Myay Gyi

Myay Gyi ဂိမ်းကြော်ငြာလက်မခံပါ၊
09684467373
(1)

11/30/2025

ဆယ်တန်းအောင်ဖို့မလိုဘူး အလိုက်သိဖို့လိုတာ🥴🤌🤌

သူ့မိန်းမနဲ့ဆယ်ရက်တိတိဝေးပြီးတဲ့နောက်ပိုင်း သူစားချင်တာမစားရလို့ တစ်ခြားဟာကို fokeစားနေတဲ့ ရွာငံသား ငအောင်ဘု            ...
11/30/2025

သူ့မိန်းမနဲ့ဆယ်ရက်တိတိဝေးပြီးတဲ့နောက်ပိုင်း သူစားချင်တာ
မစားရလို့ တစ်ခြားဟာကို fokeစားနေတဲ့ ရွာငံသား ငအောင်ဘု
သနားပါတယ် ကောင်လေးက ငတ်နေရှာတာ😁

ဦးမင်းက အိမ်ကိုထမင်းသွားစားရအောင် လိုက်ခဲ့ကြဆိုလို့ လိုက်သွားလိုက်တာ ဟိုရောက်တော့ ခုံပေါ်ကဟင်းခွက်တွေကို လက်ညှိုးထိုးပြပ...
11/30/2025

ဦးမင်းက အိမ်ကိုထမင်းသွားစားရအောင် လိုက်ခဲ့ကြဆိုလို့ လိုက်
သွားလိုက်တာ ဟိုရောက်တော့ ခုံပေါ်ကဟင်းခွက်တွေကို လက်ညှိုးထိုး
ပြပြီး ဘယ်ဟင်းကဘယ်လိုကောင်းပြီး သူ့မိန်းမက သူ့အကြိုက်ဘယ်
လိုချက်ပြုတ်ပေးထားတာ ဘာညာဆိုပြီးပတ်ကြွားတာနဲ့ ...

ကိုယ်တွေမှာမြိုမကျတော့ဘူး ...ဆက်စားရမှာလား လှည့်ပဲပြန်ရ
တော့မလား လမ်းတွေကိုပျောက်လို့... ဟုတ်တယ်လေ သူ့မိန်းမက
သူ့လင်အတွက် သီးသန့်ချက်ပြုတ်ပေးထားတာကို ကိုယ်တွေကပဲ
အလိုက်ကမ်းဆိုးမသိ မသဌါရေစာ လာစားနေကြတာကျ လို့ 🥴
-------။

ကြည့်ရတာ ဦးတိုးကြီးနဲ့ကျွန်တော်က ကံကြီးထိုက်လို့ စားခွင့်ရတာ
နေမှာပါ 🙄🙄

11/30/2025

ဆုတောင်းမှားခဲ့လေသလား?

11/29/2025

" ငအောင်ဘုနဲ့ သူ၏စေတနာ "
ဆရာပီယ

ကျွန်တော့်ဘေးက ရုပ်ဖျောင့်ဖျောင့်လူပြိုကြီးကိုမြင်ရင် စာဖတ်တဲ့သူ တော်တော်များများသိကြမယ်ထင်တယ်၊ သူ့ကိုမမြင်ဘူးတဲ့သူတွေတေ...
11/28/2025

ကျွန်တော့်ဘေးက ရုပ်ဖျောင့်ဖျောင့်လူပြိုကြီးကိုမြင်ရင် စာဖတ်
တဲ့သူ တော်တော်များများသိကြမယ်ထင်တယ်၊ သူ့ကိုမမြင်ဘူးတဲ့
သူတွေတောင် သူ့ဝတ္တု၊ဇာတ်လမ်းတွေနဲ့တစ်ခါတော့ကြုံဖူးကြမှာ
မလွဲဧကန်ပါပဲ...

ဘာလို့ဆို အခုခေတ်နာမည်ကြီးတော်တော်များများက သူ့ဇာတ်
လမ်းတွေကို အတော်များများဇာတ်အိမ်တည်ပြီး ယူရိုက်ဖူးကြလို့ပါ
ဟုတ်ကဲ့ သူ့နာမည်က ဆရာသန်းထွန်းဦး(သန်၄ကို)ပါ...

စင်္ကာပူက ခေတ္တပြန်လာခိုက်(အမှန်တော့သုံးရက်တည်း ခိုးကြောင်
ခိုးဝှက်ပြန်လာတာပြောတယ် မယားငယ်နဲ့လာတွေ့တာဆိုတော့ သူ့
မိန်းမတောင် အသိမပေးဘူးဆိုပဲ သူပြောပြတာပါ) သွားတွေ့ရတာ
ပါ...

သူ့ဇာတ်လမ်းတွေအရ စင်္ကာပူမှာဆို သူက ပင်နီဆူလာကို သွား
နေကျ၊ သွားရတဲ့အကြောင်းအရင်းကလဲ ဘိုထိုင်အိမ်သာရှိလို့တဲ့ဗျ
မန္တလေးမှာ သူ့တွေ့ရဖို့တောင် သိပ္ပံလမ်းက နာမည်ကြီးသန်းကြွယ်
လက်ဖက်ရည်ဆိုင်ကိုချိန်းတာ အဲဆိုင်မှာဘိုထိုင်အိမ်သာရှိတယ်ဆို
ပဲ ...

အပြန်ကျတော့ သူ့ထုံးစံအတိုင်း အိမ်သာဝင်အုံးမယ်ဆိုပြီး ဝင်ချ
သွားတယ်၊ ပြန်ထွက်လာတော့ မရိုသေ့စကားဗျာ သူ့တင်ပါးမှာ
အကွက်လိုက်ကြီးစိုရွဲလို့၊ ကိုယ်တွေမြင်ပေမယ့် လူကြီးရှက်မှာစိုးလို့
မသိချင်ယောင်ဆောင်နေလိုက်ကြတယ်...

ညနေအိမ်ပြန်ရောက်လို့ ညကိုးနာရီလောက်မှာဖုန်းခေါ်ကြည့်တာ
သူက စင်္ကာပူပြန်ဖို့ ရန်ကုန်ကိုကားစီးနေတာ ကားပေါ်မှာတဲ့၊ အဲတာ
နဲ့ သန်းကြွယ်ဆိုင်မှာလို ကြုံနေမှာစိုးလို့ ဖုန်းထဲက သတိပေးမိတယ်
‌"လေးသန် ဂရုစိုက်အုံးနှော် အီဗာထုတ်တွေတော့ ပါလာတယ်မှတ်
လား?" ဆိုတော့...

"ဟေ့ ကောင်လေး ငါကဘာကိစ္စ အီဗာဆောင်ရမှာလဲ ယောက်ျား
ကြီးလေကွာ" တဲ့ ...

" မသိဘူးလေဗျာ နေ့ခင်းက အိမ်သာထဲက ထွက်လာတော့ တင်
ပါးမှာ အကွက်ကြီးနဲ့က ရာသီလာနေတာမဟုတ်ဘူးလား? 😬
ယောက်ျားလိုဟန်ဆောင်ထားတဲ့ ⚽ပြားကြီးလားလို့ပေါ့ " ဆိုတော့

ဆဲတာဆိုတာ မိုးမွှမ်းနေတာပဲ 🤭

" အဲတာ ရေဆွဲချတဲ့ခလုတ်နှိပ်မရတာနဲ့ ခွက်နဲ့ခပ်ဆေးလာလို့ကွ"တဲ့

ဒါလေးများ ရှိတဲ့တိသျှူးလေးတွေနဲ့ "ဖတ် ဖတ်" ဆိုပြီး ပွတ်ခဲ့တာ
မဟုတ်ဘူး လူတွေကို ယုံထင်ကြောင်ထင်ဖြစ်အောင် တစ်အားလုပ်
တဲ့လူ 😁😁

--------------------------------။----------------------------------------

11/28/2025

ငအောင်ဘုနဲ့ "မိန်းမနိုင်နည်း"
ဆရာသန်းထွန်းဦး(သန်၄ကို)

သူ့နာမည်က အောင်ဘု... ရွာငံသား(ဓနုတိုင်းရင်းသား) အရပ်ကငါးပေ၊အသက်ကနှစ်ဆယ့်သုံး၊မိန်းမချောချောနဲ့ ခလေးတစ်ယောက်ရှိ၊ ယောက္ခမန...
11/28/2025

သူ့နာမည်က အောင်ဘု... ရွာငံသား(ဓနုတိုင်းရင်းသား) အရပ်က
ငါးပေ၊အသက်ကနှစ်ဆယ့်သုံး၊မိန်းမချောချောနဲ့ ခလေးတစ်ယောက်
ရှိ၊ ယောက္ခမနဲ့ သိပ်မတည့်...

ကျွန်တော်ကသူ့ကို ဟာသဇာတ်လမ်းတိုလေးတွေအတူရိုက်ကြဖို့
မန္တလေးကိုခေါ်ထားတာ ကျန်တာမပါဘူးရယ်၊ ကျွန်တော့်လေဒီဗိုက်
ကလေးကလဲ ကိုဝင်းကြည်နဲ့ဆိုတော့ ကျွန်တော်ကလဲချက်ရပြုတ်ရ
မှာပျင်းလို့ ဆိုင်ကဝယ်စားကြမယ်ဆိုတာကို မရဘူး...

သူလဲအားနေတာပဲ ဘာအလုပ်မှမရှိတော့ ဒီတိုင်းထိုင်နေရင်ပျင်း
တာ အကျင့်ပါသွားမှာစိုးတယ်(အိမ်ပြန်တဲ့အချိန်ကျရင် အဲအကျင့်
တွေပါသွားလို့မရဘူး)တဲ့...၊ အဲကြောင့် နေ့တိုင်းမဟုတ်ရင်တောင်
တစ်ခါတစ်လေတော့ ကိုယ့်လက်၊ကိုယ့်ခြေနဲ့ ချက်ပြုတ်စားပါရစေ
ဆိုလို့ ခွင့်ပြုလိုက်တာ ...

အခုလိုကြီးငြုတ်သီးထောင်းနေတာတွေ့တော့ ဝင်တားယူရတယ်
"ငအောင်ဘုရ ငြုတ်သီးထောင်းရင် ခွက်ကိုကြည့် မျက်နှာမူပြီး မ
ထောင်းရဘူး မတော်လို့ မျက်စိထဲငြုတ်သီးတစ်ဆံလောက်ဝင်သွား
ရင် ဒုက္ခရောက်လိမ့်မယ်ကွ မင်း ဟို စင်္ကာပူမှာနေတဲ့ ဆြာသန်၄ကိုရဲ့
စာချိုးကို မကြားဖူးဘူးလား?" ဆိုတော့ မကြားဖူးဘူးလုပ်ပါအုံးတဲ့

" အေး အဲတာဆို နားထောင် သူ့စာချိုးကိုငါရွတ်ပြမယ် ...

- ဂဲခု ဘွတ်ဖိနပ်
- မျက်စပ်ငြုတ်ဝင် (ပိုးဝင်)
- ဆံတစ်ပင်တင်း
- ချစ်ခြင်းမယား ရည်းစားလူလု
- ယအုကြမ်းညှပ်
ဤငါးရပ်
ခံရအတော် ခက်လတံ့။ "တဲ့ မှတ်ထားကွ ...

11/27/2025

ကောင်မလေးက စိတ်သိပ်ရှည်တာမဟုတ်ဘူးရယ် 🤭😂

မနက်ဈေးလိုက်ပို့ရတာကျွန်တော့်အလုပ်၊ နံရိုးလေးဗိုက်ကြီးတော့တစ်လလောက်က ဆိုင်ထမင်းစားလိုက်ရတယ်၊ တစ်ခါတော့ဈေးဝယ်ပြီး ကိုယ့်ဟ...
11/27/2025

မနက်ဈေးလိုက်ပို့ရတာကျွန်တော့်အလုပ်၊ နံရိုးလေးဗိုက်ကြီးတော့
တစ်လလောက်က ဆိုင်ထမင်းစားလိုက်ရတယ်၊ တစ်ခါတော့ဈေးဝယ်
ပြီး ကိုယ့်ဟာကိုချက်ပြုတ်ကြည့်သေးတယ်...

ဟင်းတစ်ခွက်ရဖို့အရေး သိပ်တော့မလွယ်ဘူးဗျ၊ ဈေးဝယ်ရင် ဟို
ဟာမေ့ကျန်ခဲ့၊ ဒီဟာမေ့ကျန်ခဲ့နဲ့ ၊ဒီကြားထဲ ဈေးဆစ်ရမှာကိုယ်က ခပ်
ရှက်ရှက်ရယ် အဲတော့ ဆိုင်ကပဲဝယ်စားလိုက်တာ အေးရော...

နံရိုးလေးဈေးသွားရင် ကိုယ်က လက်ဖက်ရည်ဆိုင်ထိုင်စောင့်ပေါ့
ဒီခလေးမဈေးသွားရင် တစ်အားကြာတာဗျာ တစ်မေ့တစ်မောပဲ၊ သူ
တို့တွေက နေ့စဉ်အဲဈေးကိုပဲသွားနေရပေမယ့်. တစ်ဈေးလုံးကို နှံ့နေ
အောင်လျှောက်သွားပြီးမှ ဝယ်စရာရှိတာ ဝယ်ကြတာကိုးဗျ...

ပစ္စည်းတစ်ခုဝယ်ရင် ဈေးတစ်ခါဆစ်၊ ဆယ်ခုဝယ်တော့ ဆယ်ခါ
ဆစ်၊ ပစ္စည်းလတ်မလတ် ရွေးသေးတာကိုး၊ ဝယ်သူနဲ့ရောင်းသူ ရင်း
နှီးမှုအရ အာချောင်နေကြတာလဲပါတော့ တစ်အားကြာတာ...

ခုတော့ ဈေးဝယ်သူနေရာကို အောင်ဘုကအစားဝင်ဝယ်၊ လိုက်ပို့သူ
က ထုံးစံအတိုင်းကျွန်တော်ပေါ့၊ ဆိုတော့ ငအောင်ဘုဈေးဝယ်တာကျ
မြန်သဗျာ၊ ကျွန်တော် လက်တစ်ဆစ်စာ(တစ်ငုံစာ) လက်ဖက်ရည်
တစ်ခွက်တောင် မကုန်သေးဘူး၊ အောင်ဘုကဈေးခြင်းကြီးဆွဲပြီးပြန်
ရောက်ချလာပြီ...

သွက်တယ်၊မြန်တယ် ဒီကောင်လေးမဆိုးဘူး အိမ်ကမိန်းမဆို သူ
တို့ထုံးစံအတိုင်း ဘာလုပ်လုပ်တစ်အားကြာတာကိုး၊ အဝယ်မြန်တော့
အိမ်ကိုမြန်မြန်လစ်လို့ရတာပေါ့လေ...

ဒီနေ့တော့ အိမ်ပြန်ရောက်လို့ အောင်ဘုကိုမေးကြည့်တာ "မင်းဈေး
ဝယ်တာမြန်သားပဲ ဘယ်လိုမေးပြီးဝယ်လဲ လုပ်ပါအုံးအောင်ဘုရ" ဆို
တော့ "‌ဝယ်နေကျအတိုင်းပဲလေကိုကြီးရာ ငါးတစ်ကောင်ဘယ်ဈေး
လဲ? တစ်သောင်းခွဲ... အဲဆိုတစ်ကောင်ကိုင်ပေး ရော့ အင့် ဆို ဝယ်
ချလာတာပေါ့ဗျ" တဲ့ ... ကောင်းရောဟေ့...

"ဈေးဖိုးက တစ်နေ့သုံးသောင်းပဲသုံးတာ မင်းဟာက ငါးနဲ့တင် တစ်
သောင်းခွဲလစ်သွားပြီ ကျန်တဲ့အရံဟင်းအတွက်ရယ် လိုအပ်တဲ့အစာ
ပလာတွေအတွက်ရယ် တစ်သောင်းခွဲနဲ့လောက်ငှပါအုံးမလားဟ?"

" လိုအပ်တော့လဲကျွန်တော့်အိတ်ထဲက စိုက်ဝယ်လိုက်တာပေါ့ကိုကြီး
ကလဲ ဟဲဟဲ" တဲ့...

"အေး မင်းစားသောက်ဆိုင်တွေမှာ လစာနဲ့အဝယ်တော်ဝင်လုပ်ရင်
far ဖြစ်လောက်တယ်ကွ၊ အိတ်စိုက်ရလွန်းလို့" ဆိုတော့ သွားကြီး
ကိုဖြီးလို့ ငအောင်ဘုတို့...

"နောက်ခါဈေးဝယ်ရင် ဘယ်လောက်လဲ မေးပြီးမဝယ်နဲ့ကွ ကိုယ်သုံး
မယ့်ငွေ ပမာဏကိုပြောပြီး ရှစ်ထောင်ဖိုးပေး၊ ငါးထောင်ဖို့းပေး အဲ
လိုဝယ်ရတယ်ကွ မှတ်ထား ဟိုဟာလေးအဆစ်ထည့်ပေးပါအုံး ဒီဟာ
လေးတစ်လုံးအပိုယူသွားမယ်နော် ဆိုပြီးတောင်းရတယ် ပါးစပ်ကလဲ
ပြော လက်ကလဲယူထည့်ပြီးသား ဖြစ်နေရမယ်...
ဒါလေးက ဈေးများတယ်အမရယ် ဟိုဘက်ဆိုင်မှာ ဘယ်လောက်
နဲ့ရတာ ကိုယ့်အမဆိုင်ကိုလာအားပေးပါတယ်ဆိုမှ ဈေးကပိုနေတယ်
အဲဘက်ဆိုင်ကအပေါက်ဆိုးတယ် သိပ်ဝယ်ချင်တာမဟုတ်ဘူးရယ်
ဘာညာဆိုပြီး ဝယ်မလိုလိုမဝယ်လိုလို မမဆောင်းလုပ်ရတယ် ကဲကဲ
ယူသွား ယူသွား အချင်းချင်းမို့ ငါပဲအရှုံးခံရောင်းလိုက်ပါ့မယ်အယ်
ဆိုတဲ့လေသံ မထွက်မချင်း စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်မေ့ကျန်
ခဲ့တဲ့မျက်နှာပေးလေး လုပ်ပြနေရတယ်...
အဲ ယူသွားယူသွားဆို အဲတာပွဲသိမ်းပြီ၊ ငွေကိုပေးတဲ့အခါထောင်
တန်တွေကိုသုံး၊ သောင်းတန်ဆိုရင် သူတို့ကအမ်းစရာမရှိဘူးဘာညာ
ပြောပြီး လေးထောင်ဖိုးလိုချင်တာကိုငါးထောင်ဖိုးယူလိုက်ပါ အပိုတွေ
အများကြီးထည့်ပေးလိုက်တယ်နော် ဆိုပြီးလုပ်တာ..."

"ကိုကြီးကဆရာကျနေပြီပဲ ဒီလောက်နှံ့စပ်နေပုံထောက်ရင် ဈေးဝယ်
တဲ့သက်တမ်းက မနည်းတော့ဘူးထင်တယ်"

"မဟုတ်ပါဘူးကွာ အဲလိုတွေလုပ်ရမှာရှက်လို့ ငါ့မိန်းမဈေးမဝယ်တဲ့
နေ့ဆို ငါကအပြင်ထမင်းဆိုင်မှာပဲဝယ်စားတာပါ အခုဟာကငါ့မိန်းမ
ပြောပြ၊သင်ပြတာတွေကို ငါမှတ်မိသလောက်မင်းကိုပြန်ပြောပြတာ
ဒါတောင် ငါမမှတ်မိတော့တဲ့ဈေးဝယ်နည်းတွေ အများကြီးကျန်သေး
တယ် မင်းလေ့လာဆည်းပူးချင်ရင်တော့ နံရိုးလေးဆီ တိုက်ရိုက်မေး
ပေါ့ ... အဲ မှတ်ပုံတင်မေ့ကျန်ခဲ့တဲ့ မျက်နှာပေးလေး လုပ်တတ်ချင်
ရင်တော့ ငါနဲ့နေ့ခင်းဘက်မြို့ထဲကို ဆိုင်ကယ်စီးပြီးသွားကြတာပေါ့
မင်းက ရှေ့ကမောင်း "

"ကျွန်တော့်မှာ ယာဉ်မောင်းလိုင်စဉ်မှမရှိတာ မောင်းလို့ရလို့လား?"

"အဲတာကြောင့် မင်းကိုရှေ့ကမောင်းခိုင်းတာပေါ့ကွ😁"

--------------------။------------------------------။----------------------

11/26/2025

ရွာငံသား အောင်ဘုကို ရှော*-င် 🙄🥴

11/26/2025

ထားလိုက်ပါ #ဟာသ

Address

23 Street
New York, NY
10007

Website

Alerts

Be the first to know and let us send you an email when Myay Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category