Dear Crush

Dear Crush Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dear Crush, Gaming Video Creator, New York, NY.

ချစ်သူကောင်မလေးကို လက်ထပ်ခွင့် တောင်းလိုက်တဲ့ အဆိုတော် ထွန်းထွန်းသူ့ကောင်မလေးလည်း လက်ခံလိုက်ပြီ🥰🥰 ထွန်းထွန်းမိန်းမရပြီ😊🥰
04/28/2026

ချစ်သူကောင်မလေးကို လက်ထပ်ခွင့် တောင်းလိုက်တဲ့ အဆိုတော် ထွန်းထွန်း
သူ့ကောင်မလေးလည်း လက်ခံလိုက်ပြီ🥰🥰

ထွန်းထွန်းမိန်းမရပြီ😊🥰

မိန်:မတစ်ယောက်ရဲ့ ဘဝမှာယောက်ျားကောင်း ရဖို့ပဲ ဆုတောင်းပါ..ယောက်ျားကောင်းကို ရထားတဲ့မိန်:မက ဘာမှမလိုအပ်ဘူးစိ*တ်ရောလူရော အ...
04/28/2026

မိန်:မတစ်ယောက်ရဲ့ ဘဝမှာ
ယောက်ျားကောင်း ရဖို့ပဲ ဆုတောင်းပါ..

ယောက်ျားကောင်းကို ရထားတဲ့မိန်:မက
ဘာမှမလိုအပ်ဘူး
စိ*တ်ရောလူရော အရာရာ ပြည့်စုံတယ်...

ရတနာဆင်မပေးနိုင်ရင်နေ
မိန်:မစကား နားထောင်ပေးရင်
သူတို့က ရတနာကော'က်ရထားသလိုပဲ....

အများအလည်မှာ ငါ့ယောက်ျားက
ငါ့ကိုသိပ်ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
ပြောနေရရင်ကို
မိန်:မတွေက တက်ကြွနေတာ။🌻💛


ကျန်ခဲ့ရသူတွေရဲ့ ကမ္ဘာဟာ ဘယ်လောက်ထိနာကျင်ရသလဲဘယ်လောက်ထိ တိတ်ဆိတ်ပြီး အထီးကျန်သွားသလဲဆိုတာ ကျွန်တော်သိပြီးပြီမို့ ဒီတစ်ခါ...
04/28/2026

ကျန်ခဲ့ရသူတွေရဲ့ ကမ္ဘာဟာ ဘယ်လောက်ထိနာကျင်ရသလဲ
ဘယ်လောက်ထိ တိတ်ဆိတ်ပြီး အထီးကျန်သွားသလဲဆိုတာ
ကျွန်တော်သိပြီးပြီမို့

ဒီတစ်ခါတွေ့ဆုံမှုတွေမှာ
အရင်ထွက်သွားရတဲ့သူက ကိုယ်ပဲဖြစ်ပါရစေ ။

ချစ်သူကပေးတဲ့အရာတွေဆိုချစ်ခြင်းမေတ္တာကအစ ဂရုစိုက်မှုတွေအဆုံးအကုန်ရချင်ပါတယ် ။ကိုယ့်အတွက်ဆိုပြီး သီးသီးသန့်သန့်လေး ရှိနေပ...
04/27/2026

ချစ်သူကပေးတဲ့အရာတွေဆို
ချစ်ခြင်းမေတ္တာကအစ ဂရုစိုက်မှုတွေအဆုံး
အကုန်ရချင်ပါတယ် ။

ကိုယ့်အတွက်ဆိုပြီး သီးသီးသန့်သန့်လေး ရှိနေပေးတာ
ခွဲပေးတတ်တာလေးကို လိုချင်တာပါ ။

ချစ်သူကပေးတဲ့အရာတွေဆိုရင်လေ
သစ်ရွက်ကလေးကအစ ပန်းကလေးတစ်ပွင့်အဆုံး

တန်ဖိုးကြီးတာ နည်းတာရယ်မဟုတ်ဘူး
ကိုယ့်အတွက်ဆိုပြီး ရည်ရွယ်ထားပြီးပေးတာလေးကို ရချင်တာပါ ။
အဲ့လိုချစ်ခြင်းမေတ္တာမျိုးကိုပဲ မက်မောမိတာ ။

ဘယ်အရာမျိုးမဆို ကိုယ့်အတွက်ဆိုပြီး
ရည်ရွယ်ထားတာမျိုးလေးကို သဘောကျတာပါ ။

လတ်ဆတ်တဲ့ အဖြူရောင် ဒေစီပန်းလေးတွေဆီကနေ စိတ်ခွန်အား ယူလိုက်ပါ။ အဖြူရောင်ဆိုတာ အေးချမ်းခြင်း၊ ရှင်းလင်းပြတ်သားခြင်းနဲ့ အက...
04/27/2026

လတ်ဆတ်တဲ့ အဖြူရောင် ဒေစီပန်းလေးတွေဆီကနေ စိတ်ခွန်အား ယူလိုက်ပါ။ အဖြူရောင်ဆိုတာ အေးချမ်းခြင်း၊ ရှင်းလင်းပြတ်သားခြင်းနဲ့ အကောင်းမြင်စိတ်တွေကို ကိုယ်စားပြုပါတယ်။
ဒီနေ့တစ်နေ့လုံး အဖြူရောင်လို ရှင်းလင်းပြတ်သားပြီး၊ ဘာအပူအပင်မှမရှိတဲ့ အေးချမ်းမှုတွေနဲ့ပဲ ပြည့်နှက်နေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အေးချမ်းပျော်ရွှင်သောနေ့ရက်လေး ပိုင်ဆိုင်ကြပါစေ..🙏🤍🍀

ကျနော်တို့ မတတ်နိုင်ခဲ့ခြင်းတွေကိုလက်လွှတ်ကြမယ်.ကိုယ့်တစ်ယောက်တည်းတစ်ဖက်သတ်ဖြစ်တည်နေတဲ့ချစ်ခြင်း မုန်းခြင်းတွေကို ကျောခိ...
04/26/2026

ကျနော်တို့ မတတ်နိုင်ခဲ့ခြင်းတွေကို
လက်လွှတ်ကြမယ်.

ကိုယ့်တစ်ယောက်တည်း
တစ်ဖက်သတ်ဖြစ်တည်နေတဲ့
ချစ်ခြင်း မုန်းခြင်းတွေကို ကျောခိုင်းကြမယ်

ကိုယ့်အဓိပ္ပါယ်ကို
တစ်ခြားလူရဲ့ ရင်ဘတ်မှာ
ရှာဖွေနေမိတာတွေကို ရပ်တန့်ကြမယ်

တောင်တန်းတွေကိုပဲ မြတ်နိူးတဲ့စိတ်ကို
မြက်ခင်းပြင်ကျယ်ကြီးတွေဆီ ပို့လွှတ်ကြမယ်

ပြီးတော့
ဒီနွေအလွန်က မိုးကြိုပန်းတွေလို
ဘဝအသစ်ကို
တဖန်ပြောင်းလဲ ရှင်သန်ကြစို့ကွယ်..။

စိတ်ညစ်နေရရင် အချစ်မဟုတ်သေးဘူး။ အမြဲပျော်ရွှင်နေရမယ်လို့ မဆိုလိုပေမဲ့ အမြဲစိတ်ညစ်နေရရင်တော့ တကယ်အချစ်မဟုတ်သေးဘူး။ ကိုယ်က...
04/26/2026

စိတ်ညစ်နေရရင် အချစ်မဟုတ်သေးဘူး။

အမြဲပျော်ရွှင်နေရမယ်လို့ မဆိုလိုပေမဲ့
အမြဲစိတ်ညစ်နေရရင်တော့
တကယ်အချစ်မဟုတ်သေးဘူး။

ကိုယ်ကတော့
ကိုယ့်ကိုအမြဲမပျော်ရွှင်စေရင်တောင်
စိတ်ညစ်အောင်မလုပ်တဲ့လူမျိုးကိုပဲ ချစ်မှာ။

တစ်နည်းပြောရရင်
ကိုယ့်ကို စိတ်အေးချမ်းသာရှိနေစေမဲ့လူမျိုးပေါ့။
🌻💛

မညာနဲ့ "စိတ်ရော လူရော ပင်ပန်းနေတယ်မလား ဘဝမှာလေ ဒီလိုတွေ့ကြုံမှုတွေက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ မမေ့လိုက်ပါနဲ့ ။စိတ်က...
04/26/2026

မညာနဲ့ "
စိတ်ရော လူရော ပင်ပန်းနေတယ်မလား

ဘဝမှာလေ ဒီလိုတွေ့ကြုံမှုတွေက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ မမေ့လိုက်ပါနဲ့ ။

စိတ်ကိုပျော်ပျော်နေ
လွတ်ချသင့်တာတွေလွှတ်ချ မေ့သင့်တာတွေမေ့လိုက်
ဖြစ်ပြီးသွားတဲ့အရာတွေအပေါ်ကို ဘာကြောင့်လဲ"
ဆိုတဲ့ အတွေးများစွာနဲ့ ပြန်မတွေးပါနဲ့ ။

ဒီနေ့ စိတ်ရော လူပါပင်ပန်းနေတယ်မို့လား
ကောင်းကောင်းနားလိုက်နော် နှစ်နှစ်ခြိုက်ခြိုက်အိပ်
မနက်ဖြန် အဆင်ပြေသွားမှာပါ ။

🍀🍀🍀

04/25/2026
တစ်နေ့ကျရင် ကျွန်မ ပြန်ပြီး လှပလာမှာပါ။💃အခုလောလောဆယ်တော့ ကျွန်မဟာ မေမေတစ်ယောက်အဖြစ်ပဲ ရှင်သန်နေတာပါ။
04/25/2026

တစ်နေ့ကျရင် ကျွန်မ ပြန်ပြီး လှပလာမှာပါ။💃
အခုလောလောဆယ်တော့ ကျွန်မဟာ မေမေ
တစ်ယောက်အဖြစ်ပဲ ရှင်သန်နေတာပါ။

ကိုယ်ချင်းစာတရားရှိတဲ့ ယောက်ကျားလူစိတ်ရှိတဲ့ ယောက်ကျားအရာအရာကို ဦးစားပေး အလျော့ပေး သည်းခံပေးတတ်တဲ့ယောက်ကျား ဖောက်ပြန်မှ...
04/25/2026

ကိုယ်ချင်းစာတရားရှိတဲ့ ယောက်ကျား
လူစိတ်ရှိတဲ့ ယောက်ကျား

အရာအရာကို ဦးစားပေး အလျော့ပေး
သည်းခံပေးတတ်တဲ့ယောက်ကျား

ဖောက်ပြန်မှုကင်းတဲ့ ယောက်ကျားတွေဟာ
မပြည့်စုံရင်တောင် မက်မာစရာကောင်းတယ် ။

စိတ်ချရတဲ့ယောက်ကျားတစ်ယောက်ဟာ
အမျိုးသမီးတစ်ယောက်အတွက် တန်ဖိုးရှိတဲ့ယောက်ကျားပါပဲ ။

"သိသူဖော်စား၊ မသိသူ ကျော်သွားကြတဲ့ မြန်မာ့ရိုးရာ 'မြေပေါင်းတစ်ထောင်' ဆေးနည်းအကြောင်း""မင်းတို ဗမာဆေးနည်းတွေကို ငါကတော့ အ...
04/24/2026

"သိသူဖော်စား၊ မသိသူ ကျော်သွားကြတဲ့ မြန်မာ့ရိုးရာ 'မြေပေါင်းတစ်ထောင်' ဆေးနည်းအကြောင်း"
"မင်းတို ဗမာဆေးနည်းတွေကို ငါကတော့ အထင်ကိုမကြီးတာ..." ဆိုတဲ့ ဦးလေးဖြစ်သူရဲ့ စကားကို ပြုံးပြုံးလေးပဲ တုံပြန်ခဲ့ရတဲ့ နေ့တစ်နေ့...။
ဆေးအိတ်လည်းမပါ၊ ဆေးဝါးလည်းမပါဘဲ လည်ပင်းက အကျိတ်ဝေဒနာ ခံစားနေရတဲ့ အရီးလေးကို ကုသပေးဖို ကျွန်တော့်လက်ထဲမှာ ပါသွားတာကတော့ ပြတင်းပေါက်က ခွာယူလာတဲ့ "နဂျီအုံ (နဂျယ်အိမ်)" လေး တစ်ခုပါပဲ။
ကျွန်တော် စိတ်မဆိုးပါဘူး။ ပညာရပ်တစ်ခုပေါ်မှာ ကိုယ့်အမြင်နဲ့ကိုယ် ရှိတာ သဘာဝပဲလေ။ ဒါပေမဲ့ အားကိုးတကြီး စောင့်နေတဲ့ အရီးမျက်နှာကို ကြည့်ပြီး "မာန်" ဆိုတဲ့ မာနကို လျှော့၊ ရောဂါကိုပဲ အာရုံစိုက်လိုက်ပါတယ်။
လည်ပင်းက အကျိတ်ကို စမ်းကြည့်တော့ သာမန်အကျိတ် (Thyroid အကြမ်းဖျင်း) အဆင့်ပဲ ရှိသေးတယ်။ ဒါနဲ့ အိမ်က သံပုရာသီး ကို ညှစ်ခိုင်း၊ သနပ်ခါးကျောက်ပြင်ကို သေချာဆေးပြီး ပါလာတဲ့ နဂျီအုံလေးကို သံပုရာရည်နဲ့ ပျစ်ပျစ်လေးသွေး လို လည်ပင်းကို လိမ်းပေးခဲ့လိုက်တယ်။ "တစ်ပတ်အတွင်း သက်သာစေရမယ်" လို အာမခံပြီး ပြန်ခါနီး ဦးလေးက မေးတယ်။ "ဒါက ဘာဆေးလဲ" တဲ့။
ကျွန်တော်က ပြုံးပြီး သူ့နောက်ကျောက အိမ်ထရံကို လက်ညှိးညွှန်ပြလိုက်တယ်... "ဦးလေး နောက်က ထရံမှာ ကပ်နေတဲ့ နဂျီအုံပါပဲ" လို။
ငါးရက်လောက် ကြာတော့ အရီးလေး ကျွန်တော့်ဆီ ရောက်လာတယ်။ လက်ထဲမှာ ပုဆိုးအသစ်လေးတစ်ထည်နဲ့ ကွမ်းအိတ်လေး တစ်အိတ်ကို ကိုင်လို။
"ငါ့တူရေ... အရီး အဖုကြီး မရှိတော့ဘူး။ ဒါက မင်းဦးလေးက မင်းအတွက် ဝယ်ပေးလိုက်တာ... မောင်လင်းက ကွမ်းကြိုက်တယ်ဆိုပြီး ထည့်ပေးလိုက်တာဟေ့" တဲ့။
အဲ့ဒီအချိန်မှာ ခံစားရတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒါတင်မကသေးဘူး... အရင်က အထင်မကြီးဘူးဆိုတဲ့ ဦးလေးက အခုတော့ သူ့မှာဖြစ်နေတဲ့ "ရေယုံ" ရောဂါအတွက်ပါ ဆေးနည်းမေးခိုင်းလိုက်သေးတယ်။ ကျွန်တော်လည်း "နဂျီအုံကိုပဲ ဆန်ဆေးရေနဲ့ သွေးလိမ်းပါ" လို ပြန်မှာလိုက်ရတာပေါ့။
သိမှတ်ဖွယ်ရာ ဗဟုသုတ (မြေပေါင်းတစ်ထောင်)
တိုင်းရင်းဆေးလောကမှာ "နဂျီအုံ" ကို "မြေပေါင်းတစ်ထောင်" လို တင်စားခေါ်ဝေါ်ကြပါတယ်။ နဂျီကောင်လေးတွေဟာ မြေအမျိုးမျိုးကို စုစည်းပြီး သူတိုရဲ့ တံတွေးနဲ့ နယ်ဖတ်ကာ အသိုက်ဆောက်ကြတာမို အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့ အစွမ်းသတ္တိ ထူးထူးခြားခြား ရှိနေတာပါ။
ဆေးနည်းလမ်းညွှန် -
အကျိတ်၊ အဖုများအတွက် - နဂျီအုံကို သံပုရာရည်နဲ့ သွေးလိမ်းပါ။
ရေယုံ၊ အနာစက်များအတွက် - နဂျီအုံကို ဆန်ဆေးရေနဲ့ သွေးလိမ်းပါ။
"ယုံရင်လုပ်၊ မယုံရင်မလုပ်နဲ့" ဆိုတဲ့ စကားထက် လက်တွေ့ပျောက်ကင်းသွားတဲ့ ရလဒ်ကသာ အမှန်တရားပါ။ အခုဆိုရင်တော့ ကျွန်တော့်ကို ဦးလေးက "ဇီဝကလေး" လိုတောင် ချစ်စနိုးနဲ့ ခေါ်နေရပါပြီ။
မိမိတိုအိမ်ဘေးမှာ ရှိတတ်တဲ့ အရာလေးတွေက တစ်ခါတလေ အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေ ဖြစ်နေတတ်တာမို အားလုံးပဲ ဗဟုသုတရစေဖို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
ကျန်းမာချမ်းသာလို ပျော်ရွှင်ကြပါစေ။

Crd - ချစ်ခြင်းမေတ္တာဖြင့်...
လယ်တွင်းသား (ပန်းလောင်မြေ)

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Dear Crush posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share