Insight Myanmar

Insight Myanmar မြန်မာ့ သတင်း နှင့် ဗဟုသုတစုံတဲ့ တစ်

ဒီနေ့ခေတ်မှာ နည်းပညာက အရာရာကို မြန်ဆန်အောင် လုပ်ပေးနိုင်ပါတယ်။ ဥပမာ - လက်ရှိ ဆီပြဿနာကြောင့် QR စနစ်နဲ့ စနစ်တကျ ခွဲတမ်းချ...
03/18/2026

ဒီနေ့ခေတ်မှာ နည်းပညာက အရာရာကို မြန်ဆန်အောင် လုပ်ပေးနိုင်ပါတယ်။ ဥပမာ - လက်ရှိ ဆီပြဿနာကြောင့် QR စနစ်နဲ့ စနစ်တကျ ခွဲတမ်းချ ဆီထုတ်ပေးနေတာကို ကြည့်ရင် နည်းပညာကို အသုံးချပြီး စနစ်တစ်ခုကို အချိန်တိုအတွင်း ပြောင်းလဲလို့ရမှန်း သိသာပါတယ်။

ဒါပေမဲ့ ကျနော်တို့နိုင်ငံရဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလောကမှာတော့ ခေတ်ဟောင်းက "ချလံ" စက္ကူစုတ်လေးတွေက ခုထိ တွင်တွင်ကျယ်ကျယ် နေရာယူထားဆဲပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံလို နေရာမျိုးမှာ လမ်းစည်းကမ်း ဖောက်ဖျက်ရင် CCTV မှတ်တမ်း၊ သက်သေအထောက်အထားနဲ့အတူ ဒဏ်ကြေးဆောင်ရမယ့် ဌာနဆိုင်ရာ QR Code ပါတဲ့ စာအိတ်က အိမ်တိုင်ရာရောက် ရောက်လာပါတယ်။ အဲဒီ QR ကို စကန်ဖတ်ပြီး ငွေပေးဆောင်လိုက်တာနဲ့ အမှုပြတ်သွားသလို၊ ပေးဆောင်လိုက်တဲ့ ဒဏ်ငွေဟာလည်း ဖမ်းတဲ့သူရဲ့ အိတ်ကပ်ထဲ မဟုတ်ဘဲ နိုင်ငံတော် ဘဏ်အကောင့်ထဲကို တိုက်ရိုက် ရောက်ရှိသွားပါတယ်။

ကျနော်တို့ဆီမှာ ဘာလို့ ဒီလို Update မဖြစ်တာလဲ?

နည်းပညာ မရှိလို့လားဆိုတော့ မဟုတ်ပါဘူး။ ဆီထုတ်တဲ့စနစ်တောင် ချက်ချင်းလုပ်နိုင်ရင် ဒါမျိုးက ပိုတောင် လွယ်ပါသေးတယ်။ တကယ်တမ်းက "မပြင်ချင်ကြတာ" ပါ။ အဆင့်ဆင့်သော အဂတိတရားတွေနဲ့ ကိုယ်ကျိုးစီးပွား (စားပေါက်) တွေ ပိတ်ကုန်မှာစိုးလို့ အထက်အောက် အားလုံးက သိသိကြီးနဲ့ မှိန်းနေကြတာ ဖြစ်ပါတယ်။

အခု လမ်းမပေါ်က ချလံစာရွက်ဆိုတာ ဘယ်ပုံနှိပ်တိုက်မှာမဆို စျေးပေါပေါနဲ့ ရိုက်လို့ရတဲ့ စက္ကူအပိုင်းအစလေးသာ ဖြစ်ပါတယ်။ ဒီစနစ်ကို မဖျက်သိမ်းသရွေ့ ပြည်သူပေးရတဲ့ ဒဏ်ငွေဟာ ဌာနဆိုင်ရာထက် ဖမ်းဆီးသူတွေရဲ့ အိတ်ကပ်ထဲကိုသာ နည်းမျိုးစုံနဲ့ ရောက်ရှိနေဦးမှာပါ။

ဒါကြောင့်လည်း ဝန်ထမ်းတစ်ယောက်ရဲ့ ပုံမှန်လစာထက် ပိုတဲ့ အကျိုးအမြတ်တွေ ရှိနေလို့သာ ယာဉ်ထိန်းရဲတွေဟာ နေ့မနား ညမနား၊ ရုံးဆင်းချိန်ကျော်တာတောင် အိမ်မပြန်နိုင်ဘဲ လမ်းမပေါ်မှာ အင်တိုက်အားတိုက် ဖမ်းဆီးနေကြတာ ဖြစ်ပါတယ်။

"၅၁ လမ်း သွားမလား၊ ဒီမှာပဲ ဆောင်မလား" ဆိုတဲ့ မေးခွန်းတွေ ပျောက်ကွယ်ဖို့ဆိုရင် နည်းပညာထက် စိတ်ဓာတ်ကို အရင်ပြင်ပြီး ဒဏ်ကြေးပေးဆောင်မှုကို Digital စနစ် (QR code) သို့ အမြန်ဆုံး ပြောင်းလဲဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ စနစ်တွေ ဘယ်လောက်ကောင်းကောင်း၊ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေသရွေ့တော့ ဒီခေတ်ဟောင်း ချလံစာရွက်လေးကပဲ ဆက်လက် အုပ်စိုးနေဦးမှာပါပဲ။

03/16/2026

အမေရိကန်အလွန် စူပါပါဝါ ဘယ်သူဖြစ်လာမလဲ။

03/15/2026

စစ်ပွဲနောက်ကွယ်က ပုန်းကွယ်နေတဲ့ အကျိုးစီးပွားများ

03/14/2026

အီရန်- အမေရိကန် စစ်ပွဲက ၂ ပတ်ကာလ ဖြစ်လာပါပြီ။ အကယ်၍ တတိယ ကမ္ဘာစစ်ဖြစ်လာရင် ဘယ်နိုင်ငံတွေက ဘေးကင်းမလဲ ဆိုတာ ဆွေးနွေးကြည့်ရင်အောင်ပါ။ သဘောမတူရင် ကွန်မန့်မှာ ဆွေးနွေးပေးပါဦးနော်။

03/13/2026

အီရန်ကို ‌အမေရိကန် တပ်ဖွဲ့တွေ ကျူးကျော်နိုင်ပါ့မလား

03/10/2026
03/09/2026

ဘာကြောင့် အမေရိကန် စစ်ရှုံးနိုင်တာလဲ ?????

03/08/2026

ဒုံးကျည် အဝေးဆုံး ပစ်နိုင်သော နိုင်ငံကြီး (၅) နိုင်ငံ..

03/08/2026

အီရန် လုံးဝ မထိသော နိုင်ငံတစ်နိုင်ငံ...

03/07/2026

အီရန်ကို တိုက်ခိုက်ရခြင်း အကြောင်းအရင်း အစစ်အမှန်..

Address

South Ozone Park
New York, NY
11531

Alerts

Be the first to know and let us send you an email when Insight Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share