Power Scope

Power Scope Your opinion will be my past!!

တရုတ်၏ ကြားဝင်ညှိနိုင်းမှုနဲ့TNLA  မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ဆုတ်ခွာ ပြီး အပစ်ရပ်ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးရှမ...
10/29/2025

တရုတ်၏ ကြားဝင်ညှိနိုင်းမှုနဲ့TNLA မိုးကုတ်နှင့် မိုးမိတ်မြို့များမှ ဆုတ်ခွာ ပြီး အပစ်ရပ်ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး

ရှမ်းမြောက်ဒေသ စစ်မျက်နှာဟာ တရုတ်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းမှု ကြောင့် အရေးပါတဲ့ စစ်ရေး အပြောင်းအလဲ တစ်ရပ်ကို ပြုလုပ်လိုက်တယ်လို့ ပြောပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ် နဲ့ မိုးမိတ်မြို့များ မှ ဆုတ်ခွာရန် သဘောတူညီလိုက်ပြီး၊ စကမတပ် နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကို လက်မှတ်ရေးထိုးလိုက်ကြောင်း ယနေ့ TNLA က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့ မှာ နှစ်ထောင့်နှစ်ဆယ့်ငါး ခုနှစ်၊ အောက်တိုဘာလ နှစ်ဆယ့်ခုနစ်ရက် နဲ့ နှစ်ဆယ့်ရှစ်ရက် တို့တွင် ပြုလုပ်ခဲ့တဲ့ ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (TNLA) မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းရဲ့ ကြားဝင် ညှိနှိုင်းမှု ဖြင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်ကြီးရဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းမှုကြောင့် TNLA တပ်များဟာ သဘောတူ သတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ် နဲ့ မိုးမိတ်မြို့နယ်တို့မှ ပြန်လည် ဆုတ်ခွာ မည်ဖြစ်ကြောင်း သိရှိရပါတယ်။

အပြန်အလှန်အားဖြင့် TNLA ၏ တအာင်းဒေသကို မြန်မာစစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်း နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုဘဲ နှစ်ထောင့်နှစ်ဆယ့်ငါး ခုနှစ်၊ အောက်တိုဘာလ နှစ်ဆယ့်ကိုးရက် နေ့ သုညနာရီ သုညသုညမိနစ် (၀၀:၀၀ နာရီ) အချိန်မှစတင်၍ နှစ်ဖက် ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ (၁၀၂၇ စစ်ဆင်ရေး) ရဲ့ ရလဒ်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ကို ဖြစ်ပေါ်စေခဲ့ပါတယ်။၁၀၂၇ အတွင်း TNLA က မူလက မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့များ ထိမ်းချုပ်ထားနိုင်ခဲ့ပါတယ်။

သို့သော်လည်း ဒီနောက်ပိုင်းမှာ စကမ တပ်က ကျောက်မဲ၊ နောင်ချို၊ သီပေါ ကို ပြန်လည် ထိမ်းချုပ်ထားနိုင်ခဲ့ ပါတယ်။ ယခု TNLA က မိုးကုတ် နဲ့ မိုးမိတ်မြို့များ ကိုပါ ထပ်မံ စွန့်လွှတ်မည် ဖြစ်သောကြောင့် TNLA လက်ထဲတွင် မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ နမ္မတူမြို့များ သာ ကျန်ရှိတော့မည် ဖြစ်ပါတယ်။

TNLA ရဲ့ ဒီလို နယ်မြေ ဆုတ်ခွာမှု ဟာ တရုတ်အစိုးရရဲ့ ဖိအား ကြောင့် ဖြစ်တယ် နိုင်ငံရေးအသိုင်းအဝိုင်းကပြောပါတယ်။ တရုတ်အနေနဲ့ ရှမ်းမြောက်မှာ တည်ငြိမ်မှုကို လိုလားခြင်း၊ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် ဖွင့်လှစ်လိုခြင်း နဲ့ စကမကို အသက်ဆက်ပေးလိုခြင်း ဆိုတဲ့ ဗျူဟာ သုံးခု (၃ ခု) ကြောင့် ညီနောင် မဟာမိတ် သုံးဖွဲ့ကို အမြဲတမ်း ဖိအားပေးနေခဲ့တာ ဖြစ်ပါတယ်။

TNLA က မိုးကုတ် လို အရေးပါတဲ့ မြို့ကို စွန့်လွှတ်လိုက်ရခြင်းဟာ စစ်ရေးအရရှုံးနိမ့်မှုလား၊ ဒါမှမဟုတ် တရုတ်ရဲ့ နိုင်ငံရေး-စီးပွားရေး ဖိအား ကို မလွန်ဆန်နိုင်လို့လား။
ဒီအပစ်ရပ်စဲရေး သဘောတူညီချက်ဟာ စကမတပ်ကို TNLA ထိန်းချုပ်နယ်မြေများ ပြန်လည် ဝင်ရောက်ဖို့ လမ်းကြောင်း ဖွင့်ပေးလိုက်ခြင်း ဖြစ်မလား။

၁၀၂၇ ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဟာ ဒီလို နယ်မြေ စွန့်လွှတ်မှုတွေကြောင့် ဘယ်လောက်အထိ အလှမ်းဝေးသွားမလဲ။

#မိုးကုတ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြိုးစင်တက်ရမယ့် ကံကြမ္မာ ပါလာတာအမှန်ဘဲ။ လက်ရှိ နိုင်ငံရေး အခြေအနေတွေအားလုံးဟာ စစ်ခ...
10/27/2025

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြိုးစင်တက်ရမယ့် ကံကြမ္မာ ပါလာတာအမှန်ဘဲ။ လက်ရှိ နိုင်ငံရေး အခြေအနေတွေအားလုံးဟာ စစ်ခေါင်းဆောင်ရဲ့ဘက်မှာ လုံးဝ မရှိနေဘူးဆိုအာဆီယံ စည်းအဝေးကနေ သက်သေပြလိုက်တာပါဘဲ၊

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံရေး ဦးတည်ချက် အပြောင်းအလဲတွေဟာ မြန်မာ့စစ်အုပ်စုအပေါ် သံတမန်ရေးအရ အားပေးမယ့် နိုင်ငံ လုံးဝ မရှိတော့တဲ့ အခြေအနေ ကို ရောက်ရှိလာစေခဲ့ပါတယ်။

အာဆီယံအတွင်းမှာ ဒီမိုကရေစီ ဖက်တော်သားများ အင်အား သိသိသာသာ တောင့်တင်းလာနေ ပါတယ်
မလေးရှား နိုင်ငံက အာဆီယံ ဥက္ကဋ္ဌ ဖြစ်နေချိန်မှာ လက်ရှိ ဝန်ကြီးချုပ် အဏ္ဏဝါ အေဘရာဟင် ဟာ ဒီမိုကရက်တစ် အတိုက်အခံခေါင်းဆောင် ဘဝကနေ လာခဲ့သူ ဖြစ်ပါတယ်။

အရှေ့တီမော နိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်အဖြစ် လျှောက်ထားတဲ့အချိန်မှာ ခေါင်းဆောင်ကြီး ရာ့မို့စ် ကလည်း ဒီမိုကရေစီ ဖက်တော်သား စစ်စစ်ကြီး ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ကလည်း မြန်မာစစ်တပ်ကို လုံးဝ လက်မခံဘူး။ အင်ဒိုနီးရှား၊ ဗီယက်နမ် တို့ကလည်း စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို လက်မခံကြပါဘူး။

ဘရူးနိုင်း က ဟိုလိုလို ဒီလိုလို အမြဲနေလေ့ရှိပေမယ့်၊ ဘာသာရေး အခြေပြုပြီး မြန်မာစစ်တပ်ကို လက်မခံနေဘူး ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။
ဒီတော့ စစ်ကောင်စီတပ်ဖက်ကနေ ရပ်တည်ပေးမည့် နိုင်ငံ ဆိုတာ လုံးဝ မရှိတော့တဲ့ အပြင်၊ ထောက်ခံတဲ့နိုင်ငံသာ မရှိတာ၊ အသေဆော်မည့် နိုင်ငံတွေက ရှိနေပြီး၊ ထပ်တောင် တိုးလာသေးတယ် ဆိုတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်ခင်ဗျာ။

စစ်ကောင်စီနဲ့ အဆင်ပြေတဲ့ နိုင်ငံတွေရဲ့ သဘောထားဟာလည်း ပြောင်းလဲလာနေ ပါတယ်။
ထိုင်းနိုင်ငံ ဟာ အမေရိကန်ရဲ့ စကားတစ်ခွန်းပဲ ဖြစ်ပြီး၊ အဆင်ပြေတဲ့ဖက်မှာ နေလေ့ရှိတဲ့ လူလည်လုပ်လေ့ရှိတဲ့ နိုင်ငံ လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ကမ္ဘောဒီးယား ရဲ့ ခေါင်းဆောင် ဟွန်ဆန်တောင်မှ တရုတ်ရဲ့ ကျေးဇူးကို အားမနာဘဲ သမ္မတ ထရမ့်ကြီးကို သွားဖားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံ ကတော့ ဘယ်တုန်းကမှ အသံမထွက်တဲ့ နိုင်ငံ ပဲ ဖြစ်ပါတယ်။
အာဆီယံ အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်က မြန်မာနဲ့ ပတ်သက်ပြီး ထိုင်းရဲ့ ရပ်တည်ချက်ကို တင်ပြခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ တင်ပြချက် လေးချက် (၄ ချက်) ကို အနှစ်ချုပ်ကြည့်ရင် အားလုံးပါဝင် ဆွေးနွေးမှုမရှိဘဲ၊ အားလုံးပါဝင်ခွင့်မရှိဘဲ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာ မဟုတ်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂ (EU) ရဲ့ ပြောဆိုချက်နဲ့ လေသံတူနေတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ အမေရိကန်နိုင်ငံရဲ့ ဖိအားဟာလည်း ပြင်းထန်ပါတယ်။ အမေရိကန်နိုင်ငံက BURMA ACT ကို ပြဋ္ဌာန်းထားပြီး မြန်မာပြည်ကို ပြည်ဝင်ခွင့် ပိတ်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။

BURMA ACT ကို ရီပါပလကန် အမတ်တွေ ဦးဆောင်ပါဝင် ရေးဆွဲခဲ့ပြီး အတည်ပြုတာဖြစ်ပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ BURMA ACT ဟာ ဘယ်အမေရိကန်သမ္မတမဆို လိုက်နာရမည့် ဥပဒေ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ အဲဒီတော့ သမ္မတ ထရမ့် အစိုးရ က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာကို ဥပဒေအရ ကန့်ကွက်ပြီးသား၊ ပယ်ချပြီးသား ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက "တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး" လို့ ထိုင်းနိုင်ငံလို စစ်တပ်နဲ့ အဆင်ပြေတဲ့ နိုင်ငံကတောင် လေသံ ထွက်နေတာကို ကြည့်ရင် ကျန်နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား တို့၊ လာအို တို့လည်း ဒီလို လေသံပဲ ထွက်လိမ့်မယ်လို့ သုံးသပ်ရပါတယ်။

စစ်ကောင်စီတပ်ဟာ အာဆီယံ အစည်းအဝေး တက်ခွင့် မရတော့တဲ့အတွက် မျက်နှာကြည့်ပြီး ထောက်ထား၊ အားနာစရာလည်း မလိုတော့ဘူး။ ပိုဆိုးတာက သမ္မတ ထရမ့်ကြီး က လေဆိပ်မှာ ကခုန်ပြီး အစည်းအဝေးခန်းမထဲမှာ မျက်နှာတည်ကြီးနဲ့ ထိုင်နေတော့ တရုတ်အကြိုက် ပြောချင်တဲ့ တော်ရုံလူတောင် ရှိန်မှာ ဖြစ်ပါတယ်။

အခြေအနေ အလားအလာတွေက စစ်ကောင်စီတပ်ဖက်မှာ လုံးဝ ရှိမနေပါဘူး။ ဒီလိုနဲ့ အခြေအနေတွေ ဆိုးဝါးလာရင်း၊ အဆုံးသတ် တစ်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြိုးစင်တက်ရတဲ့အထိ ဖြစ်လိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်ဟာ နိုင်ငံတကာ ဖိအားနဲ့ ဒေသတွင်း သဘောထားကြောင့် ပိုမို ခိုင်မာလာနေပါတယ် ခင်ဗျာ။

BURMA ACT နဲ့ အာဆီယံ၏ ပြောင်းလဲလာသော သဘောထား တို့ ပေါင်းစပ်လာတဲ့အခါ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံတကာ အထီးကျန်မှု ဟာ ဘယ်အဆင့်အထိ ဆိုးရွားလာပြီး၊ ဒါဟာ မြန်မာပြည်တွင်းက တော်လှန်ရေး အရှိန်အဟုန်ကို ဘယ်လိုမျိုး အားကောင်းစေမလဲ။ စစ်ခေါင်းဆောင်ရဲ့ အနာဂတ်ဟာ နိုင်ငံရေးအရရော၊ တရားဥပဒေအရပါ အလွန်အမင်း စိုးရိမ်စရာ အခြေအနေ မှာ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။



Disclaimer: ANALYSIS. NOT HATE. This analysis is based purely on political and legal facts. We strictly follow all platform policies against violence and hate speech.

ရာသီအစ ပွဲစဉ်လေးပါဗျို့ 🔥အာရီးပရိတ်သတ်တွေ အဆင်သင့်ဖြစ်ကြပြီလားဟေ့ 😎Arsenal 🆚 Nottingham Forest🗓 13 SEP (Saturday)⏰ Kicko...
09/12/2025

ရာသီအစ ပွဲစဉ်လေးပါဗျို့ 🔥
အာရီးပရိတ်သတ်တွေ အဆင်သင့်ဖြစ်ကြပြီလားဟေ့ 😎

Arsenal 🆚 Nottingham Forest
🗓 13 SEP (Saturday)
⏰ Kickoff – 6:00 PM (Myanmar Time)
🏟️ Emirates Stadium

အာဆင်နယ် အသင်း ဖောရက်စ်ကို အနိုင်ယူပြီး
ရာသီအစကို ကောင်းကောင်းစတင်နိုင်ပါ့မလား 🌳🔫

လူကြီးမင်းတို့ရဲ့ ခန့်မှန်းချက်လေးတွေ ပြောခဲ့ပါဦး 👇

#အာရီးပရိတ် #အာဆင်နယ် #ဖောရက်စ် #ပရီးမီးယားလိဂ် #ရာသီအစ

Address

New York, NY

Alerts

Be the first to know and let us send you an email when Power Scope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share