Aesthetics Echoes

Aesthetics Echoes Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aesthetics Echoes, Digital creator, Hollywood, CA.

🚶‍♀️
02/23/2026

🚶‍♀️

ဒီနှစ်တွေမှာ အချိန်တွေ ကုန်တာ သိပ်မြန်တယ်....၂၀၂၆ မှာ ၂ လ တောင်ကုန်တော့မယ်.....အရင်လို.....ဟောင်းနေတဲ့ ပုံစံနဲ့ပဲလား.......
02/21/2026

ဒီနှစ်တွေမှာ အချိန်တွေ ကုန်တာ သိပ်မြန်တယ်....
၂၀၂၆ မှာ ၂ လ တောင်ကုန်တော့မယ်.....
အရင်လို.....ဟောင်းနေတဲ့ ပုံစံနဲ့ပဲလား....
ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်.....

02/15/2026

Sunday Vibe ကို မတင်တာအတော်ကြာခဲ့ပြီ....
ရှေ့ဆက်ဖို့ရာ
အနားယူရင်း
အားယူရင်းနဲ့....

တလောက Domestic Violence အကြောင်း တင်ခဲ့တာရှိတယ်‌လေ။ ဒီစာက အဲ့ဒါရဲ့အဆက်။ အဲ့အမ နဲ့ ဒီရက်ထဲ စကားပြောဖြစ်ပြန်တယ်။သူ့အမျိုးသ...
01/05/2026

တလောက Domestic Violence အကြောင်း တင်ခဲ့တာရှိတယ်‌လေ။ ဒီစာက အဲ့ဒါရဲ့အဆက်။
အဲ့အမ နဲ့ ဒီရက်ထဲ စကားပြောဖြစ်ပြန်တယ်။
သူ့အမျိုးသားကို အရက်ဖြတ်ဖို့ ရွာသာကြီးကိုပို့ထားတယ်။
သို့ပေမယ့် လုံးဝ ပြန်ကောင်းလာမယ်လို့ အမ ကလည်း မယုံဘူး။
လူတိုင်းမှာ သူ့ story နဲ့သူ ရှိကြတော့
ဆရာဝန် လည်းဖြစ်၊ ရုပ်‌ရည်လည်းရှိ၊ ငွေလည်းရှိခဲ့တဲ့ အများက အားကျတဲ့ သေချာရွေးချယ်ခဲ့တဲ့
အိမ်ထောင်ဖက် အပေါ်မှာ စိတ်မပြတ်နိုင်သေးပါဘူးဟယ်။

အလုပ်ကိစ္စဖုန်းပြောတာလည်းမကြိုက်။
အလုပ်တွေလုပ်နေတာလည်းမကြိုက်။
ငွေပိုရှာနိုင်တာလည်း မကြိုက်။ (သုံးတော့ ကူသုံးတတ်တယ်)
သူရဲ့ အနိုင်ကျင့်မှုကို ဆက်ခံနေဦးမှာ အမဟာ။
ကိုယ်လည်း ဘာဆက်လုပ်ပေးရမှန်းမသိဘူး။

ကိုယ့်ဘာသာအဆုံးသတ်ရမှာမလား။

It Ends With Us. ဝတ္ထု ထဲမှာ ဆို အဲ့လက်ယဉ်နေတဲ့ကောင်က ဦးနှောဏ်အထူးကုရယ်။ မင်းသမီးက မထင်တာဖြစ်။ ရပ်မှာပါလေ နဲ့ သည်းခံ။ ဟိုကောင်ကလည်း ခဏပဲ။ နောက်ပြန်ရိုက်။ နောက်ဆုံး သေလုခါနီးမှ မင်းသမီးက ရုန်းထွက်နိုင်ခဲ့တာ။
မြန်မာလို ဒို့ အတူ အဆုံးသတ်ကြစို့....ပေါ့။
ရုပ်ရှင်လည်းရှိတယ်။

ဒီဆိုးဝါးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့
ညီမလိုချစ်ရတဲ့ တယောက်ရှိတယ်။
အမတို့ကလေ ......ရေ .... ဖြစ်ခဲ့တာကိုသိတယ်။.....က သူ့ကိုကာကွယ်ခဲ့တာတွေလည်းသိတယ်။.....က ရုန်းထွက်နိုင်ခဲ့တာ လွတ်မြောက်သွားတာလည်းသိတယ်။
အဲ့ အကောင်က .....့ နေရာမှာ တခြားသူအစားထိုးပြီး အဲ့လို ဆက်အရိုက်ခံနေရတာလည်းသိခဲ့ပါတယ်။

ဒါပေမယ့်လေ အမတို့တွေကလေ ....ကိုလေ တခွန်းမှမမေးခဲ့ပါဘူး။ ဘာလို့ မပြောခဲ့ရတာလဲ လာ အပြစ်မတင်ခဲ့ဘူး။ တခြားသူတွေဆီလည်း ပေးမသိခဲ့ဘူး။ အမတို့ သိတာကိုလည်း .....ကို မဖော်ပြခဲ့ပါဘူး။

ဒါပေမယ့် အမတို့တတွေ တအားကို ငိုခဲ့ရတယ်။ ငါ့ညီမလေးကို လုပ်ရက်တယ်။ ဘာလို့ ငါတို့ကိုပေးမသိခဲ့ရတာလဲ ဆိုပြီး ရင်တွေနင့်ခဲ့ရတယ်။ ဘာလို့တယောက်တည်း ကျိတ်ခံရတာလဲ ဆိုပြီး အမတို့တွေ ငိုခဲ့ရတာ တရက်မကပါဘူး။ ချစ်ရတဲ့ မိတ်ဆွေတွေရှိနေလျက်နဲ့ ဖြစ်ခဲ့ရလေခြင်း ဆိုပြီး အများကြီးငိုခဲ့ရတယ်.....ရေ။
...... ‌ရေ ‌ .…...့ လို ရုန်းထွက်နိုင်တဲ့ မိန်းကလေးတွေ များစေချင်တယ်။

အနိုင်ကျင့်မှုကို အနိုင်ကျင့်မှုလို့ သိပြီး ရဲရဲဝင့်ဝင့် ရုန်းထွက်နိုင်ကြပါစေ အမျိုးသမီးတို့ရေ။

12/30/2025

Sunset. Reflect. Refine

၂၀၂၅ ရဲ့ နောက် ဆုံး တနင်္ဂနွေ နေ့မှာ ပေးချင်တဲ့ လက်ဆောင်က.....၂၀၂၆ မှာ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး 📝📋Plan တဲ့အခါ ကိုယ်တကယ...
12/28/2025

၂၀၂၅ ရဲ့ နောက် ဆုံး တနင်္ဂနွေ နေ့မှာ ပေးချင်တဲ့ လက်ဆောင်က.....

၂၀၂၆ မှာ ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး 📝📋Plan တဲ့အခါ ကိုယ်တကယ်လုပ်မယ့် အရာတွေကို ပဲ Plan ပါ။

ဘာလို့လဲဆို .....
မလုပ်ဖြစ်တဲ့ Plan တွေက
ကိုယ့်ကို ဟော်မုန်း မညီမျှမှုကိုဖြစ်စေတယ်......
ကိုယ်သတိမထားမိတဲ့ထောင့်ကနေ
ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်တဲ့စကားတွေ
ပြောမိစေတယ်...

မြင်ရတဲ့အကျိုးဆက်တချို့က
ခန္ဓာကိုယ် ဝလာတတ်တယ်...
ရောဂါလေးတွေ ပေါ်လာတတ်တယ်...

လောလောဆယ်တော့ ဒီလောက်ပဲ
အစထုတ်လိုက်ပြီး

၂၀၂၆ မှာ ဆက်ရေးတာပေါ့...

Aesthetics Echoes

12/14/2025

တိမ်တွေကြားထဲမှာ တိမ်အမျှင်တန်းလေးတွေ့ရတယ်။
ဘာလို့ ဒီတိမ်မျှင်လေးက ရွေ့နေလဲဆို လေယာဉ် သွားရာ လမ်းကြောင်းဖြစ်နေတာမလို့။

လေထဲမှာ တိမ်တွေထဲမှာ ဖြတ်သန်းနေရပေမယ့် ဪ သူ့လမ်းကြောင်းလေး ကျန်နေပါလား။
သိလိုက်ရတယ်။

မေ့လျော့ပေါ့ဆနေခဲ့တာပဲ လို ငလျင်မှာသိပြီးတဲ့
‌နောက် တရွေ့ရွေ့ တက်နေရတဲ့ တောင်တန်းလိုပဲ တတောင်တက် တတောင်ဆင်း ပြီးရှေ့ဆက်ရတယ်။

ဒီလိုနဲ့
ကိုယ့်ရဲ့ identity ဟာဖြေးဖြေးချင်း ပြောင်းလဲလာတယ်။ People Pleaser Type ကြောင့် သည်းခံခဲ့ဖူးတဲ့ အရာတွေမရှိတော့ဘူး။

ကိုယ်လမ်းကိုယ်လျှောက်နေတဲ့နေရာမှာ
ကိုယ့်ကိုယ်ကိုယ် တော့ ချစ်ရမယ်မလား။

12/07/2025

ငယ်ငယ်က မူကြိုမှာ ဆိုခဲ့ကြတယ်။
"Row, row, row your boat,
Gently down the stream.
Merrily, merrily, merrily, merrily,
Life is but a dream."

Row your boat...ကိုယ့်လှေကို ကိုယ်မောင်းရမယ်။ကိုယ့်ဘဝကိုကိုယ်ကျောင်းရတယ်။
"အတ္တဟိ အတ္တန္တော နာထော"

Gently down the stream...ဘဝမယ်ရှင်သန်တဲ့အခါ ပြန်တိုက်မလား။ ရှောင်သွားမလား။ ကိုယ့်စိတ်ငြိမ်းအေးဖို့ရည်ရွယ်ရင်း ရှေ့ဆက်ရတာဟာဘဝပဲ။

Merrily Merrily....ပျော်စရာကောင်းတယ်နော်။ စိတ်တွေအေးချမ်းတဲ့အခါ ပျော်စရာဟာ စိတ်အတွင်းထဲမှာ ဆိုတာသိလာတယ်။

Life is but a dream....သို့ပေမယ့် ပျော်စရာသည်လည်းမမြဲပါဘူး။ အရာရာဟာ ပြောင်းလဲနေတယ်။ ကိုယ်ကိုယ်တိုင်တောင် ပြောင်းလဲနေတာမလား။အနတ္တ သဘော ကိုလည်း သိနေရမယ်။

Aesthetics Echoes
Dec 7' 2025

တနေကွယ်ပြန်ပြီပေါ့တရက်ထက်တရက်နီးလာတဲ့ခရီး....
12/02/2025

တနေကွယ်ပြန်ပြီပေါ့
တရက်ထက်တရက်နီးလာတဲ့ခရီး....

Address

Hollywood, CA

Website

Alerts

Be the first to know and let us send you an email when Aesthetics Echoes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share