Katharyn Garibull

Katharyn Garibull Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Katharyn Garibull, Digital creator, 2001 Vine Street, Kansas City, MO.

02/28/2025

laugh with ငလက်မ နဲ့ အကြွေးသမား

02/27/2025

laugh with ငလက်မ နှင့် ဆွေမျိုးတစ်သိုက်

02/25/2025

laugh with ငလက်မ ရဲ့ အလှူပေးပွဲ

02/24/2025

laugh with ကပ်စီးနဲ မာမီသက်ရဲ့ မွေးနေ့ပွဲ

02/22/2025

003 On time to make laugh with ဆရာလေးနဲ့ ခွာညိုဖူးစာ (ဇာတ်သိမ်းပိုင်း)

02/11/2025

002 On time to make laugh with ငသက် ရဲ့ အမိန့် မရ ⁄ တရ အပေါင်ဆိုင် (ဇာတ်သိမ်းပ်ုင်း)

02/09/2025

001 On time to make laugh with ငသက်နှင့် သူ၏ရွာသားများ

02/07/2025

ပြောင်းဖူးသည် ငလက်မ

02/02/2025

003 On time to make laugh with ပီယဆေး

01/31/2025

002 On time to make laugh with ပွဲစား ငလက်မ

01/30/2025

"မြန်မာကိုထောက်ပံ့တဲ့ ပညာတော်သင်ဆုကို သမ္မတ ထရမ့် ရပ်ဆိုင်း ၊မြန်မာလူဦးရေ ၁၅ သန်း ဆာလောင်မွတ်သိပ်မှုဒဏ်ရင်ဆိုင်ရမယ်လို့ WFP သတိပေး၊မြန်မာကျောင်းသားကလေးငယ်တွေကို စာသင် သင်ကြားပေးနေတဲ့ ဘုရားကျောင်း ထိုင်းရဲတပ်ဖွဲ့ စစ်ဆေး "

ဇန်နဝါရီ - ၃၀ ၊ ၂၀၂၅ ညနေခင်းသတင်း

ဒီနေ့ဇန်နဝါရီ ၃၀ ရက်နေ့အတွက် People’s Spring ရဲ့ ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
မြန်မာကိုထောက်ပံ့တဲ့ ပညာတော်သင်ဆုကို သမ္မတ ထရမ့် ရပ်ဆိုင်း
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ DISP လို့ လူသိများတဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့် ပညာတော်သင်ဆု(Diversity and Inclusion Scholarship)အတွက် ဒေါ်လာ ၄၅သန်းကို မနေ့က(ဇန်နဝါရီ ၂၉ရက်)ပိတ်ပင်လိုက်ပါတယ်။
သမ္မတဒေါ်နယ်ထရန့်ဟာ ‘The Laken Riley Act’ကို လက်မှတ်ထိုးပြဋ္ဌာန်းကြောင်း ကြေညာရာမှာ မြန်မာနိုင်ငံအတွက် ပေးအပ်ထားတဲ့ ဒေါ်လာ ၄၅သန်းကိုလည်း ပိတ်ဆို့လိုက်ကြောင်း ထုတ်ဖော်ကြေညာခဲ့တာပါ။
မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ပညာတော်သင်ဆုကို ပြီးခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၅၂ဦး၊ လူနည်းစုတိုင်းရင်းသားအစုအဖွဲ့မှ ၅၅ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၀၇ဦးကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)ကတဆင့် ထောက်ပံ့ပေးအပ်တဲ့ အဲဒီပညာတော်သင်ဆုဟာ ၂၀၂၃ သြဂုတ်မှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေ ၊ အထူးသဖြင့် ထိခိုက်လွယ်တဲ့အစုအဖွဲ့တွေအနေနဲ့ အရည်အသွေးမီ ပညာသင်ယူမှု အခွင့်အလမ်းတွေရရှိစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
DISP ပညာတော်သင်ဆုကို မြန်မာ ကျောင်းသူ ၊ကျောင်းသား ၈၀၀ ခန့်ကို ၅ နှစ်တာအတွက် စုစုပေါင်းအမေရိကန် ဒေါ်လာ ၄၅ သန်း ပေးအပ် ဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီငွေကြေးပမာဏအရမ်း များတယ်လို့ သမ္မတ ထရမ့်က မနေ့က ထုတ်ပြောလာတာပါ။

မြန်မာလူဦးရေ ၁၅ သန်း ဆာလောင်မွတ်သိပ်မှုဒဏ်ရင်ဆိုင်ရမယ်လို့ WFP သတိပေး
မြန်မာနိုင်ငံမှာ အခုနှစ် ၂၀၂၅ အတွင်း နိုင်ငံ့လူဦးရေရဲ့ ၁၅ သန်းဟာ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ရင်ဆိုင်ရမယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ ထောက်ပံ့မှုအဖွဲ့ကြီး (WFP ) က ဇန်နဝါရီလ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ယခင်နှစ်က ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံရတဲ့ လူဦးရေဟာ ၁၃.၃ သန်း ရှိရာကနေ ဒီနှစ်မှာ လူဦးရေ သန်းဂဏန်း ထပ်မံမြင့်တက်လာတာလို့ WFP က ဆိုထားပါတယ်။
နိုင်ငံအတွင်း စာနပ်ရိက္ခာ မလုံလောက်မှုတွေကို ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း တို့အပြင် ပဋိပက္ခတွေ ဖြစ်ပွားရာနယ်မြေတွေမှာ အဆိုးရွားဆုံး ရင်ဆိုင်နေရတာလို့ WFP ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပဋိပက္ခတွေ ကြီးထွားလာတာ၊ သွားရောက်ကူညီခွင့် ကန့်သတ်ခံရတာ ၊ စီးပွားရေး ပြိုလဲတာနဲ့ ရာသီဉတုဆိုင်ရာ အကျပ်အတည်းတွေ ကြောင့် မြန်မာနိုင်ငံရဲ့ ဆာလောင်မွတ်သိပ်မှု အခြေအနေက စံချိန် တင်မြင့်တက်လာတာလို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်က မှတ်ချက်ပြုထားပါတယ်။
အဓိက စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန် ၊ဆီ၊ ဆားနဲ့ ပဲတို့ရဲ့ ဈေးနှုန်းတွေဟာ ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း မြင့်တက်သွားတယ်လို့ WFP တွက်ချက်ပါတယ်။
ပြည်တွင်းမှာ ကုန်ဈေးနှုန်းက လတိုင်းမြင့်တက်နေတာဖြစ်ပြီး လူတွေက အခြေခံစားသောက်ကုန်တွေ ဝယ်ဖို့ ငွေကြေး မရှိဖြစ်လာပြီး ထမင်းအနပ်ရေလျှော့စားရတာကြောင့် မဝမလင် စားသောက်နေကြရတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နဲ့ စားနပ်ရိက္ခာ ဖူလုံမှု လိုအပ်ချက်တွေ ဟာ ကမ္ဘာတဝန်း နိုင်ငံရေးမတည်မငြိမ် မှုတွေ နဲ့ ပဋိပက္ခတွေ ကြား တိမ်မြှုပ်နေပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုမရရှိဘူးလို့ WFP က ဆိုထားပါတယ်။
အခုနှစ် အတွင်း မြန်မာနိုင်ငံ လူဦးရေရဲ့ ၁.၆ သန်းဆီ အကူအညီတွေ ပေးသွားဖို့ ရည်မှန်းထားတယ်လို့ WFP ကအသိပေးထားပါတယ်။

မြန်မာကျောင်းသားကလေးငယ်တွေကို စာသင် သင်ကြားပေးနေတဲ့ ဘုရားကျောင်း ထိုင်းရဲတပ်ဖွဲ့ စစ်ဆေး
မြန်မာ ကျောင်းသားတွေကို လက်ခံ သင်ကြားပေးနေတဲ့ တရားမဝင် ကျောင်းတစ်ခု ဖွင့်လှစ်ထားကြောင်း စွပ်စွဲချက်အတွက် ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်း စစ်ဆေးခဲ့ပါတယ်။
ဇန်နဝါရီ ၂၉ ရက်နေ့တုန်းက ဆူရတ်ဌာနီမှာရှိတဲ့ ဖန်ဂန် ရဲတပ်ဖွဲ့ဟာ ခိုဖန်ဂန်ခရိုင်၊ ဖန်ဂန်ခရိုင်ခွဲမှာ ဖွဲ့စည်းပါဝင်တဲ့ ဖန်ဂန်နိုင်ငံတကာ ခရစ်ယာန် ဘုရားကျောင်းကို ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီအခါမှာ စာသင်နေတဲ့ မြန်မာ ကျောင်းသူကျောင်းသား ၁၉၀ ကျော်နဲ့ မြန်မာ သင်ကြားရေးဝန်ထမ်း ၄ ဦးကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ဘုရားကျောင်းမှာ ဖွင့်ထားတဲ့ ကျောင်းဖက်ကတော့ ကလေးတွေရဲ့ မိဘတွေဟာ ခိုဖန်ဂန်မှာ ရှိနေတဲ့ ရွှေ့ပြောင်း လုပ်သားတွေဖြစ်ပြီး အလုပ်ချိန်အတွင်း ကလေးတွေကို မစောင့်ရှောက်နိုင်တဲ့အတွက် အဲဒီကျောင်းမှာ လာထားကြတာလို့ ပြောပါတယ်။
ကျောင်းက ကလေးတစ်ဦးစီအတွက် တစ်လကို ဘတ် ၃၀၀ နဲ့ ၅၀၀ ကြားကောက်ခံတယ်လို့လည်း သိရပါတယ်။
ဖန်ဂန် ရဲတပ်ဖွဲ့က အခုကိစ္စနဲ့ ဆက်နွှယ်သူ အားလုံးဟာ ခွင့်ပြုချက် မရဘဲ ကျောင်းတစ်ကျောင်းကို တရားမဝင် ဖွင့်လှစ်ထားမှု၊ အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ နိုင်ငံခြားသားတွေကို အလုပ်ပေးထားမှုတွေအတွက် တရားစွဲဆို ခံရမယ်လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ မြန်မာ သင်ရိုး ဖတ်စာအုပ် ၃၁ အုပ်ကိုလည်း သက်သေခံတွေအဖြစ် သိမ်းယူခဲ့ပြီး ဖြစ်စဉ်နဲ့ ဆက်စပ်သူတွေကို ခိုဖန်ဂန် ရဲစခန်းဆီ ပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။

01/28/2025

003 On time to make laugh with ငသက်ရဲ့ မင်္ဂလာဆောင်

Address

2001 Vine Street
Kansas City, MO
64108

Website

Alerts

Be the first to know and let us send you an email when Katharyn Garibull posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share