Clicky

Dagon Information

Dagon Information Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dagon Information, Media/News Company, Saint Street, Los Angeles, CA.

Operating as usual

10/26/2022

❝ဖားကန့်-အနန့်ပါအတွက် ဝမ်းနည်းမှုကို
တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ❞

▬▬▬▬▬▬▬▬▬▬▬▬▬
❏ ဖားကန့်-အနန့်ပါမှသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို ဖော်ညွှန်း‌သည့် အောက်ပါ လူထုတိုက်ပွဲလှုပ်ရှားမှုကြီးကို လူထုအားလုံး တညီတညွတ်တည်း ဖော်ဆောင်၊ ဆင်နွှဲကြပါစို့။
ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးအတွက် မိမိတို့ စိတ်ထဲကနေ ဝမ်းနည်း၊ ကြေကွဲ၊ နာကြည်းနေရုံမျှနဲ့ တင်းတိမ်မနေကြသင့်။ ဒီဝမ်းနည်းနာကြည်းစိတ်ကို တော်လှန်ရေးခွန်အားအဖြစ် လက်တွေ့ကျကျ ပြောင်းလဲဖော်ဆောင်ကြရမယ်။
ဒီအတွက် ပြည်သူလူထုတရပ်လုံး၊ တနိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မယ့် "လူထုတိုက်ပွဲ လှုပ်ရှားမှု" ကြီးတရပ် ဖော်ဆောင်ကြပါစို့။
#မီးပိတ်သပိတ်_လူထုလှုပ်ရှားမှု
ဖားကန့်-အနန့်ပါ လေကြောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုကြီးမှာ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် မိမိတို့ပြည်သူအားလုံးက "မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ကြီး ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

☗ နေ့ရက် - ၂၈ ရက် အောက်တိုဘာ ၂၀၂၂ ခု (သောကြာနေ့)
☗ အချိန် - ည (၈:၃၀) နာရီ (ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်)
☗ မီးပိတ်မှု ကြာချိန် - ၁၀ မိနစ်

ဒီသတ်မှတ် နေ့ရက်နဲ့ အချိန်မှာ မိမိတို့ အိမ်များ၊ လမ်းများ၊ အဆောက်အဦများက လျှပ်စစ်မီးအပါအဝင် မီးအားလုံးကို ပိတ်၊ အမှောင်ချထားကြဖို့ ဖြစ်ပါတယ်။

အဲ့ဒီညမှာ မီးပိတ်သပိတ် လှုပ်ရှားမှုအပြင် ကျဆုံးပုဂ္ဂိုလ်များအတွက် မိမိတို့ ယုံကြည်မှု ဘာသာတရားအလိုက် ဆုတောင်းမှုများ၊ ကချင်လူထုနဲ့ အတူရပ်တည်ကြောင်း ရည်ညွှန်း သရုပ်ဖော် လှုပ်ရှားမှုများကိုလည်း တပါတည်း ဖော်ဆောင်ကြဖို့ ဖြစ်ပါတယ်။
ကချင်မြေကို ထိရင် ငါတို့အားလုံးနဲ့ ငြိတာပဲ။ ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဘယ်နေရာကို ထိထိ ငါတို့ ပြည်သူအားလုံးနဲ့ သေချာပေါက် ငြိတာပါပဲ။
လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးမှသည် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ . . .
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။
အရေးတော်ပုံ အောင်ရမည်။
#မီးပိတ်သပိတ်
#ဖားကန့်_အနန့်ပါ
#စစ်ရာဇဝတ်မှု
#ဝမ်းနည်းမှုကို_‌တော်လှန်ခွန်အားအဖြစ်ပြောင်းကြ

10/11/2022
Photos from တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု's post
10/11/2022

Photos from တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု's post

07/31/2022

မြောက်ဒဂုံ ❗

အရှေ့ဒဂုံ ၃ ရပ်ကွက် နှင့် ၇ ရပ်ကွက်တို့တွင် ဧည့်စာရင်များစစ်နေအရှေ့ဒဂုံ (၃) ရပ်ကွက် ဗိုလ်ဖိုး၀င်း (၃) လမ်းထဲတွင် ၁၀နာရီ ...
07/14/2022
Dagon Information Admin

အရှေ့ဒဂုံ ၃ ရပ်ကွက် နှင့် ၇ ရပ်ကွက်တို့တွင် ဧည့်စာရင်များစစ်နေ

အရှေ့ဒဂုံ (၃) ရပ်ကွက် ဗိုလ်ဖိုး၀င်း (၃) လမ်းထဲတွင် ၁၀နာရီ ၂၀ မိနစ်လောက်က ဧည့်စာရင်းစစ်နေကြောင်းသတင်းရရှိထားပါသည်။ တစ်အိမ်လုံး အိမ်ရှေ့ထွက်ပြရပြီး စခ ရခ ၁၅ ကောင်လောက် နှင့် အုပ်ကြီးလည်းပါ အစစ်ဆေးကြမ်းနေကြောင်းသိထားရပါသည်။

(၇) ရပ်ကွက်ရတနာသီရိလမ်းမှာလည်း ကြက်တူရွေး အိမ်ကားအနက်မှန်မည်းတစ်စီး နဲ့ခွေးတွေဝင်နေကြောင်း သတင်းမီဒီယာတစ်ခုတွင်ဖော်ပြထားကြောင်းတင်ပြအပ်ပါသည်။

10:30 PM
ဧည့်စစ်သတင်များပေးရန် -> t.me/DGN_Info

မြောက်ဒဂုံ အရှေ့ဒဂုံ နှင့် တောင်ဒဂုံသတင်းများပေးပို့နိုင်ပါသည်။

07/14/2022

မြောက်ဒဂုံရှိ ရဲထောက်ပံ့ရေးဌာနကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်တိုက်ခိုက်ခံရ ၊ ရဲများထိခိုက်သေဆုံးမှုရှိ

Jul 14 | Dagon Information

ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရဲထောက်ပံ့ရေးဌာနကို ယနေ့ နံနက် ၆ နာရီအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့က ကား ၁ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် ရဲ ၂ ဦး‌ သေဆုံးကြောင်း ဒေသခံ ပြည်သူများနှင့် သက် ဆိုင်ရာ တော်လှန်ရေးအဖွဲ့များက ပြောသည်။

မြောက်ဒဂုံ ရဲထောက်ပံ့ရေးဌာနကို တော်လှန်ရေးရဲဘော် သေနတ်သမားများက နံနက် ၆ နာရီ ကျော်ခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲထောက်ပံ့ရေးဌာနရှေ့ရှိ ဘန် ကာကို ဦးတည် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ် ၂ လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်ရှိ ရဲထောက်ပံ့ရေးဌာန ဘန်ကာရဲကင်းကို တိုက်ခိုက်မှုသည် အထူးတပ်ဖွဲ (တောင်ပိုင်းတိုင်း)က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ရဲ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။


07/13/2022

Kaung For You Education မှ ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်ပေါက်ကြားမှုများနှင့် ဆရာမ ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသည့်အပေါ် လက်ခံနိုင်ဖွယ်မရှိဟု အ.က.ရ ဗဟိုဌာနချုပ်က စာထုတ်

ရန်ကုန်၊ ဇူလိုင် ၁၃

Kaung For You Education တွင် တက်ရောက်သင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခြင်းနှင့် ယနေ့ ဇူလိုင်လ ၁၃ ရက်တွင် ဆရာမ ၁ ဦး စာသင်နေစဉ် အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားခြင်းအပေါ် စိတ်ပျက်သလို လက်ခံနိုင်ဖွယ်မရှိဟု အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ ချုပ် (အ.က.ရ - ဗဟိုဌာနချုပ်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စာထုတ်ပြန်သည်။

Kaung For You Education တွင် တက်ရောက်သင်ကြားနေသော အသက်မပြည့်သေးသည့်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေများမှ ခြိမ်းခြောက်မှုများအပြင် နေအိမ်များသို့ စာသင်နေချိန်အတွင်း လာရောက် ဖမ်းဆီးခြင်းများကိုလည်း ပြုလုပ်ခဲ့သည်အပြင်၊ ယနေ့ နေ့လယ် ၁၁ နာရီ ဝန်းကျင်တွင် ကလောမြို့တွင် နေထိုင်သည့် Kaung For You Education မှ ဆရာမတစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု မိမိတို့ အဖွဲ့ချုပ်မှ ကြားသိရှိရသည့်အပေါ် များစွာ စိတ်ပျက်မိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အ.က.ရ ဗဟိုဌာနချုပ်က ကျောင်းသားများ၏ အချက်အလက်များ ပေါက်ကြားသည့် ကိစ္စနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စများ ဆောင်ရွက်ရန် Kaung For You Education သို့ တိုက်တွန်းထုတ်ပြန်ထားပြီး အခြေအနေများကို ဆက်လက်စောင့်ကြည့်လျှက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

Kaung For You Education တွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြုံတွေ့နေရသော အခြေအနေများ၊ အကြောင်းအရာများကို အ.က.ရ ဗဟိုဌာနချုပ်သို့ သတင်းပေးပို့နိုင်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများထံ အသိပေးနှိုးဆော်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော Kaung For You Education နှင့် ပတ်သက်သည့်အခြေအနေများကို အနီးကပ်စောင့်ကြည့်လျှက်ရှိကြောင်းနှင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအပေါ် Kaung For You Education အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ခံရမည်ဖြစ်ကြောင်း အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ ချုပ် (အ.က.ရ - ဗဟိုဌာနချုပ်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

Khit Thit Media

ပါဝင်အားဖြည့်ပေးကြပါအုန်းဗျ
07/13/2022

ပါဝင်အားဖြည့်ပေးကြပါအုန်းဗျ

07/08/2022

တောင်ဒဂုံ

07/06/2022

#တော်လှန်သွေးမကုန်တောင်ဒဂုံသပိတ်အင်အားစု

ငလျင် လှုပ်နေစဥ် ဆောင်ရန်/ရှောင်ရန်အချက်များ ❗❗❗အရေးပေါ်ဆက်သွယ်ရန် ဖုန်းNoများမီးသတ်ဦးစီးဌာန (တံတားလေး လမ်းဝ)01-86669121...
07/05/2022

ငလျင် လှုပ်နေစဥ် ဆောင်ရန်/ရှောင်ရန်အချက်များ ❗❗❗

အရေးပေါ်ဆက်သွယ်ရန် ဖုန်းNoများ

မီးသတ်ဦးစီးဌာန (တံတားလေး လမ်းဝ)
01-8666912
191

မိမိတို့အနီးပတ်ဝန်းကျင်ရှိ လူမှုကယ်ဆယ်ရေးအသင်းများ၏ ဖုန်းNoများကိုလည်း စုံစမ်းထားသင့်ကြောင်း အကြံပေးလိုပါသည်။

စစ်​ကောင်စီမှ ကျွန်​တော်တို့ကိုဘယ်လိုဘဲ အ​ကြောက်တရားသွင်းသွင်း ကျွန်​တော်တို့ပြည်သူ​တွေနဲ့ ကျွန်​တော်တို့ကြားမှာ ယုံကြည်...
07/05/2022

စစ်​ကောင်စီမှ ကျွန်​တော်တို့ကိုဘယ်လိုဘဲ အ​ကြောက်တရားသွင်းသွင်း ကျွန်​တော်တို့ပြည်သူ​တွေနဲ့ ကျွန်​တော်တို့ကြားမှာ ယုံကြည်မှုရှိရှိ ဒီ​ကောင်​တွေကိုတိုက်ထုတ်ဖို့လိုအပ်ပါတယ်။

Media များမှ စစ်​ကောင်စီနှင့်ပူး​ပေါင်းသော်ဖြစ်​စေ၊ မပူ​ပေါင်း​​သော်ဖြစ်​စေ မှန်ကန်​သောသတင်း ဖြစ်မှသာလျှင် ရေး​၍တင်စေလိုပါတယ်။

#​ကြောက်​ခေတ်ကို​မှောက်ပစ်
#အ​ရေး​တော်ပုံအောင်ရမည်။

ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေထဲမှာ အခုလိုသတင်းအမှားထွက်ပေါ်နေတည်းက သေချာအောင်လိုက်စုံစမ်းနေခဲ့တာပါတယ်။ မေးမြန်းစုံစမ်းရသလောက်လည်း (၃.၇.၂၀၂၂) ညနေပိုင်း အာဏာရူးမင်းအောင်လှိုင်၏မွေးနေ့မှာ စစ်အာဏာရှင်ကိုအလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့တဲ့ ရဲဘော်ညီနောင်တွေဆီကလည်း ဖမ်းဆီးခံရခြင်း မရှိကြောင်းသိရှိခဲ့ရပါတယ်။

ယခုသတင်းကို သေချာဖတ်ကြည့်ခဲ့ရင် "စစ်ကောင်စီရဲတပ်ဖွဲနဲ့နီးစပ်သူများ"ထံမှ ဆိုတာ စဉ်းစားစရာပါပဲ။ ဒါဟာ စစ်ကောင်စီဟာ ပြည်သူလူထုထံ စိုးရိမ်ခြင်းအကြောက်တရားများ ပွားလာစေနိုင်တဲ့ ဝါဒဖြန့်ခြင်းနည်းနာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သပိတ်အင်အားစုမှထွက်လာသော သတင်းမဟုတ်ခဲ့လို့ ပြောရခြင်းဖြစ်ပါတယ်။

မီဒီယာ သတင်းဌာနများအနေဖြင့်လည်းယခုကဲ့သို့ သတင်းတစ်ခုကိုအတည်ပြုနိုင်ဖို့ နီးစပ်ရာတော်လှန်ရေးအင်းအားစုများ၏ အတည်ပြုချက်ရမှသာ ရေးသားပေးဖို့ မေတ္တာရပ်ခံပါတယ်။
တော်လှန်ရေးသတင်းများ လူထုထံစီးဆင်းအောင်ပေါင်းကူးတံတားလုပ်ပေးနေကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်။
မီဒီယာများကို အသုံးချပြီး ဝါဒဖြန့်မှုများ မဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

*ယင်းနေ့တွင်ပြုလုပ်ခဲ့သော သပိတ်လှုပ်ရှားမှုမှာ မည်သူမှ ဖမ်းဆီးခံရခြင်းမရှိပါ ။*

သပိတ်ရဲဘော်များကို စိုးရိမ်ပူပန်ပေးခဲ့ကြသော မိဘပြည်သူအယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ ။

#အရေးတော်ပုံအောင်ရမည်

မူရင်းpost-https://m.facebook.com/story.php?story_fbid=3117787898550482&id=100009579079071

လှည်းတန်းပြည်သူလူထုကိုဝန်းရံကြဒီနေ့(၃၀ရက်၊ ဇွန်လ၊ ၂၀၂၂) ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကမာရွတ်မြို့နယ်၊ ...
07/01/2022

လှည်းတန်းပြည်သူလူထုကိုဝန်းရံကြ

ဒီနေ့(၃၀ရက်၊ ဇွန်လ၊ ၂၀၂၂) ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကမာရွတ်မြို့နယ်၊ လှည်းတန်း ပေ၅၀လမ်းက အများပြည်သူပိုင် စျေးနဲ့ပြည်သူပိုင် အိုးအိမ်ပစ္စည်းတွေကို အကြမ်းဖက် မီးရှို့ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ကျေးလက်တောရွာဒေသ တွေက ၄င်းတို့ကို ခုခံဆန့်ကျင်သူတွေရဲ့ အိုးအိမ်ပစ္စည်းတွေကို မီးလောင်တိုက်သွင်းခဲ့သလို အခုလိုရန်ကုန်မြို့လယ် အချက်အချာနေရာတွေမှာကအစ လက်နက်အားကိုးနဲ့ မီးရှို့ရမ်းကားနေပါပြီ။ ဒီလုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချပါတယ်။ ရန်ကုန်ပြည်သူလူထုအနေနဲ့ နွေဦးတော်လှန်ရေးမှာ အစဥ်အလာမရိုင်းခဲ့တဲ့ လှည်းတန်းပြည်သူလူထုကို ဝန်းရံကြဖို့ ၊ စစ်တပ်ရဲ့ ဖိနှိပ်မှုဒဏ်ကို အတူတကွရင်ဆိုင်တွန်းလှန်ကြဖို့ ၊ သွေးမအေးကြဖို့ တပ်လှန့်ဆော်ဩလိုက်ရပါတယ်။

အခုလိုမီးရှို့ရတဲ့အကြောင်းအရင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြေပြင်သပိတ်လှုပ်ရှားမှုတစ်ခုကို ယင်းစျေးလမ်းမှာပြုလုပ်ခဲ့တဲ့အတွက် ဒါတွေနဲ့ ဆက်စပ်နေမယ်လို့ မျက်မြင်တွေ့သူတွေက ဆိုကြပါတယ်။
ရန်ကုန်မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်နေတဲ့ထဲက မြို့ပြမြေပြင်သပိတ်တွေ အဆက်မပြတ်ပေါ်ထွက်ခဲ့တဲ့ဟာ အခုဆို ၁၇လတိုင်ခဲ့ပါပြီ။ "လုံးဝအုပ်ချူပ်ခွင့်မရစေရ "ဆိုတဲ့ ခံယူချက်ကိုစွဲကိုင်နေကြတဲ့ မြေပြင်သပိတ်လှုပ်ရှားမှုတွေဟာ ပြည်သူတွေကိုနိုင်ငံရေးနိုးကြားမှုအတွက် တပ်လှန့်နိုင်ဖို့၊ နိုင်ငံတကာမှာ အုပ်စုရဲ့ တရားဝင်မှုကိုထိခိုက်စေဖို့နဲ့ လက်နက်ကိုင်တိုက်ပွဲနဲ့ဟန်ချက်ညီနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ လူငယ်တွေက သက်စွန့်စံဖျားဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ဒီလိုမျိုး စစ်တပ်က ရန်ကုန်မြို့လည်ခေါင်မှာ အကြမ်းဖက်မီးရှို့တဲ့လုပ်ရပ်ဟာ ပြည်သူတွေကို ဒဲ့စိန်ခေါ်တာပဲဖြစ်တယ်။ " ငါတို့လုပ်ချင်တာလုပ်လို့ရတယ် ငါတို့ အခုလိုဖိလိုက်ရင် ကြောက်သွားမှာပဲ" ဆိုပြီး ပြည်သူတွေကို အကြောက်တရား သွပ်သွင်းဖို့ကြိုးစားတာပဲဖြစ်တယ်။ တနည်းအားဖြင့်ပြောရရင် ပြည်သူတွေရဲ့ လက်သုံးချောင်းထောင်တာတွေ လက်ခုပ်တီးသံတွေ၊ တော်လှန်ရေးကို အားပေးထောက်ခံမှုတွေကို အလွန်တရာမှ ကြောက်ရွံ့ကြလို့ ကြောက်ကန်,ကန်ပြီး ပြုမူခြင်းဖြစ်တယ်။ ကျွန်တော်တို့ ပြည်သူတွေ ဒီလိုကိစ္စမျိုးကို သတိကြီးကြီးထားပြီး ရှု့မြင်ကြဖို့လိုပါတယ်။ မြို့ပေါ်မှာသပိတ်တွေ ခက်ခက်ခဲခဲ ဖော်ဆောင်နေကြတဲ့ လူငယ်တွေနဲ့ ပြည်သူတွေအကြား ရည်ရွယ်ချက်ရှိရှိ သွေးခွဲခြင်းဖြစ်တယ်။ ကျွန်တော်တို့တွေ လုံးဝ လက်သင့်မခံသင့်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေ အချင်းချင်းစည်းလုံးမှု ဒီထက်ပိုသော နိုင်ငံရေးအံတုမှုတွေနဲ့ အင်အားပြနေဖို့ လိုပါပြီ။ ဒီကောင်တွေ ကြောက်တာဟာ လက်သုံးချောင်းလား ဒါဆိုကျွန်တော်တို့ တွေ ပိုပြီးထောင်ပြဖို့လိုပါပြီ။ ဒီကောင်တွေကြောက်တာ လက်ခုပ်သံလား ဒါဆို တစ်နိုင်ငံလုံးကြားသွားအောင် ပိုတီးပြဖို့လိုပါပြီ။ ဒီလိုမှမဟုတ်ပဲ ကျွန်တော်တို့ အလျော့ပေးလိုက်မယ်ဆိုရင် အခုလှည်းတန်းစျေးမှသည် တခြားသောစျေးတွေ၊ ရပ်ကွက်တွေ နောက်ဆုံးကျွန်တော်တို့ရဲ့ အိုးအိမ်တွေအထိပါ အခုထပ်ပိုဆိုးတဲ့ ယုတ်မာလှတဲ့ အကြမ်းဖက်မှုမျိုးတွေ နဲ့ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေရဲ့ အင်အားတွေ ထပ်ပြကြပါ။ စည်းလုံးကြပါ။ လှည်းတန်းက ပြည်သူတွေနဲ့ အတူ ဝန်းရံကြပါစို့ခဗျား။
ရန်တွေ မကုန်မချင်း၊ ဒါ "ရန်ကုန်" မဟုတ်သေးဘူး။

#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်
#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#ကြောက်ခေတ်ကိုမှောက်ပစ်
#အရေးတော်ပုံ_မုချအောင်ရမည်

06/27/2022

ဒဂုံဆိပ်ကမ်း❗❗❗

06/21/2022

နွေဦး တော်လှန် ရေးအတွင်း မြိုပြ ပြောက်ကျားရဲဘော်များ၏ လိုအပ်ချက်များကိုတစ်ဖက်တစ်လမ်းမှဖြည့်ဆည်းနိုင်ရန်အတွက် YGN Donations YouTube Channel လေးကိုတည်ထောင်ပြီး အလှူငွေများရရှိလာဖိုကြိုးစားမှု လေးတစ်ခုရှိနေပါတယ်။
ဒီကြိုးစားမှုလေးအကောင်အထည်ဖော်ဖိုဆိုတာကလည်း ပြည်သူအများ၏အကူအညီမပါပဲ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် YGN Donations Youtube Channel လေးကို Subscribe လုပ်ခြင်းအားဖြင့် အားဖြည့်ကူညီ ပေးကြဖို မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
ဒီ Channel လေးထဲမှာ သုတ ၊ ရသ စာအုပ်များမှစာပေများကို အဆင်သင့်နား ထောင်နိုင်ရန် ကြိုးစားတင်ဆက်ထားပြီး နောက်ထပ်အသစ်အသစ်သော စာအုပ်စာပေများနှင့် အခြားသောအစီအစဥ်များကိုလည်း ထပ်မံတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် တော်လှန်ရေးကြီးအတွက်ကူညီအားဖြည့်ရင်း သုတရသစုံလင်စွာရရှိစေမယ့် Channel လေးကို အခုပဲ Subscribe လုပ်ပြီး ဗီဒီယို လေးတွေနားထောင်ကြဖိုဖိတ်ခေါ်ပါတယ်ခင်ဗျာ
YGN Donations Channel ==> https://youtube.com/c/YGNDonationsChannel

𝙃𝙖𝙥𝙥𝙮 𝘽𝙞𝙧𝙩𝙝𝙙𝙖𝙮 𝙊𝙪𝙧 𝙇𝙚𝙖𝙙𝙚𝙧 အမေစုနှင့်အတူ မတရားဖမ်းဆီး အကျဉ်းကျခံထားရသူများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။နိုင်ငံတော်အတို...
06/18/2022

𝙃𝙖𝙥𝙥𝙮 𝘽𝙞𝙧𝙩𝙝𝙙𝙖𝙮 𝙊𝙪𝙧 𝙇𝙚𝙖𝙙𝙚𝙧

အမေစုနှင့်အတူ မတရားဖမ်းဆီး အကျဉ်းကျခံထားရသူများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ပါစေ။

🌹ဝေမြဲနှင်းဆီ🌹
ချိုးဖဲ့တိုင်း ကြွေရရင်
​ဝေပြစရာတောင် ကျန်မှာမဟုတ်

06/18/2022

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ကိုယ်ကိုး ကွယ်တဲ့ ဘာသာအလိုက် ဘာသာရေးအဆောက် အအုံတွေကို ချီတက်သွားကြဖို့ ကမ်ပိန်းပြုလုပ်နေ
ဇွန် ၁၇ ၊ ၂၀၂၂

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ လာမယ့် ဇွန် ၁၉ ရက်မှာ ပြည်သူလူထုအနေနဲ့ သွေးအေး မနေကြဘဲ တနိုင်ငံလုံးမှာရှိတဲ့ ဘာသာပေါင်းစုံ လူထုကြီးက ကိုယ်ကိုးကွယ်တဲ့ ဘာသာအလိုက် ဘာသာရေးအဆောက် အအုံတွေကို ချီတက်သွားကြဖို့အတွက် ကမ်ပိန်းပြုလုပ်ကြမှာဖြစ်ပါတယ်။

ကမ်ပိန်းဦးဆောင်ပြုလုပ်နေသူတွေက ‘ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို လာမယ့် (၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုအပေါင်းတို့ရဲ့ သွေးအေးမ နေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ထပ်မံပြသလိုက်ကြရအောင်ပါ။ ဇွန်လ (၁၉) ရက်နေ့ တနင်္ဂနွေနေ့မှာ တနိုင်ငံလုံးက ဘာသာပေါင်းစုံသော လူထုကြီးဟာ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာအလိုက် ဘာသာရေးအဆောက်အဆုံများ၊ ဘုရားများဆီသို့ ချီတက်ကြပါ’ လို့ တောင်းဆိုထားကြပါတယ်။

အဲဒီလို ကိုးကွယ်ယုံကြည်တဲ့ ဘာသာအလိုက်ဘာသာရေး အဆောက်အ အုံတွေဆီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားများအတွက်၊ သေဒဏ်ချမှတ်ခံရတဲ့ ရဲဘော်တွေအတွက်၊ အခုချိန်ထိ ဘက်ပေါင်းစုံကနေ တိုက်ပွဲ ဝင်နေကြတဲ့ ရဲဘော်အပေါင်းတို့အတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

အဲဒီလို ကိုယ်မြို့ကိုယ်ရွာမှာ ရှိတဲ့ တန်ခိုးကြီးဘုရားတွေ၊ ဘုရားကျောင်းတွေ၊ ဗလီတွေ အစရှိသလို ဝတ်ပြုဆုတောင်းရာ တွေဆီကို သွားပြီး အထက်မှာ ဖော်ပြခဲ့တဲ့သူတွေနဲ့ တသားတည်းရှိနေတယ်ဆိုတာ ပြသကြဖို့နဲ့ ငါတို့မှာ ငါတို့ပဲ ရှိတယ် ဆိုတာကို ပြသဖို့ တောင်းဆိုထားကြတာပါ။

ဒါအပြင်တိုက်ပွဲဝင်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အပါအဝင် အကျဥ်းသား ၁၀၀ ကျော်တို့ရဲ့ အသက်ကို အကြမ်းဖက်ခေါင်း ဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ တရားဝင်မှုအတွက် အလျော်အ စားလုပ်ဖို့ ကြိုးစားနေ တယ်ဆိုပြီး ကမ်ပိန်းဦးဆောင်သူတွေက ပြောထားပါတယ်။


တောင်ဒဂုံ ❗❗
06/15/2022

တောင်ဒဂုံ ❗❗

တောင်ဒဂုံမြို့နယ် ဒလန် သတင်း

တောင်ဒဂုံမြို့နယ် ၆၉ရပ်ကွက်တွင်နေထိုင်သူ ဒလန်အကြီးအစား "သွေးသောက်အဖွဲ့ဝင်ပျုစောထီးခေါင်းဆောင်" လူမိုက် ဗိုလ်မင်းသူ အား "URMT" အဖွဲ့မှ သုတ်သင်ရှင်းလင်း

"ဗိုလ်မင်းသူ သည် ဒလန်လမ်းစဥ်အတိုင်း ပြည်သူအပေါ် အနိုင်ကျင့် ရမ်းကား နေကြောင်း ပြည်သူလူထု၏
တိုင်တန်းမှုကြောင့် သုတ်သင်ရှင်းလင်း ခဲ့ကြောင်း "

"ULTIMATE REVOLUTIONARY MOVEMENT TEAM" မှထုတ်ပြန်ထားပါသည်။

#အရေးတော်ပုံမုချအောင်ရမည်

06/15/2022

သတင်းလေး မ စ ကြပါအုန်း

06/09/2022

တောင်ဒဂုံ

06/05/2022

တောင်ဒဂုံ ❗❗❗

05/31/2022

🚨 ဘာလမ်းဖောက်ခွဲမှု စာအတုထွက်ပေါ် 🚨

'ဘားလမ်း ဖောက်ခွဲမှု' ကို People's Defence Force - Y A N G O N က ကြေညာချက် ထုတ်ပြန်ထားတဲ့ စာတစ်ရွက်ထွက်ပေါ်နေပါတယ်။

ဒီနာမည် People's Defence Force - Y A N G O N ဆိုတဲ့နာမည်က ခုမှ ပေါ်လာတာတော့ မဟုတ်ပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ပထမပတ်ကလည်း ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ပေးနေတဲ့ ရှေ့နေ့တွေကို သတိပေးတယ် ဆိုပြီး စာအတု ထုတ်ခဲ့ဖူးပါတယ်။

ဘားလမ်းပေါက်ကွဲမှုကို ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကွဲရေးတပ်ဖွဲ့ ၊ ရန်ကုန်တိုင်း PDF တပ်ပေါင်းစုတွေဟာ ရှုတ့်ချထားပါတယိ။

Pa Day Thar Pin - YouTube
05/30/2022
Pa Day Thar Pin - YouTube

Pa Day Thar Pin - YouTube

ပြည်သူ့စစ်သားတွေစိုက်တဲ့ပဒေသာပင်အကြောင်းရည်ရွယ်ချက် =====================အွန်လိုင်း ပလက်ဖောင်းတွေကတစ်ဆင့်Funding ရှာပြီး ....

05/27/2022

မြောက်ဒဂုံနှင့်အရှေ့ဒဂုံမြို့နယ်များတွင် ခိုးမှု၊ဒါးပြတိုက်မှုများတိုးပွားလာနေ

မြောက်ဒဂုံ (၃၄) ရပ်ကွက်တွင် ယနေ့မနက် ၃ နာရီခွဲခန့်က စက်ဘီး၂ စီးဖြင့် သူခိုး(၅)ယောက်က ကား‌နောက်ကြည့်မှန်တွေ ဖြုတ်ခိုးသွားကြောင်း (၃၄) ရပ်ကွက်ပြည်သူတစ်ဦးက အောက်ပါပုံနှင်တကွ အကြောင်းကြားလာပါသည်။

အရှေ့ဒဂုံ မြို့နယ်အတွင်းမှာလည်း ဆိုင်ကယ်ဖြင့်သူခိုးများက ဈေးသွား‌ဈေးပြန်၊လမ်းသွားလမ်းလာများဆီက ဖုန်းလုပြေးခြင်း၊ ဓားပြတိုက်ခြင်းများလည်း အဆက်မပြတ်ဖြစ်ပေါ်လျက်ရှိပါသည်။ အမှတ်(၂)လမ်းမပေါ် ပြေးဆွဲနေသော ဘတ်စ်ကားများပေါ်တွင်လည်း ကျောပိုးအိတ်အကြီးများအရှေ့ကိုချလွယ်ထားတဲ့ ခါးပိုက်နှိုက်သူခိုးများလည်း အကြောက်လန့်မရှိသောင်းကြန်း‌နေကြကြောင်း ခါးပိုက်အနှိုက်ခံရသည့်ကာယကံရှင်ကိုယ်တိုင် လာရောက် သတင်းပေးထားပါတယ်။

မေလအစပိုင်းမှစတင်ကာ မြောက်ဒဂုံနှင့် အရှေ့ဒဂုံ ရပ်ကွက်အများစုတွင် စက်ဘီးခိုးခံရခြင်း၊မီးကြိုးဖြုတ်ခိုးခံရခြင်း၊ကားဘတ်မှန်ခိိုးခံရခြင်း ကိစ္စရပ်များ ယခင်ကထက် အကြိမ်ရေများပြားစွာဖြစ်ပေါ်နေကြောင်း ပြည်သူများ၏ပြောပြချက်များအရသိရကြောင်း တင်ပြအပ်ပါသည်။

မိမိတို့ ပတ်၀န်းကျင်က ခိုးယူလုယက်မှုသတင်းများနှင့်ရာဇ၀တ်မှုသတင်းများကို Dagon Information Page Messenger သို့တိုက်ရိုက်သတင်းပေးအကြောင်းကြားနိုင်ပါသည်။

05/26/2022

ဦးဇော်ဌေး ကွယ်လွန်မှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

Mar 26 | Dagon Information

"ဦးဇော်ဌေးက ၂၃ ရက်နေ့ ဆုံးတယ်။ ၂၄ ရက်နေ့ တရားခွင်မှာ အန်တီဒေါ်အောင်ဆန်းစုကြည်က သိသွားတယ်။ သူ အရမ်းစိတ်မကောင်း ဖြစ်ရတဲ့အကြောင်း ပြောပါတယ်။ သူပြောတဲ့အချိန်မှာ ရှေ့နေတွေနဲ့ ကိုရဲမင်းဦးတို့လည်း ရှိနေတယ်။ ဒီသတင်းစကားကိုလည်း အန်တီက ဦးဇော်ဌေးမိသားစုကိုပါ သိစေချင်ပုံရပါတယ်။
Reference - RFA

05/25/2022
Photos from North Dagon & East Dagon Information's post
05/24/2022

Photos from North Dagon & East Dagon Information's post

05/24/2022

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၅) ရပ်ကွက်တွင် စကစခန့်အုပ်ချုပ်ရေးမှူးခင်မောင်သန်း ပစ်ခတ်ရှင်းလင်းခံရပြီးသေဆုံး

𝐌𝐚𝐲 𝟐𝟒 | 𝐃𝐚𝐠𝐨𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

ယနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၅) ရပ်ကွက် ဓမ္မစေတီလမ်းရှိ အုပ်ချုပ်ရေးမှူးခင်မောင်သန်းအိမ်သို့ လူ ၃ ယောက်ခန့် ဆိုင်ကယ်ဖြင့်လာရောက်ကာ အုပ်ကြီးကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိထားပါသည်။ အုပ်ကြီးမိန်းမ စျေးသွား၀ယ်နေချိန်အတွင်း အိမ်ထဲထိ ၀င်ပစ်သွားတာဖြစ်ပြီး ရင်ညွှန့်ကို တည့်တည့်ချိန်ကာ ၃ ချက် ပစ်သွားသောကြောင့် ဖြစ်စဥ်နေရာမှာပင် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။
“သူ့မိန်းမ ဈေးသွားဝယ်ချိန် ဝင်ပစ်သွားတာဗျ၊အဲ့အုပ်ကြီးကို မနှစ်က ဧပြီ ၉ ရက်လောက်က အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပီးနောက်ပိုင်း စကစ ခန့်ထားတာပါ၊ သူ့သား တစ်ယောက်ကတော့ ၄၅ ဘောလုံးကွင်းရှေ့မှာ ကွမ်းယာရောင်းတာ၊ ညဘက်ဆို ကွမ်းယာဆိုင်မှာ ဆေးချကြတယ်။ ဘောလုံးကွင်းအနီးနားက အိမ်တွေနဲ့လည်း ပြဿနာ ခဏခဏ ဖြစ်ကြတယ် ၊ ဒီအုပ်ကြီးက အရင်က ကြံ့ဖွတ်ရုံးမှာလည်းအလုပ်လုပ်ဖူးတာတော့သိထားရတယ်။ ” ဟု (၄၅) ရပ်ကွက်နေ ပြည်သူတစ်ဦးက 𝐃𝐚𝐠𝐨𝐧 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 သို့ပြောသည်။

ပစ်ခတ်မှူအပြီးတွင် အရပ်၀တ်အချို့မှ အင်္ကျီ အနီကွက်နဲ့ကောင်လေးဆိုပြီး ပတ်ရှာနေကြကြောင်းလည်းသိထားရပါသည်။ (၄၅) ရပ်ကွက်နေပြည်သူများအနေဖြင့် ရပ်ကွက်အတွင်း စစ်ကားများနှင့် အရပ်၀တ်များ အနှံ့အပြားရှိနေနိုင်မည်ဖြစ်သောကြောင့် အထူး ဂရုစိုက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

သတင်းများပေးရန် -> t.me/DGN_Info

05/23/2022

မ၀တ လမ်းဆုံ အစစ်ဆေး 🛑

05/18/2022

SDG🚨🚨🚨

05/16/2022

May 17 – International Day against Homophobia, Transphobia and Biphobia (IDAHTB) အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများကြောက်ရွံ့ခြင်းဆန့်ကျင်ရေးနေ့

မနက်ဖြန် မေလ ၁၇ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများကြောက်ရွံ့ဆန်ကျင်ရေးနေ့ဖြစ်ပါတယ် ဒီနေ့ကို၂၀၀၄ ခုနှစ်မှာ ၁၇ရက်နေ့မှ စတင်ပြီးတော့ ပြုလုပ်ခဲ့သောနေ့တစ်နေ့ဖြစ်ပါသည်။

မေလ၁၇ရက်နေ့ကို ရွေးချယ်ရသော အကြောင်းအရင်း မှာ
WHO သည် ၁၉၉၀ ခုနှစ်တွင် လိင်တူချစ်ခင်နှစ်သက်ခြင်းသည် စိတ်ရောဂါတစ်ခု မဟုတ်ဟူသော အဆိုကိုထုတ်ပြန်လိုက်ခြင်းကြောင့် ဖြစ်ပါသည်။

ဤရက်ကို နိုင်ငံပေါင်း၁၃၀ကျော်က ကျင်းပပြုလုပ်ကျပြီး
လိင်တူနှစ်သက်ခြင်းကို တရားမဝင်ထုတ်ပြန်ထားသော
နိုင်ငံများလဲ ပါဝင်ပါသည်။

မနက်ဖြန်ကျရောက်မယ့်လိင်တူချစ်သူများကိုကြောက်ရွံ့ခြင်းဆန့်ကျင်ရေးနေ့မှာ နွေဦးတော်လှန်ရေး၌ ပါဝင်ခဲ့သောLGBT ရဲဘော်များကိုလေးစားကြောင်း LGBT Community Yangon ပြောကြားလိုက်ပါသည်။ နွေဦးတော်လှန်ရေး၌ကျဆုံးသွားသော LGBT ရဲဘော်များကိုလဲ အလေးနီပြုပါတယ်။

(IDAHTB)
#မေလ၁၇_အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများကြောက်ရွံခြင်းဆန့်ကျင်ရေးနေ့

#အရေးတော်ပုံအောင်ရမည်။

Address

Saint Street
Los Angeles, CA
501203

Website

Alerts

Be the first to know and let us send you an email when Dagon Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Nearby media companies


Other Media/News Companies in Los Angeles

Show All

Comments

Feb ၁ ရက်နေ့မှာ ဆိုင်ရှင်တွေ ဆိုင်မပိတ်ပါနဲ့။
ဈေးဝယ်ပြည်သူတွေရဲ့ တာဝန်သာ ထားလိုက်ပါ။

ဈေးဝယ်ပြည်သူများအနေနဲ့ ဆိုင်ရှင်တွေ ဖိအားပေးဖမ်းဆီးခံနေရတာကို ကိုယ်ချင်းစာသောအားဖြင့် အဲ့နေ့မှာ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ အပြင်မထွက်ခွင့်ကို အပြည့်အဝသုံးပေးပါ။ အိမ်ထဲနေလို့ ဆွဲထုတ်ဖမ်းဆီးလို့မရပါဘူး။ ဒါလေးကို အပြည့်အဝသုံးရုံနဲ့ လူထုအားကို ပြသလို့ရပါတယ်။

ဒီလောက်ဖိအားပေးတဲ့ကြားက အောင်မြင်အောင် လုပ်ပြနိုင်ရင် ဒီကောင်တွေရဲ့ အရှုံးဟာ အရင်Strike တွေရဲ့ နှစ်ဆပဲ။

ပြည်သူကို အကြောက်တရားပေးဖို့ ကြိုးစားနေတာ။ သူတို့မသိတာက သူတို့ကိုယ်တိုင်က ဒီငြိမ်သက်မှုအသံကို အကြောက်ကြီးကြောက်နေလို့ ဒါမျိုးတွေ လိုက်လုပ်နေတယ်ဆိုတာ ဝန်ခံနေတာပဲ။

လှုပ်လည်း ကြောက်တယ်
ငြိမ်လည်း ကြောက်တယ်။
တကယ့် ကြောက်ကောင်တွေ။
ဗထူးလမ်းမပေါ်အိမ်စီးကားနဲစခများ
သတိထားကြပါ
x

Other Media/News Companies in Los Angeles (show all)

Mall Channel MD&DI PlasticsToday NLB Entertainment Hollywood Coaching Nethercott Agency BFENews Revolve Agency Automaddicts Media Group The Krakower Group Wolf & Crow Gary W. Murphy Public Relations Adolescent Compete Sports Diversity One Way Pictures