Learning With Tr Aye Moh

Learning With Tr Aye Moh A teacher.
(2)

08/21/2026

ငလျင်သတိပြုပါ
ကျောက်ဆည် ယနေ့ညနေ 3:39မိနစ် ငလျင်လှုပ်သွားပါတယ်
အိမ်ကိုကိုင်လှုပ်တဲ့အတိုင်းပဲ ဒီတခါလှုပ်တာတမျိုး
ခါတိုင်းလှုပ်တာ တစ်ချက်၊ နှစ်ချက်ဆောင့်လှုပ်တာ

08/20/2026

ကလေးအိပ်ရင် သင်ကြားရေး Video လေးရိုက်မယ်ဆိုပြီး ကလေးကိုသိပ်နေတာ ည12ထိုးမှ ကလေးကအိပ်တော့ Video ရိုက်ရမှာလား အိပ်ရမှာလား ဝေခွဲမရရင်းနောက်ဆုံး
Good night လုပ်လိုက်ပါပြီ🥺

အကူညီလေးတောင်းပါရစေရှင့်မိုးရာသီမို့ ကျောင်း၀တ်စုံဖြူစိမ်းလေးတွေ နဲ့ ဖိနပ်လေးတွေ လိုအပ်နေလို့ပါရှင့်မိတ်ဆွေတို့အိမ်မှာ က...
08/19/2026

အကူညီလေးတောင်းပါရစေရှင့်
မိုးရာသီမို့ ကျောင်း၀တ်စုံဖြူစိမ်းလေးတွေ နဲ့ ဖိနပ်လေးတွေ လိုအပ်နေလို့ပါရှင့်
မိတ်ဆွေတို့အိမ်မှာ ကျောင်း၀တ်စုံ အဖြူစိမ်းအဟောင်းလေးတွေများရှိရင် ကျွန်မရဲ့ Page Messenger မှာ ဆက်သွယ်လှူပေးကြပါဦးရှင့်🙏

နောက်နှစ်၂၀ဆိုရင်  သူတို့လေးတွေနဲ့အတူရှိနေနိုင်ဦးမလား😥Crd-photo
08/19/2026

နောက်နှစ်၂၀ဆိုရင် သူတို့လေးတွေနဲ့အတူရှိနေနိုင်ဦးမလား😥

Crd-photo

မင်္ဂလာပါ!သားမိနှစ်ကိုယောက်မေ့သွားမှာစိုးရိမ်လို့ ပုံတင်လိုက်ပါသည်😁
08/19/2026

မင်္ဂလာပါ!
သားမိနှစ်ကိုယောက်မေ့သွားမှာစိုးရိမ်လို့ ပုံတင်လိုက်ပါသည်😁


မင်္ဂလာနံနက်ခင်းပါရှင့်အစစအရာရာ အေးချမ်းအောင်မြင်ကြပါစေ...ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ...စီးပွားဥစ္စာများတိုးပွာ...
08/18/2026

မင်္ဂလာနံနက်ခင်းပါရှင့်
အစစအရာရာ အေးချမ်းအောင်မြင်ကြပါစေ...
ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေ...
စီးပွားဥစ္စာများတိုးပွားကြပါစေ...🙏

"    #ထွက်ပေါက်           " လမင်းဝသုန်[ကျောက်ဆည်]     ကျွန်မနှင့် ဆူးသစ္စာ က  (KG) ကျောင်းသူ ဘဝ ကတည်း ငယ်သူငယ်ချင်းများ ...
08/17/2026

" #ထွက်ပေါက် "

လမင်းဝသုန်[ကျောက်ဆည်]

ကျွန်မနှင့် ဆူးသစ္စာ က (KG) ကျောင်းသူ ဘဝ ကတည်း ငယ်သူငယ်ချင်းများ ဖြစ်သည်။ အမြဲတမ်း တပူးပူး တတွဲတွဲမို့ တချို့က ညီအစ်မ တွေလားဟု အမြဲ မေးခြင်းခံခဲ့ရသည်။ သို့သော် ဆူးသစ္စာနှင့် ကျွန်မဘဝကအစစအရာရာ မိုးနှင့်မြေပမာ။ ဆူးသစ္စာ၏ ဖခင်ဦးမင်းသစ္စာက သည် ကုမ္ပဏီ တစ်ခု၏ [MD]ဖြစ်ပြီး ၊မိခင် ဒေါ်ဆူးနှင်းဆီ က ကလေးအထူးကု ဆရာဝန်ကြီး။ ရွေလင်ဗန်းနဲ့ အချင်းဆေး သတင်းမွှေးခဲ့သူ ဆူးသစ္စာ၏ ဘဝက လိုတိုင်းတ ရနိုင်သော ဣစ္ဆာသယ။ဆွေးမျိုးများကလည်း ချမ်းသာကြွယ်ဝသူ။ ကျွန်မကတော့ ဆူးသစ္စာ ခြားနားစွာ ဆင်ခြေဖုံး ရပ်ကွက်အစွန်လေးမှာ မုဆိုးဖို ဖခင် ၊G 6 ကျောင်းသားမောင်လေးနှင့်တူ ဆင်းရဲချို့တဲ့စွာကြီးပြင်းခဲ့ရသူ။ ကျွန်မ၏ဖေဖေ ဦးလင်းထင် ကနောက်ဖေး ခြံကွက်လပ်လေးထဲမှာ ရွှေပန်း၊ငွေပန်း၊စပါယ်ပန်း စိုက်ပျိုးရင်း ရပ်တည်ပါသည်။ အမြ င်အားဖြင့် ကျွန်မတို့ဘဝက အဖြူအမည်း ရုပ်ရှင်ကားပမာ ဖြစ်ပေမယ့် ထူးခြားသည်က ကျွန်မတို့၏ ရှင်သန်နေထိုင်မှု။ကျွန်မ G 2 ကျောင်းသူ ဘဝကတည်းက singel father ဖြစ်ခဲ့သူ ကျွန်မဖေဖေက Positive parenting system နဲ့ အုပ်ချုပ်ထိန်းသိမ်းခဲ့တာမို့ မရှိပေမယ့် ကွက်လပ်မရှိ ။စာကို ကိုယ်တိုင်သင်သည်။ ယဉ်ကျေးလိမ္မာ၊ဓမ္မစာပေများ သင်ပြပေးသည်။ ဘဝနှင့် ပက်သက်၍ စိတ်ဓာတ်၊ခံယူချက်၊ ကိုယ်ကျင့်တရား ပြည့်ဝစေခဲ့သည်။
ဆူးသစ္စာ၏ ဖခင်နှင့်လည်းရင်းနှီးကြပေမယ့် မည်သည့်အကူအညီမှ လက်ခံခြင်းမရှိ။ ကျွန်မနှင့် မောင်လေး ကို အချိန်ပေးနိုင်ဖို့အတွက် မည်သည့်အလုပ်မှ မလုပ်ပဲ ကိုယ်ပိုင် စိုက်ပျိုးရေးသာရွေးချယ်သူ။ ဆူးသစ္စာ ကတော့ အစစအရာရာ ပြည့်စုံကြွယ်ဝပေမယ့် သူငယ်ချင်း အရင်းမို့ သူမအကြောင်း ကျွန်မကို မကြာခဏ ပြောပြတတ်ပါသည်။

" ယမုံ ခုတလော ငါတို့အိမ်မှာ ရာသီဥတု သိပ်မကောင်းဘူးဟာ"

" ဖေဖေ နဲ့ မေမေ နေ့တိုင်းစကားများနကြတာ ဟာ"
" မေမေဆို ညတိုင်းငို နေရတယ် "

" နင့် ဖေဖေကို သွေးအေးသွားရင် ချော့ ပြောကြည့်ပါလားဟ"
" နင်ထင်သလို မဟုတ်ဘူးဟ အိမ်ထောင်ရေး ပြဿနာ " " ငါ့ဖေဖေ အတွင်းရေးမှူးမမနဲ့လည်းပက်သက်နေတယ်ဟ "

"တခါတလေ အစည်းအဝေးရှိလို့ ရုံးကိစ္စ ရှိလို့နဲ့ ပြန်မအိပ်ဘူး" ငါက ပိုက်ဆံထက် မိဘ အချိန်ပေးတာ ပိုလိုချင်တယ်ဟာ"
" ဥပမာ နင့် ဖေဖေလိုလေ"
" ပြီးတော့ ညတိုင်းမေမေငိုနေရတာ ငါမကြည့်ချင်တော့ဘူးဟာ"

" အန်တီသနားပါတယ်ဟယ် "

" အင်း ဒီနေ့ ညနေ လာခေါ်မယ်နော် "" ကျူရှင်ပြီး ရင် "

" အေးပါ ငါအဆင်သင့်ပြင်ထားမယ်လေ"

ကျွန်မနှင့် မောင်လေးကို သောကြာနေ့တိုင်း ဆူးသစ္စာ မိဘများက အိမ်လည်ခေါ်တတ်ပါသည်။ တခါတရံ ညအိပ်ခေါ်တတ်ပြီး ၊ ဘုရားဖူးသွားသည့် အခါလည်း ခေါ်လေ့ရှိသည်။

ရဲတိုက်ကြီးတမျှ ခန်းနားလှတဲ့ အိမ်ပေါ်မှာ နေရပေမယ့် ဆူးသစ္စာက တခါတရံ ကျွန်မတို့မောင်နှမ ဘဝကို အားကျသည်ဟု ဆိုတတ်ပါသေးသည်။ ။ ချမ်းသာကြွယ်ဝ ပြည့်စုံပေမယ့် မာနကင်းပြီး စကားနည်းသူမို့ ဆူးသစ္စာ က အပေါင်းအသင်းနည်းသည်။

ငွေကြေးချမ်းသာမှုက ပြည့်စုံခြင်းဟု ငယ်စဉ်က ပုံသေထင်မှတ်ဖူးခဲ့သော်လည်း တခါတရံ အခြွေအရံတွေနဲ့ အထီးကျန်‌နေတဲ့ ဆူးသစ္စာဘဝကို ကျွန်မ စာနာမိသည်။ သူငယ်ချင်းဆိုသည်ထက် ညီအစ်မလို ခင်မင် ကြသူများမို့ ကျွန်မက ဆူးသစ္စာရင်ဖွင့်သမျှ နားထောင်ပေးသည်။ ရယ်စရာ မောစရာ ဟာသလေးတွေ‌ပြောပြသည်။ သူမ၏ မိခင် ကတော့ နောက်ပိုင်း အပြုံးအရယ် ကင်းမဲ့ လာပြီး ၊ စိတ်ကြောင့် အတော်လေးပိန်လာသည်ကိုတော့ သတိထားမိသည်။

" သမီး ယမုံ ကျောင်းနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေရှိရင် အန်တီကို ပြောနော် " "ခုတလော အန်တီလည်း သောကများနေတာနဲ့ သမီးကို မမေးဖြစ်တာပါ "

" ဟုတ် အန်တီ ဘာမှ မလိုပါဘူးရှင့်" " အန်တီလည်း ကျန်းမာရေးဂရုစိုက်ပါရှင့်"" ‌တော်တော် ပိန်သွားတယ်နော် အန်တီ "
" ပိန်ဆို ဒီရက်ထဲ အန်တီမှာ သောက တွေနဲ့ ပါ သမီးရယ်"
" သမီးလည်း သိမှာပါ "" အခုတလော အန်တီတို့ အိမ်ထောင်ရေးက ပိုပြီးဆိုးလာတယ်လေ"
ကျွန်မ အန်တီဆူးနှင်းဆီရဲ့ မျက်နှာကို စာနာစွာကြည့်လိုက်မိသည်။ကိုယ်သိတဲ့ အရာမဟုတ်တော့ အကြံ မပေးတတ်ပေမယ့် ကျွန်မ အန်တီနှင့် ဆူးသစ္စာကို ‌စိတ်ဆင်းရဲမှု ဖြေဖျောက် ပေးချင်ပါသည်။
" ခုလည်း ပြန်မအိပ်တာကြာပြီ သမီး"" ပိုပြီးဆိုးတာက အန်တီတို့ တရားဝင် ကွာရှင်းဖို့ သူပြောနေတာပဲ"
" အန်တီ က သမီးကို စိတ်ဒဏ်ရာ မရစေချင်တာရယ်၊ အန်တီ အမျိုး‌ေတွ ကြားမှာ ပြောစရာဖြစ်မှာစိုးတာရယ်ကြောင့် အမျိုးမျိုး အလျော့ပေးပြိး သီးခံပေမယ့် မရပါဘူး သမီးရယ်"

ကျွန်မ ဘေးမှာထိုင်‌နေတဲ့ ဆူးသစ္စာ လက်လေးကို ကိုင်ရင်း အားပေးလိုက်သည်။ ဒီလို မိဘတွေ အိမ်ထောင်ရေးပြဿနာ ခံစားချက်မျိုးကို ကျွန်မ ကလေးဘဝကတည်း က ခံစား ဖူးခဲ့တာမို့ ကိုယ်ချင်းစာပါသည်။ "တခါတရံ ပြို မလို ဖြစ်နေရင် ဖြိုချခြင်းက ပို ကောင်းပါသည် " ဆိုတဲ့ ကျွန်မဖေဖေရဲ့ ဝါဒ က မှန်လား မှားလားမသိပေမယ့် ကျွန်မဖေဖေကတော့ သားသမီးများရဲ့ နာကျင်ခြင်းကွက်လပ်ကို ဘဝနှင့် ရင်း၍ ဖြည့်ဆီးပေးခဲ့သည်။ စိတ်ဒဏ်ရာ ကွက်လပ်ကို မေတ္တာဖြင့် ဖြည့်စွက် ရှင်သန်စေခဲ့သည်။ ယခု ဆူးသစ္စာတို့၏ ကိစ္စကလည်း ဖြိုချသင့်သလား ကျားကန်သင့်သလား ကျွန်မမခွဲခြားတတ်။ ပြဿနာ မဖြစ်ခင် လွန်ခဲ့သော ၃လ ကတည်းက ဆူးသစ္စာ ဖေဖေနှင့် အတွင်းရေးမှူးမမ ‌ဇာတ်လမ်းက ကပ်ကွက်ထဲမှ လူပြောများခဲ့သည်။ တကယ်မဖြစ်ပါစေနဲ့လို့ ဘုရားမှာ ကြိတ်ဆုတောင်းခဲ့ပေမယ့် မပြည့်ဝခဲ့။

" အန်တီ ဓါတ်ရိုက်ဓါတ်ဆင်တွေ ဘာတွေလုပ်ကြည့်ပါလား ဟင် "
" အင်း အန်တီ တော်‌တော် များများ လုပ်ခဲ့ပြီးပါပြီ သမီးရယ် "" ငွေကုန်အချိန်ကုန်တာကလွဲရင်ဘာမှ မထူးပါဘူး သမီးရယ်"
" တခါတလေ အန်တီ တွေးမိတယ် "" ယောက်ျားဆိုတာ သူတို့လိုချင်တာရှိရင် လူပုံအလယ် မှာ ဒူးထောက်ပြီးလည်း တောင်းတတ်ကြပေမယ့် မလိုအပ်တော့ရင်လည်း ကန်ကြောက်ပြီး ပြန်ပေးတတ်ကြတယ် သမီးတို့ သေချာမှတ်ထားနော်" တချို့ က အချိန်ကြာမှ မျက်နှာဖုံးကွာကြတာ လေ "

သောကြာနေ့ အလည်သွားတိုင်း အန်တီနဲ့ ဆူးသစ္စာ ရဲ့ ရင်ဖွင့်စကားတွေ နားထောင်ပြီး ကျွန်မကိုယ်တိုင် စာနာနာကျင်ခဲ့ရသည်။ တခါတရံ ကျောင်းမှာ အလိုက်မသိသူတွေ အမေးကြောင့် ဆူးသစ္စာ ကြိတ်ငိုခဲ့သည့်အခါတိုင်း ကျွန်မလည်းမျက်ရည်ကျခဲ့သည်။

" ဆူး နောက်တခါမေးရင် ဘာမှ ပြန်ဖြေရှင်းပြမနေနဲ့ဟာ "
" တချို့ လူတွေက စုတ်တသတ်သတ်နဲ့ စာနာချင်ယောင်ဆောင်ပြီးကွယ်ရာကျ အတင်းပြောကြတယ် "
" ငါ့ လက်‌တွေ့ပဲ ဆူးရေ "
" လောလောဆယ် စာမေးပွဲ လည်း နီးနေပြီဆိုတော့ အားလုံး ရင်ထဲကခဏထုတ်ပြီး စာပဲ လုပ်နော် "

" ငါစာကျက်ရတာလည်းစိတ်မပါဘူး ဟာ " နောက်အပတ်သောကြာနေ့ကျရင် ဖေဖေနဲ့ မေမေ အပြီးရှင်းမှာမို့ အိမ်မှာချိန်းထားတယ် ဟ"
" အဲနေ့ကျရင် နင်လည်းငါနဲ့အတူ ရှိပေးနော် ယမုံ "
" ငါ့ ဖေဖေကို နောင်းပန်ဖို့ စကားလုံးနဲ့ အားအင်‌တွေ ကြိုစုထားမှ ရမယ် ဟယ် " သိပ်တော့လည်း မတွေးပါနဲ့ဟာ "" ငါလည်း အန်ကယ်ကို တတ်နိုင်သလောက် ဝိုင်းတောင်းပန်မယ်ဟာ "

" တခါတလေ မိဘမစုံတဲ့ ခံစားချက်မျိုး ငါ့လို နင့်မှာ မရှိစေချင်ဘူး ဟ"

ကျွန်မ ဆူးသစ္စာ ကို အားပေးစကားပြောနေပေမယ့် စိတ်ထဲမှာတော့ " ဆူးဘဝ ငါ့လို မဖြစ်ပါစေနဲ့ လို့ ဆုတောင်း‌မိပါသည်။

သို့သော် တခါတရံ ဘဝဟူသည် ကြိုတင် တွက်ဆပေမယ့် လွဲတတ်တဲ့ ချဲဂဏန်းလို ဖြစ်နေတတ်ပါ‌သည်။ ဆူးနဲ့ ကျွန်မ သောကြာနေ့ ကို စိတ်ပူစွာနဲ့ ဘုရားစုံဆုတောင်းရင်း အမိန့်ချမယ့် နေ့ရက်ကို စောင့်နေရသလို ပင်ပန်းလွန်းတော့သည်။ အဲဒီနေ့က ဆူး အိမ်မှာ လူကြီးစုံရာနှင့် အန်ကယ့်ကို မြင်ရတော့ ကျွန်မရင်ထဲမှာမကောင်း။
'" ဆူး ငါတို့ နင့်ဖေဖေကို တူတူသွားတောင်းပန်ကြမယ်ဟာ"
ကျွန်မနဲ့ ဆူး တစ်ပတ်လုံးကြိုတင်ပြင်ဆင်ဇာတ်တိုက်ထားတဲ့ စကားလုံးတွေနဲ့ အတူတောင်းပန်ကြပေမယ့် ထူးခြားမလာခဲ့။

" သမီးရော သမီးယမုံရော အတွေးလွန်နေကြပြီ" " ဖေဖေက သမီးမေမေနဲ့ဘယ်လိုပဲ ကွာရှင်းပါစေ သမီးက ဖေဖေ့သမီးက ဖေဖေ့သမီးပဲလေ "
" ဖေဖေ့တို့ကွာရှင်းပြီး သမီးနဲ့ သမီးမေမေအတွက် ဒီတိုက်အပါ ဘာမှ‌ဖေဖေ မယူပါဘူး " " သမီး ဖေဖေဆီမှာ ခြောက်လ မေမေဆီမှာ ခြောက်လ နေလို့ရအောင်ဖေဖေစီစဉ်ထားပါတယ် " "
"ဖေဖေနဲ့သမီးမေမေ က မိတ်ဆွေတွေလို ဆက်ရှိနေမှာပါ "

" သမီး ပစ္စည်းဥစ္စာထက် မိဘစုံတာပိုမက်မောပါတယ်ဖေဖေ "
" သမီး အဲဒီလို ရူးတူးတူးပေါတောတော တွေ မတွေးပါနဲ့ မိဘမစုံရအောင် ဖေဖေတို့က သေသွားတာမှ မဟုတ်တာ အတူမနေပေမယ့် ဘယ်သူ့ဆီဖြစ်ဖြစ် သမီး နေခွင့်ရှိနေတာပဲလေ "
" အချိန်တန်တော့လည်း သမီးမှာ အမွေကပိုင်ခွင့် ဘာတခုမှမဆုံးရှုံပါ ဘူး"

" ပြောမနေပါနဲ့တော့ သမီးရယ် မေမေကဆရာဝန်ပါ လောကကြီးမှာ ဘယ်အရာမဆို အစားထိုးလို့ရနေတာပဲ "

" လွမ်းစရာမရှိပါဘူး"
အမျိုးမျိုး ညှိနှိုင်းကြပေမယ့် မာနတွေကြားမှာ အချိန်တိုအတွင်းပြိုကွဲသွားကြပါသည်။ ဆူးကတော့ ဝမ်းနည်းရလွန်း၍ ထုံသွားတာလားမပြောတတ်။ ဘာမှ မဖြစ်ခဲ့သလို ထူးထူးဆန်းဆန်းပေါ့ပေါ့ပါးပါး ပုံစံ ဖြစ်နေပါသည်။ ထိုကိစ္စများ ဖြစ်ပြီး ကျွန်မ ခါတိုင်းထက်ပို၍ ဆူးကို ဂရုစိုက်ခဲ့သည်။ အန်တီဆူးနှင်းဆီကလည်း ဆူး ကို ဂရုစိုက်ပေးဖို့ ခဏခဏ မှာတတ်ပြီး ထူးခြားသည် က ဆံပင်ဖြောင့်ပြီး ဝိတ်ချနေပါသည်။
ဆူးကတော့ အရင်က တနေ့ ၁နာရီသာဖုန်းသုံးခွင့်ရခဲ့ ပေမယ့် ယခုတော့ အချိန်တိုင်း ဖုန်းသုံးနေတာ တွေ့ရတော့ စိုးရိမ်တကြီး သတိပေးရသေး‌သည်။
" ဆူး စာမေးပွဲနီး ပြီနော် "" နင် ခုတလော ဖုန်းချည်းပဲသုံးနေတာလား "" ကျောင်းလည်း ပျက်တာ သုံးရက်ရှိပြီ "" ပြောတော့ နေမကောင်းဘူးဆို "" ဖုန်းတော့ သုံးနိုင်တယ်ပေါ့"

" ယမုံရယ် " " ငါလည်းမွန်းကြပ်သမျှ ထွက်ပေါက်လေးတော့ ပေးပါဦးဟ"" ငါ စာကျက်မှာပါ""
" အန်တီကရော နင်ဖုန်းတွေ ဒီလောက်သုံးနေတာမဆူဘူးလား "

"ဟင့်အင်း "" မဆူပေါင် "
" ခုတလော မေမေက ငါဘာပဲလုပ်လုပ်မပြောတော့ဘူးဟ"" မေမေလည်း ဘာတွေလုပ်နေတာလဲ " "မပြောတတ်ပါဘူးဟာ "" ဆေးခန်းတောင်မထိုင်တော့ပဲ ပိတ်ထားတာ"

" ကြည့်ရတာ ဖေဖေ့ကိုရွဲ့ပြီး တခုခုလုပ်ဖို့ ကြံနေတာထင်တာပဲ"
ဆူးပြောမှ အန်တီ သိသိသာသာ ပြောင်းလဲလာတာ သတိထားမိခဲ့သည်။ သောကြာနေ့ ကျွန်မတို့မောင်နှမ ညအိပ် လာတဲ့ အခါတိုင်းလည်း အပြင်ကိုမကြာခဏသွားတတ်သည်။ ဆူး ကိုတော့ ငွေကြေးအပြည့်အစုံ ပေးထားတာ တွေ့ရပေမယ့် အရင်လို ဆူတာ ဘာညာမတွေ့ရ။ မိဘ အချိန်ပေးတာ လိုချင်တယ်ဟု အရင်က ပြောခဲ့သောဆူးကလည်း ထူးထူးခြားခြား ဖုန်းနှင့်သာ အချိန်ကုန်နေသည်ကများသည်။

"ဆူး ငါတို့ အရင်ကလို ‌စနေနေ့ ရေကူးကန်သွားကြမယ်လေ""

" ငါ မလိုက်ချင်လို့ပါ ယမုံရယ် "

" ငါ့မှာ အဲဒါထက်အရေးကြီးတဲ့ ကိစ္စရှိ‌နေတယ်ဟ"

" နင့် မေမေ့ကိုတော့ မပြောနဲ့ဦးနော် "" ငါ လိုင်းပေါမှာ ကိုကြီးတစ်ယောက်နဲ့ ငြိနေပြီ"
ကျွန်မကိုယ့်နားကို မယုံ၍ အထပ်ထပ်မေးခဲ့ပေမယ့် ထိုအဖြေသာရခဲ့သည်။ ဆူးကတော့ သူမကို စိတ်မပူဖို့ ပြောပါသည်။ လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း အခါခါ ရှင်းပြသည်။ ကျွန်မ ကတော့ ညီအစ်မလို ချစ်ခဲ့ရသူမို့

လွယ်လွယ်မယုံဖို့ သတိပေးသည်။

" အေးပါ အဖွားကြီးရဲ့ "" အဲလောက်ကြီးလည်းမစိုးရိမ်ပါနဲ့ " "ငါ သတိထားပါ့မယ် "

" နင် အမှန်အတိုင်းပြောနော် " " အပြင်မှာ တွေ့ပြီးပြီလား "
" ငါ နင့်ကိုတော့ မလိမ်ချင်ပါဘူးဟာ "
" ဟိုနေ့က ငါကျောင်းပျက်တာ အပြင်သွားတွေ့ကြတာလေ"

" ဟယ် ဆူးရယ် နင် ဘာတွေ လုပ်နေတာလဲဟယ် "
" စိတ်မပူပါနဲ့ သူက Software engineer တစ်ယောက်ပါ "

" ဘယ်ကလည်း ဆိုတာ မသိပဲနဲ့ဆူးရယ် " အန်တီ့ကိုတော့ နင်ပြောပြသင့်တယ်နော် "

" အေးပါ ငါ နည်းနည်း အချိန်လေးယူပါရစေဦး ဟာ"
အထက်ပါကိစ္စ များဖြစ်ပြီးဆူး မကြာခဏ ကျောင်းပျက်သည်၊။ ကျွန်မ စိတ်ပူစွာ နဲ့ သတိပေးလွန်း၍လား မသိ ။ နောက်ပိုင်း ဆူး ကျွန်မကို အနည်းငယ် စိမ်းသက်လာသည်။
လွန်ခဲ့တဲ့ သောကြာနေ့ကလည်း သူမအိမ်မှာ စာသွားကူးပေးရင်း စကားများခဲ့ကြသည်။ နောက်တော့ ကျွန်မ ဆူးအပေါ်စိုးရိမ်စိတ်နဲ့ အမုန်းခံပြီး အန်ကယ်နှင့် အန်တီကို သတိပေးခဲ့ပါသည်။ ဆူးကတော့ ကျွန်မကို ထိုနေ့မှစပြီးစကားမပြောတော့ ၊။
" ဒီမှာ ယမုံ နင့်ကို ငါက ယုံကြည်ရတဲ့ သူငယ်ချင်းလို့ ထင်ခဲ့ပြီး ပေါင်းခဲ့တာပါ"
" ငါကိုယ်တိုင် ပြောပါမယ်လို့ နင့်ကို ပြောထားရက်နဲ့ "
" ငါနင့်အကျိုးအတွက် ပြောခဲ့ တာပါဆူးရယ် " ငါ့ကို အထင်မလွဲပါနဲ့ ဟာ "
" ရပြီ ငါ နင်နဲ့ စကားမပြော ချင်တော့ဘူး " ပြောစရာလည်း မရှိတော့ဘူး "
ကျွန်မ အမျိုးမျိုး ပြန်တောင်းပန်ဖို့ ကြိုးစားခဲ့ ပေမယ့် ဆူး စိတ်မပြေခဲ့။

ဆူးမေမေကတော့ စိတ်မကောင်းမဖြစ်ဖို့ ပြောပါသည်။ အခုချိန်မှာ ဆူးစိတ်ညစ်နေတဲ့ ကာလမို့ ထွက်ပေါက်လေး ပေးထားတာဖြစ်ကြောင်း ပြောပါသည်။ ဆူးဖေဖေကတော့ ဆူးကို သတိပေးဆုံးမတယ်ဟုတော့ ကြားပါသည်။ ကျွန်မကိုတော့ ဆူးကို ကျောခိုင်းမသွားဖို့ ပြောပါသည်၊။

သို့သော် ဆူး တစ်ပတ်မျှ ကျောင်းပျက်ပြီး ကျွန်မ ဆူးနဲ့ပက်သက်တဲ့ ခါးသီးတဲ့ သတင်း စ ကြားရပါသည်။ အဲဒီနေ့က ဆူးဖေဖေရော မေမေပါ ကျွန်မတို့ အိမ်ကို ရော ကျောင်းကို ရော လာပြီး ဆူး မနေ့ညကပြန်မလာ၍ လာရှာကြပါသည်။ ကျွန်မကတော့ ဆူးသွားတတ်တဲ့နေရာအနှံ့လိုက်ရှာပေးခဲ့ပေမယ့် ဘာမှမထူးခြား ။ သူမရဲ့ ဖုန်းကိုလည်း စက်ပိတ်ထားသည်။ ‌ဆူးဖေဖေနှင့်မေမေကတော့ ရဲစခန်းမှာ လူပျောက်တိုင်ကြားပြီး၊ အပူတပြင်းရှာကြပေမယ့် မတွေ့။ တခါတရံ ကျွန်မ ဆူးကို သတိရလွန်းငိုမိခဲ့သည်။
ဆူးမိဘတွေ ကလည်း ယခုတော့ဖြင့် မျက်ရည်နှင့်မျက်ခွက်။

ကျွန်မကတော့ နောက်ဆုံး အားကိုးရာအဖြစ် ဘုရားမှာ သစ္စာပြုဆုတောင်းပါသည်။ ၁လကြာတဲ့ အထိ ဘာမှ မထူးခြားခဲ့ ပေမယ့် အဲဒီနေ့ကျွန်မ အိပ်ယာထဲဝင်စ ဖုန်းစိမ်းတစ်လုံး ဝင်လာခဲ့သည်။
" ယမုံရယ် ငါနင့်စကားနားမထောင်မိတာ ငါတောင်းပန်ပါတယ် ဟာ ။"

" ငါလေ ငါလေ အရောင်းစားခံ ခဲ့ရတာဟ"
" အဲဒီလူက လူယုတ်မာ ငါ့ကို အသုံးချပြီး တရုတ်သူဌးတစ်ယောက်ကို ရောင်းစားလိုက်တာ ငါ အဟင့်...အဟင့် ...
ပြောလည်းပြော ငို နေသော ဆူးအသံကြောင့် ကျွန်မ စိုးရိမ်ပြီး ဘာပြောရမယ်မသိအောင် ကြောင်အန်းအန်းဖြစ်‌နေသည်။ ဖေဖေက ဖုန်းကို လှမ်းယူလိုက်ပြီး

" သမီး အခု တည်နေရာကို သမီးသိလား ဒါသမီးဖုန်းနံပါတ်လား "

" ဒါအစောင့် ဖုန်းပါ ဦးလေး " သမီးခိုးပြော‌နေတာ " " သမီး မူဆယ် က ဂိုဒေါင်တခုထဲမှာ ဖမ်းထားကြတယ် " ' သမီးလိုမျိုး မိန်းကလေး အယောက်နှစ်ဆယ် တွေ့.....
ရုတ်တရက် တဖက်မှ ဖုန်းပိတ်ချသွားခဲ့သည်၊။ ပြန်ခေါ််ပေမယ့် စက်ပိတ်ထားတာ မို့ ဆူးမှာ ပြဿနာရှိနေတာ တွေးလိုက်မိသည်။ ည ၁၂နာရီကို ဂရုမစိုက်နိုင်တော့ပဲ ဆူးဖေဖေနှင့်မေမေကို အရေးပေါ် အကြော င်းကြားခဲ့သည်။ ဆူးဖေဖေကလည်း ပေါက်ရောက်သူမို့ ရဲစခန်းချင်း ချိတ်ဆက်၍ ညတွင်းချင်း ရှာဖွေဖို့စီမံပါသည်။ မူဆယ်မြို့ကိုလည်း နှစ်ယောက်စလုံးချက်ချင်းလိုက်သွားကြပါသည်။
ကျွန်မကတော့ ဆူးကို အမြန်ဆုံးတွေ့ရဖို့ ရင်တထိတ်ထိတ်နဲ့ နေ့စဉ်ဆုတော င်းနေမိပါသည်။နော က်ဆုံး သတင်းအရ ဆူးရှိတဲ့ နေရာကို ခြေရာ ခံမိပြီ ဆိုတာ သိရပေမယ့် ကျွန်မ၏ ပူပန်မှုကလျော့ပါးမသွားခဲ့။ မိန်းကလေးတစ်ယောက်၏ ဘဝသည် ထိခိုက်ကြေမွလွယ်သောနုဖတ်သည့် ပန်းနှင့် တူသည်။ နေရာအနှံ့မှာရှိသော ပန်းတို့အား ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်းမွှေးစေချင်ပါသည်။ စင်စစ် လူကုန်ကူးမှုဟူသည် လူသားတစ်ယောက်၏ အနာဂတ်နှင့် ဘဝကို ယုတ်ညံ့စွာ အရောင်းအဝယ်ပြု‌ေနကြခြင်းဖြစ်ပြီး၊ ထိုကဲ့သို့သော အန္တရာယ်မှ လူသားများအားလုံး ကင်းလွတ်ကြပါစေဟု တိတ်တဆိတ် ဆူတောင်းနေမိပါတော့သည်။

ပန်းတိုင်ပွင့်၍ ၊ပွင့်သောပန်းတိုင်းမွေးပြီး ၊မွေးသောပန်းတိုင်း ဖျက်ပိုးကင်းကြပါစေ။

လမင်းဝသုန် [ကျောက်ဆည်]

08/17/2026

ဒီမေမေက ကလေးလေးနဲ့အတူ အချိန်တိုင်းကစားလို့နေပါတယ်😁

#မေမေ့ကျောင်း

✨မိခင်ဘဝဆိုတာ မေတ္တာ၊ ရယ်မောခြင်း၊ ဆူညံသံနဲ့ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အလုပ်လေးတွေရဲ့ လှပတဲ့ ရောနှောမှုတစ်ခုပါ။ လက်တစ်...
08/17/2026

✨မိခင်ဘဝဆိုတာ မေတ္တာ၊ ရယ်မောခြင်း၊ ဆူညံသံနဲ့ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အလုပ်လေးတွေရဲ့ လှပတဲ့ ရောနှောမှုတစ်ခုပါ။ လက်တစ်ဖက်က ညစာမွှေနေပြီး နောက်တစ်ဖက်က ကလေးတစ်ယောက်ကို ပွေ့ထားပြီး နောက်လက်ထောက်လေးတစ်ယောက်က မုန့်တွေနဲ့ အချိုဆုံးအပြုံးတွေနဲ့ ရောက်လာပါတယ်။ မီးဖိုချောင်က ရှုပ်ပွနေနိုင်တယ်၊ အရုပ်တွေက နေရာတိုင်းမှာ ရှိနေနိုင်တယ်၊ အစီအစဉ်တွေက ငါးမိနစ်တိုင်း ပြောင်းလဲနေနိုင်တယ်၊ ဒါပေမယ့် ဒါတွေက အဖိုးတန် အမှတ်တရတွေ ဖြစ်လာမယ့် အခိုက်အတန့်တွေပါ။ တစ်နေ့နေ့မှာ အိမ်က တိတ်ဆိတ်ငြိမ်သက်ပြီး သေးငယ်တဲ့ လက်လေးတွေက ကြီးထွားလာလိမ့်မယ်၊ ဒါကြောင့် ဒီနေ့မှာ ကျွန်မက ရှုပ်ထွေးမှုတွေကို ပွေ့ဖက်ဖို့၊ ပွေ့ဖက်မှုတွေကို တန်ဖိုးထားဖို့၊ ကျွန်မရဲ့ လူသားလေးနဲ့အတူ အံ့သြဖွယ်ကောင်းတဲ့ ရှုပ်ထွေးနေတဲ့ မိနစ်တိုင်းအတွက် ကျေးဇူးတင်ဖို့ ရွေးချယ်ပါတယ်။ ဒါဟာ လှပတဲ့ မိခင်ဘဝပါပဲ။ 💕



နောက်ဆုံးတော့ ကျွန်မရဲ့ကလေးလေး အိပ်ပျော်သွားပြီ… အခု ကျွန်မ လှုပ်ဖို့တောင် ကြောက်နေရတဲ့မေမေပါ😁 #မိခင်ဘ၀
08/17/2026

နောက်ဆုံးတော့ ကျွန်မရဲ့ကလေးလေး အိပ်ပျော်သွားပြီ… အခု ကျွန်မ လှုပ်ဖို့တောင် ကြောက်နေရတဲ့မေမေပါ😁

#မိခင်ဘ၀

Address

Milwaukee, WI

Alerts

Be the first to know and let us send you an email when Learning With Tr Aye Moh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Learning With Tr Aye Moh:

Shortcuts

Share