T Media

T Media News For All
This is official page for T Media. Please like like and follow us. media, news, entertainment, social etc.....

09/04/2026

So Good

09/03/2026

မလေးရှားနိုင်ငံတွင် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းမှာ ဘတ်စ်ကားတစ်စီး မှောက်မှုဖြစ်ပွာခဲ့ပြီး အရေးပေါ်တံခါးမှနေပြီး ခရီးသည်များကို ကယ်ထုတ်နေသည့် မြင်ကွင်း ဖြစ်ပါသည်။

09/03/2026

ရွှေကူစစ်သင်္ဘောတိုက်ခိုက်မှုအတွင်း သုံ့ပန်းအမြောက်အများနဲ့လက်နက်ခဲယမ်းတွေရရှိ

စက်တင်ဘာ၃၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်သင်္ဘောအုပ်ကို တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းအမြောက်အများနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ ရွှေကူကတဆင့် ဗန်းမော်မြို့ကို လူ၊လက်နက်၊ရိက္ခါတွေ ပို့ဆောင်ဖို့ ထွက်ခွါလာတဲ့ စစ်သင်္ဘောအုပ်တွေကို ရွှေကူမြို့နယ်အတွင်း ဇင်ဘုံရွာအကျော်က မြစ်ကျဥ်းတစ်နေရာမှာ တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်ချေမှုန်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ ဝိုင်းပတ်ပစ်ခတ်ခဲ့တာကြောင့် စစ်သင်္ဘော(၃)စီး နစ်မြှပ်ခဲ့ရသလို လူ၊လက်နက်အပြည့်ပါတဲ့ စစ်သင်္ဘော(၂)စီးလည်း တော်လှန်ရေးအင်အားစုတွေထံ အလံဖြူထောင်ကာ အညံ့ခံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Video အတွင်း စစ်သုံ့ပန်းတွေရဲ့ မိသားစုလို့ ယူဆရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကိုပါတွေ့ရပြီး စုစုပေါင်း ရာဂဏန်းနီးပါးလောက်အထိ အင်အားများပြားနေတာကိုတွေ့ရပါတယ်။

"ကိုင်ထားတာက သင်္ဘော(၂)စီးက သုံ့ပန်းနဲ့ ကျန်တဲ့ သင်္ဘောနစ်မြှပ်လို့ပါသွားတဲ့ စစ်ခွေးတွေ ကမ်းကူးတက်လာတာနဲ့အများကြီးရှုပ်ယှက်ခက်နေလို့လေ၊အဲ့တာကြောင့်မို့ လူတွေကနည်းတာမဟုတ်ဘူး၊ အင်အားက"

အဆိုပါသင်္ဘောအုပ်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ကတည်းက မန္တလေးမှတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ကို ချီတက်လာတာဖြစ်ပြီး စစ်လော်ဘီတွေဘက်မှလည်း မကြာခင်စစ်သင်္ဘောအုပ်တွေ ဗန်းမော်ရောက်တော့မယ်ဆိုပြီးကြွေးကြော်မှုတွေ ပြုလုပ်ထားပါသေးတယ်။

အမေရိကန် USS Abraham Lincoln လေယာဉ်တင်သင်္ဘော ထိုင်းနိုင်ငံ လမ်ချာဘန်းဆိပ်ကမ်းသို့ ရောက်ရှိ။စက်တင်ဘာ ၂၊ ၂၀၂၆။အရှေ့အလယ်ပိ...
09/02/2026

အမေရိကန် USS Abraham Lincoln လေယာဉ်တင်သင်္ဘော ထိုင်းနိုင်ငံ လမ်ချာဘန်းဆိပ်ကမ်းသို့ ရောက်ရှိ။

စက်တင်ဘာ ၂၊ ၂၀၂၆။

အရှေ့အလယ်ပိုင်းဒေသတွင် ၂၈၆ ရက်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်သင်္ဘောသည် စက်တင်ဘာ ၂ ရက်တွင် ထိုင်းနိုင်ငံ အရှေ့ပိုင်း ချွန်ဘူရီပြည်နယ်ရှိ လမ်ချာဘန်းဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း Associated Press (AP) က ဖော်ပြသည်။

အမေရိကန်စစ်သည်နှင့် ရေတပ်သား ၅,၀၀၀ ခန့် လိုက်ပါလာသည့် USS Abraham Lincoln သည် အီရန်အပေါ် အမေရိကန်၏ စစ်ဆင်ရေးတွင် ပါဝင်ခဲ့ပြီး တကြိမ်တည်း ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၅၀ ကျော် ဆက်တိုက်ရှိခဲ့သည့် စံချိန်တင် တာဝန်ထမ်းဆောင်မှုလည်း ရှိခဲ့သည်။

စကစ သင်္ဘော ၂ စီး အလံဖြူထောင် ကမ်းကပ်။စက်တင်ဘာ ၂၊ ၂၀၂၆။ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲ...
09/02/2026

စကစ သင်္ဘော ၂ စီး အလံဖြူထောင် ကမ်းကပ်။

စက်တင်ဘာ ၂၊ ၂၀၂၆။

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ရေ ယာဉ်အုပ်စုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းတစ်လျှောက် တောက် လျှောက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးသွားပြီး ကျန်သင်္ဘော ၂ စီးမှာ ကမ်းဘေးသို့ကပ်ကာ အလံဖြူထောင်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် တပ်မ ၃၃ ဒုတပ်မမှူး ဦးစီးသော အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုသည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဦးတည်၍ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစစ်ရေယာဉ်အုပ်စုသည် ဗန်းမော်မြို့တွင် ပိတ်မိနေသော အကြမ်းဖက်စစ်တပ်အတွက် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာခြင်းဖြစ်ပြီး KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ရွှေကူမှစတင်၍ လမ်းတစ်လျှောက် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပြီး စစ်သင်္ဘော ၁ စီးမှာ စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် စင်းခန်းဒေသအနီးတွင်လည်း စစ်ရေယာဉ်အုပ်စုကို ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက် ခိုက်ခဲ့ရာ နောက်ထပ် စစ်သင်္ဘော ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး အခြားစစ်သင်္ဘော ၁ စီးမှာ မီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခံရမှုများအတွင်း စစ်သင်္ဘောပေါ်ပါ စစ် သားအချို့မှာ ရေယာဉ်များပျက်စီးသွားပြီးနောက် ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ ရေကူး၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။

KIA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် ရှေ့ဆက်မသွားနိုင်တော့သော စစ်သင်္ဘော ၂ စီးမှာ မြစ်ကမ်းဘေးသို့ ကပ်ရပ်ကာ အလံဖြူထောင်လိုက်ကြောင်း သိရသည်။

"ရှေ့ဆုံးက စစ်သင်္ဘောပေါ့။ တိုက်သင်္ဘောပေါ့။ အမြှောက်တွေ ပါတယ်။ အဲဒါက အကြီးဆုံး။ အဲဒီကောင်က ရေထဲကို လုံး၀မြုပ်သွားတယ်။ ပြီးတော့ နောက်သင်္ဘော ၁စီးက လုံး၀ မီးလောင်သွားတယ်။ အဲဒီသင်္ဘောက စစ်သားတွေက ရေထဲခုန်ချတယ်။ ပီပါပုံးတွေကို ဖက်ပြီး စစ်သားတွေ မျောလာတယ်။ တချို့စစ်သားတွေ ဂါလံပုံးတွေကို ဖက်ပြီး မျောလာတယ်။ နောက် ၁စီးက အင်ဂျင်ပိုင်း ပျက်စီးပြီးတော့ စင်းခန်း တံတားအောက်မှာ ပျက်နေတာ။အဲဒီအစီးပေါ်က အယောက် ၁၀၀ ကျော်ကတော့ အလင်းဝင်လာတယ်။ ဒီမနက် ကျနော်တို့ တိုက်ိခုက်ပျက်စီးတာက ၄ စီးရှိသွားပြီ။ အဲဒီမှာ ၁ စီးက မြုပ်သွားတာ။ နောက် ၁ စီးက တစ်ဝက်မြုပ် တစ်ဝက်ပေါ်နေတယ်။ နောက် ၁ စီးက စင်းခန်းတံတားအောက် မှာရှိတယ်" ဟု KIA စစ်ရေး သတင်းရင်းမြစ်က အခြေအနေကို အသေးစိတ်ရှင်းပြသည်။

လတ်လော အလံဖြူထောင်သော စစ်သင်္ဘောများပေါ်မှ အလင်းဝင်သူ စစ်သား စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားနေသည့် မြစ်ကြောင်းတစ်လျှောက် လေကြောင်းမှ တိုက်လေယာဉ်အစီး ၂၀ ကျော်ဖြင့် တောက်လျှောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုမှာ မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ကာ ရက်အနည်းငယ် ရပ်နားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဗန်းမော်မြို့သို့ ရောက်ရှိနိုင်ရေးအတွက် စစ်တပ်က ဧရာဝတီမြစ်ကြောင်းကို အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုးပမ်းနေသော်လည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြစ် ကြောင်းတစ်လျှောက် တောက်လျှောက် စောင့်ကြိုတိုက်ခိုက်နေသဖြင့် စစ်ရေယာဉ်အုပ်စုမှာ အထိနာ မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်နှင့်တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

Credit - ခေတ်သစ် မီဒီယာ

Mara Hlasathaipa Pupa. Achhualai Eima Chha.Marasaw Hlasathaipa puhpa. Achhualai cha atanoh August 30 noh liata eima Chha...
08/30/2026

Mara Hlasathaipa Pupa. Achhualai Eima Chha.

Marasaw Hlasathaipa puhpa. Achhualai cha atanoh August 30 noh liata eima Chhai haw tahpa thati daopa a cha.

Marasaw hlasathaipazy hey liata senior chysa pakha chata pasai achhilei ngasapa chysa pakha a cha.

Yangon khipi liata pino. Ngohlai (Khaleino) Eima Chhai.August 28, 2026.Yangon khipi liata khi asa haipa pino. Ngohlai (K...
08/28/2026

Yangon khipi liata pino. Ngohlai (Khaleino) Eima Chhai.

August 28, 2026.

Yangon khipi liata khi asa haipa pino. Ngohlai (Khaleino) sapa tlaleina vata atanoh August 28 noh zala Myanmar time 10:00 pm rachho liata mania a pahasai haw tahpa thati daopa a cha.

Pino. Ngohlai (Khaleino) he (Chakhai) khi puapa chata Pupa. Riato chozah nata pino. Deathly fachhai zy sawchano a cha .

Anoh he marasaw chanozy hey liata Nurse avaw patlo hmiatua chaipa chata marasaw hey liata Yangon khipi liata khi avawsa hmiatua haipa chhao a cha hra.

Yangon khipi Taikyi liata khi asahaipa chata atanoh a pahana daiti liata ko 74 apha hawpa nohrapa pakha acha.

Asiesaipa chhokha sanawrino nata khisawzy chata eima thlachhana liata kha athei chyu ei su vy.

08/28/2026

နီးပေါနိုင်ငံမှာ ရေကြီးနေချိန် မိသားစုတစ်ခုရဲ့ အခြေနေကိုရိုက်ထားတဲ့ ရုပ်သံဖြစ်ပါတယ် ။ သင်သာ ဒီလိုအခြေနေမှာ ရှိနေမည်ဆိုရင် ဘာလုပ်သင့်သလဲ။

08/27/2026

တကယ်ကြောက်စရာကြီး

08/26/2026

နီပေါနိုင်ငံမှာ ရေကြီးမှုဖြစ်ပွားပြီး လူ ၈ဦး သေဆုံးကာ ရာနဲ့ချီပျောက်ဆုံးသူတွေ များတယ်လို့ သိရပါတယ်။

Address

6804 Nw106th Street
Johnston, IA
50131

Alerts

Be the first to know and let us send you an email when T Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T Media:

Shortcuts

Share