Kind View Myanmar

Kind View Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kind View Myanmar, Video Creator, USA New York NY United state New York, New York, NY.

Kind View (Myanmar) and Kind View (Thailand) မှသင့်ကျမ်းမာရေးအတွက် တိုင်ပင်ဆွေးနွေးရန်အသင့် ရှိနေပါပြီခဗျာ😊
07/29/2025

Kind View (Myanmar) and Kind View (Thailand) မှသင့်ကျမ်းမာရေးအတွက် တိုင်ပင်ဆွေးနွေးရန်အသင့် ရှိနေပါပြီခဗျာ😊

Kind View Medical Service မှာ ဘယ်လိုဝန်ဆောင်မှုတွေရလဲ??

Kind View Medical Service ဆိုတာ Bangkok မှာရှိတဲ့ နာမည်ကြီး ဆေးရုံကြီးများနှင့်အတူ ဆေးရုံကြီးတွေမှာရှိတဲ့ အထူးကုဆရာဝန်များ နှင့် လက်တွဲကာ Contractချုပ်ထားသော ကျန်းမာရေးဝန်ဆောင်မှုဖြစ်ပါတယ်ရှင့်။

Kind View Medical Service မှာဆိုရင် Bangkok ရှိ ဆေးရုံကြီးများမှပေးသော ကျန်းမာရေးဝန်ဆောင်မှုများကို တစ်နေရာထဲမှာ မေးမြန်း၊စုံစမ်း၊ စစ်ဆေးကာ ကျန်းမာရေးဝန်ဆောင်မှုများကို စတင်ရယူနိုင်ပါပြီရှင့်။

Kind View Medical Service သည် Bangkok ရှိဆေးရုံကြီးများမှ ဆရာဝန်ကြီးများ အပြင် Bangkok ဆရာဝန်ကြီးများ၏ ကျန်းမာရေးစစ်ဆေးချက်များကို Cross Examination ပြန်လည်စစ်ဆေးသုံးသပ်နိုင်ရန် မြန်မာပြည်မှ ဆရာဝန်ကြီးများကိုလဲ ချိတ်ဆက်ထားသောကြောင့် ကျန်းမာရေးစစ်ဆေးချက်အဖြေများကိုလဲ စိတ်ချယုံကြည်စွာ စစ်ဆေးအဖြေရှာလို့ရပါပြီရှင့်။

အဲ့လို ဆေးရုံကြီးများဖြင့် ချိတ်ဆက် အလုပ်လုပ်နေသော Kind View Health Service Agency ကို မည်သည့်ကျန်းမာရေးကိစ္စနဲ့နဲ့ဖြစ်ဖြစ် ထိုင်းနိုင်ငံ သို့ ဆေးကုသဖို့သွားရောက်ရတော့မည်ဆိုတာနဲ့ ချက်ချင်းဆက်သွယ် မေးမြန်းစုံစမ်း လို့ရပါပြီရှင့်။

Viber Number: +95 9447938152
Whatsapp : +66 623343285
Telegram : +95 9889338388

Phone Number:
+95 9447938152 (Myanmar)
+66 623343285 (Thai)

Email: [email protected]

04/17/2025
ကဲ! မျောက်ကျောက်ပြီးတော့နာမည်ထပ်ကြီးလာတာတော့Noroပါတဲ့ခင်ဗျာ🥶တရုတ်နိုင်ငံမှာပျံ့နှံ့နေတယ်လို့ socia mediaတစ်ခွင်နာမည်ကြီး...
12/19/2024

ကဲ! မျောက်ကျောက်ပြီးတော့နာမည်ထပ်ကြီးလာတာတော့Noroပါတဲ့ခင်ဗျာ🥶

တရုတ်နိုင်ငံမှာပျံ့နှံ့နေတယ်လို့ socia mediaတစ်ခွင်နာမည်ကြီးနေတဲ့Norovirusအကြောင်းလေးနည်းနည်းပြောချင်ပါတယ်ခင်ဗျ

Norovirusဆိုတဲ့virusပိုးကူးစက်ခံရပြီဆိုရင်

🦠 ဝမ်းလျှောတာ
🦠 ဗိုက်ရစ်နာတာ
🦠ခေါင်းမူးတာ
🦠အော့အန်တာ
🦠ဖျားတာ နဲ့
🦠ကိုယ်လက်ညောင်းညာကိုက်ခဲတာတွေဖြစ်တတ်ပါတယ်

ဒါကြောင့်ရက်ကြာကြာဝမ်းလျှောနေမယ်ဖျားမယ်သွေးဝမ်းသွားတာမျိုးဖြစ်ခဲ့ရင် သက်ဆိုင်ရာဆေးရုံဆေးခန်းသွားသင့်ပါတယ်ဗျာ

Norovirusကိုအတည်ပြုဖို့ဆိုရင်တော့ဝမ်းကိုsampleယူပြီးဓာတ်ခွဲစစ်ဆေးရပါတယ်

ခုခံအားကောင်းတဲ့သူတွေမှာမြန်မြန်ပြန်ကောင်းနိုင်တာမို့ ခုခံအားကောင်းအောင်အာဟာရရှိတာစားပြီးအိပ်ရေးဝဝအိပ်ကြဖို့လည်းအကြံပြုပါတယ်ခင်ဗျ

အစားအသောက်မသန့်တာနဲ့ virusထိထားတဲ့ပစ္စည်းတွေကိုင်တွယ်ခြင်းကနေအဓိကကူးတာမို့
❌မသန့်ရှင်းသောအစားများစားခြင်း
❌အသားငါးအသီးနှံများကိုမကျက်တကျက်စားခြင်း
❌ပြင်ပမှpublic areaမှပစ္စည်းများကိုင်တွယ်ပြီးလက်မဆေးပဲနေခြင်းတို့ကိုအဓိကရှောင်ရမှာပဲဖြစ်ပါတယ်

အခုဆိုရင်Norovirusအကြောင်းကိုအနည်းငယ်သိရှိသွားပြီမို့အလွန်အမင်းကြောက်နေတာမျိုးမဟုတ်ပဲကိုယ်တတ်နိုင်သလောက်ကာကွယ်နိုင်ကြပါစေလို့…ဆုတောင်းပါတယ်ဗျ

Kind View Myanmar ပရိတ်သတ်များစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျ။ဒီတစ...
12/18/2024

Kind View Myanmar ပရိတ်သတ်များစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျ။

ဒီတစ်ခေါက်တော့မင်မင်ကအူအတက်ရောင်ယမ်းခြင်း(acute appendicitis)၏လက္ခဏာများကိုဗဟုသုတရရန်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

အူအတက်ရောင်ယမ်းခြင်း၏လက္ခဏာများမှာ

🔖ဗိုက်၏ညာဘက်အောက်ခြေနားတွင်အလွန်အမင်းနာခြင်း

🔖အန်ခြင်း

🔖ပျို့ခြင်း

🔖ဖျားခြင်း

🔖ချွေးစေးများပြန်ခြင်း

🔖အချို့သူများတွင်ချက်၏အနီးတဝိုက်နာကျင်ခြင်း တို့ပဲဖြစ်ပါတယ်။

အူအတက်ယောင်ခြင်းကနေတစ်ဆင့် အူအတက်ပေါက်ခြင်း၊ပြည်တည်ခြင်း၊ပိုးဝင်ခြင်းစတဲ့နောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်သောကြောင့်အထက်ပါလက္ခဏာများဖြစ်ပါကနီးစပ်ရာဆေးရုံဆေးခန်းသို့ချက်ချင်းသွားရောက်ပြသဖို့အကြံပြုပါတယ်ခင်ဗျာ။

🩸သွေးတွင်းအချိုဓာတ်တိုင်းတာနည်းအမျိုးမျိုး🩸Kind View Myanmarချစ်သူတို့ကိုဒီတစ်ပတ်အတွက်မျှဝေပေးချင်တာကတော့ ဆီးချိုတိုင်းတ...
11/28/2024

🩸သွေးတွင်းအချိုဓာတ်တိုင်းတာနည်းအမျိုးမျိုး

🩸Kind View Myanmarချစ်သူတို့ကိုဒီတစ်ပတ်အတွက်မျှဝေပေးချင်တာကတော့ ဆီးချိုတိုင်းတယ်လို့အလွယ်ခေါ်လေ့ရှိကြတဲ့သွေးတွင်းအချိုဓာတ်တိုင်းတာနည်းများအကြောင်းပဲဖြစ်ပါတယ်

🩸ဆီးချိုရောဂါရှာဖွေဖို့ပဲဖြစ်ဖြစ် ဆီးချိုcontrolရမရတိုင်းတာချင်ရင်ပဲဖြစ်ဖြစ်အောက်ပါနည်းလမ်းတွေထဲကတစ်ခုခုကိုတိုင်းတာကြပါတယ်

1️⃣RBSခေါ် အစာခံဆရာမလိုပဲအဆင်ပြေသည့်အချိန်ဖောက်စစ်သောနိုင်သောစစ်ဆေးမှု

2️⃣FBSခေါ်အနည်းဆုံး8နာရီအစာခံထားပြီးမှတိုင်းတာနိုင်သောစစ်ဆေးမှု

3️⃣2HPPခေါ်အစာစားပြီးနှစ်နာရီတွင်သွေးတွင်းအချိုဓာတ်တိုင်းတာခြင်းနှင့်

4️⃣HbA1Cခေါ်သုံးလအတွင်းပျမ်းမျှသွေးတွင်းအချိုဓာတ်တိုင်းတာခြင်းတို့ဖြစ်ပါတယ်

🩸နံပတ်1မှ3ကိုမိမိအိမ်တွင်ရှိသောဆီးချိုတိုင်းကိရိယာစက်ဖြင့်တိုင်းတာနိုင်သော်လည်းနံပတ်4ကိုတော့ဆေးခန်းဓာတ်ခွဲခန်းများရှိHbA1Cစက်နှင့်သာတိုင်းတာနိုင်ကြောင်းဗဟုသုတရရန်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ

🩸ဆီးချိုရောဂါရှိသူများနှင့်သံသယရှိသူများသည်နီးစပ်ရာဆရာဝန်နှင့်ပြသတိုင်ပင်၍ဆရာဝန်ညွှန်ကြားသည့်အတိုင်းမိမိနှင့်သင့်တော်သောစစ်ဆေးတိုင်းတာမှုပြုလုပ်ရန်သာအကြံပြုလိုပါတယ်ခင်ဗျာ

ကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ကြောက်စရာအကောင်းဆုံးရောဂါတွေထဲကတစ်ခုကတော့ခွေးရူးပြန်ရောဂါပဲဖြစ်ပါတယ်ဗျဒါကြောင့်ရ...
10/30/2024

ကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ကြောက်စရာအကောင်းဆုံးရောဂါတွေထဲကတစ်ခုကတော့ခွေးရူးပြန်ရောဂါပဲဖြစ်ပါတယ်ဗျ

ဒါကြောင့်ရောဂါလက္ခဏာတွေနဲ့ ကာကွယ်ရမယ့် အချက်လေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်

▪️ကနဦးရောဂါ လက္ခဏာများကတော့
-ခေါင်းကိုက်ခြင်း
-ဖျားခြင်း
-နုံးခြင်း
-အကိုက်ခံရသည့်နေရာတွင် ထုံကျဉ်ခြင်း တို့ဖြစ်ပြီး

▪️နောက်ပိုင်းလက္ခဏာများကတော့
-သွားရည်များ အလွန်အမင်းကျခြင်း
-ဂယောင်ခြောက်ခြားဖြစ်ခြင်း
-အလင်းရောင်ကို မခံနိုင်ခြင်း၊ကြောက်လန့်ခြင်း( Light sensitivity )
-ရေမြိုမချနိုင်ခြင်း (Hydrophobia)
-လုံးဝ အိပ်မပျော်ခြင်း
-အလွန်အမင်း စိတ်ရှုပ်ဒေါသထွက်ခြင်း တို့ပဲဖြစ်ပါတယ် ခင်ဗျာ။

📌ခွေးရူးပြန်ရောဂါကို ကာကွယ်ရန် အတွက်ကတော့
-အိမ်မွေးခွေး၊ကြောင်များကို ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးခြင်း
-လမ်းဘေးခွေး အကိုက်ခံရပါက နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွား၍ လိုအပ်သော ကာကွယ်ဆေး၊ဖြေဆေးများကို (၂၄)နာရီအတွင်း ထိုးခြင်း များကိုပြုလုပ်နိုင်ပါတယ်ခင်ဗျာ။

…အကြောင်းတခုခုကြောင့် ဆရာဝန်ညွှန်ကြားလို့ ပိုးသတ်ဆေးသောက်နေရသူတွေများရှိကြလားခင်ဗျာ???မိမိကိုယ်တိုင် ပိုးသတ်ဆေးသောက်နေရတ...
10/27/2024


အကြောင်းတခုခုကြောင့် ဆရာဝန်ညွှန်ကြားလို့ ပိုးသတ်ဆေးသောက်နေရသူတွေများရှိကြလားခင်ဗျာ???
မိမိကိုယ်တိုင် ပိုးသတ်ဆေးသောက်နေရတဲ့သူ တစ်ဦးဖြစ်နေခဲ့ရင်တော့ ပိုးသတ်ဆေးသောက်တဲ့အခါ သတိပြု ရှောင်ကျဉ်ရမယ့် အချက်လေးတွေကို သိထားသင့်ပါတယ် ခင်ဗျာ။
ပိုးသတ်ဆေးသောက်တဲ့အခါ သတိပြုရှောင်ကျဉ်ရမည့်အချက်များ
💢ပိုးသတ်ဆေးကို အရက်နှင့်တွဲ၍သောက်ခြင်း မပြုလုပ်ရပါ။
💢ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောအရ ဆေးရပ်ခြင်းမပြုလုပ်ရပါ။
💢ပိုးသတ်ဆေးကို သောက်လိုက်၊မသောက်လိုက် မပြုလုပ်ရပါ။
💢Grapefruitသီး၊နွားနို့တို့နဲ့ တွဲ၍သောက်ခြင်း မပြုလုပ်ရပါ။ (ထိုအရာများနှင့် အချိန်(3)နာရီခြားပြီးမှ သောက်သင့်ပါတယ် ခင်ဗျာ)
💢အားဆေးနှင့် အစာအိမ်ဆေး (Antacid)များနှင့်လည်း အချိန်(3)နာရီခြားပြီးမှ သောက်သင့်ပါတယ်ခင်ဗျာ။
💢အချို့ ပိုးသတ်ဆေး (e.g-rifampicin)သည် ကိုယ်ဝန်တားဆေး၏ အာနိသင်ကို ကျစေနိုင်သဖြင့် မသောက်မှီအချိန်တွင် ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ် ခင်ဗျာ။

ဒီတခေါက် မျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့ ဆီးချိုရောဂါအကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။ဆီးချိုရောဂါရဲ့ လက္ခာဏာများကတော့🔹ရေ...
10/22/2024

ဒီတခေါက် မျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့ ဆီးချိုရောဂါအကြောင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဆီးချိုရောဂါရဲ့ လက္ခာဏာများကတော့
🔹ရေ မကြာခဏ ဆာခြင်း
🔹ဆီး မကြာခဏ သွားခြင်း(အထူးသဖြင့် ညဘက်များတွင် သွားခြင်း)
🔹မကြာခဏ ဗိုက်ဆာခြင်း/အစား စားချင်ခြင်း
🔹ပုံမှန်ထက် ပို၍မောလာခြင်း/နုံးလာခြင်း
🔹ကိုယ်အလေးချိန် ကျဆင်းလာခြင်း
🔹ခန္ဓာကိုယ် ယားယံခြင်း
🔹မျက်စိ အမြင်အာရုံ ဝါးခြင်း
🔹ဒဏ်ရာဖြစ်ပေါ်လာပါက ဒဏ်ရာကျက်ရန် အချိန်ကြာမြင့်ခြင်း အစရှိတဲ့ အချက်တွေပဲဖြစ်ပါတယ် ခင်ဗျာ။
အထက်ပါ လက္ခဏာများရှိနေပါက နီးစပ်ရာ ဆေးရုံ(သို့မဟုတ်)ဆေးခန်းသို့ သွားရောက်၍ သွေးတွင်းအချိုဓာတ် (Blood glucose level) နှင့် (၃)လ ပျမ်းမျှ သွေးတွင်းအချိုဓာတ် (Hb A, C level)များကို တိုင်းတာရန် အကြံပြုပါတယ်ခင်ဗျာ။

"မေးခိုင်ရောဂါအကြောင်း သိကောင်းစရာများ"မေးခိုင်ရောဂါရဲ့ လက္ခဏာများကတော့▪️ကြွက်သားများ အလွန်တောင့်တင်းခြင်း▪️ကြွက်သားများ...
10/08/2024

"မေးခိုင်ရောဂါအကြောင်း သိကောင်းစရာများ"
မေးခိုင်ရောဂါရဲ့ လက္ခဏာများကတော့
▪️ကြွက်သားများ အလွန်တောင့်တင်းခြင်း
▪️ကြွက်သားများ အလွန်အမင်း နာကျင်ခြင်း
▪️မျက်နှာကြွက်သားများ တောင့်တင်းပြီး မေးခိုင်သွားခြင်း
▪️တံတွေးများ ထွက်ကျခြင်း
▪️ဆီး/ဝမ်း မထိန်းနိုင်ဖြစ်ခြင်း
▪️အသက်ရှူလမ်းကြောင်း ထိခိုက်၍ အသက်ဆုံးရှူံးခြင်း တို့ပဲဖြစ်ပါတယ်ခင်ဗျာ။

မေးခိုင်ရောဂါဖြစ်စေနိုင်သော ဒဏ်ရာများ
▪️သံဆူး/သံပြားနှင့် ရှသော ဒဏ်ရာများ
▪️အသားအတွင်းထဲအထိ နစ်ဝင်သော ဒဏ်ရာများ
▪️ဖုန်/ရွှံ့/သဲ များဝင်သော ဒဏ်ရာများ အစရှိတဲ့ ဒဏ်ရာတွေကနေ တဆင့် မေးခိုင်ရောဂါပိုးဝင်စေနိုင်ပါတယ်ခင်ဗျာ။❗️အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးဖြစ်တာကြောင့်"သတိမမူ ဂူမမြင်" မဖြစ်ရလေအောင် ဒဏ်ရာရခဲ့လျှင် အမြန်ဆုံးနီးစပ်ရာ ဆေးရုံ(သို့မဟုတ်)ဆေးရုံသို့ သွားရောက်ပြီး မေးခိုင်ရောဂါကာကွယ်ဆေး ထိုးသင့်ပါတယ်ခင်ဗျာ။

အခုတခါ မျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့အစာအိမ်ယောင်ခြင်း၏လက္ခဏာများနှင့် ကာကွယ်ရန် အချက်များပဲဖြစ်ပါတယ်ခင်ဗျာ။🟠အစာအိ...
10/01/2024

အခုတခါ မျှဝေပေးသွားမယ့် အကြောင်းအရာလေးကတော့အစာအိမ်ယောင်ခြင်း၏လက္ခဏာများနှင့် ကာကွယ်ရန် အချက်များပဲဖြစ်ပါတယ်ခင်ဗျာ။
🟠အစာအိမ်ယောင်ခြင်း၏ လက္ခဏာများကတော့
🔸ဗိုက်နာခြင်း(ရင်ညွန့်အောက်နားနှင့်ဝမ်းဗိုက်နာခြင်း)
🔸ပျို့အန်ခြင်း
🔸အစာမကြေခြင်းတို့ဖြစ်ပြီး
🔺အကယ်၍ အစာအိမ်သွေးကြောပေါက်ခဲ့လျှင် ကော်ဖီအရောင်အန်ဖက်များ အန်ခြင်းနှင့် ဝမ်းအမည်းရောင်များ သွားခြင်းတို့ ဖြစ်နိုင်ပါတယ်
ခင်ဗျာ။
🟠အစာအိမ်ယောင်ခြင်းကို ကာကွယ်
ရန်အတွက်
🔸အစားကို အချိန်မှန်မှန်စားခြင်း
🔸အစားနည်းနည်းကို အချိန်များများခွဲ၍စားခြင်း
🔸အကိုက်ခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဝယ်သောက်ခြင်းမှ ရှောင်ကျဉ်ခြင်း
🔸အရက်၊ဘီယာ သောက်ခြင်းကို ရှောင်ကျဉ်ခြင်း
🔸အပူအစပ်၊ လက်လုပ်ချဉ်များ စားခြင်းကို ရှောင်ကျဉ်ခြင်း
🔸ကော်ဖီ၊ လက်ဖက်ရည်နှင့် gasပါသော အအေးများသောက်ခြင်းကို ရှောင်ကျဉ်
ခြင်း အစရှိတဲ့ အချက်တွေကို ပြုလုပ်ပြီး အစာအိမ်ယောင်ခြင်းကို ကာကွယ်နိုင်ပါတယ်ခင်ဗျာ။

အခုတစ်ခေါက်ကျွန်တော်တို့kind view Myanmar ကနေမျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ရေကြီးရေလျှံတဲ့အချိန်မတော်တဆထိခိုက်မှုမျာ...
09/19/2024

အခုတစ်ခေါက်ကျွန်တော်တို့kind view Myanmar ကနေမျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ရေကြီးရေလျှံတဲ့အချိန်မတော်တဆထိခိုက်မှုများမှကာကွယ်ရန်နှင့်ဖြစ်ပေါ်လာခဲ့လျှင်ထိရောက်သောကုသမှုများလုပ်ဆောင်ရန်ပဲဖြစ်ပါတယ်ခင်ဗျာ

အခုအချိန်အခါနိုင်ငံတစ်ဝှမ်းမှာရေကြီးရေလျှံမှုတွေဖြစ်နေကြတဲ့အခါမှာ မိမိတစ်ကိုယ်ရေထိခိုက်မှုများ၊သူတစ်ပါးကိုကယ်ဆယ်ပေးရင်းထိခိုက်မှုများစွာကိုရင်ဆိုင်နေကြရပါတယ်
ဒါတွေကနေအတတ်နိုင်ဆုံးဘယ်လိုရှောင်ရှားကြမလဲဆိုတာကိုအချက်ကလေးတွေနဲ့ပြောပြပေးပါမယ်ဗျ

🌊 ရေထဲမှမမြင်နိုင်သောသံပြားသွပ်ပြား များခြစ်မိခြင်းသံစူးခြင်းမှကာကွယ်ရန်လယ်ရှည်ဖိနပ်အထူသို့မဟုတ်လုံခြံုသောဖိနပ်စီးရန်

🌊မိမိတွင်မူလရှိထားပြီးသောအနာများကိုပိုးမဝင်ဖို့သေချာစွာဖုံးအုပ်ထားရန်

🌊 အရေပြားရောဂါများဖြစ်သည့် ပွေးဝဲညှင်း နှင့်ကာလဝမ်းရောဂါများမကူးစက်ရန်ခြေလက်များရေဆေး၍ဖြစ်နိုင်လျှင်ရေချိုးရန်

🌊ရေဓာတ်ဆုံးရှုံးမှုမှကာကွယ်ရန် ရေနှင့်ဓာတ်ဆား(လိုအပ်လျှင်)များများသောက်ပေးရန်

🌊ဖြစ်နိုင်လျှင်အာဟာရရှိစွာစားသောက်ရန် တို့ပဲဖြစ်ပါတယ်

📌အကယ်၍ထိခိုက်ဒဏ်ရာရခဲ့ပါကအချိန်မဆွဲပဲနီးစပ်ရာဆေးရုံဆေးခန်းမှာမေးခိုင်ကာကွယ်ဆေးထိုးခြင်းနှင့်အခြားကုသမှုများခံယူဖို့မမေ့ပါနဲ့ခင်ဗျာ

✅အနာကို သန့်ရှင်းသောရေဖြင့်ဆေးရမည်

❌ အနာထဲသို့အရက်ပြန်လောင်းမထည့်ရ
ပြည်တည်နာကိုမသန့်ရှင်းသောဓားများအပ်များဖြင့်ထိုးဆွခြင်းမပြုလုပ်ရပါ

အားလုံးပဲရေဘေးအန္တရာယ်မှအမြန်ဆုံးဝေးကွာစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ

Address

USA New York NY United State New York
New York, NY

Website

Alerts

Be the first to know and let us send you an email when Kind View Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category