01/02/2026
Sun sign ဆိုတာ ကိုယ့်ရဲ့မွေးရာပါဖြစ်တည်မှု၊ ကိုယ့်ရဲ့ identity (ခေါ်) ကိုယ်ပိုင်အမှတ်အသား၊ သင်္ကေတဖြစ်တယ်။ ဒါကို လက်မခံလို့မရသလို ရာသီခွင်က sun sign ရဲ့အကျင့်တွေ၊ လုပ်လေ့လုပ်ထရှိတဲ့အတိုင်း အဓိကပြုမှုကြတယ်ဆိုတာ သတိထားမိကြမယ်ထင်တယ်။ ဥပမာ Ta**us မှန်ရင်၊ အစားအသောက်ကောင်းတွေကြိုက်တယ်၊ ဇိမ်ခံရတာကိုကြိုက်တယ်၊ အလှအပကြိုက်တယ်၊ သဘာဝတရားကိုချစ်မြတ်နိုးတယ်၊ အစရှိသည်ဖြင့်...။
Sun sign ဟာ ကိုယ့်ရဲ့ identity၊ အရေးပါသလို birth chart ထဲမှာ အရေးအကြီးဆုံးအရာလို့ admin ကတော့ သတ်မှတ်တယ်။ သည် ခုနှစ်သက္ကရာဇ်မှာမွေးရင် သည်ရာသီဖွားဖြစ်မယ်ဆိုတာလောက် သေချာတာမရှိသလို သည်ရာသီဖွားမှန်ရင် သည်ဗီဇတွေ၊ အကျင့်တွေပါလာတာကလည်း လက်ခံရမယ့်အရာဖြစ်တယ်။ အဲသည်တော့ admin သည် sun sign ကို major နေရာမှာထားပါတယ်။
တခြား placement တွေဖြစ်တဲ့ Moon, Mars, Venus, Ascendant,... တွေကလည်း သူ့ဟာနဲ့သူအရေးကြီးသလို အရေးပါတယ်ဆိုပေမယ့် minor နေရာမှာ ထားပါတယ်။
Astrology မှာ သည်အရာနဲ့ပတ်သက်ပြီး official rule (တရားဝင်သတ်မှတ်ထားတဲ့စည်းမျဉ်းဥပဒေတွေ) မရှိသလို သူတို့ယုံကြည်ရာ theory သီအိုရီတွေကိုသာ ပြောဆိုနေကြတာဖြစ်တယ်။ အခုပြောတာတွေသည် admin ရဲ့ theory သီအိုရီတစ်ခုဖြစ်သလို admin ယုံကြည်ထားတဲ့အရာဖြစ်တယ်။