12/24/2025
gaslightingလုပ်တတ်ကျတယ်ဆိုတာ တစ်ခါတစ်လေမှာပတ်ဝန်းကျင်ရဲ့သင်ကြားမှုကြောင့်လဲဖြစ်နိုင်ပါတယ်တဲ့
လူတွေ gaslightingဘာလို့လုပ်တတ်ကျလဲ?
-သူတို့ရဲ့အတ္တကိုကာကွယ်ခြင်လို့
-တာဝန်မယူချင်လို့
-ထိန်းချုပ်ခြင်လို့
-dark triad personality(narcissism,psychopathy,machiavellianism)ဖြစ်လို့ အစရှိသဖြင့်အကြောင်းအရာအမျိုးမျိုးကြောင့်
gaslighting တွေလုပ်တတ်ကျပါတယ်
ဒါပေမဲ့တော်တော်များများသတိမထားမိတာတစ်ခုက-
(တစ်ခါတစ်လေမှာသူတို့gaslightingလုပ်တယ်ဆိုတာ...သူတို့ကျင်လည်တဲ့ပတ်ဝန်းကျင်ကလူအများစုကိုယ်တိုင်ကိုကgaslightingလုပ်တတ်ကျလို့ပါတဲ့)
ပြောရမယ်ဆိုရင် monkey see ...monkey doပါ
Learned behaviourတစ်ခုဖြစ်ပါတယ်တဲ့
ဥပမာပေးရမယ်ဆိုရင်-
သာမန်လူတစ်ယောက်ကကိုယ့်ရဲ့ partnerကိုကိုယ့်ရဲ့ဘေးနားကမထွက်သွားဖို့တစ်သက်လုံးရေရှည်လက်တွဲဖို့ဆိုရင် ကိုယ့်partnerကို
-ပိုကောင်းပေးတယ်
-လေးစားပေးတယ်
-ပိုချစ်ပေးတယ်
-သစ္စာရှိပေးတယ်
-သူတိုးတက်ဖို့အတွက်ကိုအားပေးတယ်
-သူ့ရဲ့ဖြစ်တည်မှုကိုအသိမှတ်ပြုတဲ့ နည်းလမ်းတွေသုံးတတ်ပေမဲ့
gaslightingလုပ်တတ်တဲ့သူတွေကျတော့သူတို့ရဲ့partnerကိုအနားမှာရှိစေချင်တယ် ဂုတ်ဆွဲထားချင်တယ်ဆိုရင်
-သူတို့ရဲ့ယုံကြည်မှုတွေကိုတိုက်ခိုက်တယ်
-သူတို့ရဲ့ အမှန်တရားကိုဝေဝါးသွားအောင်လုပ်တယ်
-သူတို့ခံစားနေရတဲ့ဟာတွေကို အရေးမပါအောင်လုပ်တယ်
-သူတို့ရဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကိုလျော့နည်းလာအောင်လုပ်တယ်
-သူတို့ရဲ့ဖြစ်တည်မှုကိုအမှားတစ်ခုလို့ယူဆအောင်လုပ်တယ်
ဘာကြောင့်လဲဆိုတော့-
သူတို့targetထားလိုက်တဲ့သားကောင်ကအားအင်ချိနဲ့ ဇဝေဇဝါဖြစ်ပြီး စိတ်ရှုပ်ထွေးနေမှ သူတို့ထိန်းချုပ်ရတာပိုလွယ်ကူတဲ့အတွက်ကြောင့်ပါတဲ့
ဒါပေမဲ့သူတို့ဒီလိုလုပ်တတ်တာအရမ်းယုတ်မာလို့ narcissism,psychopathတစ်ယောက်ဖြစ်လို့ဆိုတာထက်
(သူတို့ကျင်လည်တဲ့ပတ်ဝန်းကျင်ထဲမှာဒီလိုgaslightingတွေလုပ်တော့မှပဲလူတစ်ယောက်ကကိုယ့်နားမှာ
မြဲနေမယ် ရှိနေမယ်ဆိုပြီးငယ်ငယ်လေးထဲကအသင်ခံရလို့ပါ)
အရေးကြီးဆုံးတစ်ချက်
Gaslightingက learned behaviourဖြစ်လို့ကိုယ်တွေကလက်ခံပေးရမှာလားဆိုတော့?
အဖြေကနိုးပါ…
Learned ≠ harmless ပါ
Learned behaviourကြောင့် gaslightingလုပ်မိနေတယ်ဆိုရင်တောင်တစ်ဖက်မှာအကြီးအကျယ်
ထိခိုက်နေရတယ် စိတ်ပိုင်းဆိုင်ရာမှာအကြီးအကျယ်ထိခိုက်နေတယ် ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေပျောက်ဆုံးနေတယ် အမှားအမှန်ဝေဖန်မပိုင်းခြားနိုင်တော့ဘူး…
ဒီလိုမျိုးတွေဖြစ်နေပါမယ်
အဲ့အတွက်ကြောင့်
ကိုယ့်ကိုကိုယ်နဲ့ပတ်သတ်လို့ ဒီလိုlearned behaviourကြောင့် gaslightingလုပ်မိနေတယ်လို့သံသယရှိတယ်
ဒါမှမဟုတ် ကိုယ့်partnerမှာဒီလိုဖြစ်နေတယ်ဆိုရင်တော့
-self-awareness နဲ့တာဝန်ယူမှုတာဝန်ခံမှု
-သက်တောင့်သက်သာမဖြစ်တဲ့စိတ်ခံစားချက်တွေကိုရင်ဆိုင်ရဲမှုက
အဓိကအဖြေဖြစ်မှာပါ
ဒီအကြောင်းအရာကိုဒီ့ထက်ပိုလေ့လာချင်တယ် ဒီ့ထက်ပိုနားလည်ချင်တယ်ဆိုရင်စာရေးသူရဲ့
Psychology knowledge sharing groupကိုလာဖို့ဖိတ်ခေါ်ပါရစေ
Link ကတော့ comment ထဲမှာပါ