Junni : Shawng

Junni : Shawng Hey there! I’m just a New Yorker navigating this wild ride we call life.

When I’m not dodging taxis and sipping coffee, you can find me on my blog, where I spill whatever’s on my mind—because let’s face it, life is too short to keep thoughts bottled up!

10/03/2026

Soulmate ဆိုတာ ချစ်သူတစ်ယောက်တည်းလား?
IUရဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ပြီး ကိုယ့်ဘဝမှာ “soulmate” ဆိုတာ ဘယ်သူဖြစ်နိုင်လဲဆိုတာ ပြန်စဉ်းစားမိလို့ပါ။
တချို့လူတွေက soulmate ဆိုတာ ချစ်သူတစ်ယောက်၊ ကိုယ့်ဘဝလက်တွဲဖော်တစ်ယောက်လို့ပဲ ထင်တတ်ကြတယ်။ ဒါပေမဲ့ ရှောင်အတွက်တော့ soulmate ဆိုတာ အချစ်ရေးနဲ့ ရင်းနှီးမှုတစ်ခုတည်းကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကို အပြစ်မတင်ဘဲ နားထောင်ပေးတတ်တဲ့သူ၊ ကိုယ်ဘယ်လိုပဲဖြစ်နေပါစေ လက်ခံပေးတဲ့သူ၊ အတူရှိနေရင် စိတ်ချမ်းသာပြီး ကိုယ့်ကိုယ်ကိုယ် ဖြစ်ခွင့်ရတဲ့သူလည်း soulmate ဖြစ်နိုင်ပါတယ်။
အဲဒီလိုစဉ်းစားကြည့်တော့ ရှောင်ရဲ့ soulmate က ကျွန်မရဲ့ဝမ်းကွဲအစ်မ ဖြစ်နေတယ်လို့ ခံစားမိတယ်။ သူက ရှောင်လိုအပ်တဲ့အချိန်မှာ အမြဲနားထောင်ပေးတယ်၊ ရှောင်ကို အကဲဖြတ်မနေဘူး၊ သူနဲ့အတူရှိရင် ပျော်ရွှင်ပြီး စိတ်အေးချမ်းတယ်။ တစ်ခါတလေ ကိုယ့်ကို အနက်ရှိုင်းဆုံး နားလည်ပေးတဲ့သူက ချစ်သူမဟုတ်ဘဲ မိသားစုဝင်တစ်ယောက်၊ ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေတစ်ယောက်၊ ဒါမှမဟုတ် မိဘတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။
ရှောင်ရဲ့ယုံကြည်ချက်အရလည်း ဘဝမှာ ကိုယ့်အနားမှာရှိပေးတဲ့သူတွေက အဖိုးတန်တဲ့လက်ဆောင်တွေပါပဲ။ ဒါကြောင့် ကိုယ့်ကိုချစ်ပေးတဲ့သူတွေ၊ နားထောင်ပေးတဲ့သူတွေ၊ ကိုယ့်အနားမှာ ရှိပေးတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောဖို့ မမေ့ကြပါနဲ့။ “သူသိမှာပါ” လို့ ကိုယ့်စိတ်ထဲမှာပဲ ထင်ထားတတ်ကြပေမဲ့ ကိုယ်မပြောရင် တစ်ဖက်လူက မကြားရပါဘူး။ တစ်ခါတလေ ကိုယ်ကျေးဇူးတင်နေတယ်လို့ ထင်ပေမဲ့ သူတို့ဆီကို အဲဒီစကား မရောက်သေးတာမျိုးလည်း ရှိတတ်ပါတယ်။

ဒါကြောင့် ဒီနေ့ ကိုယ့်ဘဝမှာ အမြဲနားထောင်ပေးတဲ့သူ၊ အားပေးတဲ့သူ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့သူတစ်ယောက်ယောက်ရှိရင် သူ့ကို “ကျေးဇူးတင်ပါတယ်” လို့ ပြောပေးလိုက် ပါ။
#ကျေးဇူး

🤍One of my promises.
10/01/2026

🤍One of my promises.

09/23/2026

မအိပ်ခင် Why Write a Novel ဆိုတဲ့စာအုပ် ဖတ်နေရင်း Introduction မှာ ဝတ္ထုရေးတဲ့သူအများစုက introvert တွေဖြစ်ကြတယ်ဆိုတာ ဖတ်လိုက်ရတယ်။

တချို့လူတွေက ရှောင်ကို extrovert လို့ထင်ကြတယ်။ အပြင်ရောက်ရင် လူတွေနဲ့ စကားပြောတယ်၊ ပျော်ပျော်နေတယ်၊ social butterfly လိုပဲ 😄

ဒါပေမဲ့ အိမ်ပြန်ရောက်ရင်တော့ ဘယ်သူ့ကိုမှ စကားမပြောချင်ဘူး။ ဖုန်းခေါ်တာ၊ message ပို့တာတွေလည်း မလိုချင်ဘူး။ ကိုယ့်အခန်းထဲမှာ ကိုယ်တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေရင်း energy ပြန်ဖြည့်ရတယ်။

အပြင်မှာ social ဖြစ်တယ်ဆိုတိုင်း extrovert ဖြစ်နေတာတော့ မဟုတ်ဘူးနော်။

ကျွန်မလိုပဲ အပြင်မှာ social butterfly၊ အိမ်ရောက်ရင် cave ထဲဝင်သွားတဲ့သူတွေ ရှိလား? 😄

09/18/2026

ကျွန်မရဲ့ ဥယျာဉ်ကရတဲ့ အသီးအနှံလေးတွေ #အပင်

စိုက်ပျိုးချိန်ရှိသလို ရိတ်သိမ်းချိန်လည်း ရှိတယ်။ ရိတ်သိမ်းရတဲ့အချိန်မှာတော့ မျှဝေရတဲ့ ပျော်ရွှင်မှုလည်း ရှိတယ်။ #အပင်  ...
09/17/2026

စိုက်ပျိုးချိန်ရှိသလို ရိတ်သိမ်းချိန်လည်း ရှိတယ်။ ရိတ်သိမ်းရတဲ့အချိန်မှာတော့ မျှဝေရတဲ့ ပျော်ရွှင်မှုလည်း ရှိတယ်။
#အပင် #မျှဝေးခြင်း

09/17/2026

ကိုယ်လိုချင်တဲ့ intimacy ကို တခြားသူဆီမှာ မရှာခင် ကိုယ့်ကိုယ်ကို အရင်အနီးကပ်ကြည့်ပါ။ 🤍

Intimacy ဆိုတာ ကိုယ်ခန္ဓာချင်း နီးကပ်မှုတစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်ခံစားချက်တွေ၊ ကိုယ့်လိုအပ်ချက်တွေ၊ ကိုယ့်ရဲ့အားနည်းချက်တွေနဲ့ စိတ်ဒဏ်ရာတွေကို ရိုးရိုးသားသား သိရှိနားလည်ပေးနိုင်ခြင်းလည်း ဖြစ်ပါတယ်။

တချို့အချိန်တွေမှာ အဖေ၊ အမေဆီက မရခဲ့တဲ့ ချစ်ခြင်း၊ ဂရုစိုက်ခြင်းနဲ့ လုံခြုံမှုတွေကို ကိုယ့်ရဲ့ partner ဆီကနေ အပြည့်အဝ ရယူဖို့ မျှော်လင့်မိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်အတွင်းစိတ်ကို မလေ့လာဘဲ ကိုယ်လိုအပ်သမျှကို တခြားသူတစ်ယောက်က ဖြည့်ပေးဖို့ မျှော်လင့်နေရင် relationship တစ်ခုက ပိုပြီးခက်ခဲလာနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဘာလိုအပ်နေလဲ၊ ဘာကြောင့် ဒီလိုတောင့်တနေရတာလဲ၊ ဘယ်နေရာမှာ စိတ်ဒဏ်ရာရှိနေလဲဆိုတာ ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ Inner work လုပ်ပြီး ကိုယ့်အကြောင်းကိုယ် ပိုသိလာတဲ့အခါ ကိုယ့်ရဲ့ weakness တွေနဲ့ triggers တွေကိုလည်း နားလည်လာမယ်။ လူတစ်ယောက်နဲ့တွေ့တဲ့အခါ red flags တွေကိုလည်း ပိုမြန်မြန်သိနိုင်ပြီး ကိုယ့်အတွက် သင့်တော်တဲ့ relationship ကို ပိုကောင်းကောင်းရွေးချယ်နိုင်ပါလိမ့်မယ်။

ကိုယ်လိုချင်တဲ့ intimacy က ကိုယ့်အတွင်းမှာပဲ အရင်စတင်ပါတယ်။ ကိုယ့်ကိုယ်ကို နားထောင်ပါ၊ နားလည်ပေးပါ၊ ပြီးတော့ ကိုယ်လိုချင်တဲ့ ချစ်ခြင်းမျိုးကို ကိုယ့်ကိုယ်ကို အရင်ပေးပါ။ 🤍

#ကိုယ့်ကိုယ်ကိုချစ်ပါ

09/17/2026

အသက်ကြီးလာရင် ဘယ်သူက ကိုယ့်ကို စောင့်ရှောက်မလဲ?

အသက်ကြီးလာရင် ကိုယ့်ကို ဘယ်သူက စောင့်ရှောက်ပေးမလဲဆိုပြီး စိတ်ပူနေမယ့်အစား ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ ပြင်ဆင်ကြရအောင်။
အထူးသဖြင့် တစ်ယောက်တည်းနေထိုင်ရသူတွေ၊ ကိုယ့်ရွေးချယ်မှုကြောင့်ဖြစ်စေ၊ အခြေအနေအမျိုးမျိုးကြောင့်ဖြစ်စေ Single ဖြစ်နေသူတွေအတွက် ကိုယ့်ခန္ဓာကိုယ်ကျန်းမာသန်စွမ်းနေဖို့က အရမ်းအရေးကြီးပါတယ်။
ရှောင်တို့အားလုံး အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်ရတယ်။ ကိုယ့်အတွက်၊ မိသားစုအတွက်၊ အလုပ်ရှင်အတွက် နေ့တိုင်းအချိန်တွေပေးနေရတယ်။ ဒါပေမဲ့ ကိုယ့်အတွက်တော့ တစ်နေ့ မိနစ် ၂၀ တောင် မပေးနိုင်ဘူးဆိုရင် ကိုယ်တကယ် ဘယ်သူ့အတွက် အလုပ်လုပ်နေသလဲဆိုတာ ပြန်စဉ်းစားဖို့လိုပါတယ်။
အသက် ၃၀ ကနေ ၄၅ နှစ်အတွင်းက အမျိုးသမီးတွေအတွက် ကြွက်သားအားကောင်းအောင် Weight Training စလုပ်ဖို့ အချိန်ကောင်းတစ်ခုပါ။ ဘယ်ကစရမလဲမသိရင် လမ်းလျှောက်တာ၊ ကြိုးခုန်တာနဲ့ လေ့ကျင့်ခန်းလုပ်တာကနေ ဖြည်းဖြည်းစလို့ရပါတယ်။

ငွေကြေးချမ်းသာတာ၊ မိသားစုနဲ့ မိတ်ဆွေတွေ ဝိုင်းရံနေတာတစ်ခုတည်းနဲ့ ကျန်းမာတဲ့ဘဝကို အာမခံမပေးနိုင်ပါဘူး။ ဒါကြောင့် အနာဂတ်အတွက် စိတ်ပူနေရုံမဟုတ်ဘဲ ဒီနေ့ကစပြီး ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအတွက် အချိန်နည်းနည်းပေးကြရအောင်။

တစ်နေ့ မိနစ် ၂၀ လောက်ကနေ စတင်ပါ။
နောင်တစ်ချိန်မှာ ကိုယ့်ကို စောင့်ရှောက်ပေးမယ့် ပထမဆုံးလူက ဒီနေ့က ကိုယ်တိုင်ပါပဲ။ 💛

#ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ #အမျိုးသမီးကျန်းမာရေး #ကျန်းမာတဲ့ဘဝ #လေ့ကျင့်ခန်း

09/11/2026

09/11/2026

မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာနဲ့ သူ့နာမည်ကို ဘာကြောင့် ပြောင်းရတာလဲ? 🤔

ဗုဒ္ဓဟူးနေ့က museum သွားရင်း ပန်းချီကားတွေအောက်မှာ ရေးထားတဲ့ အမျိုးသမီးတွေရဲ့နာမည်တွေကို သတိထားမိတယ်။ အများစုက အိမ်ထောင်ပြုပြီးနောက် ခင်ပွန်းရဲ့မျိုးရိုးနာမည်ကို ယူထားကြတယ်။ တချို့ဆို ကိုယ့်ရဲ့ပထမနာမည်တောင် မသုံးတော့ဘဲ “Mrs. + ခင်ပွန်းရဲ့နာမည်အပြည့်အစုံ” လို့ ဖော်ပြထားတာကို တွေ့ရတယ်။

အဲဒါကိုကြည့်ရင်း မိန်းမတစ်ယောက်ရဲ့ ကိုယ်ပိုင်နာမည်နဲ့ ကိုယ်ပိုင်အမှတ်အသားက အိမ်ထောင်ကျပြီးတာနဲ့ ဘာကြောင့် ပျောက်သွားရမလဲလို့ စဉ်းစားမိတယ်။

မြန်မာလူမျိုးအများစုမှာ မျိုးရိုးနာမည်မရှိတဲ့အတွက် ဒီလိုပြဿနာမျိုး သိပ်မရှိဘူး။ ဒါပေမဲ့ ကျွန်မတို့ယဉ်ကျေးမှုဘက်မှာတော့ မျိုးရိုးနာမည်ကို အဖေဘက်က ဆက်ခံကြတယ်။ အဲဒါတောင် အဖေဘက်ကလာတာဆိုပေမဲ့ ကိုယ့်ဘဝတစ်လျှောက်လုံး ကိုယ်နဲ့အတူရှိခဲ့တဲ့ နာမည်ပဲလေ။ အိမ်ထောင်ပြုလိုက်တာနဲ့ အဲဒီနာမည်ကိုဖယ်ပြီး ခင်ပွန်းရဲ့နာမည်ကို ဘာကြောင့် မဖြစ်မနေယူရမှာလဲ?

ယဉ်ကျေးမှု၊ မိသားစုနဲ့ လူတစ်ဦးချင်းစီရဲ့ရွေးချယ်မှုတွေ မတူကြတာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်တော့ ကိုယ့်နာမည်ကို ဆက်ထားချင်တယ်။ ချစ်ခြင်းနဲ့ အိမ်ထောင်ရေးဆိုတာ မိန်းမတစ်ယောက်ရဲ့နာမည်နဲ့ ကိုယ်ပိုင်အမှတ်အသားကို ဖျောက်ပစ်လိုက်ရမယ်လို့ မဆိုလိုဘူးလေ။

ဒါက museum ထဲလျှောက်ရင်း ကော်ဖီသောက်ရင်း ကျွန်မ yapping လုပ်မိတဲ့ အတွေးလေးပါ ☕️😄
သင်တို့ကရော အိမ်ထောင်ပြုပြီးရင် ကိုယ့်မျိုးရိုးနာမည်ကို ဆက်ထားမလား၊ ပြောင်းမလား?

#အမျိုးသမီးအတွေး #ကိုယ်ပိုင်အမှတ်အသား #မျိုးရိုးနာမည် #ယဉ်ကျေးမှု

Address

New York, NY
11373

Telephone

+601161105526

Website

Alerts

Be the first to know and let us send you an email when Junni : Shawng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Junni : Shawng:

Shortcuts

Share