12/22/2025
ကျူးလွန်မူအတွက် ကင်းလွတ်ခွင့်မရှိပါ(၅)
အပြည်ပြည်ဆိုင်ရာ လူသားခြင်းစာနာထောက်ထားမူဥပဒေ(IHL) တွင် စစ်ဆင်ရေးနည်းစနစ်တွင်ပင် လက်နက်များနှင့်ပါတ်သက်၍ ကန်သတ် နှင့် တားမြစ်ထားမူများရှိပါသည်။ကန့်သတ်တွင် လောင်မီးလက်နက်များနှင့်ပါတ်သက်၍ အရပ်သားလူထုကို လောင်မီးလက်နက်ဖြင့်တိုက်ခိုက်ခြင်းကို အခြေအနေတိုင်းတွင် တားမြစ်ထားပါသည်။ ထိုအပြင်တိုက်ခိုက်ရေးသမားများ (သို့)အခြားသောစစ်ရေးရည်ရွယ်ချက်များအား ဖုံးအုပ်ရန် ဖုံးကွယ်ရန်(သို့)ကိုယ်ယောင်ဖျောက်ရန် သဘာဝပါတ်ဝန်းကျင်များကို အသုံးပြုသည်(သို့)၄င်တို့ကိုယ်တိုင်သည် စစ်ရေးရည်ရွယ်ချက်များဖြစ်သည်မှလွဲ၍ သစ်တောနှင့်အခြားအပင်များအား မီးလောင်ဗုံးလက်နက်များဖြင့် တိုက်ခိုက်ရန်တားမြစ်သည်(သတ်မှတ်ထားသည့်သမားရိုးကျလက်နက်ပရိုတိုကော အပိုဒ် ၂ အပေါ်သဘောတူညီချက်)။
မြေမြှုတ်မိုင်းနှင့် ပါတ်သက်၍ လူသတ်မိုင်းများအားလုံးကိုအသုံးပြုရန်တားမြစ်သည်။သို့သော် စစ်စခန်းခြံစည်းရိုး အခြားအရေးကြီးကာကွယ်ထားရမည့်အရာများ အခြားနိုင်ငံ၏စစ်တပ် ဝင်ရောက်လာနိုင်သည့်နေရာမျာတွင် အကန်အသတ်ဖြင့် ခွင့်ပြုထားသည်(သတ်မှတ်ထားသည့် သမားရိုးကျ လက်နက်ပရိုတိုကော အပိုဒ်-၅) ထိုအပြင် လေဆာလက်နက်များနှင့် ထောင်ခြောက်များကိုလည်း ကန့်သတ်စနစ်များထားရှိပါသည်။
တားမြစ်ထားသည်များတွင် ဓာတုလက်နက်များ ဇီဝလက်နက်များ နျူကလီးယားလက်နက်များ ၊အဆိပ်(သို့)အဆိပ်ရှိသောလက်နက်များနှင့်အစုလိုက် အပြုံလိုက် သတ်သည့်လက်နက်များ ပါဝင် ပါသည်။
စစ်ဆင်ရေးနည်းလမ်းများတွင်လည်း လှည့်ကွက်များ၊အငိုက်ဖမ်းတိုက်ခိုက်ခြင်းများနှင့်အယောင်ဖျောက်ခြင်းများကို ခွင့်ပြုထားသော်လည်း ရန်သူတစ်ဦးကိုသစ္စာမဲ့မူဖြင့်သတ်ဖြတ်ခြင်း ဒါဏ်ရာရစေခြင်း(သို့)ဖမ်းဆီးခြင်းကိုတားမြစ်ထားသည့်အပြင် အမှတ်တံဆိပ်သကေ်တများကို အလွဲသုံးစားပြုခြင်း(အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ-ဓလေ့ထုံးတမ်းဥပဒေ၆၅)၊အသက်ရှင်ကျန်ရစ်သူမရှိစေရဟု အမိန့်ပေးခြင်းကိုတားမြစ်ခြင်း(ထပ်ဆောင်ပရိုတိုကော ဂျီနီဗာကွန်ဗင်းရှင်း အပိုဒ်-၄)၊အရပ်သားပြည်သူများအားငတ်မွတ်အောင်ပြုလုပ်ခြင်းဖြင့်တိုက်ခိုက်ခြင်းကိုတားမြစ်ခြင်း(ထပ်ဆောင်းပရိုတိုကော ဂျီနီဗာသဘောတူညီချက်အပိုဒ်-၄)နှင့်ခွဲခြားမူမရှိပဲတိုက်ခိုက်ခြင်းတို့ကိုတားမြစ် ထားရှိပါသည်။
အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ (CIL) စာချုပ်ဥပဒေမှ ကွဲလွဲသောစည်းမျဥ်းများတွင် ၂ ပိုင်းခွဲကာ တစ်ပိုင်းတွင် ဥပဒေအဖြင့်လက်ခံခြင်း(ဥပဒေရေးရာအမြင်)တွင် ဥပဒေအရ တာဝန်ရှိသည်ဟုမှတ်ယူခြင်းနှင့်နောက်တစ်ပိုင်းတွင် ယေဘုယျအလေ့အထအောက်တွင် ရှေ့နောက် ညီညွတ်မူ/တူညီမူ၊အချိန်ကာလနှင့် ယေဘုယျဖြစ်ခြင်းတို့ကိုသတ်မှတ်ထားပါသည်။
အထက်ကအချက်များသည် လူသားခြင်းစာနာထောက်ထားမူဥပဒေ(IHL)ထဲမှ သိသင့်သည့် အချက် အချို့ဖြစ်ပါသည် ဥပဒေဆိုတာ တားမြစ်ထားတာကိုချိုးဖောက်ရင် အပြစ်ဖြစ်ပါသည်။အရေးယူ၍ရပေသည်။
ဂုရု
#စစ်ရေးပစ်မှတ်မဟုတ်
#အရပ်သားများသည်စစ်ရေးပစ်မှတ်မဟုတ်