Shalom Myanmar Media

Shalom Myanmar Media Media & Ministry Music, Preaching, Teaching, Interview & Testimony.

08/27/2026

နီ​ပေါိမှာ​ရေကြီး​ရေလျှံဖြစ်ရတဲ့အ​ကြောင်းရင်ပါ.. သဘာဝတရားကြီးက​ကြောက်စရာကြီး။

08/27/2026

ကမ္ဘာ​မြေကြီးရဲ့ သက်တမ်းလည်းတဖြည်းဖြည်းကုန်ဆုံးဖို့ နီး​နေပြီ။ Please pray for Nepal!

နိ​ပေါ နိုင်ငံအတွက်သတိရဆု​တောင်း​ပေးကြရ​အောင်။
08/27/2026

နိ​ပေါ နိုင်ငံအတွက်သတိရဆု​တောင်း​ပေးကြရ​အောင်။

08/25/2026

# ချီ​ဆောင်ခြင်း(Rapture) VS ​ယေရှုခရစ်​တော်ရဲ့ဒုတိယအကြိမ်ကြွလာခြင်း (Second Coming)
- တူသလား။ကွဲသလား။
- ဘာ​တွေကွာခြားသလဲ။
-ဘယ်အချိန်၊ဘယ်​နေရာမှာ ဖြစ်သလဲ။
-ရည်ရွယ်ချက်ကဘာလဲ။

"ဘုရားအမှုတော်ဆောင်အလုပ်ဆိုတာ လစာမရှိဘူး""ဒါပေမဲ့ ဘုရားက လစာလည်း ပေးတတ်ပါတယ်""လစာပေးပြီး ခိုင်းရင် လစာနဲ့ လုပ်ပါ" တချို့...
08/16/2026

"ဘုရားအမှုတော်ဆောင်အလုပ်ဆိုတာ လစာမရှိဘူး"

"ဒါပေမဲ့ ဘုရားက လစာလည်း ပေးတတ်ပါတယ်"

"လစာပေးပြီး ခိုင်းရင် လစာနဲ့ လုပ်ပါ"

တချို့က ငါတို့က လစာနဲ့ ဘုရားအမှုတော်မဆောင်ဘူး။ အဲ့ဒီလို မဟုတ်ဘူးနော်။

"အဲ့ဒီလို မာနတွေ မထားရဘူး"
"အဲ့ဒီလိုမာန်မာနနဲ့ မလုပ်ရဘူး"

တချို့က ငါတို့က လစာရမှ လုပ်မယ်။ အဲ့ဒီလိုလည်း မဟုတ်ဘူး။

"ဘုရားလိုသလို သုံးတာကို နာခံတတ်ဖို့ အရေးကြီးတယ်"

"ဘုရားက ပုံသေနဲ့ မခိုင်းဘူး"

▪Dr. Rev. Tin Maung Tun

မြန်မာပြည်ရဲ့ Billy Graham ဘဘဦးတင်မောင်ထွန်း အိမ်တော်ပြန်သွားတာ ဒီနေ့ဆို သုံးနှစ်တိတိရှိပြီ။
Crd. to
မောင်သာကျော် (ဖြစ်ရပ်မှန်)
15 August 2026 - Saturday
......

 # သမ္မာကျမ်းစာထဲကအမည်နာမ နှင့် ယ​နေ့​ခေတ်အ​ခေါ်အ​ဝေါများဣသရေလ                       အစ္စရေးအဲဂုတ္တု                    ...
08/12/2026

# သမ္မာကျမ်းစာထဲကအမည်နာမ နှင့် ယ​နေ့​ခေတ်အ​ခေါ်အ​ဝေါများ

ဣသရေလ အစ္စရေး
အဲဂုတ္တု အီဂျစ်
အဲသယောပိ အီသီယိုးပီးယား
လိဗု လိဗျား
စပါနိ စပိန်
ဣတလိ အီတလီ
ဗာဗုလုန် ဘေဘီလုံ ( အီရန် )
ရှုရိ ဆီးရီးယား
ရှုရိဖိနိတ် ဆီးလီးယားဖိုနီးရှား
မေသောပေါဘာမိ မက်ဆိုပိုတေးမီးယား
အာရှိ အာရှ
ကုပရု ဆိုက်ပရပ်
ကဲသရိ ဆီဇာရီးယား
နာပေါလိ နေအာပေါလိ
ဥဖရ ယူဖရေးတီး
အာရပ် အာရေဗျ
ယေရုရှလင် ဂျေရုဆလင်
ဒမာသက် ဒမတ်စကပ် (ဆီးရီးယား )
ယေရိခေါ ဂျေရိခေါ
တုရု တိုင်ရာ
ဇိဒုန် ဆီဒုန်
အလေဇနြ္ဒိ အလက်ဇနြ္ဒိယ
အလေဇနြ္ဒု အလက်ဇနြ္ဒိား
ကဲသာ ဆီဇာ
ဟေရောဒူန် ဟေရောဒီအုံ
ဧလိရှဗက် အဲလစ်ဇဘက်
ရှာလုံ ဆလိုမေ
ယုဒရှကာယုတ် ယုဒဣရှကာရုတ်
ယုဒလူမျိုး ဂျူးလူမျိုး
ဟေလသလူမျိုး ဂရိလူမျိုး
ရဗ္ဗိ - ရဗ္ဗုနိ ဂျူးလူမျိူးတို့ဆရာများ
စိန တရုတ်
မာဂေါဂ ရုရှား
ဂေါမာ တူရကီ
မောဘ ဂျော်ဒန်
ပေရသိ ပါရှား ( အီရန် )
မုတ လစ်ဗျာ နိင်ငံ
ဖိလိတ္တိ ပါလတ်စတိုင်း
ဟေလသ ဂရိနိင်ငံ
ရောမ အီတလီ

ပြောင်းလဲလာသူကို ကြိုဆိုပါ… အမြန်ဆုံး “ဆရာ” မတင်ပါနဲ့။မနေ့က ဘုရားကိုဆန့်ကျင်ခဲ့တဲ့သူ…ဒီနေ့ ယေရှုကို လက်ခံပြီး သက်သေခံနေရ...
08/05/2026

ပြောင်းလဲလာသူကို ကြိုဆိုပါ… အမြန်ဆုံး “ဆရာ” မတင်ပါနဲ့။

မနေ့က ဘုရားကိုဆန့်ကျင်ခဲ့တဲ့သူ…
ဒီနေ့ ယေရှုကို လက်ခံပြီး သက်သေခံနေရင်…

အရင်ဆုံး ဝေဖန်နေမယ့်အစား ဝမ်းမြောက်စွာ ကြိုဆိုပေးပါ။

“Show လုပ်တာပါ။”
“ကြာရင် ပြန်ကျသွားမှာပါ။”
“လိုင်းပေါ်မှာပဲ သရုပ်ဆောင်နေတာ။”

ဒီလိုစကားတွေက ဘုရားရဲ့အလုပ်ကို လူ့မျက်စိနဲ့ အဆုံးအဖြတ်ပေးနေခြင်းပဲ ဖြစ်ပါတယ်။

တစ်ယောက်ယောက်ရဲ့ အသက်တာကို ဘုရားဘယ်လိုအသုံးပြုမလဲဆိုတာ…
ကျွန်တော်တို့ မသိနိုင်ဘူး။

တချိန်က အသင်းတော်ကို ညှဉ်းဆဲခဲ့တဲ့ ပေါလုဟာ…
နောက်ဆုံး လူမျိုးများစွာကို ယေရှုထံ ပို့ဆောင်ခဲ့တယ်။

ဒါကြောင့်…
ပြောင်းလဲလာသူကို မတားဆီးပါနဲ့။
မတိုက်ခိုက်ပါနဲ့။
လွတ်လပ်စွာ သက်သေခံခွင့်ပေးလိုက်ပါ။

ဒါပေမယ့်…

နောက်တစ်ဖက်မှာလည်း သတိကြီးကြီးထားရမယ့်အရာတစ်ခု ရှိတယ်။

ပြောင်းလဲလာတာနဲ့…
စင်ပေါ်တင်လိုက်တာ၊
“ဆရာ” လို့ ခေါ်လိုက်တာ မစောပါနဲ့။

ယုံကြည်ခြင်းကို ရင့်ကျက်ဖို့စောင့်ရတယ်။
အမှုတော်မှာ အကျင့်စာရိတ္တ၊ သစ္စာရှိမှု၊ သမ္မာကျမ်းစာနားလည်မှုနဲ့ စစ်ဆေးခံနိုင်ရတယ်။

“ဆရာ” ဆိုတဲ့အခေါ်ဟာ ချီးကျူးစကားမဟုတ်ဘူး။
တာဝန်တစ်ခု၊ ဝန်ထုပ်တစ်ခုပါ။

တခါ “ဆရာ” လို့ ခေါ်လိုက်ပြီးရင်…
နောက်မှ “အစ်ကို” လို့ ပြန်ခေါ်ဖို့ ခက်တယ်။

တခါ “ဆရာမ” လို့ ခေါ်လိုက်ပြီးရင်…
နောက်မှ “အစ်မ” လို့ ပြန်ခေါ်ဖို့လည်း ခက်တယ်။

ဒါကြောင့်…

ပြောင်းလဲလာသူကို ကြိုဆိုပါ။
သက်သေခံတာကို အားပေးပါ။
ဒါပေမယ့် “ဆရာ” တင်တာတော့ မစောပါနဲ့။

ဘုရားက လူတစ်ယောက်ကို တည်ဆောက်ဖို့ အချိန်ယူတယ်။
ကျွန်တော်တို့ကတော့ တစ်ရက်တည်းနဲ့ “ဆရာ” မလုပ်လိုက်ပါနဲ့။
Crd. To Dau Zawngbuk

08/05/2026

# နံနက်မိုးစလင်းချိန်မှ​နေဝင်တိုင်​အောင်​ကျေးဇူး​တော်.... အစရှိတဲ့ ချီးမွမ်းခြင်းသီချင်းများစွာ​ကိုရေးသားတဲ့ ​တေး​ရေး/​တေးဆို ​ကို​သောင်းလှိုင်နှင့်ခဏတာ​တွေ့ဆုံ​မေးမြန်းခြင်း

08/04/2026

# ဂျူးလူမျိုးများပြည်နှင်ဒါဏ်ဘဝမှအိမ်ပြန်ခရီး
- First Return led by Zerubbable
- Second Return led by Ezra
- Third Return led by Nehemiah

08/03/2026

# မင်းသမီးသီရီရှင်းသန်း ဘယ်လိုခရစ်​တော်ကိုယုံကြည်လက်ခံခဲ့သလဲ(သက်​သေခံချက်)

Address

11202 Dappled Light Trail
Mint Hill, NC
28227

Alerts

Be the first to know and let us send you an email when Shalom Myanmar Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shalom Myanmar Media:

Shortcuts

Share

Category