Shwe Goal Channel 한구 드라마

Shwe Goal Channel 한구 드라마 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Goal Channel 한구 드라마, Digital creator, Los Angeles, CA.

04/03/2023
John W**d
03/28/2023

John W**d

Why?
03/28/2023

Why?

သူတို့တောင် အသက်ကြီးသွားပြီလေ
03/27/2023

သူတို့တောင် အသက်ကြီးသွားပြီလေ

03/24/2023

ဆရာချောင်ရဲ့ ကဗျာရွတ်စကေးလ်

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရပြည့်ဝစာအတွက် ဆန်လုံးညို (Brown Rice) နဲ့ ဟင်းသီးဟင်းရွက်တချို့ ထည့်စားနိုင...
03/09/2023

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရပြည့်ဝစာအတွက် ဆန်လုံးညို (Brown Rice) နဲ့ ဟင်းသီးဟင်းရွက်တချို့ ထည့်စားနိုင်အောင်လုပ်သင့်တယ်လို့ အာဟာရပညာရှင်တွေက တိုက်တွန်းနေပါတယ်။

မြန်မာနည်းတူ အိမ်နီးချင်းနိုင်ငံတချို့မှာလည်း အရင်ပုံမှန်စားနေကျ ဆန်အဖြူအစားများပြီး ဆီးချိုရောဂါတွေ အဖြစ်များခဲ့တာမို့၊ ဒီဆန်လုံးညိုစားဖို့ အာဟာရ ပညာရှင်တွေက အကြံပြုခဲ့ကြပါတယ်။ ဆန်အဖြူဖြစ်အောင်လုပ်ရာမှာ တကယ်အာဟာရဖြစ်တဲ့ အရာတွေ ဆုံးရှုံးသွားခဲ့ရတာမို့၊ အာဟာရအပြည့်ရှိပြီးသား ဆန်လုံးညိုအကြမ်းကို စားဖို့က အရေးပါလာတာပါ။ ဆန်လုံးညိုမှာက အမျှင်ဓာတ် (Fiber) အပြင်၊ ကျန်းမာရေးအတွက်ကောင်းတဲ့အဆီ (Unsaturated Fat) နဲ့ ဗီတာမင်ဘီမျိုးစုံ (B-Complex) ပါဝင်နေပါတယ်။ ဒါပေမဲ့ ဆန်လုံးညိုကို အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်းနိုင်ငံတွေက လူတချို့လည်း မစားချင်ခဲ့တာမို့ စားချင်စဖွယ်ဖြစ်လာအောင် ပြင်ဆင်နိုင်ဖို့ လိုအပ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆန်လုံညို မစားချင်သူတွေရှိတာမို့၊ ဆန်လုံးညိုကိုချက်ရာမှာ မွှေးကြိုင်ပြီး အရသာကောင်းအောင် ပြင်ဆင်နိုင်ပါတယ်။ ဥပမာ ကြက်သွန်ဖြူ၊ ဂျင်းစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး ဆန်လုံးညိုဆန်ပြုတ် လုပ်စားနိုင်ပါတယ်။

ဒါ့အပြင် ဒီဆန်လုံးညို၊ ဆန်ပြုတ်ကို အရသာရှိနိုင်အောင်လည်း အာဟာရလည်းရှိတဲ့ အရွက်တချို့ ထည့်နိုင်ပါသေးတယ်။ ဥပမာ မြန်မာနိုင်ငံမှာ အလွယ်တကူ စိုက်နိုင် ရနိုင်တဲ့ ဒန့်ဒလွန်ရွက်မျိုး၊ ဆန်ပြုတ်မှာ ထည့်ပြုတ်တာမျိုးပါ။ မြန်မာနိုင်ငံမှာ ဒန့်ဒလွန်သီး စားတာများပေမဲ့ ဒန့်ဒလွန်ရွက်ကိုတော့ သိပ်မစားလှပါဘူး။ တကယ်က ဒန့်ဒလွန်ရွက်မှာလည်း အာဟာရမျိုးစုံပါဝင်ရာမှာ အသားဓာတ်၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်အပြင် သွေးသန့်စေပြီး၊ သွေးတိုးတာနဲ့ သွေးကျတာကိုပါ ထိန်းနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ဒန့်ဒလွန်ရွက်ကို မြန်မာ့ရိုးရာ တို့စရာအဖြစ် ရေနွေးစိမ်စားနိုင်သလို၊ အသုတ်လည်း ကြိုက်တဲ့ပုံစံ (ဆီချက်နဲ့ ငြုပ်သီးထဲ့တာအပါအဝင်) နဲ့ သုတ်စားနိုင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူငယ်တွေကနေ လူကြီးတွေအထိ စားလေ့ရှိတဲ့ မုန့်ပဲသွားရေစာတွေအတွက်လည်း သုံးနေကျ ဆန်အဖြူအစား ဆန်လုံးညိုကို အသုံးပြုနိုင်ပါတယ်။ ဒီဆန်လုံးညိုကို ကြိတ်ပြီး မြန်မာတွေကြိုက်တဲ့ မုန့်မျိုးစုံ လုပ်နိုင်ပါတယ်။ ဥပမာ ကောက်ညှင်းခွက်ကြော်၊ ကရေကရာ၊ မရွေး စတဲ့ မုန့်တွေလုပ်ရာမှာ ဒီဆန်လုံးညိုကြိတ်ထားတာကို သုံးနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာလည်း အိမ်တွင်း အသေးစား အငယ်စားနဲ့ အလတ်စား မုန့်လုပ်ငန်းတွေအနေနဲ့ ခရီးသွားတွေလည်းကြိုက်တဲ့ မုန့်မျိုးစုံလုပ်ရာမှာ အခုလို ဆန်လုံးညိုကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

အာဟာရဖြစ်စေတဲ့ ဟင်းသီးဟင်းရွက်တချို.ရနိုင်ဖို့ ဒန့်ဒလွန်ပင်အပြင် သင်္ဘောသီးပင်မျိုးကိုလည်း မြန်မာနိုင်ငံထဲ မြေရှိသူတွေအတွက် ဘယ်နေရာမှာမဆို စိုက်နိုင်သလို၊ မြေအခက်အခဲရှိလျှင်လည်း မြေကျဉ်းတဲ့နေရာနဲ့ အိမ်ထဲမှာပါ စိုက်နိုင်တဲ့ မှိုလိုမျိုးလည်း ရှိနေပါတယ်။ ဥပမာ ငွေနှင်းမှို ဆိုလျှင် မြေ ၁၀ ပေ ပတ်လည်အတွင်း သောင်းချီ စိုက်နိုင်သလို၊ အိမ်ထဲမှာလည်း ရေအလိုလိုရပြီးသား ရေချိုးခန်းနဲ့ ပန်းကန်ဆေးတဲ့ နေရာတွေမှာ မိသားစုဖူလုံအောင် စနစ်တကျ (ဥပမာ မှိုပျိုးထုတ် ၂၀ ခန့်) စိုက်နိုင်ပါတယ်။ ဒီ ငွေနှင်းမှိုကလည်း အသားဓာတ်အပြင်၊ အရိုး၊ ဦးနှောက်နဲ့ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်ဒီဓာတ်ကြွယ်ဝပါတယ်။ တချို.က မှိုကို အစိုစားဖို့ စိုးရိမ်လျှင်တောင် အခြောက်ခံပြီး အမှုန့်လုပ် စားနိုင်ပါတယ်။ ဒီမှိုအမှုန့်ရဲ့ အရသာက မြန်မာအများကြိုက်ပေမဲ့ ဓာတုဓာတ်နဲ့အဓိက လုပ်ထားတဲ့ အချိုမှုန့် အရသာနဲ့တူပါတယ်။ ဒါကြောင့် အခုအသုံးများနေပြီး အာဟာရမရှိသလောက်နည်းကာ ရောဂါပါပိုဖြစ်စေတဲ့ အသင့်လုပ် ဒီအချိုမှုန့်တွေအစား၊ အခုလို အာဟာရပြည်ပြီး အရသာလည်းရှိတဲ့ မှိုအမှုန့်မျိုး ပြောင်းစားနိုင်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချိုကို မေးထားပါတယ်။


အသစ်စက်စက် ကိုရီးယားကားလေး스마트폰을 떨어뜨렀을 뿐인데https://t.me/einyeinythu/1971
02/21/2023

အသစ်စက်စက် ကိုရီးယားကားလေး
스마트폰을 떨어뜨렀을 뿐인데
https://t.me/einyeinythu/1971

02/19/2023

တစ်ချက်တည်းနဲ့ နှစ်ကောင်စား
hyper bane ကြမ်းနေပြီ 😳

Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when Shwe Goal Channel 한구 드라마 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share