Lionel Messi Fans

Lionel Messi Fans ⚽️⚽️⚽️ အားကစားချစ်ပရိသတ်များအားလုံးကို ကြိုဆိုပါတယ် ⚽️⚽️⚽️

ဒီနေ့ဟာ  ၈လပိုင်း ၂ ရက်နေ့ပဲ ဖြစ်ပါတယ် ။ အားလုံးပဲ မင်္ဂလာမနက်ခင်းလေးပါခင်ဗျာ ။
08/01/2025

ဒီနေ့ဟာ ၈လပိုင်း ၂ ရက်နေ့ပဲ ဖြစ်ပါတယ် ။ အားလုံးပဲ မင်္ဂလာမနက်ခင်းလေးပါခင်ဗျာ ။

ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လိုစိတ်ပြင်းပြနေတဲ့ ဂါနာချို----------------------------------------------နောက်ဆုံးရ သတင်း...
08/01/2025

ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လိုစိတ်ပြင်းပြနေတဲ့ ဂါနာချို
----------------------------------------------
နောက်ဆုံးရ သတင်းတွေအရ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အလီဂျန်ဒရို ဂါနာချို (Alejandro Garnacho) ကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းက စိတ်အားထက်သန်နေရုံသာမက၊ ကစားသမားကိုယ်တိုင်ကလည်း ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် အလွန်ပင် ဆန္ဒပြင်းပြနေကြောင်း သိရသည်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းကလဲ ဂါနာချိုအတွက် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။

အသက် ၂၀ နှစ်အရွယ် ဂါနာချိုသည် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင် အန်မိုရမ် (Ruben Amorim) နှင့် ဆက်ဆံရေး တင်းမာမှုများ ရှိနေပြီး အသင်း၏ ပရီးစီးဇန် ခရီးစဉ်မှလည်း ချန်လှပ်ခံထားခဲ့ရပါသည်။ ၎င်းသည် ပရီးမီးယားလိဂ်တွင် ဆက်လက်ကစားလိုပြီး ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိသော ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ရန် အထူးပင် ဆန္ဒရှိနေနေတာ ဖြစ်ပါတယ် ။

ချယ်လ်ဆီးသည် Xavi Simons ကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေပြီး အကယ်၍ အခြေအနေ ကောင်းခဲ့ရင်တော့ ဂါနာချိုနှင့် Simons နှစ်ဦးစလုံးကို ခေါ်ယူရန် မျှော်မှန်းထားနေတာ ဖြစ်ပါတယ် ။

Breaking : အီဆက်အတွက် ပေါင် သန်း ၁၂၀ နဲ့ လီဗာပူးလ်၏ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ နယူးကာဆယ်အသင်း -----------------------...
08/01/2025

Breaking : အီဆက်အတွက် ပေါင် သန်း ၁၂၀ နဲ့ လီဗာပူးလ်၏ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ နယူးကာဆယ်အသင်း
----------------------------------------------
နယူးကာဆယ်ယူနိုက်တက်အသင်းသည် ၎င်းတို့၏ တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက် (Alexander Isak) အတွက် လီဗာပူးလ်အသင်းမှ ကမ်းလှမ်းခဲ့သည့် ပေါင် ၁၂၀ သန်း (ယူရို ၁၃၉ သန်းခန့်) ကျော် နှင့် (add-ons) ကြေးများပါဝင်သည့် တရားဝင်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ် ။ မူလက တရားဝင်ကမ်းလှမ်းခဲ့ခြင်းမရှိပဲ ချဉ်းကပ်မှုတွေသာ ရှိခဲ့ရာကနေ ယခုအခါ လီဗာပူးလ်အသင်း၏ တရားဝင် ကမ်းလှမ်းမှုကိုတော့ နယူးကာဆယ်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

နယူးကာဆယ်အသင်းက အသက် ၂၅ နှစ်အရွယ် အီဆက်ကို ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ပြီး သင့်တော်တဲ့ စာချုပ်ဖြတ်သိမ်းကြေး လျော်ကြေးငွေ ထည့်သွင်းရန် အီဆက်နဲ့ ငြှိနှိုင်းနေတယ်လို့လဲ သိရပါတယ် ။ ဒါ့ အပြင် နယူးကာဆယ်အသင်းအသင်းဖော်အချို့ကလည်း အီဆက်ကို အသင်းမှာ ဆက်ကစားဖို့အတွက် တိုက်တွန်းနေကြပါတယ် ။

ဒါကတော့ ကနဦးကမ်းလှမ်းမှုသာ ရှိသေးတာ ဖြစ်ပြီးတော့ လီဗာပူးလ်နှင့် နယူးကာဆယ်တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ဖြစ်ပေါ်လာဦးမှာ ဖြစ်ပါတယ် ။

ချယ်လ်ဆီးအသင်း လူငယ်ကြယ်ပွင့် ဂျက်ဆီ ဒယ်ရီကို ခေါ်ယူ----------------------------------------------ချယ်လ်ဆီးအသင်းသည် အသင်...
08/01/2025

ချယ်လ်ဆီးအသင်း လူငယ်ကြယ်ပွင့် ဂျက်ဆီ ဒယ်ရီကို ခေါ်ယူ
----------------------------------------------
ချယ်လ်ဆီးအသင်းသည် အသင်း၏ အနာဂတ်အတွက် ရည်ရွယ်ပြီး နောက်ထပ်လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်သည့် ပဲလေ့စ် အသင်းမှ အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမား ဂျက်ဆီ ဒယ်ရီ (Jesse Derry) ကို ခေါ်ယူလိုက်ပြီဖြစ်သည်။

ဂျက်ဆီ ဒယ်ရီသည် တောင်ပံကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏ မြန်နှုန်း၊ ဘောလုံးထိန်းချုပ်နိုင်မှုနှင့် တိုက်စစ်ပိုင်း ဖန်တီးနိုင်စွမ်းတို့ကြောင့် ထင်ရှားသူဖြစ်သည်။ ပဲလေ့စ်အကယ်ဒမီတွင် ခြေစွမ်းပြခဲ့ပြီးနောက် ချယ်လ်ဆီး၏ စိတ်ဝင်စားမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်ကိုပဲ ပြောင်းရွှေ့ဖို့ တစ်ခုတည်းသော ရွေးချယ်မှုအဖြစ် ဆက်လက်စောင့်ဆိုင်းနေတဲ့ အလက်ဇန်းဒါး အီဆက် ----------------...
07/31/2025

လီဗာပူးလ်ကိုပဲ ပြောင်းရွှေ့ဖို့ တစ်ခုတည်းသော ရွေးချယ်မှုအဖြစ် ဆက်လက်စောင့်ဆိုင်းနေတဲ့ အလက်ဇန်းဒါး အီဆက်
----------------------------------------------
Fabrizio ရဲ့ ဖော်ပြချက်အရတော့ အီဆက်ဟာ လီဗာပူးလ်မှ လီဗာပူးလ်ဖြစ်နေပြီး ဒီအပတ်အတွင်းမှာ နယူးကာဆယ် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကိုတောင် ပြန်မပူးပေါင်းတော့ဘူးလို့သိရပါတယ် ။

ဆော်ဒီကလပ် Al Hilal ကိုလဲ သွားဖို့အစီအစဉ်မရှိပဲ လီဗာပူးလ်အသင်းကမ်းလှမ်းလာမှာကိုပဲ စောင့်နေတယ်လို့ သိရပါတယ် ။

07/31/2025

စံချိန်ရှင်နည်းပြဖြစ်လာတဲ့ ဂွါဒီယိုလာနဲ့ အခြားနောက်ဆုံးရ မနက်ခင်းသတင်းများ

#အားကစားသတင်းများ #ဘောလုံးသတင်းများ

ဂျော်ရယ် ဟာတိုကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်း----------------------------------------------ချယ...
07/30/2025

ဂျော်ရယ် ဟာတိုကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်း
----------------------------------------------
ချယ်လ်ဆီးအသင်းသည် အေဂျက်စ် (Ajax) ကလပ်မှ ဒတ်ချ်နောက်ခံလူ ဂျော်ရယ် ဟာတို (Jorrel Hato) ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို (Fabrizio Romano) က ယခုပဲ ဖော်ပြလာပါပြီ ။ ချယ်လ်ဆီး၏ နောက်ခံလူအသစ်အဖြစ် ဟာတို မကြာမီ ရောက်ရှိလာတော့မည်ဖြစ်သည်။

ချယ်လ်ဆီးနှင့် အေဂျက်စ်တို့အကြား ပြောင်းရွှေ့ကြေးမှာ ယူရို သန်း ၄၀ (ပေါင် ၃၄ သန်းခန့်) ကျော် ပေးချေရန် သဘောတူညီခဲ့ကြပါတယ် ။ ဟာတိုသည် ချယ်လ်ဆီးတွင် ၂၀၃၂ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမည့် ရေရှည် ၇ နှစ် စာချုပ်ကို ချုပ်ဆိုသွားမှာလဲ ဖြစ်သည်။

လက်ရှိတွင် ဟာတိုသည် ဆေးစစ်မှု ပြုလုပ်ရန် ခရီးထွက်ခွာခွင့်ကို စောင့်ဆိုင်းနေပြီး၊ ဆေးစစ်မှု အောင်မြင်သည်နှင့် အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားမည်ဖြစ်သည်။

ယူရို (၂) ဘီလီယံကျော် သုံးစွဲပြီး  ပြောင်းရွှေ့ကြေး အများဆုံးသုံးစွဲသည့် ပထမဆုံးနည်းပြအဖြစ် ဂွါဒီယိုလာ မှတ်တမ်းဝင်------...
07/30/2025

ယူရို (၂) ဘီလီယံကျော် သုံးစွဲပြီး ပြောင်းရွှေ့ကြေး အများဆုံးသုံးစွဲသည့် ပထမဆုံးနည်းပြအဖြစ် ဂွါဒီယိုလာ မှတ်တမ်းဝင်
----------------------------------------------
မန်ချက်စတာစီးတီး (Manchester City) နည်းပြ ပက် ဂွါဒီယိုလာ (Pep Guardiola) သည် ဘန်လေ (Burnley) အသင်းမှ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ကို ခေါ်ယူပြီးနောက် ဘောလုံးသမိုင်းတစ်လျောက် ပြောင်းရွှေ့ကြေး ယူရို ၂ ဘီလီယံ (ပေါင် ၁.၇ ဘီလီယံခန့်) ကျော် သုံးစွဲသည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ် ။

အသက် ၅၄ နှစ်အရွယ် စပိန်လူမျိုး နည်းပြ ဂွါဒီယိုလာသည် ၂၀၀၈ ခုနှစ်တွင် ဘာစီလိုနာအသင်းကို စတင်ကိုင်တွယ်ရင်း နည်းပြလောကသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ် ။ ၎င်း၏ နည်းပြဘဝတစ်လျှောက် ဘာစီလိုနာအသင်း ၊ ဘိုင်ယန်မြူးနစ် အသင်း နှင့် လက်ရှိ မန်ချက်စတာစီးတီးအသင်းတို့ကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ထိုကာလများအတွင်း ကစားသမားခေါ်ယူမှု အသုံးစရိတ်အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၂ ဘီလီယံကျော် သုံးစွဲခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာပြီးနောက် ပြောင်းရွှေ့ကြေးသုံးစွဲမှု အများဆုံး နည်းပြများမှာ-

ဒုတိယနေရာ: အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီ (Diego Simeone) က ယူရို ၁.၃၁ ဘီလီယံ (ပေါင် ၁.၁၂ ဘီလီယံခန့်)။

တတိယနေရာ: အေစီမီလန် (AC Milan) နည်းပြ မက်စ် အယ်လီဂရီ (Massimiliano Allegri) က ယူရို ၁.၂ ဘီလီယံ (ပေါင် ၁.၀၃ ဘီလီယံခန့်)။

မန်ချက်စတာစီးတီးအသင်းသည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင်လည်း ကစားသမားသစ်များ ခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ရာ-

ရိုင်ဒါစ် (Ryders) - ပေါင် ၄၆ သန်း (ယူရို ၅၃.၅ သန်းခန့်)

အစ်နူရီ (Ait Nouri) - ပေါင် ၃၁.၇ သန်း (ယူရို ၃၆.၈ သန်းခန့်)

ချယ်ကီ (Cherki) - ပေါင် ၃၄ သန်း (ယူရို ၃၉.၅ သန်းခန့်)

အင်္ဂလန်ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် (James Trafford) - ပေါင် ၃၁ သန်း (ယူရို ၃၆ သန်းခန့်) (Add-on ကြေးများ အပါအဝင်)

လီဝန်ဒေါစကီးကို ရောင်းထုတ်ရန် ဘာစီလိုနာအသင်း ပြင်ဆင်----------------------------------------------လာလီဂါချန်ပီယံ ဘာစီလို...
07/30/2025

လီဝန်ဒေါစကီးကို ရောင်းထုတ်ရန် ဘာစီလိုနာအသင်း ပြင်ဆင်
----------------------------------------------
လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ၎င်းတို့၏ ဝါရင့်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီး (Robert Lewandowski) ကို ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း Mundo Deportivo က ဖော်ပြလာပါတယ် ။

အသက် ၃၆ နှစ်အရွယ် လီဝန်ဒေါစကီးသည် ဘာစီလိုနာနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လက်ရှိ ဘဏ္ဍာရေး အခြေအနေများ ကြောင့် ကစားသမားများကို ရောင်းထုတ်ကာ ဝင်ငွေ ရှာဖွေလိုနေခြင်းဖြစ်ပါတယ် ။

ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကမူ ဘာစီလိုနာအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားထားပေမယ့်လဲ အသင်းဘက်ကတော့ သင့်တင့်လျောက်ပတ်သော ကမ်းလှမ်းမှုတစ်ရပ် ရှိလာပါက လက်ခံစဉ်းစားသွားဖွယ်ရှိသည်။

အသက် ၃၆ နှစ်ကျော်လာပြီဖြစ်သော်လည်း လီဝန်ဒေါစကီး၏ ခြေစွမ်းမှာ ကျဆင်းခြင်းမရှိဘဲ ပြီးခဲ့သည့် ၂၀၂၄-၂၅ ရာသီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲတွင် ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အလွန်ကောင်းမွန်သည့် ဂိုးသွင်းမှတ်တမ်းကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ် ။

လီဝန်ဒေါစကီး၏ ထူးခြားသည့် ဂိုးသွင်းစွမ်းရည်နှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ခြင်းကြောင့် ပြောင်းရွှေ့ကြေးဟာလဲ နည်းပါးနိုင်မည်ဟု ယူဆရပါတယ် ။ ဒါကြောင့် ဆော်ဒီအာရေဗျကလပ်များက ၎င်းကို ခေါ်ယူရန် စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။

ဆော်ဒီလိဂ်သည် ယခင်ကတည်းက ခရစ္စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) နှင့် ဘန်ဇီမာ (Benzema) တို့လို ဥရောပရဲ့ အသက်အရွယ်ကြီးသည့် နာမည်ကျော်ကစားသမားများကို ခေါ်ယူထားပြီးဖြစ်ပါတယ် ။ ယခုနွေရာသီတွင်လည်း ချယ်လ်ဆီးအသင်းမှ နာမည်ကျော်ကစားသမား ဂျာအို ဖဲလစ် (João Félix) ကိုလည်း ခေါ်ယူထားပါသေးတယ် ။ လီဝန်ဒေါစကီးသည်လည်း ဆော်ဒီလိဂ်သို့ ရောက်ရှိလာနိုင်သည့် နောက်ထပ် နာမည်ကြီး ကစားသမားတစ်ဦး ဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ် ။

ဘန်ဂျမင် ဆက်စ်ကိုအတွက် မန်ချက်စတာယူနိုက်တက်နှင့် နယူးကာဆယ်တို့ အပြိုင်ကြိုးပမ်း-----------------------------------------...
07/30/2025

ဘန်ဂျမင် ဆက်စ်ကိုအတွက် မန်ချက်စတာယူနိုက်တက်နှင့် နယူးကာဆယ်တို့ အပြိုင်ကြိုးပမ်း
----------------------------------------------
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီတွင် တိုက်စစ်မှူးတစ်ဦး ခေါ်ယူမည်ဆိုပါက RB လိုက်ပ်ဇစ် တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကို (Benjamin Šeško) ကို ဦးစားပေး ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ မန်ယူအသင်းအနေနဲ့ ဗီလာတိုက်စစ်မှူ အိုလီဝက်ကင်းနဲ့ ဆက်စ်ကို တို့ ၂ယောက်ကို ပစ်မှတ်ထား ချိန်ရွယ်နေခဲ့တာဖြစ်ပါတယ် ။ တစ်ချိန်တည်းမှာပင် နယူးကာဆယ်ယူနိုက်တက်အသင်းကလည်း အသက် ၂၂ နှစ်အရွယ် ဆက်စ်ကိုကို ၎င်းတို့၏ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားလာတယ်လို့ သိရပါတယ် ။

နယူးကာဆယ်၏ အဓိကတိုက်စစ်မှူး အလက်ဇန်းဒါး အီဆက် (Alexander Isak) သည် St. James' Park မှ ထွက်ခွာလိုနေခြင်းကြောင့် ဆက်စ်ကိုအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ် ။

RB လိုက်ပ်ဇစ်သည် ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၈၀ ဝန်းကျင် အလို ရှိနေခဲ့ပြီးတော့ ကမ်းလှမ်းလာမယ့်အသင်းကို ရောင်းချသွားမယ့်အနေအထားပဲ ဖြစ်ပါတယ် ။

နယူးကာဆယ်သည် ဆက်စ်ကိုကို ၎င်းတို့၏ ပရောဂျက်များ တင်ပြထားပြီးဖြစ်ကာ ကစားသမားဘက်ကသာ သဘောတူပါက ကမ်းလှမ်းမှု ပြုလုပ်ရန် အသင့်ရှိနေတယ်လို့ သိရပါတယ် ။

ကစားသမားကိုယ်တိုင်ကတော့ မန်ယူအသင်းကို ပိုမို ပြောင်းရွှေ့လိုနေပြီးတော့ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတယ်လို့သိရပါတယ် ။

မန်ယူအသင်းအနေနဲ့ ကတော့ လက်ရှိမှာ အိုလီဝက်ကင်းထက် ဆက်စ်ကို ကို ပိုမိုသဘောကျနေတယ်လို့ သိရပြီးတော့ နယူးကာဆယ်အသင်းထက် လက်ဦးမှု ရယူပြီးတော့ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ် ။

ဘိုင်ယန်မြူးနစ်သို့ ယူရို ၇၅ သန်းဖြင့် တရားဝင် ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ လူးဝစ် ဒီယက်ဇ် --------------------------------...
07/30/2025

ဘိုင်ယန်မြူးနစ်သို့ ယူရို ၇၅ သန်းဖြင့် တရားဝင် ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ လူးဝစ် ဒီယက်ဇ်
----------------------------------------------
လီဗာပူးလ်အသင်း၏ ကိုလံဘီယာ တောင်ပံတိုက်စစ်မှူး လူးဝစ် ဒီယက်ဇ် (Luis Díaz) သည် ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ် (Bayern Munich) သို့ တရားဝင်ပြောင်းရွှေ့သွားပြီဖြစ်သည်။ ၎င်းသည် ဘိုင်ယန်နှင့် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ စုစုပေါင်း ယူရို ၇၅ သန်း (ပေါင် ၆၄ သန်းခန့်) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ် ။

ဘိုင်ယန်မြူးနစ်သို့ ရောက်ရှိပြီးနောက် လူးဝစ် ဒီယက်ဇ်က "ကျွန်တော် အရမ်းပျော်ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရတာဟာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ကမ္ဘာပေါ်မှာ အကြီးဆုံးကလပ်တွေထဲက တစ်ခုဖြစ်လို့ပါ"လို့ ပြောကြားခဲ့ပါတယ် ။ ။

လီဗာပူးလ်အသင်း အတွက်ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမားတစ်ဦးကို လက်လွှတ်လိုက်ရခြင်းဖြစ်ပေမယ့်လဲ ဒီယက်ဇ်၏ ပြောင်းရွှေ့ကြေးကနေ ရရှိလာမည့် ယူရို ၇၅ သန်းနဲ့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက် (Alexander Isak) ကို ခေါ်ယူရန်အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ် ။

Breaking : အီဆက်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ----------------------------------------------နော...
07/29/2025

Breaking : အီဆက်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ----------------------------------------------
နောက်ဆုံးမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်တို့ဟာ သဘောတူညီမှု ရရှိခဲ့ပြီလို့သိရပါတယ် ။
ဒီသတင်းကိုတော့ ကစားသမားဘက်ကရော နှစ်ဦးနှစ်ဖက်လုံးက သဘောတူထားခဲ့ပြီးတော့ အဲ့ဒါကတော့ ဒီအပြောင်းအရွှေ့ဟာ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဆိုတာနဲ့ နောက်မပက်သက်ဖို့ပဲ ဖြစ်ပါတယ် ။

Address

New York, NY

Alerts

Be the first to know and let us send you an email when Lionel Messi Fans posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lionel Messi Fans:

Share