12/27/2025
“ရင်ကွဲ့ရပါပြီ 💔
Rest in peace 🪦💔😢
ဝမ်းနည်းမှတ်တမ်း
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝတွင် တာဝန်ထမ်းဆောင်နေသည့် ကိုယ်ပိုင်အမှတ်၊ PLW-1112 Corporal ဆလိုင်းနန်းယိုက်သည် မိမိသစ္စာပြုထားသည့် အမိမြေချင်းလဲန်းနှင့် ချင်းလူမျိုးများအတွက် အမျိုးသားရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ရှေ့တန်းတစ်နေရာတွင် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပါသည်။
အမျိုးသားတော်လှန်ရေးအတွက် ဆလိုင်းနန်းယိုက်၏ ပေးဆပ်မှုအပေါ် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝမှ လေးစားဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ တပ်ဖွဲ့ဝင်များအားလုံး ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
#ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့_ပလက်ဝ
Defense Force - Paletwa