Lion Battalion Commando-စစ်ကြောင်းရုံး

Lion Battalion Commando-စစ်ကြောင်းရုံး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lion Battalion Commando-စစ်ကြောင်းရုံး, Digital creator, Jersey City, NJ.

11/07/2025

ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးဟုဆို

နိုဝင်ဘာ ၇၊ ၂၀၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်ဘက်က အနည်ဆုံး ၁၅ဦး သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

နိုဝင်ဘာလ ၇ ရက် ဒီမနက်အစောပိုင်းမှာ ကော့ကရိတ်ကို မြေပြင်စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်တွေနဲ့ တော်လှန်ရေးတပ်တို့ ကော့ကရိတ်မြို့နယ်၊ ထိဖိုးစံနဲ့ ဖိဖာလဲကြား ကြက်မောက်ခြံမှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့ကလည်း တနေကုန်ပစ်တယ်…. ဒီနေ့လည်း တမနက်လုံးပစ်တယ်။ ၁၀ နာရီ ၁၁ နာရီလောက်မှ ရှင်းလင်းရေးသွားလုပ်ရတယ်” လို့ မြေပြင်ရဲဘော်တယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ယောက်ထက်မနည်း သေဆုံးခဲ့ပြီး သေနတ် ၅လက်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ နဲ့ ကလိုထူးဝါးဗျူဟာ စစ်ကြောင်းတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ရက်နေ့ မနက်အစောပိုင်းကလည်း ကော့ကရိတ်ကို မြေပြင်စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေ ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲမှာလည်း စစ်ကော်မရှင်တပ်သား အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“သူတို့ စစ်ကြောင်းထိုးလာနေတာ နိုဝင်ဘာ ၁ရက်နေ့ကတည်းက အခုထိ ထိဖိုးစံကို သူတို့ မကျော်နိုင်သေးဘူး။ ပြန်လန်လန်သွားတယ်” လို့ မြေပြင်ရဲဘော်က ပြောခဲ့ပါတယ်။

ပုံစာ - အကြမ်းဖက်စစ်တပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်အချို့ (ပေးပို့)

10/20/2025

I got over 6,000 reactions on my posts last week! Thanks everyone for your support! 🎉

10/17/2025

Subscribe to get exclusive benefits:
https://www.facebook.com/61555444783456/subscribenow
ပါဝင်ကူညီပေးကျသောအလူုရှင်တစ်ယောက်ချင်းစီးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

10/06/2025

သီတင်းကျွတ်လပြည့်ဆုတောင်း
ကမ္ဘာကြီးလဲအေးချမ်းပါစေ။ချစ်ရတဲ့ပြည်သူများလည်းကျန်းမာပါစေ။ဝေးကွာနေတဲ့အိမ်ပြန်လမ်းတွေလည်းအလှဆုံစည်းခွင့်ရပါစေ။🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ခုမှ Lion စစ်ကြောင်း Page $2 စဝင်တာမို့လို့ကူညီကြပါအုံးဗျာ။
10/06/2025

ခုမှ Lion စစ်ကြောင်း Page $2 စဝင်တာမို့လို့ကူညီကြပါအုံးဗျာ။

ဇူးဇူးစီကနေရိက္ခာဖိုးလေးရအောင်ကူညီကြပါအုံးဗျာ။
10/06/2025

ဇူးဇူးစီကနေရိက္ခာဖိုးလေးရအောင်ကူညီကြပါအုံးဗျာ။

10/06/2025

ပြည်သူများကရှေ့တန်းရဲဘော်တွေစားဖို့အတွက်တဲ့ကိုယ်တိုင်လာရောက်လှူဒါန်းပေးသွားတဲ့အလှူရှင်များကိုကျေးဇူးတင်ပါတယ်ခဗျာ ။ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ။

10/06/2025

I got over 1,000 reactions on my posts last week! Thanks everyone for your support! 🎉

10/03/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

Address

Jersey City, NJ

Website

Alerts

Be the first to know and let us send you an email when Lion Battalion Commando-စစ်ကြောင်းရုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share