𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐈𝐈𝐈

  • Home
  • United States
  • New York, NY
  • 𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐈𝐈𝐈

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐈𝐈𝐈 မြန်မာနိုင်ငံအတွင်း တစ်နေ့တာ ဖြစ်ပျက်သမျှ သတင်းများကို အစုံလင်ဆုံး တင်ဆက်ပေးနေပါသည်

ချောင်းဦး ဆီမီးသပိတ် ဗုံးကြဲခံရမှု သေဆုံးသူ ၄၀ကျော်ရှိလာ၊ သေဆုံးသူများကို မိသားစုဝင်များက အဝတ်အစားကြည့် ဆုံးဖြတ်ရဟုဆိုအေ...
10/07/2025

ချောင်းဦး ဆီမီးသပိတ် ဗုံးကြဲခံရမှု သေဆုံးသူ ၄၀ကျော်ရှိလာ၊ သေဆုံးသူများကို မိသားစုဝင်များက အဝတ်အစားကြည့် ဆုံးဖြတ်ရဟုဆို

အောက်တိုဘာ ‌‌၇၊ ၂‌၀၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဆီမီးသပိတ် ဗုံးကြဲခံရမှုကြောင့် သေဆုံးပြည်သူ ၄၀ကျော်ပြီ ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ ၆ရက်၊ သီတင်းကျွတ်လပြည့်နေ့ည ၈နာရီဝန်းကျင်တွင် ချောင်းဦးမြို့နယ်၊ ဗုံတိုရွာ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆီမီးသပိတ်ပြုလုပ်နေစဉ် မုံရွာနမခမှ တက်လာသည့် ပါရာမော်တာဖြင့် ၁၂၀မမ ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

" မနေ့ညက အဲဒီရွာမှာ သပိတ်အင်အားစုတစ်ခုကလုပ်တဲ့ ညဆီမီးသပိတ်ရှိတယ်ဗျ။ Paramotor က နဂါးတွင်း(မုံရွာမြို့နယ်)ဆိုတဲ့ရွာကိုဖြတ်တော့ကို အဲဘက်ရွာက သတိထားမိပုံမရဘူးဗျ။ သတင်းဌာနတွေကလည်း စက်ပေါက်တယ်ဗျ။ ဘောက်တွေတော့ဖွင့်ထားတယ်လို့ ပြောသံကြားတယ်ဗျ။ သပိတ်လုပ်နေတဲ့အလယ်ကို ကျတာဗျ။ Paramotor ပေါ်ကချတဲ့ အလုံးက " ဟု ‌ဒေသတွင်း PDFရဲဘော်တစ်ဦးက MPA ကိုပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ပြီး ဒဏ်ရာရသူ ၅၀ ဝန်းကျင်ရှိကြောင်းသိရသည်။

" အခုမနက်ထိ သေဆုံးသူက ၄၀အထက်မှာရှိတယ်လို့သိရတယ်ဗျ။ မနေ့ညကနဲ့ ညတွင်းချင်းတန်းသေတဲ့သူက ၁၃ယောက်လောက်ရှိတယ်ဗျ။ ရွာတွေကတော့ အစုံပဲဗျ။ အဲနားက နီးစပ်တဲ့ရွာကလူတွေလာကြမယ်ထင်တယ်ဗျ။ မနေ့ညကလပြည့်နေ့ ဆီမီးရောထွန်းကြတာဆိုတော့ ကလေးတွေ လူငယ်တွေအများဆုံးထိကြမယ်ထင်တယ်ဗျ" ဟု ၎င်းက ဆက်လက်ပြောသည်။

သေဆုံးသူများကို မိသားစုဝင်များက အဝတ်အစားကြည့်ကာ ဆုံးဖြတ်ရကြောင်းသိရသည်။

" တချို့တလေဆိုရင် လက်ပြတ် ခြေပြတ်တွေရော။ ဦးခေါင်းပြတ်တဲ့အထိပါဖြစ်တဲ့သူတွေပါတယ်ဗျ " ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်နောက်ပိုင်းကတည်းက ယင်းဒေသများသို့ စစ်ကော်မရှင်ဘက်က ခြေလျင် စစ်ကြောင်းလာရန် ခဲယဉ်းသွားသဖြင့် လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်သည့် နေရာဖြစ်ကြောင်းသိရသည်။

" အဲတော့ လူကတော့ရွာပေါင်းစုံလောက်မယ်ဗျ။ ပွဲတော်ကြီး တစ်ခုလိုတော့ဖြစ်သွားမှာဗျ။ တစ်ရွာနဲ့တစ်ရွာကလည်း ဆက်နေတာရော မနေ့ညက အခါကြီးရက်ကြီးနေ့ဆိုတော့ လူကတော့များမှာဗျ။ ဆီမီးထွန်းတဲ့သူတွေရောဆိုတော့" ဟု ၎င်းကပြောသည်။

ဒဏ်ရာရသူများထဲတွင် ခြေလက်အင်္ဂါ ထိခိုက်ထားသူများရှိသလို ဒဏ်ရာပြင်းထန်သူများလည်းရှိသဖြင့် သေဆုံးစာရင်းထပ်မံတိုးလာနိုင်ကြောင်းသိရသည်။

MPA News
■ https://t.me/nightinga

ပုံစာ-ဗုံးကြဲခံရသည့်နေရာတွင် တွေ့ရသော ဖိနပ်တစ်ဖက်

10/06/2025

ရှေ့တန်းမှာသေဆုံးခဲ့တဲ့စစ်သားတွေရဲ့ မိသားစုဝင်တွေကို နေအိမ်လိုင်းခန်းကနေ အတင်းအကျပ် မောင်းထုတ်နေ

AAMIJ/ အောက်တိုဘာ ၆

ရှေ့တန်းမှာ စစ်တိုက်ရင်းသေဆုံးသွားခဲ့ရတဲ့ စစ်သားတွေရဲ့မိသားစုဝင်တွေကို စစ်တပ်အရာရှိတွေက နေအိမ်လိုင်းခန်းကနေ အတင်းအကြပ်မောင်းထုတ်နေတယ်လို့ တပ်
တွင်းမိသားစုဝင်တွေဆီကနေ စုံ စမ်းသိရပါတယ်။

တပ်တွင်းလိုင်းခန်းထဲမှာ ဆက်ပြီးနေထိုင်လိုရင် ကျန်ရစ်တဲ့မိသားစုဝင်တွေက စစ်တပ်ထဲမှာတာဝန် ဆက်လက်ထမ်းဆောင်မှသာနေခွင့်ပြုမယ်ဆိုပြီး ဖိအားပေးနေတယ်လို့ မိသားစုဝင်တစ်ဦးက ဆိုပါ တယ်။

"ယောက်င်္ကျားက ရခိုင်မှာကျသွားတာ။ အလောင်းတောင်ပြန်မရဘူးပြောတယ်။ ၆ လအထိတော့ နေ ခွင့်ပြုတယ်ပေါ့။ ဆက်နေမယ်ဆိုရင်တော့ သားသမီးတွေက တပ်ထဲမှာတာဝန်ပြန်ထမ်းဆောင်ရမှာ။ အဆင်မပြေဘူး။ အခုအတင်းဖယ်ခိုင်းတယ်။ သတ်မှတ်ရက်အတွင်းမဆင်းရင် ဖယ်ချမယ်ပေါ့ဆိုပြီး ပြောတယ်။ ပင်စင်လည်းမပေးဘူး။ တကယ်ဆို ပင်စင်ပေးရမှာ"
စစ်တပ်ထဲမှာ မဖြစ်မနေထားရတဲ့ အသက်အာမခံကြေးတွေ လစဉ်ပေးခဲ့ကြရပေမယ့် ရှေ့တန်းမှာ အလောင်းပြန်မရတဲ့သူတွေဆိုရင် မိသားစုဝင်တွေအနေနဲ့ ရသင့်ရထိုက်တဲ့ အသက်အာမခံကြေးတွေ မရကြဘူးလို့ CDM စစ်သားတွေပြောပြချက်အရ သိရပါတယ်။

စစ်သားတွေရှေ့တန်းထွက်ရပြီဆိုရင် ကျန်ရစ်တဲ့သူတို့ရဲ့ဇနီးတွေဟာ တပ်ထဲကဗဟိုကင်းမှာ ကင်း စောင့်ကြရတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတဝန်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်သားတွေအလုံးအရင်းနဲ့သေဆုံးနေပြီး တပ်အင်အားဖြည့် ဖို့ အရပ်သားတွေကိုပေါ်တာဆွဲကာ ရှေ့တန်းစစ်မျက်နှာပြင်ကို ပို့နေတယ်လို့လည်း ပြောကြပါတယ်။


■ https://t.me/nightingalechannel

“ ရိုးသားစွာ တော်လှန်ကြပါ” လို့ သေတမ်းစာ ရေးပြီး မင်းဘူးခရိုင်အမှတ် ၃ ယာယီတပ်ရင်းမှူး အဆုံးစီရင်အောက်တိုဘာ  ၅ ရက်မင်းဘူး...
10/05/2025

“ ရိုးသားစွာ တော်လှန်ကြပါ” လို့ သေတမ်းစာ ရေးပြီး မင်းဘူးခရိုင်အမှတ် ၃ ယာယီတပ်ရင်းမှူး အဆုံးစီရင်

အောက်တိုဘာ ၅ ရက်

မင်းဘူးခရိုင်အမှတ် ၃ ယာယီတပ်ရင်းမှူးဟိုးကြီးက အောက်တိုဘာ ၁ ရက်နေ့မှာ သေတမ်းစာ ရေးပြီး သေဆုံးသွားတယ်လို့ ၎င်းတပ်ရင်းနဲ့နီးစပ်သူတစ်ဦးက Red Peacock သတင်းဌာ နကို ပြောပါတယ်။

မကွေးတိုင်း၊ စေတုတ္တရာအခြေစိုက် မင်းဘူးခရိုင်အမှတ် ၃ တပ်ရင်းမှူးဟိုးကြီးက ယာယီတပ်ရင်းမှူးတာဝန်အဖြစ် ထမ်းဆောင်နေတာက နှစ်လဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။

မင်းဘူးခရိုင်အမှတ် ၃ တပ်ရင်းရဲဘော်တစ်ဦးက ယာယီတပ်ရင်းမှူးနဲ့ပတ်သက်ပြီး အခုလို မှတ်ချက် ပြုပါတယ်။

“ တော်‌လှန်ရေးစိတ်က အပြည့်ရှိတယ် ဘယ်နေရာဖြစ်ဖြစ် တော်လှန်မယ်၊ တစ်ကိုယ်ရေ အခက်အခဲအတွက် အဲလောက် သူအလေးမထားဘူး။ ကလေး‌ကရော လူကြီးပါ အလိုက် သင့်ပြောဆိုတတ်ပြီး လူချစ်လူခင် ပေါတယ်၊ သူ့အရေးဘယ်တော့မှ ရှေ့တင်မတင်ဘူး အများအတွက်သူစဉ်းစားတတ်သူ”

အလုပ်တာဝန်တွေ ဖိစီးမှုလို့ စိတ်အတော်ပင်ပန်းနေပြီလို့ မကျဆုံးမီ ၎င်းနဲ့ရင်းနှီးသူ ရဲဘော်ရဲဘက်တွေကို ဖွင့်ဟပြောဆိုခဲ့သေးပါတယ်။

မည်သည့်အကြောင်းပြချက် နဲ့ အဆုံးစီရင်သွားသည့်ကို မသိရှိရသေးပေမဲ့ သေတမ်း စာတွင် “ရိုးသားစွာ တော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ် သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ” လို့ ရေးသားခဲ့ပါတယ်။

၎င်းနှင့်နီးစပ်သူတစ်ဦးက “အသောက်အစားလည်း ကင်းတယ်။ တော်လှန်ရေးမှာ တကယ့်အလုပ်လုပ်တဲ့ ကလေးလေး” လို့ ပြောပါတယ်။

အဆိုပါမင်းဘူးခရိုင်အမှတ် ၃ ယာယီတပ်ရင်းမှူးဟိုးကြီးက ကွယ်လွန်တဲ့အချိန်မှာ အသက် ၃၁ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။

Photo - ပေးပို့

#သတင်း #မကွေး #မင်းဘူး

ထိပြုတ်...အစွမ်းအံ့မခမ်းသူနဲ့ ထိလိုက်တဲ့သူတိုင်းပြုတ်တာဖဲ 😁😁😁
09/09/2025

ထိပြုတ်...အစွမ်းအံ့မခမ်း
သူနဲ့ ထိလိုက်တဲ့သူတိုင်းပြုတ်တာဖဲ 😁😁😁




ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အတွက် စိုးရိမ်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြောဆိုစက်တင်ဘာ ‌၆၊ ၂၀၂‌၅အကြမ...
09/06/2025

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အတွက် စိုးရိမ်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြောဆို

စက်တင်ဘာ ‌၆၊ ၂၀၂‌၅

အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးမှု ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris နှင့် အွန်လိုင်းမှ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုသည်။

Kim Aris က ယနေ့တွင် ဖက်ဒရယ်မြန်မာပြည်အတွက် ညီညွတ်ခိုင်မာသော အင် အား ဟု အမည်တပ်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်တွေ့ဆုံခဲ့မှုကို သတင်းထုတ်ပြန်ခဲ့ပြီး ယင်းသတင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိုလည်း စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုကြောင်း သတင်းထုတ်ပြန်ထားသည်။

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံ ကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်" ဟု Kim Aris က သတင်းထုတ်ပြန်သည်။

ထို့ပြင် AA စစ်ဦးစီးချုပ်နှင့် တပ်ဖွဲ့ဝင်များ၏ အချိန်တိုအတွင်းရရှိထားသော အောင် မြင်မှုများကို ချီးကျူး ဂုဏ်ပြုမိပြီး စစ်ဘေးရှောင် ရခိုင်ပြည်သူများ ၏ အခက်အခဲများကို နားလည်ရကြောင်း Kim Aris က ပြောဆိုထားသည်။

Kim Aris နှင့် AA စစ်ဦးစီးချုပ်တို့အကြား ယုံကြည်ရသည့် မိတ်ဆွေအဖြစ် ရှိနေကြရန်နှင့် တစ်ဦးကို တစ်ဦး ကူညီရန် ပြောဆိုခဲ့ကြကြောင်း၊ လူတိုင်း ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာစေရေး ဆက်လက်ကြိုးပမ်းရန် သဘောတူညီခဲ့ကြောင်း Kim Aris က သတင်းထုတ်ပြန်ထားသည်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးထူးကုနှင့်ပြသခွင့်ရရန် တောင်းဆိုထားသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း Kim Aris က အမေဖြစ်သူ၏ ကျန်းမာရေးကို ဗီဒီယိုသတင်းစကားဖြင့် အသိပေးထားသည်။

Khit Thit Media
■ https://t.me/nightingalechannel

 စီးပွားရေး လုပ်ငန်းရှင် (၄၀) ကျော် ကို စစ်တပ် လိုက်ဖမ်းနေဩဂုတ် ‌၃၁၊ ၂၀၂‌၅ဒီကနေ့ ညပိုင်းကစပြီး နေပြည်တော်မှာရှိတဲ့ လုပ်င...
08/31/2025


စီးပွားရေး လုပ်ငန်းရှင် (၄၀) ကျော် ကို စစ်တပ် လိုက်ဖမ်းနေ

ဩဂုတ် ‌၃၁၊ ၂၀၂‌၅

ဒီကနေ့ ညပိုင်းကစပြီး နေပြည်တော်မှာရှိတဲ့ လုပ်ငန်းရှင်အချို့ကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတယ်လို့ စီပွားရေးလုပ်ငန်းရှင်တွေနဲ့ နီးစပ်တဲ့ နေပြည်တော်သတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။

ကနဦးသတင်းများအရ နေပြည်တော်ပြန်လည်တည်ဆောက်ရေးစီမံကိန်းနဲ့ EV ကားကိစ္စလည်း ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းရှင် အယောက် ၄၀ ကျော်ကို ဖမ်းဆီးသွားမယ်လို့ သတင်းများ ထွက်ပေါ် ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင် ၁၀ ယောက်ကျော်ကို စစ်တပ် ဖမ်းဆီးခံထားတယ်လို့ သိရပါတယ်။


■ https://t.me/nightingalechannel

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုအခန်းဝယ်ယူမှုနှုန်းက ယခုနှစ် ပထမ ၆ လအတွင်း ၁၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွ...
08/31/2025

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုအခန်းဝယ်ယူမှုနှုန်းက ယခုနှစ် ပထမ ၆ လအတွင်း ၁၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး ထိုင်းဘတ်ငွေ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်း ၅၃၃ ခန်းဝယ်ယူ

ဩဂုတ် ‌၃၁၊ ၂၀၂‌၅

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုအခန်းဝယ်ယူမှုနှုန်းက ယခုနှစ် ပထမ ၆ လအတွင်း ၁၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး ထိုင်းဘတ် ငွေ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်း ၅၃၃ ခန်းဝယ်ယူထားကြောင်း ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်ဌာန-REIC က သတင်းထုတ်ပြန်သည်။

ယခု ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုအခန်းပေါင်း ၇၁၆၇ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၂၈ ဒသမ ၇၁ ဘီလီယံဖိုး ရောင်းချခဲ့ရပြီး တရုတ်နိုင်ငံက ပထမ ဝယ်ယူသူနေရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံက ဒုတိယဝယ်ယူသူနေရာတွင် ဆက်လက် တည်ရှိနေကြောင်း၊ မြန်မာနိုင်ငံသားများ၏ ထိုင်းနိုင်ငံအတွင်း ကွန်ဒိုဝယ်ယူမှုမှာ ၁၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားများက ပထမ ၆ လပတ်အတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုအခန်းပေါင်း ၅၃၃ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၁ ဒသမ ၃၄ ဘီလီယံဖြင့် ဒုတိယဝယ်ယူသော နိုင်ငံစာရင်းတွင်ပါဝင်နေကြောင်း၊ ယင်းပမာဏမှ ယခင်နှစ်ထက် ၃၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုမှာ လျော့ကျသွားပြီး ၂၀၂၅ ခုနှစ် ပထမ ၆ လတွင် ကွန်ဒိုအခန်းပေါင်း ၈၉၉ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၆ ဒသမ ၁၁ ဘီလီယံသာ ဝယ်ယူတော့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသားများ၏ ထိုင်းနိုင်ငံတွင်း ကွန်ဒိုဝယ်ယူမှုမှာ ၂၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေး နှေးကွေးမှုက သက်ရောက်မှုရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် ယခုနှစ် ပထမ ၆ လ၏ ကွန်ဒိုဝယ်ယူမှု အများဆုံး ၁၀ နိုင်ငံမှာ နံပါတ် ၁ အဖြစ် တရုတ်နိုင်ငံက ကွန်ဒိုအခန်းပေါင်း ၈၉၉ ခန်း၊ နံပါတ် ၂ အဖြစ် မြန်မာက ကွန်ဒိုအခန်းပေါင်း ၅၃၃ ခန်း၊ ရုရှားက ကွန်ဒိုအခန်း ၂၇၂ ခန်း၊ ထိုင်ဝမ်က ၁၈၁ ခန်း၊ ပြင်သစ်က ကွန်ဒို ၁၇၀ ခန်း၊ အမေရိကန်က ၁၂၄ ခန်း၊ ဗြိတိန်က ၁၀၈ ခန်း၊ ဂျာမနီက ၁၀၈ ခန်း၊
အိန္ဒိယက ၆၆ ခန်းနှင့် ဂျပန်က ၃၈ ခန်း ဝယ်ယူထားကြောင်း သိရှိရသည်။

Khit Thit Media
■ https://t.me/nightingalechannel

စစ်ဆေးရေးဂိတ်မှာ ဗိုလ်ကြီးနဲ့ အရာခံဗိုလ်တို့ စကားများကြရာက သေနတ်ပစ်ခတ်ခံရပြီး ဗိုလ်ကြီး ပွဲချင်းပြီး သေဆုံးဩဂုတ် ‌၃၀၊ ၂၀...
08/30/2025

စစ်ဆေးရေးဂိတ်မှာ ဗိုလ်ကြီးနဲ့ အရာခံဗိုလ်တို့ စကားများကြရာက သေနတ်ပစ်ခတ်ခံရပြီး ဗိုလ်ကြီး ပွဲချင်းပြီး သေဆုံး

ဩဂုတ် ‌၃၀၊ ၂၀၂‌၅

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ပြဒါးချောင်းရွာနဲ့ ကပ်လျက် ဝေသာလီကျေးရွာ စစ်ဆေးရေး ဂိတ်စခန်းမှာ ဩဂုတ်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က တာဝန်ကျနေတဲ့ အရာခံဗိုလ်နဲ့ ဗိုလ်ကြီးတို့ စကားများကြရာ အရာခံဗိုလ်က ဗိုလ်ကြီးအား သေနတ်နဲ့ပစ်ခတ်လိုက်တာကြောင့် ဗိုလ်ကြီးမှာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ကားအဝင်အထွက် သတင်းမပို့လို့ဆိုပြီးဖြစ်ကြတာ။ အရာခံဗိုလ်ကလည်း သွားနေကျ အရပ်သားကားတွေဖြစ်လို့ မစစ်ဆေးဘဲ ဒီတိုင်းလွှတ်ပေးလိုက်တာလို့ ပြန်ပြောလို့ ဗိုလ်ကြီး ထက်ကိုကိုဝင်းက အရာခံဗိုလ်ကို ဆူပူရိုက်နှက်တာ။ အရာခံဗိုလ်က စိတ်မထိန်းနိုင်ဖြစ်ပြီး သေနတ်နဲ့ ပစ်လိုက်တာ။ အရာခံဗိုလ်က အသက်ကြီးတယ် ၅၅ နှစ်လောက်ရှိမယ်။ ဗိုလ်ကြီးက ငယ်သေးတယ် ၃၀ ကျော်လေးပဲ” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ဗိုလ်ကြီး ထက်ကိုကိုဝင်းဟာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အလေ-ာင်းကို တောင်ပေါ်ကျေးရွာက နာရေးကားနဲ့ တပ်ရင်ခွဲရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက်လုံးဟာ အမှတ် (၆၀၆) ခြေမြန်တပ်ရင်း (ပြဒါးချောင်း) ကဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်ကို မနေ့က ဩဂုတ်လ ၂၉ ရက်နေ့မှာ စုံခုံဖွဲ့ ပြီး စတင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြို့တော် News Channel
■ https://t.me/nightingalechannel

ရာဇဝတ်မှုအများဆုံးနိုင်ငံအဖြစ် ကမ္ဘာတွင် မြန်မာနိုင်ငံ အဆင့်(၁)နေရာရဩဂုတ် ‌၂၄၊ ၂၀၂‌၅စစ်တပ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ...
08/24/2025

ရာဇဝတ်မှုအများဆုံးနိုင်ငံအဖြစ် ကမ္ဘာတွင် မြန်မာနိုင်ငံ အဆင့်(၁)နေရာရ

ဩဂုတ် ‌၂၄၊ ၂၀၂‌၅

စစ်တပ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အဖက်ဖက်က ဆုတ်ယုတ်ပျက်ဆီးလာခဲ့ပြီး တိုးတက်လာတာတွေကတော့ ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။

အခုအခါ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအများဆုံးနိုင်ငံအဖြစ် လူမိုက်ဂိုဏ်များဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကိုလံဘီယာနိုင်င်ငံ၊ မက္ကစီကိုနိုင်ငံတို့ကိုကျော်တက်ကာ ကမ္ဘာ့အဆင်(၁) နေရာအဖြစ်
တည်ရှိနိုင်ခဲ့ကြောင်း Global Organized Crime Index အဖွဲ့ကထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။

စစ်တပ်ဟာ ၎င်းတို့အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ အမြောက်များကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေပြီး စစ်တပ်ရဲ့ အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်တိုင်းမှာလဲ ရာဇဝတ်မှု ကျူးလွန်ထားသူများကိုသာ အများဆုံး လွှတ်ပေးနေတာဖြစ်ပါတယ်။

နယ်မြေခံလူဆိုးလူမိုက် ရာဇဝတ်မှုအကြိမ်ပေါင်းများစွာကျူးလွန်ထားသူတွေကို လက်နက်တပ်ဆင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်တပ်ကာ ပျူစောထီးအဖြစ် မွေးမြူထားတာ‌တွေကို စစ်တပ်ကလုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်တပ်အုပ်ချုပ်ရာ မြို့တွေမှာ ဓားမြတိုက်၊လူသတ်၊လုယက်၊ခိုးဆိုးလုနှိုက်၊ လူကုန်ကူးတဲ့ အမှုတွေဟာ ရက်သတ္တပတ်တိုင်းမှာဖြစ်ပေါ်နေပြီး စစ်တပ်အနေနဲ့ ဖမ်းဆီးရမိတဲ့အမှုတွေဆိုတာကလဲ နည်းပါးလှပါတယ်။


■ https://t.me/nightingalechannel

ကမ်းရိုးတန်းအနီးငလျင်လှုပ် ရန်ကုန်မြို့ပါခံစားရဩဂုတ် ‌၂၀၊ ၂၀၂‌၅ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ကမ်းရိုးတန်းအနီး ရစ်ခ်တာစကေ...
08/20/2025

ကမ်းရိုးတန်းအနီးငလျင်လှုပ် ရန်ကုန်မြို့ပါခံစားရ

ဩဂုတ် ‌၂၀၊ ၂၀၂‌၅

ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၀ အဆင့်မြေငလျင် လှု
ပ်ရှားသွားပြီးရန်ကုန်တွင်လည်းခံစားလိုက်ရသည်။

ဩဂုတ်လ ၂၀ရက်ည ၇နာရီ ၁၆ မိနစ်တွင်မြန်မာ
နိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီးတွင် မြေ
အောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်
ရှားသွားခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

အဆိုပါ ငလျင်ကို ရန်ကုန်မြို့တွင်ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာတောင်ညွန့်၊ တောင်ဒဂုံ၊ကမာရွတ်နှင့်စမ်းချောင်းမြို့နယ်တို့တွင်လည်း သိသိသာသာခံစားလိုက်ရသည်။

"တစ်ချက်တည်းပဲ။သိသာတယ်"ဟုစမ်းချောင်းမြို့ခံတစ်ဦးကပြောသည်။

ရန်ကုန်မြို့သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များကြောင့်ငလျင်လှုပ်နိုင်သလိုဒေးဒရဲပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ ပဲခူးမြို့ကို ဖြတ်သွားသည့် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်းရန်ကုန်မြို့တွင် ငလျင်
လှုပ်စေကြောင်းမြေငလျင်ပညာရှင်များကပြော
ထားသည်။

ယနေ့ ညနေလှုပ်ခတ်ခဲ့သောမြေငလျင်သည် မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီးတွင် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနကလည်း ထုတ်ပြန်ထားသည်။

People's Spring
■ https://t.me/nightingalechannel

ရည်းစားကို မြန်မာနိုင်ငံကကျားဖြန့်ဂိုဏ်းဆီ ရောင်းစားခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်တရုတ်မိန်းကလေးဩဂုတ် ‌၂၀၊ ၂၀၂‌၅တရုတ်နိုင်ငံက ...
08/20/2025

ရည်းစားကို မြန်မာနိုင်ငံကကျားဖြန့်ဂိုဏ်းဆီ ရောင်းစားခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်တရုတ်မိန်းကလေး

ဩဂုတ် ‌၂၀၊ ၂၀၂‌၅

တရုတ်နိုင်ငံက ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးဟာ ရည်းစားကို လှည့်စားပြီး မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်ခုဆီရောင်းစားသွားခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် တရုတ်လူငယ် အတွက်တော့ သူ့ရဲ့ ၁၇ နှစ်အရွယ် ရည်းစားနဲ့ ပျော်စရာ ဆယ်ကျော်သက် အချစ်ဇာတ်လမ်းမျိုးလေး ကြုံတွေ့ရမယ့်အစား လူမှောင်ခို ငရဲခန်းထဲ ရောက်သွားပြီး ကျွန်ပြုခိုင်းစေမှုတွေ ခံခဲ့ရတယ်လို့ ထိုင်းသတင်းဌာန Thaiger ကဖော်ပြပါတယ်။

တရုတ် မီဒီယာတွေက နာမည်ဖော်မပြတဲ့ လူငယ်အမျိုးသားဟာ ကွမ်တောင်းပြည်နယ်၊ ကျန်ကျိအန်းမြို့က ဖြစ်ပြီး ကျားဖြန့်ဂိုဏ်းသားက နှိပ်စက်တာ၊ အဓမ္မ ခိုင်းစေတာ၊ အငတ်ထားပြီး ဒဏ်ပေးတာမျိုးတွေ ကြုံခဲ့ရပါတယ်။

သူဟာ ၂၀၂၅ ဖေဖော်ဝါရီလတုန်းက ချစ်သူမိန်းကလေးနဲ့အတူ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ရင်း အဲဒီကနေတဆင့် မြန်မာနယ်စပ်မှာ လူကုန်ကူး ခံခဲ့ရတာပါ။ သူ့ကို မိန်းကလေးက ယွမ် ၁ သိန်းနဲ့ ရောင်းချသွားခဲ့ပြီး မိသားစုက ပြန်ရွေးယူတဲ့အခါ ကျားဖြန့်ဂိုဏ်းတွေကို ယွမ် ၃ သိန်းခွဲ ပေးချေခဲ့ရတယ်လို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့ လူငယ်ရဲ့ အဆိုအရ သူဟာ အဲဒီလှပဆွဲဆောင်မှုရှိတဲ့မိန်းကလေးနဲ့ ဘိလိယက် ခန်းမတစ်ခုမှာ တွေ့ခဲ့တာလို့ သိရပါတယ်။ လူငယ်ရဲ့ အစ်မကတော့ အဲဒီ မိန်းကလေးဟာ လျှပ်ပေါ်လော်လီ ဝတ်စားပြီး တန်ဖိုးကြီး တံဆိပ်အိတ်အတုတွေကိုကိုင်ဆောင်ထားခဲ့တယ်လို့ ပြောပါတယ်။ မိန်းကလေးကတော့ သူ့မိဘတွေဟာ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေဖြစ်ပြီး မြန်မာမှာ ဖက်စပ် စီးပွားရေး လုပ်ငန်းတွေ ရှိတယ်လို့ မကြာခဏ ကြွားဝါတတ်ကြောင်း လူငယ်က ပြောပြပါတယ်။

ချစ်စိတ်မွှန်နေတဲ့လူငယ်ဟာမိသားစုဝင်တွေ တား
ဆီးတာကိုတောင် လက်မခံဘဲ ဖေဖော်ဝါရီလမှာ အဲဒီမိန်းကလေးနဲ့အတူ ဘန်ကောက်ကို သိုသိုသိပ်သိပ် ထွက်ခွာသွားခဲ့ပါတယ်။ သူ့ကို ထိုင်း-မြန်မာ နယ်စပ်နားမှာ တွေ့လိုက်တဲ့အကြောင်း သူငယ်ချင်းတွေဆီက တစ်ဆင့် သိလာတဲ့နောက် မိသားစုဝင်တွေက ကျားဖြန့် အန္တရာယ်ကို စပြီး စိုးရိမ်စိတ် ဝင်လာခဲ့ကြပါတယ်။

နောက်တော့ နယ်စပ်မှာ ရှိနေတဲ့အချိန် မိန်းကလေးက သူအသစ်တွေ့နေပြီဆိုပြီး လူငယ်နဲ့ အဆက်ဖြတ်ကြောင်း ပြောပါတယ်။ ချက်ချင်း ဆိုသလိုပဲ လက်နက်ကိုင် လူတစ်စုက လူငယ်ရဲ့ ပတ်စ်ပို့တ်နဲ့ ဖုန်းကို သိမ်းယူလိုက်ပါတယ်။ အဲဒီကစလို့ နောက်
ထပ် ၄ လလုံးလုံး လူငယ်ဟာ လက်နက်ကိုင် အစောင့်တွေ ရှိနေတဲ့ ကျားဖြန့်ဂိုဏ်း အဆောက်အအုံ တစ်ခုထဲမှာ ချုပ်နှောင်ပြီး ကျွန်ပြု ခိုင်းစေခြင်း ခံရပါတော့တယ်။

သူ့ကို ခေါင်းတုံးတုံးခိုင်းပြီး သံတုတ်နဲ့ ရိုက်တာမျိုး နည်းလမ်းတွေနဲ့လည်း နှိပ်စက်လေ့ ရှိတယ်လို့ လူ
ငယ်က ဆိုပါတယ်။ သူဟာ အွန်လိုင်းကနေ နေ့စဉ် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား ဆက်သွယ်ပြီး ငွေကြေး လိမ်လည်ရသလို နေ့စဉ် သတ်မှတ်နှုန်းထား မပြည့်ရင် ဒဏ်ပေးရိုက်နှက် ခံရတာမျိုး ဖြစ်ပါတယ်။

သူဟာ နေ့စဉ် ၁၆ နာရီကနေ နာရီ ၂၀ လောက်ထိ အလုပ်လုပ်ရပါတယ်။ သူ့ကို ပြန်တွေ့တဲ့ အချိန်မှာ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်လောက် ကျဆင်းနေပြီလို့ မိသားစုကဆိုပါတယ်။နားထင်ကိုသံတုတ်
နဲ့ ရိုက်ခံရလွန်းတော့ နားလည်း ကောင်းကောင်း မကြားတော့သလို ကုသဖို့လည်း မဖြစ်နိုင်တော့ပါဘူး။

အစောပိုင်းတုန်းက သူ့ကို ကယ်ထုတ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တော့ မိသားစုဝင်တွေက ငွေနဲ့ ရွေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဇွန်လမှာ လူငယ်က ပြန်လွတ်လာခဲ့ပြီး အဲဒီနောက်
ပိုင်း အကြီးအကျယ် စိတ်ဒဏ်ရာ ရထားသလို တစ်ချိန်ချိန်မှာ နောက်တစ်ခါ ပြန်ပေးဆွဲ ခံရဦးမယ်လို့ သံသယ လွန်ကဲပြီး အချိန်ပြည့် ကြောက်
လန့်နေတယ်လို့ ဆိုပါတယ်။

သူ့ကို ရောင်းစားခဲ့တဲ့ မိန်းကလေးကတော့ ထိုင်းမှာ အားလပ်ရက် အပန်းဖြေ ခရီးထွက်ပြီး တရုတ်ကို ပြန်အရောက်မှာတင် ငွေကြေး လိမ်လည်မှု၊ လူမှောင်ခိုမှုတွေနဲ့ အဖမ်းခံခဲ့ရပါတယ်။ သူ့ကို တရားစီရင် စစ်ဆေးမှုတွေကို ဆိုင်းငံ့ထားပြီး မကြာခင်မှာတော့ ပြန်လည် စတင်ဖို့ ရှိနေပါတယ်။

အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတဲ့ မိန်းကလေး ငယ်တစ်ယောက်က ဒီလောက် ဆိုးယုတ်တဲ့ လုပ်ရပ်မျိုး ကျူးလွန်လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲလို့ လူငယ်ရဲ့ အစ်မဖြစ်သူက ပြောပါတယ်။ မိန်းကလေး ငယ်ငယ်လေး တစ်ယောက်က အဲဒီလောက် ကောက်ကျစ်ယုတ်မာမယ်ဆိုတာ အခုထိ မယုံနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။

ကိုးကား: Thaiger
People's Spring
■ https://t.me/nightingalechannel

(လူကုန်ကူးခံရတဲ့ လူငယ်နဲ့ လှည့်စားပြီး ကောင်ကလေးကို ဘတ်တစ်သိန်းနဲ့ ကျားဖြန့်ဂိုဏ်းဆီမှာရောင်းချခဲ့တဲ့မိန်းကလေး)

စစ်ကောင်စီ လက်အောက် ရုပ်ရှင်ထုတ်လုပ်သူများ အရှုံးပေါ်နေဩဂုတ် ‌၂၀၊ ၂၀၂‌၅စစ်ကောင်စီလက်အောက်တွင်  ရုပ်ရှင်ရုံတင်စနစ်အရ တစ်လ...
08/20/2025

စစ်ကောင်စီ လက်အောက် ရုပ်ရှင်ထုတ်လုပ်သူများ အရှုံးပေါ်နေ

ဩဂုတ် ‌၂၀၊ ၂၀၂‌၅

စစ်ကောင်စီလက်အောက်တွင် ရုပ်ရှင်ရုံတင်စနစ်အရ တစ်လလျှင် မြန်မာဇာတ်ကား ရှစ်ကားခန့် ရုံတင်ပြသနေသောကြောင့် ကြည့်ရှုသူနည်းလာပြီး ထုတ်လုပ်သူများအရှုံးပေါ်နေကြောင်း ရုပ်ရှင်လောကသားအချို့က ပြောသည်။

"တစ်လ ၈ ကားတင်တော့ တင်သမျှကားတိုင်းရှုံး ၊ ဗမာ ကား ကို အားပေးတဲ့လူက ဒီလူတစ်စုကပဲ အားပေး၊ အဲဒီလူတစ်စုက တစ်လ ၈ ကားလုံးကို အားမပေးနိုင် ဆိုတော့ ရှုံး " ဟု ၎င်းကပြောသည်။

လက်ရှိတွင်ရုပ်ရှင်ဇာတ်ကားများကို တစ်ပတ်လျှင် နှစ်ကားတစ်ပြိုင်တည်း ရုံတင်ပြသနေရခြင်းဖြစ်ပြီး ဇာတ်ကားအချို့သာ နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရရှိနေသည်။

"ဇာတ်ကားတွေကလည်း ရုပ်ရှင်လို့သာ နာမည်တပ်ထားတာ ။ အရင်က ဗီဒီယိုအဆင့်လောက်တောင် မရှိတာတွေများတယ်"ဟု ရုပ်ရှင်ပရိသတ်တစ်ဦးကပြောသည်။

လက်ရှိရုံတင်ပြသနေသည့် ဇာတ်ကားများသည် စစ်တပ်ထောက်ခံသောသရုပ်ဆောင်များ ၊ တော်လှန်ရေးတွင်မပါဝင်သူများဖြင့် သရုပ်ဆောင်အင်အား များများသုံးသော်လည်း အောက်လုံးများဖြင့် ဟာသတင်ဆက်မှုများသောကြောင့် ကလေး
သူငယ်များကြည့်ရှုရန် မသင့်ဟု ၎င်းကအကြံပြုသည်။ သို့သော် စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသော သရုပ်ဆောင်များ၏ ဇာတ်ကားများကိုမူ ရုံတင်ခွင့်မပေးဟု သိရသည်။

ဘတ်ဂျက်သုံး၍ ရိုက်ကူးထားသည့် ထုတ်လုပ်သူများက တစ်ပါတ်လျှင် တစ်ကားသာ ရုံတင်ပြသလိုသောကြောင့် ယင်းကဲ့သို့ ပြသနိုင်ရန် ရုံပိုင်ရှင်များကို Deposit အနေဖြင့် သိန်းသုံးထောင် ပေးပါက ပြသခွင့်ရမည်ဟု ရုပ်ရှင်လောကနှင့် နီးစပ်သူတစ်ဦးကပြောသည်။

"ပထမအပတ် ရုံတင်ဝင်ငွေကိုကြည့်ပြီး နောက်တစ်ပတ်ရုံတင်ဖို့ ဆုံးဖြတ်တာဆိုတော့ တချို့ထုတ်လုပ်သူတွေက ကိုယ့်ကားလက်မှတ်ကို ပြန်အားပေးပြီး နှစ်ပတ်ရုံတင်ဖို့ လုပ်တာမျိုးတွေလည်းရှိတယ်" ဟု ရုပ်ရှင်လောကသားတစ်ဦးက ဆိုသည်။ သို့သော် လက်မှတ်ရောင်းရ ၊မရောင်းရမှာမသေချာ၍ ထုတ်လုပ်သူများအတွက် စွန့်စားမှုကြီးကြောင်း ၎င်းကဆက်ပြောသည်။

ထိုကြောင့်ရုပ်ရှင်ဈေးကွက်သည် ရုပ်ရှင်ရုံပိုင်ရှငွဘက်က တဖက်သက် အသာစီးရနေကြောင်း၎င်းတို့ကပြောသည်။

သို့သော် စစ်ကောင်စီ၏ ဝါဒဖြန့် ဇာတ်ကားများမှာကြိုက်သည့်အချိန်တွင်ပြသနိုင်ကြောင်းသိရသည်။

"တင်အောင်စိုး ပန်းမြို့တော် ရိုက်တဲ့ - ရဲ နှစ်ပတ်
လည်ကား အဲဒီကား ကြိုက်တဲ့ရက် ကြိုက်တဲ့ရုံမှာ တင်လို့ရမယ် အောက်တိုဘာ ၁ မတိုင်ခင်" လို့ ရုပ်ရှင်လောကသားတဦးကပြောသည်။

ထိုသို့ရုပ်ရှင်ဈေးကွက်ပျက်နေသော်လည်း အာ
ဏာသိမ်းခေါင်းဆောင် သမီး ခင်သီရိသက်မွန်နှင့် ပတ်သက်နေသည့် အသိုင်းအဝိုင်းက ပိုင်ဆိုင်သည့် ထုတ်လုပ်ရေးတိုက်များအနေဖြင့် ဇာတ်ကားရိုက်
ကူးမှူများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ ထိုသို့ အကျိုးအမြတ်နည်းသော်လည်း ရုပ်ရှင်ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးပြသနေခြင်းမှာ ပြည်သူများကို တော်လှန်ရေးတွင် စိတ်မဝင်စားဘဲ အာရုံပြောင်းရန် ၊ တိုင်းပြည်မှာ ပုံမှန်ဖြစ်နေသယောင် ဖြစ်အောင် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်ကြောင်း ရုပ်ရှင်လောကသားအချို့ကပြောသည်။

People's Spring
■ https://t.me/nightingalechannel

ရန်ကုန်မြို့ရှိ ၊ သမ္မတရုပ်ရှင်ရုံတွင် ရုံတင်ပြသနေသော ဇာတ်ကားအချို့

Address

News York
New York, NY
10001

Alerts

Be the first to know and let us send you an email when 𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐈𝐈𝐈 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐈𝐈𝐈:

Share

Category