြီး ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၅၅ ခုဖြင့် ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ် ကျင်းပမည် မဟုတ်ဟု ကြေငြာထားသည့် စာရင်းမှာ ကျေးရွာ အုပ်စု ၅၅ ခု ပါဝင် ခဲ့တာကြောင့် တီးတိန်မြို့ရှိ ရပ်ကွက် ၄ ခု နှင့် ခိုင်ကမ်းမြို့ရှိ ရပ်ကွက် ၄ ခု တွင်သာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။

စစ်ကော်မရှင်ကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာ လွှတ်တော် ၃ ရပ်အတွက် စုစုပေါင်းကိုယ်စားလှယ် နေရာ ၂၈ နေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ခူမီးအမျိုးသားပါတီ တို့မှ ကိုယ်စားလှယ်လောင်း ၈၃ ဦးက ယှဉ်ပြိုင် အရွေးခံကြမှာဖြစ်ပါတယ်။

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ချင်းပြည်နယ် ကနေ ဟားခါးမြို့နယ် နှင့် တီးတိန်မြို့နယ်တို့ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်ရန်ကျန်နေသေးတဲ့ ဖလမ်းမြို့နယ်၊ ထန်တလန်မြိ့နယ် နှင့် တွန်းဇံမြို့နယ် တို့ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက် အသီးသီး အရ သိရှိရ ပါတယ်။

ရွေးကောက်ပွဲကို အပိုင်း ၃ ခုဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မကုန်ခင် အပြီးကျင်းပမည်ဟု သိရှိရသော်လည်း ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမည့် နေ့ရက် ကိုမူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လက်ရှိ အချိန်အထိ ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေ။

Website Link

https://chinworld.org/2025/12/%e1%81%82%e1%81%80%e1%81%82%e1%81%85-%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2-%e1%80%a1%e1%80%95%e1%80%ad%e1%80%af%e1%80%84-2/

Telegram Link

https://t.me/realchinworldmedia/8761

ချင်းဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေးနဲ့ ထိုင်းဖိုက်တာတို့ ဒီဇင်ဘာ ၁၂ ရက်မှာ ထိုးသတ်မယ်ဒီဇင်ဘာလ ၆ ရက်။  ထိုင်းနိုင်င...
12/06/2025

ချင်းဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေးနဲ့ ထိုင်းဖိုက်တာတို့ ဒီဇင်ဘာ ၁၂ ရက်မှာ ထိုးသတ်မယ်

ဒီဇင်ဘာလ ၆ ရက်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားကွင်းမှာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ONE Championship Friday Fight 136 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ထိုင်းဖိုက်တာတို့ ထိုးသတ်သွားမှာဖြစ်လို့ သိရပါတယ်။

ONE Friday Fight 136 ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသားဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး က ထိုင်းဖိုက်တာ CHATPICHIT နဲ့ မွေထိုင်း Atomweight တွင် ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားကြမှာလည်းဖြစ်ပါတယ်။

ချင်းတိုင်းရင်းသားဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ယှဉ်ပြိုင်ထိုးမယ့် ထိုင်းဖိုက်တာ ချတ်ပစ်ချစ်ဟာ ONE Firday Fight မှာ ၇ ပွဲထိုးသတ်ထားပြီး ၅ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပြီး ချင်းဖိုက်တာ ဟာလိန်းအွမ်က ONE Firday မှာ ၂ ပွဲထိုးသတ်ထားပြီး ၁ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။

ချင်းဖိုက်တာ ဟာလိန်းအွမ်က ONE Firday ပြိုင်ပွဲ ၂ ပွဲစလုံးကို ဂျပန်ဖိုက်တာတွေနဲ့ ထိုးသတ်ထားပြီး ၁ ပွဲရှုံး ၁ ပွဲအနိုင်ရခဲ့ကာ အခုမှသာ အိမ်ရှင်ထိုင်းဖိုက်တာနဲ့ ထိုးသတ်ရမှာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ မင်းတပ်သား ချင်းဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပြည်နယ်နဲ့ တိုင်းလက်ဝှေ့ချန်ပီယံဖြစ်ခဲ့ဖူးပြီး လက်ဝှေ့၊ ဂျူဒို၊ ဝူရှုးဆန်း တွေမှာလည်း စွယ်စုံရအရည်အသွေးရှိ ကစားသမားဖြစ်ကာ လက်ရှိ One Championship ပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားအဖြစ် ရောက်ရှိလာသူလည်း ဖြစ်ပါတယ်။

Website Link

https://chinworld.org/2025/12/%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%ac-%e1%80%9f%e1%80%ac%e1%80%9c%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%a1%e1%80%bd%e1%80%99/

Telegram Link

https://t.me/realchinworldmedia/8759

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆုကို  ချင်းအမျိုးသား ၁ ဦးရရှိဒီဇင်ဘာလ ၅ ရက်။ဒီဇင်ဘာလ ၄ ရက်နေ့...
12/05/2025

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆုကို ချင်းအမျိုးသား ၁ ဦးရရှိ

ဒီဇင်ဘာလ ၅ ရက်။

ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ် ရှိ Governor of Victoria နှင့် Victorian Multicultural Commission တို့မှ ကြီးမှူး ကျင်းပ ပေးအပ်ခဲ့သော ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု (Victorian Multicultural Awards for Excellence) ချီးမြှင့်ပွဲမှာ ချင်းအမျိုးသား တစ်ဦးမှ ဆုရရှိခဲ့ကြောင်း Victorian Multicultural Commission ရဲ့ website ပါ ဖော်ပြချက် အရ သိရှိရ ပါတယ်။

Website ပါ ဖော်ပြချက်များ အရ ဆုရတဲ့ ချင်းအမျိုးသားဟာ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ရှိသူ Salai Peter Cinzah ဖြစ်ပြီး ဒုက္ခသည်အရေး ဆောင်ရွက်သူ ထူးချွန်ဆု (Refugee Achievement Award)ကို ရရှိခဲ့တာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

Salai Peter Cinzah ဟာ “ဗစ်တိုးရီးယားပြည်နယ်တစ်ဝန်းလုံးတွင် စည်းလုံးညီညွတ်ရေး နှင့် အားလုံးပါဝင်ရေး ဆိုင်ရာများ မြှင့်တင်မှုကို ဆောင်ရွက်သည့် တက်ကြွသည့် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း၊ ဒုက္ခသည်များ၊ ခိုလှုံခွင့်တောင်းခံသူများ နှင့် မတူကွဲပြားသော အသိုင်းအဝိုင်းများကို အဓိက ပံ့ပူးပေးခဲ့ကြောင်း၊ လူငယ်နှင့် အားကစား အစီအစဉ်များ၊ ပညာရေး၊ အမျိုးသမီး အစီအစဉ်များ နှင့် ယဉ်ကျေးမှုဆိုင်ရာပွဲများ စီစဉ်ဆောင်ရွက်ပေး နေသူ တစ်ဦးဖြစ်ကြောင်း၊ advocacy လုပ်ခြင်း၊ သင်တန်းပေးခြင်း နှင့် သုတေသန ပြုလုပ်ခြင်း တို့ကနေ ယဉ်ကျေးမှု အချင်းချင်းအကြား ခိုင်မာတဲ့ ဆက်ဆံမှုများ တည်ဆောက်ပေးပြီး မတူကွဲပြားမှုများ မြှင့်တင်ပေးခဲ့ကြောင်း၊ ရွေ့ပြောင်းအလုပ်သမား စင်တာ နဲ့ ပူးပေါင်းပြီး ယဉ်ကျေးမှုမျိုးစုံဆိုင်ရာ သံတမန် အဖြစ် ဆောင်ရွက်ပြီး အလုပ်သမား အခွင့်အရေး အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများ ပို့ချပေးခြင်း၊ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ထုတ်ဝေသည့် စာတမ်းများ အတွက် ပါဝင်ကူညီပေးခြင်း စသည်များ ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း” ဖော်ပြထား ပါတယ်။

ယခု ဂုဏ်ပြုပွဲဟာ Victorian Multicultural Commission အဖွဲ့အစည်း နှင့် Governor of Victoria တို့မှ ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု ပေးအပ်ပွဲ ပြုလုပ်ခဲ့တာဟာ နှစ်ပေါင်း ၂၄ နှစ် ရှိပြီ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ တော့ ယဉ်ကျေးမှု ပေါင်းစုံ နှင့် ပတ်သက်တဲ့ ဆု ၁၄ မျိုး အဖြစ် ခွဲထားပြီး လူပေါင်း ၄၀ ဦးကို ဂုဏ်ပြုကာ တခြား ၃၆ ဦးကိုလည်း ယဉ်ကျေးမှုပေါင်းစုံ ဂုဏ်ထူးဆောင် စာရင်းဝင် အဖြစ် ထည့်သွင်း ဂုဏ်ပြုထားပါတယ်။

Website Link

https://chinworld.org/2025/12/%e1%80%a9%e1%80%85%e1%80%90%e1%80%bc%e1%80%b1%e1%80%b8%e1%80%9c%e1%80%bb%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6-%e1%80%97%e1%80%85%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%b8/

Telegram Link

https://t.me/realchinworldmedia/8750

Photo NewsMRO/CDF-Matupi  အခြေခံ စစ်ပညာသင်တန်းဆင်းပွဲများပြုလုပ်ဒီဇင်ဘာလ ၅ ရက်။မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ မတူပီတော်လှ...
12/05/2025

Photo News

MRO/CDF-Matupi အခြေခံ စစ်ပညာသင်တန်းဆင်းပွဲများပြုလုပ်

ဒီဇင်ဘာလ ၅ ရက်။

မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ မတူပီတော်လှန်ရေးအဖွဲ့ချုပ်၊ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ(MRO/CDF-Matupi) ရဲ့
အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁/၂၀၂၅)၊အပတ်စဉ် (၂/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားမှတ်တမ်းဓာတ်ပုံများကို
ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်မှာ MRO/CDF-Matupi က ထုတ်ပြန်ပါတယ်။

Telegram Link

https://t.me/realchinworldmedia/8744

ချင်းအရေးကို လူမျိုးနွယ်စုအလိုက် ချည်းကပ်ဖြေရှင်းဖို့ ကြိုးစားရင် အောင်မြင်မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြ...
12/05/2025

ချင်းအရေးကို လူမျိုးနွယ်စုအလိုက် ချည်းကပ်ဖြေရှင်းဖို့ ကြိုးစားရင် အောင်မြင်မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

ဒီဇင်ဘာလ ၅ ရက်။

ချင်းအရေးကို လူမျိုးနွယ်စုအလိုက်ချည်းကပ်ဖြေရှင်းဖို့ကြိုးစားနေရင် အောင်မြင်မှာမဟုတ်ဘူးလို့ Institute of Chin Affairs ( ICA)အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် မနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်မြို့မှာ ပြုလုပ်တဲ့ Together for Humanity Friendship Dinner မိတ်ဆုံညစာစားပွဲမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပူးလားဒူးဟိုမာ ( Pu Lalduhoma) ကမိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က “ အဓိကအားဖြင့် ချင်းပြည်နယ်အတွင်းက ချင်းညီအစ်ကိုတွေ အချင်းအချင်း မစည်းလုံးဘူးဆိုရင် ရန်သူအတွက် အမြဲတမ်းအနိုင်ယူဖို့လွယ်ကူနေမှာ ဖြစ်တယ် ဦးဆောင်မှုပိုင်းမှာ အဓိကဖြစ်တဲ့ CC နဲ့ CB ကကျနော်ရှေ့မှာဘဲ ငြိမ်းချမ်းရေးလုပ်ပေးပြီး Chin National Council ကို လည်းဖွဲ့စည်းခဲ့တယ် ဒီဟာအမှန်တကယ်ဖြစ်ပေါ်လာဖို့ဆို နောက်တောင်ကျနေပြီလို့ ကျနော်ထင်တယ် အဓိက ဦးဆောင်သူတွေဖြစ်တဲ့ CC နဲ့ CB က ကိုယ်စားလှယ်တွေ အားလုံးလာပြီး ဝန်ကြီးချုပ်ရုံးမှာ ကျနော်ကိုသက်သေထားပြီး ငြိမ်းချမ်းရေးလုပ်ပြီးပြီဖြစ်တယ် အားလုံးလက်ခံနိုင်တဲ့ အခြေခံဥပဒေကိုလည်း ရေးဆွဲပြီးဖြစ်တယ် လက်မှတ်ထိုးအတည်ပြုဖို့ လုပ်တဲ့အချိန် ဟိုတလောက ပြဿနာလေးတွေပြန်ဖြစ်တော့ အရမ်းကိုဝမ်းနည်းရတယ် လူမျိုးနွယ်စုအလိုက် ချည်းကပ် စကားပြောဖို့ လုပ်နေရင် ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ဘူး” လို့ပြောပါတယ်။

ICA က ဦးဆောင်ကျင်းပတဲ့ ဒီအစီစဉ်မှာ မှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပူးလားဒူးဟိုမာ ကိုယ်တိုင် အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့တဲ့အပြင် Pi Lalrinpuii – ဝန်ကြီး(Health & Family Welfare Department) ၊ Prof. Lalnilawma – ဝန်ကြီး(Public Health Engineering Department, Government of Mizoram) ၊ Pu M.S .Ralte(Central Young Mizo Association - CYMA)၊ Pu Sang Hming Thanga- (Mizo Zirlai Pawl- MZP) ၊ Tv. Ro Hlim Puia(Mizo Students' Union - MSU) နှင့် Salai Steven Pa Bia (ICNCC/CB) တို့လည်း တက်ရောက်ခဲ့ကြပြီး မိန့်ခွန်းတွေ အသီးသီးပြောကြားခဲ့တယ်လို့ ICA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီ Together for Humanity Friendship Dinner အခမ်းအနားကို မီဇိုရမ်နှင့် မြန်မာနိုင်ငံက လူပုဂ္ဂိုလ် စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြတယ်လို့လည်း ICA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Website Link

https://chinworld.org/2025/12/%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%b0%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%bd%e1%80%9a/

Telegram Link

https://t.me/realchinworldmedia/8742

စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် တီးတိန်မြို့မှာ ခရီးသွားပြည်သူ ၁ ဦး သေဆုံးဒီဇင်ဘာလ ၄ ရက်။နိုဝင်ဘာလ ၂၇ ရက်နေ့က တီးတိန်မြ...
12/04/2025

စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် တီးတိန်မြို့မှာ ခရီးသွားပြည်သူ ၁ ဦး သေဆုံး

ဒီဇင်ဘာလ ၄ ရက်။

နိုဝင်ဘာလ ၂၇ ရက်နေ့က တီးတိန်မြို့နယ် ကနေဒီတောင် အရှေ့ဘက်ခြမ်း လမ်းလွှဲ တစ်နေရာမှာ စစ်ကော်မရှင်တပ်စစ်သားတွေက ခရီးသွား အရပ်သား ကားတစီးကို ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်ခံရတဲ့ အရပ်သား ခရီးသွားအမျိုးသား ၁ ဦးဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဆုံးသွားခဲ့တယ် လို့ တီးတိန်မြို့ဒေသခံများရဲ့ ပြောပြချက် အရ သိရပါတယ်။

သေဆုံးသူ Pa Ngo Vungh ဟာ တီးတိန်မြို့နယ် Buan ရွာသား တစ်ဦး ဖြစ်ပြီး ရွာကနေ ကလေးမြို့ ဆင်းဖို့ ဒိုင်နာကား တစီးဖြင့် တခြား လူ နှစ်ဦး နဲ့ ဆင်းလာခြင်း ဖြစ်ကြောင်း၊ ကနေဒီလမ်းခွဲ ကနေ တွီးဆောက်-ပိမ်းပိ-ခိုင်ကမ်း လမ်း အတိုင်း ဆင်းလာရင် တွီးဆောက်ရွာ မရောက်ခင် လမ်းပိုင်း တနေရာ ကနေ စစ်ကောင်မရှင် စစ်တပ်ရဲ့ ပစ်ခတ်မှုကို ခံရခြင်း ဖြစ်ကြောင်း၊ သေနတ် ဖောက်သံ ကြားကြတာကြောင့် ကားအောက်တွင် ဝင်ရောက်မှောက် နေခဲ့ရာမှ သေဆုံးသူဟာ အပေါ့သွားရန်ထသွားချိန်မှာ ကျည် ၃ ထောင့်က ထိမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားခြင်း ဖြစ်ကြောင်း သေဆုံးသူကို ကူညီပေးခဲ့သူ တီးတိန်မြို့ခံ ၁ ဦး ထံမှ သိရှိခဲ့ရ ပါတယ်။

“အခင်း ဖြစ်တာက နိုဝင်ဘာလ ၂၇ ရက်နေ့ ၂ နာရီ လောက်မှာ ဖြစ်တာ။ ကျည်တတောင့်က သူ့ ခါးရိုးကို ထိမှန် ထားတော့ အောက်ပိုင်း လှုပ်လို့ မရတော့ဘူး။ ဗိုက်ကို ကျည်ထိတာတော့ တွီးဆောက်ရွာ ရောက်တဲ့ အထိ သူတို့ မသိကြဘူး။ ကျွန်တော်တို့က အရပ်သားတွေပါ၊ ခရီးသွားတွေပါ လို့ အသံကုန် အော်ပြီး အကူအညီတောင်းတော့ သေနတ်သံတွေ တိတ်သွားတယ်။ ဘယ်သူမှတော့ ပေါ်မလာဘူးတဲ။ အဲလိုနဲ့ တွီးဆောက်ရွာကို ရောက်တော့ ညနေ ၅ နာရီ လောက် ရှိနေပြီ။ ရွာမှာရှိတဲ့ ဆရာမကတော့ ဒဏ်ရာတွေ ဆေးထည့်ပေးပြီး ဆေးရုံ အမြန်သွားဖို့ တိုက်တွန်းပေမယ့် ကားဆရာ လုပ်သူ က ဆက်မသွားရဲ တော့ဘူး။ တွီးဆောက်ရွာမှာ တည အိပ် ခဲ့ရတယ်” လို့ ဖြစ်စဉ်ကို ပြောပြ ပါတယ်။

ဖြစ်စဉ်ကို ဆက်လက် ပြောပြရာမှာတော့ “ကလေးမြို့ကနေ လာကြိုမယ့် အဖွဲ့ တခု က ဆက်သွယ်လာတော့ တွီးဆောက်ကနေ မနက် ၈ နာရီလောက် ထွက်ကြတယ်။ ကလေးမြို့ ရောက်တော့ ခိုင်ကမ်း ရဲစခန်းမှာ သတင်း မပို့ဘဲ ကိုယ်ပိုင် ဆေးရုံ တခုကို ပို့တော့ အဆင်မပြေဘူး။ ကလေးမြို့ ပြည်သူ့ ဆေးရုံ ပို့လိုက်တော့ ခိုင်ကမ်း ရဲစခန်းမှာ သတင်းပို့ဖို့ လိုတယ် ပြောလို့ ခိုင်ကမ်းမြို့ ပြန်တက်ပြီး သတင်း ပို့ရတယ်။ ဆေးရုံပေါ် ရောက်တော့ ညနေ ၅ နာရီ ရှိပြီ။ ဆေးရုံကနေ ဆက်ကု နေရင်း နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဆုံးသွားခဲ့တယ်။ အလောင်းကို တော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ သူ့ဇာတိရွာ ဖြစ်တဲ့ ဘွင်ရွာကို ပြန်ပို့ ကြတယ်။ အကြောင်း အမျိုးမျိုးကြောင့် တွီးဆောက်ရွာမှာ တည အိပ်ရတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့မှပဲ ဘွင်ရွာ ရောက် နိုင်ခဲ့တယ်” လို့ ကယ်ဆယ်ရေး ကူညီပေး ခဲ့သူ မှ ပြောကြား ခဲ့ပါတယ်။

“ဒီ အဖြစ်အပျက်တွေ ဖြစ်သွားတာက အတော် တိုက်ဆိုင်တယ်။ PDF-Zoland က တီးတိန်မြို့ အဝင် ကြိုဆိုပါ၏ တောင်ကုန်းကို တိုက်တဲ့ နေ့လည်း ဖြစ်တယ်။ ဇောင်ကောင်ရွာမှာလည်း တိုက်ပွဲ ဖြစ်တဲ့ နေ့ ဖြစ်တယ်။ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တွေက ကနေဒီတောင်ဘက်မှာ မရှိကြဘူး။ စစ်ကော်မရှင် စစ်သားတွေက ကင်းပုန်းချပြီး နေရာယူတာကို အတော်များများက သတိ မထားမိတော့ အခုလို အဖြစ်အပျက်တွေ ဖြစ်ခဲ့ရတာပါ” လို့ ဒေသခံ တဦးက သုံးသပ် ပြောဆိုခဲ့ ပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင် စစ်သားများဟာ ကနေဒီတောင် အရှေ့ဘက် တွီးဆောက်ရွာ အပေါ်မှာ ရှိတဲ့ Muksau ဒေသမှာ အခြေချ နေရာယူထားပြီး ခရီးသွား ပြည်သူများ၊ ယာဉ်သွားယာဉ်လာများ ထံမှ ပိုက်ဆံ ကောက်ယူနေတယ် လို့လည်း ဆက်လက် စုံစမ်းသိရှိရ ပါတယ်။

Website Link

https://chinworld.org/2025/12/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%90%e1%80%95%e1%80%ba-%e1%80%95%e1%80%85%e1%80%ba%e1%80%81%e1%80%90%e1%80%ba%e1%80%99/

Telegram Link

https://t.me/realchinworldmedia/8741

“အလံချစ်သူများနဲ့ နိုင်ငံချစ်သူများ”A.Geiအရှေ့တိုင်းသားတွေနဲ့ အနောက်တိုင်းသားတွေ ဆက်ဆံတဲ့နေရာမှာ "ကန်တော့ရမလား၊ မကန်တော့...
12/04/2025

“အလံချစ်သူများနဲ့ နိုင်ငံချစ်သူများ”

A.Gei

အရှေ့တိုင်းသားတွေနဲ့ အနောက်တိုင်းသားတွေ ဆက်ဆံတဲ့နေရာမှာ "ကန်တော့ရမလား၊ မကန်တော့ရဘူးလား" ဆိုတာ ရှေးခေတ်ကတည်းက စပြီး ပြဿနာတစ်ခုဖြစ်ခဲ့တာပါ။

ဒီအကြောင်းကို Hein ရဲ့ Youtube Channel ကနေ "နေထွက်ဘုရင်နှင့် နေမဝင်အင်ပါယာ၊ မန်ချက်စတာရောက် ကင်းဝန်မင်းကြီး၏ ဝိတိုရိယ ကန်တော့ခန်း" ဆိုတဲ့ ဗီဒီယိုမှတ်တမ်းကို နားထောင်မိတာ ခုထိ နားထဲစွဲနေတုန်းပါပဲ။ သူဆက်ပြောတာက...

• အရှေ့တိုင်းသားတွေက အရိုအသေပေးရင် ဖိနပ်ကို ချွတ်ရတယ်။
• အနောက်တိုင်းသားတွေက အရိုအသေပေးရင် ဦးထုပ်ကို ချွတ်ရတယ်။
• အရှေ့တိုင်းသားတွေက အရိုအသေပေးရမယ့် လူကြီးသူမ လာရင် ယဉ်ကျေးသိမ်မွေ့စွာ ထိုင်ပေးရတယ်။
• အနောက်တိုင်းသားတွေက အရိုအသေပေးရင် မတ်တတ်ထရတယ်။
အားလုံးဟာ ပြောင်းပြန်တွေချည်းပါပဲ။

သမိုင်းမှာ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ၁၉ ရာစုမှာ အင်္ဂလိပ်အရာရှိတွေက တရုတ်ဧကရာဇ်မင်းတွေနဲ့ တွေ့တဲ့အခါ ဒူးတစ်ဘက်ထောက်ပြီး အရိုအသေပေးနိုင်တယ်၊ ဒါပေမဲ့ ကြမ်းပြင်ပေါ်မှာတော့ ကုန်းမကန်တော့နိုင်ဘူးလို့ ငြင်းဆိုရာကနေ သံတမန်ရေး ဖြတ်တောက်ကြရပြီး၊ စစ်ခင်းကြတဲ့အထိတောင် ဖြစ်ခဲ့ဖူးပါတယ်။

ဆက်ပြောချင်တာက မြန်မာပြည်မှာလည်း အင်္ဂလိပ်တွေက ဘုရားပေါ်တက်ရင် ဖိနပ်မချွတ်လို့ မြန်မာတွေ ဒေါသထွက်ခဲ့ရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဥရောပနိုင်ငံတွေမှာလည်း အခုအချိန်အထိ ဖိနပ်ကို လုံခြုံအောင် မစီးထားရင် အဲဒီလူကို uncivilized (ခေတ်နောက်ကျသူ) ဒါမှမဟုတ် Barbarian (ယဉ်ကျေးမှု မရှိသူ) လို့ သတ်မှတ်ကြပါတယ်။

ဘာလို့ ဒီလိုတွေ ကွဲပြားခြားနားကြတာလဲ။
ဒါတွေဟာ ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်အသက်ရှင်ကြတဲ့သူတွေက ခေတ်အဆက်ဆက် တန်ဖိုးထား ကျင့်သုံးလာကြတဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။

ဘယ်လူမျိုးရဲ့ ယဉ်ကျေးမှုကမှ အချိန်၊ နေရာ၊ ကာလတိုင်းမှာ မှန်နေတယ်လို့ မရှိပါဘူး။ (No absolute truth)။
ကိုယ့်အတွက် ဘယ်လိုမှ လက်ခံလို့ မရတဲ့အရာဖြစ်နေပါစေ၊ တစ်ချို့သူတွေအတွက်ကတော့ ပုံမှန်ဖြစ်ပျက်နေကြ သမာရိုးကျ သဘောတရားတွေလည်း ဖြစ်နေတတ်ပါတယ်။
ဥပမာတစ်ခု ပြောပြချင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘုရားရုပ်ပွားတော်တွေ၊ ပုံတော်တွေကို အရမ်းအရိုအသေပေးပြီး အိမ်ရဲ့ အမြင့်နေရာတွေမှာ ချိတ်ဆွဲထားလေ့ ရှိပါတယ်။ ဒါပေမဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ကိုယ်တိုင် မယုံနိုင်လောက်အောင် တွေ့ကြုံခဲ့ရတာကတော့ ခရစ်စမတ်ရာသီလို ပွဲလမ်းသဘင်တွေမှာ ခရစ်တော်ပုံ၊ လက်ဝါးကားတိုင်ပုံ၊ ရဟန္တာသူတော်သူမြတ် ပုံတော်တွေကို အလျှံပယ် ထုတ်ဝေကြပြီး လက်ဆောင်ပစ္စည်းတွေအဖြစ်သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်းတွေကို ထုပ်ပိုးရာတွင်လည်းကောင်း လှပသေသပ်စွာ အသုံးပြုတတ်ကြပေမဲ့ ပွဲပြီးတာနဲ့ အမှိုက်ပုံးတွေထဲကို လွယ်လင့်တကူ လွှင့်ပစ်တတ်ကြတာပါပဲ။

ကွာခြားပုံများက မိုးနဲ့မြေလိုပါပဲ။ ဘာမှကို မတူပါဘူး။
ဒါဆို အဓိကကွာခြားတာက ဘာလဲ။ တန်ဖိုး (Value) ထားတာချင်း မတူကြတာပါ။
ပြဿနာက ဘယ်မှာစလဲဆိုတော့ မတူညီတဲ့ တန်ဖိုးထားမှုကို အပြန်အလှန် သည်းခံမှု (tolerance) နဲ့ လေးစားမှု (respect) မရှိကြတာပါ။

ဘောလုံးကစားသမားတွေဟာ နိုင်ပွဲရရှိဖို့နဲ့ ဂိုးသွင်းနိုင်ဖို့အတွက် ခရစ်တော်ရဲ့ ပုံတော်ကို ခြေထောက်မှာ တက်တူးထိုးလေ့ ရှိကြပါတယ်။ ပရီးမီးယားလိဂ်မှာတောင် အများအပြား တွေ့နိုင်ပါတယ်။
နိုင်ငံကိုယ်စားပြုတဲ့ အားကစားအသင်းတွေ (သို့) အားကစားသမားတွေဆိုရင် သူတို့ရဲ့ အားကစားဝတ်စုံ၊ ဖိနပ်အစရှိတဲ့ နေရာတွေမှာ နိုင်ငံအလံကို အမြတ်တနိုး တပ်ဆင်တတ်ကြပါတယ်။

ထိုမျှမက ကမ္ဘာ့အိုလံပစ်ကစားသမားများ၊ အထူးသဖြင့် ရေကူးပြိုင်သူများဆိုရင် သူတို့ရဲ့ အတွင်းခံ (swimsuits) များမှာတောင် သူတို့ရဲ့ နိုင်ငံတော်အလံတွေကို ဂုဏ်ယူဝင့်ကြွားစွာ ထည့်သွင်းဝတ်ဆင်တတ်ကြပါတယ်။

မြန်မာနိုင်ငံတော်အလံကို ဒီလိုပြုလုပ်သင့်တယ်လို့ ဆိုလိုခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။ သို့သော် မှန်ကန်တဲ့ နိုင်ငံချစ်စိတ်ရှိခြင်းဟာ နိုင်ငံတော်အလံကို မည်သည့်နေရာတွင် ထားရှိခြင်း၌ မူတည်တယ်လို့ ကျွန်တော် လုံးဝ (လုံးဝ) အယုံအကြည် မရှိပါဘူး။
နိုင်ငံတော်အလံကို ခေါင်းစည်းလျှက် အကြမ်းဖက်သူများ မရှိဘူးလို့လည်း မုချ အာမခံလို့မရပါဘူး။

နိုင်ငံတော်အလံဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ Symbol (အမှတ်အသား) တစ်ခုသာဖြစ်ပါတယ်။ အလံဆိုတာ နိုင်ငံရေးအပြောင်းအလဲကိုလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အကြမ်းဖျင်းအားဖြင့် ၁၉၄၈ မှ ၁၉၇၄၊ ၁၉၇၄ မှ ၂၀၁၀၊ ၂၀၁၀ မှ ယနေ့ချိန်အထိ စုစုပေါင်း သုံးကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ပါတယ်။

နိုင်ငံတော်အလံဟာ မျိုးချစ်စိတ်ရှင်သန်ထကြွရာ အခြေခံအရင်းအမြစ်ဟူ၍ ကျွန်တော် အယုံအကြည်မရှိပါ။ သို့သော် စော်ကားမော်ကားပြုခွင့်ရှိတယ်လို့လည်း လုံးဝ (လုံးဝ) မဆိုလိုပါ။

အဓိကဆိုလိုရင်းကတော့ နိုင်ငံကိုချစ်တဲ့စိတ် ပြည့်ဝသူတို့ဟာ နိုင်ငံတော်အတွက် တန်ဖိုးရှိသော ပုဂ္ဂိုလ်ဖြစ်ဖို့ရန်ကသာ ပိုပြီး အရေးကြီးမယ်လို့ ယူဆပါတယ်။

မိမိနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုအောက်က ရုန်းထွက်ပြီး တိုင်းတစ်ပါးမှာ နေထိုင်သည့်တိုင် နိုင်ငံကို ချစ်မြတ်နိုးတဲ့စိတ် အပြည့်အဝနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတာကို တတ်စွမ်းသမျှ ဂုဏ်တင့်စေတဲ့ ချင်းတိုင်းရင်းသားလေး Jaushua Van ရဲ့ ဖိနပ်ကိစ္စနဲ့ သွေးပျက်နေကြသူတွေကို ကြည့်ပြီး ကျွန်တော် အတန် စိတ်ပျက်မိတာ အမှန်ပါ။

နိုင်ငံတော်အလံကို ချစ်စိတ်ကြီးသူများကို အပြစ်မဆိုလိုပါ။ သို့သော် အမေရိကမှာ ကြီးပြင်းလာသူ Jaushua Van အနေနဲ့ သူကြီးပြင်းလာရာ ပတ်ဝန်းကျင်ရဲ့ လူနေမှုနဲ့ ယဉ်ကျေးမှုကို လျစ်လျူရှုလို့ မရပါဘူး။ သူ့ရဲ့ မွေးဖွားခဲ့ရာ အမိမြန်မာနိုင်ငံတော်အပေါ် ချစ်စိတ်ကြီးမှုကိုသာ ပိုပြီး အလေးထား ရှုမြင်သင့်ပါတယ်။

နိုင်ငံ့ဂုဏ်ဆောင်သူတွေကို အလျင်စလို ပြစ်တင်ဝေဖန်ခြင်းထက် အားပေးဝန်းရံခြင်းသာလျှင် ပိုပြီး မှန်ကန်တဲ့အပြုအမူဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

အလံချစ်သူများထက် နိုင်ငံချစ်သူများ ဖြစ်နိုင်ကြပါစေ။

Website Link

https://chinworld.org/2025/12/%e1%80%a1%e1%80%9c%e1%80%b6%e1%80%81%e1%80%bb%e1%80%85%e1%80%ba%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba/

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလအတွင်း ချင်းလူမျိုး ၁၄၀ ကျော်အပါအဝင်မြန်မာနိုင်ငံသား ၆၉၃ ဦးဖမ်းဆီးခံရဒီဇင်ဘာလ ၄ ရက်။မလေးရှား...
12/04/2025

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလအတွင်း ချင်းလူမျိုး ၁၄၀ ကျော်အပါအဝင်မြန်မာနိုင်ငံသား ၆၉၃ ဦးဖမ်းဆီးခံရ

ဒီဇင်ဘာလ ၄ ရက်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၆၉၃ ဦးအထဲ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ပါဝင်တယ်လို့ ရွှေ့ပြောင်းမြန်မာတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ Malaysia Myanmar Association – MMA အဖွဲ့ က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ မလေးရှားတစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၂၈၀၉ ဦး ရှိပြီး အဲဒီထဲမှာ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၆၉၃ လည်း ဖမ်းဆီးခံရပြီး အဲဒီမှာ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ဖမ်းဆီးခံရတယ်လို့ MMA အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိဖမ်းဆီးခံရတဲ့စာရင်းဟာ MMA အဖွဲ့ရဲ့ စုဆောင်းရသလောက်သာဖြစ်ပြီး ဖမ်းဆီးခံရသူ ဦးရေဟာ ဒီထက်မက ပိုများနိုင်တယ်လို့လည်း MMA အဖွဲ့က ဆိုပါတယ်။

အဖမ်းအဆီးခံရချိန် အခက်ခဲရောက်နေသူတွေ တရားရုံးရင်ဆိုင်နေရသူတွေ ရှေ့နေအခက်အခဲရှိသူတွေ ထောင်ဝင်စာသွားတွေ့ရန် အခက်အခဲရှိသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေးမှာ လူတွေ့ချင်သူတွေအနေနဲ့ MMA အဖွဲ့ထံ အကူအညီတောင်းခံနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Website Link

https://chinworld.org/2025/12/%e1%80%99%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%be%e1%80%ac%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%be%e1%80%ac-%e1%80%94%e1%80%ad%e1%80%af%e1%80%9d/

Telegram Link

https://t.me/realchinworldmedia/8739

တီးတိန်မြို့နယ်မှာ နွားနောက် ရှာသူ အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး သေဆုံးဒီဇင်ဘာလ ၃ ရက်။ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှ...
12/03/2025

တီးတိန်မြို့နယ်မှာ နွားနောက် ရှာသူ အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး သေဆုံး

ဒီဇင်ဘာလ ၃ ရက်။

ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာ ကနေ နွားနောက်ရှာရန် အလည် ပြန်လာတဲ့ ရွာသား အမျိုးသား ၃ ဦးဟာ စစ်ကျန် မိုင်း နင်းမိခဲ့တာ ကြောင့် ၂ ဦး သေဆုံးခဲ့ပြီး ကျန် တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာများ ရရှိသွားတယ် လို့ ဒေသခံ ရွာသားများ ထံမှ သိရှိရ ပါတယ်။

“သူတို့က နွားနောက် ရှာဖို့ ဆိုပြီး ဘဲကန့်ရွာ ကို ပြန်သွားကြတာ။ သူတို့ နင်းမိတာက နင်းမိုင်းလား၊ ဘာမိုင်းလဲ ဆိုတာတော့ မသိရဘူး။ နှစ်ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန် တယောက်ကတော့ ဒဏ်ရာ နည်းနည်း ရတယ်။ လက်ရှိ အခြေအနေ အရ ကျွန်တော်တို့ သိခွင့်ရတာ ဒီလောက်ပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေဟာ Pa Ngin Za Mung (၃၉ နှစ်) နှင့် Pa Pau Khawm Cin (၄၀ နှစ်) တို့ ဖြစ်ပြီး တီးတိန်မြို့နယ် ဘဲကန့် ရွာသားများ ဖြစ်ကြတယ် လို့လည်း သိရှိရ ပါတယ်။

“စစ်ပွဲ ဖြစ်ပွားတာ မကြာသေးဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ပြန်ခွင့် မပြုသေးဘူး။ ဒါပေမယ့် သူတို့ သုံးယောက်က နွားတွေ၊ နွားနောက်တွေ သွားကြည့်မယ် ဆိုပြီး ဘဲကန့်ရွာ ဘက်ကို ပြန်သွားကြတာ” လို့ Chin World Media ရဲ့ စစ်ရေး သတင်းအရင်းအမြစ် တစ်ဦး က ပြောပြပါတယ်။

ဘဲကန့်ရွာဟာ သိုင်းငင်းလမ်းခွဲ အလွန် ဖလမ်းဘက် လမ်းမကြီး ပေါ်ရှိ ရွာတရွာ ဖြစ်ပြီး လက်ရှိ စစ်ကော်မရှင် စစ်တပ်ရဲ့ စစ်ကြောင်း ဖြတ်သန်းခဲ့တဲ့ ရွာတရွာ လည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့မှာ ကလေးမြို့ကနေ သိုင်းငင်းကို ဦးတည်၍ လည်းကောင်း၊ အောက်တိုဘာ ၂၉ ရက်နေ့မှာ တီးတိန်မြို့ ကနေ သိုင်းငင်းကို ဦးတည်၍ လည်းကောင်း စစ်ကော်မရှင် စစ်တပ်များ စစ်ကြောင်းထိုး ချီတက်ခဲ့ပြီး သိုင်းငင်း လမ်းခွဲကနေ ဖလမ်းမြို့ သွားသည့် လမ်းအတိုင်း ဆက်လက် စစ်ကြောင်းထိုး ချီတက်ခဲ့တာကြောင့် လမ်းပိုင်း တလျှောက်တွင် ဒေသ တော်လှန်ရေး တပ်ဖွဲ့ အသီးသီးနဲ့ တိုက်ပွဲများ ရက်ဆက်နီးပါး ဖြစ်ပွား ခဲ့ပြီး လမ်းမကြီး တလျှောက်ရှိ ရွာများဟာ ဘေးလွတ်ရာကို စစ်ရှောင် နေကြဆဲ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း မြှင့်တက်လာဒီဇင်ဘာလ ၃ ရက်။၂၀၂၅ ခုနှစ် အတွင်း ချင်း...
12/03/2025

၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း မြှင့်တက်လာ

ဒီဇင်ဘာလ ၃ ရက်။

၂၀၂၅ ခုနှစ် အတွင်း ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု ၂၆ ရာခိုင်နှုန်း မြှင့်တက်လာပြီး မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်း မြှင့်တက်ကာ ဆယ်စုနှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာပါ ဖော်ပြချက်များ အရ သိရပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက် ဧရိယာ ၄၅,၂၀၀ ဟက်တာရှိရာမှ ၂၀၂၅ ခုနှစ်မှာ ၅၃,၁၀၀ ဟက်တာ အထိ မြှင့်တက်ခဲ့ပြီး ရာနှုန်းအားဖြင့် ၁၇ ရာခိုင်နှုန်း တိုးလာကာ၊ ချင်းပြည်နယ် အနေဖြင့် ၂၀၂၄ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၈၃၁ (၈၀၆-၈၅၈) ဟက်တာ ရှိသည်ဟု ခန့်မှန်းရာမှာ ၂၀၂၅ ခုနှစ်မှာ ဘိန်းစိုက်ခင်း ၁၀၄၀ (၁၀၀၀-၁၀၉၀)ဟက်တာရှိမယ် လို့ ခန့်မှန်း ထားပြီး ဘိန်းစိမ်း ထုတ်လုပ်မှုမှာလည်း ၂၀၂၄ ခုနှစ်မှာ ၁၈ မက်ထရစ်တန် ထွက်ရှိသည်ဟု ခန့်မှန်းကြရာမှာ ၂၀၂၅ ခုနှစ်မှာ ၂၀ မက်ထရစ်တန် ထွက်ရှိနိုင်တယ် လို့ ခန့်မှန်းထားကြောင်း၊ ယင်း ပမာဏဟာ မြန်မာတနိုင်ငံလုံးရှိ ဘိန်းစိမ်း ထုတ်လုပ်မှုရဲ့ ၂ ရာခိုင်နှုန်း ရှိကြောင်း UNODC ရဲ့ စစ်တမ်း အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

ချင်းပြည်နယ်ဟာ ဒေသအလိုက် ဘိန်းစိုက်ပျိုးမှု တိုးတက်နှုန်းမှာ ၂၆ ရာခိုင်နှုန်း ဖြင့် ဒုတိယ အများဆုံး ဒေသ ဖြစ်ကြောင်း ဘိန်းစိုက်ပျိုးမှု တိုးတက်နှုန်း အများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ၃၂ ရာခိုင်နှုန်းထိ မြှင့်တက်ခဲ့ကြောင်း၊ တနိုင်ငံလုံးဘိန်း စိုက်ပျိုးမှုရဲ့ ၄၄ ရာခိုင်နှုန်းရှိပြီး ဒေသအလိုက် စိုက်ပျိုးမှု အမျာဆုံးဒေသဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းမှာ တော့ ၁၃ ရာခိုင်နှုန်း တိုးတက်သွားကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ပထမဆုံး အကြိမ် အဖြစ် ဘိန်းစိုက်ခင်း ရှိသည်ဟု ဖော်ပြထားပြီး ဘိန်းစိုက်ခင်း ၅၅၂ ဟက်တာ ရှိကြောင်း၊ စိုက်ပျိုးမှု အနိမ့်ဆုံး တိုးတက်ခဲ့တဲ့ ကချင်ပြည်နယ်မှာတော့ ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း UNODC ရဲ့အစီရင်ခံစာ မှာ ဖော်ပြခဲ့ ပါတယ်။

ဘိန်းစိမ်း ဈေးနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်တွင် ဘိန်းစိမ်း တစ်ကီလိုဂရမ်ဟာ အမေရိကန် ဒေါ်လာ ၁၄၅ သာ ရှိခဲ့ရာမှ လက်ရှိမှာတော့ တစ်ကီလိုဂရမ် ဟာ အမေရိကန်ဒေါ်လာ ၃၂၉ အထိ ရောက်ရှိလာပြီး ဘိန်းစိမ်းဈေးဟာ ခန့်မှန်းခြေ အားဖြင့် ၁၂၇ ရာခိုင်နှုန်း တိုးလာခဲ့တယ် လို့လည်း UNODC က ဖော်ပြထား ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံ အနေဖြင့် ဘိန်းဖြူ ထုတ်လုပ်နိုင်မှု လျော့ကျ လာတာကြောင့် ယင်း နိုင်ငံမှ ဘိန်းဖြူ ထောက်ပံ့ပေးသည့် ဈေးကွက်များ ထဲသို့ မြန်မာနိုင်ငံမှ ဘိန်းဖြူများ ဝင်ရောက်လာတဲ့ လက္ခဏာများ တွေ့ရတယ် လို့လည်း UNODC က ဖော်ပြထား ပါတယ်။

ချင်းပြည်နယ်မှာလည်း မြန်မာနိုင်ငံ၏ အနောက်ဘက် နယ်စပ်ဒေသများကို ဦးတည်ပြီး ဘိန်းစိုက်ပျိုးမှု ချဲ့ထွင်လာပြီး ယင်းကြောင့် အိမ်နီးချင်းနိုင်ငံများတွင် သက်ရောက်မှုများစွာ ဖြစ်ပေါ် စေနိုင်တယ် လို့လည်း UNODC ရဲ့အစီရင်ခံစာ က သတိ ပေးထား ပါတယ်။

Website Link

https://chinworld.org/2025/12/%e1%81%82%e1%81%80%e1%81%82%e1%81%85-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8-%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%95/

Telegram Link

https://t.me/realchinworldmedia/8737

ပလက်ဝမြို့နယ်က ချင်းလူမျိုးတွေကို AA က တပ်သားစုဆောင်းတာတွေလုပ်လို့ ချင်းလူငယ်တွေ တိမ်းရှောင်နေရဒီဇင်ဘာလ ၃ ရက်။ချင်းပြည်န...
12/03/2025

ပလက်ဝမြို့နယ်က ချင်းလူမျိုးတွေကို AA က တပ်သားစုဆောင်းတာတွေလုပ်လို့ ချင်းလူငယ်တွေ တိမ်းရှောင်နေရ

ဒီဇင်ဘာလ ၃ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြားအရွယ်ရှိသူ ချင်းလူမျိုးတွေကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေလို့ ဒေသခံချင်းလူငယ်တွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝအထက်ပိုင်း ပိန္နဲတပင်ရွာ၊ ငရှားရွာ၊ ကြွေသောင်ရွာ နဲ့ အနီးအနားက ရွာတွေ နှင့် ပလက်ဝအောက်ပိုင်း လောက်ကဒူး၊ တိုးမဝ၊ ရီမဝ၊ အောင်သဲဝ ၊ နှမဒါ ရွာတွေမှာ အာရက္ခတပ်တော် ULA / AA က တစ်အိမ်တစ်ယောက်နှုန်းနဲ့ တပ်သားစုဆောင်းနေပြီး ချင်းလူမျိုးတွေကို ပထမဆုံး တပ်သားစုဆောင်းလာတာလို့လည်း ပလက်ဝဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းကနေ တစ်အိမ်ကို လူတစ်ယောက်နှုန်းနဲ့ အသက် ၁၈ နှစ်ကနေ ၄၀ အကြား ခေါ်တာပေါ့ တချို့အိမ်တွေမှာက အသက် ၁၈ နှစ်မပြည့်တာတွေလည်းရှိတယ် အသက်မပြည့်သေးတဲ့ ၁၄၊ ၁၅ နှစ်အရွယ်တွေ တပ်သားစုဆောင်းခံရတာတွေလည်းရှိတယ် လူငယ်တော်တော်များများ ရတဲ့နည်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြတယ် အရင်ကလည်း ပလက်ဝမြို့နယ်အတွင်း တပ်သားစုဆောင်းတာတွေ ရှိပေမယ့် ရခိုင်လူမျိုးတွေကိုပဲ တပ်သားစုဆောင်းတာ အခုမှ ချင်းလူမျိုးတွေလည်း စုဆောင်းခံလာရတာဖြစ်တယ် မနေ့ကတောင် ပြည်မဘက် ထွက်တဲ့ဂိတ်မှာ အသက် ၁၈ နှစ်အထက် လူငယ် ၂ ဦး ထပ်မံဖမ်းခံရတယ် သူတို့နှစ်ယောက်က ပြည်မဘက် အလုပ်လုပ်ဖို့ သွားတာကို ဖမ်းဆီးခံရလိုက်တယ်” လို့ပြောပါတယ်။

ULA / AA ရဲ့ တပ်သားစုဆောင်းမှုတွေကြောင့် ပလက်ဝမြို့နယ်အတွင်းက လူငယ်တွေဟာ ဆမီး - မတူပီဘက်နေ ထွက်ပြေးတာတွေ ၊ ပလက်ဝ - ဆောဘက်က ထွက်ပြေးတာတွေ၊ ပလက်ဝ ကနေ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတာတွေ စတဲ့ လမ်းကြောင်းမျိုးစုံနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပလက်ဝ ဒေသခံတွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကစလို့ စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း အုပ်ချုပ်ရေးတွေကိုလည်း အကောင်
အထည်ဖော်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

Website Link

https://chinworld.org/2025/12/%e1%80%95%e1%80%9c%e1%80%80%e1%80%ba%e1%80%9d%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%80-%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%b0%e1%80%99/

Telegram Link

https://t.me/realchinworldmedia/8735

မင်းတပ်-မတူပီလမ်းကို စစ်ကော်မရှင်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်ဦးတချို့ပျက်စီးဒီဇင်ဘာလ ၂ ရက်။ချင်းပြည်နယ်တောင်ပိုင်...
12/02/2025

မင်းတပ်-မတူပီလမ်းကို စစ်ကော်မရှင်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်ဦးတချို့ပျက်စီး

ဒီဇင်ဘာလ ၂ ရက်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်
မြို့နယ်က မင်းတပ် - မတူပီလမ်းပိုင်းတစ်နေရာကို စစ်ကော်မရှင်တပ်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည် ၂ နာရီ ၄၈ ချိန်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အဆောက်အဦးဟောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေသိရပါတယ်။

မင်းတပ်မြို့ဒေသခံတစ်ဦးက “မနေ့နေ့လည် ၂ နာရီ ၄၈ လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊မင်းတပ် - မတူပီ လမ်းပိုင်းက အဆောက်အဦးအဟောင်း နှစ်လုံးတော့ ထိတယ်လို့ သိရတယ် လူအထိအခိုက်တော့ မရှိဘူးလို့ သိရတယ်” လို့ပြောပါတယ်။

မင်းတပ်မြို့နယ် မင်းတပ် - မတူပီလမ်းပိုင်းမှာ ရှိတဲ့ နေရာတစ်နေရာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ MIG – 29 ဂျက်ဖိုက်တာတစ်စီးက ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း မင်းတပ်ဒေသခံတွေ ဆီကနေ သိရ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ညကလည်း မင်းတပ်မြို့နယ်၊တိုက်နယ် ၂ အတွင်းရှိ ကျေးရွာတစ်ရွာအနီးကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Telegram Link

https://t.me/realchinworldmedia/8734

Address

Goleta, CA
93117

Alerts

Be the first to know and let us send you an email when Chin World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chin World:

Share