Yes I Cook

Yes I Cook Cooking as a hobby 👩🏻‍🍳👩🏻‍⚕️

အားလုံးပဲ မဂ်လာပါရှင် 🙋‍♀️ဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အရမ်းကိုလိုက်ဖက်ပြီး စားကောင်းတဲ့ ဝက်သားနီချက်နဲ့ ကန...
09/21/2023

အားလုံးပဲ မဂ်လာပါရှင် 🙋‍♀️

ဒီနေ့ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အရမ်းကိုလိုက်ဖက်ပြီး စားကောင်းတဲ့ ဝက်သားနီချက်နဲ့ ကန်စွန်းချဉ်စပ်သုပ်လေးပဲ ဖြစ်ပါတယ်..

🥘ပထမဆုံး ဝက်သားကို ခရုဆီ၊ သကြား၊ ငံပြာရည်အကြည်၊ ကြာညို၊ ကြက်သားမှုန့်တို့နဲ့ ၅ နာရီလောက် နှပ်ထားလိုက်ပါတယ်..
🥘ကြက်သွန်ဖြူ၊သကြားဆီသတ်
🥘ဝက်သားကိုထည့်ပြီး ၁၀ မိနစ်လောက် လုံးပေးပါ..
🥘Cooking wine နဲ့ ရေကို ဝက်သားမြုပ်ရုံထည့်ပြီး ပထမတစ်ရည် စချက်ပါမယ်.. ချက်ရင်းနဲ့လဲ အရသာကို လိုသလို ထပ်ထည့်နိုင်ပါတယ်နော်..
🥘နောက်တစ်ရေချက်တဲ့အချိန်မှာတော့ ကြက်သွန်နီ ၄ စိတ် စိတ်ထားတာရယ်၊ မှိုရယ်ကို ထည့်လိုက်ပါ..
🥘တခြား veg လေးတွေ ရှိရင်လဲ လိုက်ဖက်မယ်ထင်သလို ထည့်နိုင်ပါတယ်ရှင်..
ကဲ အဲဒါဆိုရင်တော့ ချက်ရတာ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ဝက်သားနီချက်လေး ရပါပြီရှင်..

🥗အရံဟင်းအနေနဲ့ မင်မင်ကတော့ ကန်စွန်းရွက်ချဉ်စပ်သုပ်လေး လုပ်လိုက်ပါတယ်..
🥗အရင်ဆုံး ကန်စွန်းရွက်ကို ရေပွက်ပွက်ဆူထဲမှာ ဆီနည်းနည်းထည့်ပြီး ပြုတ်ပါတယ်..
🥗၃-၄ မိနစ်လောက် ပြုတ်ပြီးရင်တော့ ဆယ်လိုက်ပြီး ရေအေးနဲ့ ဆေးပြီး ခဏစစ်ထားလိုက်ပါ..
🥗Sauce အနေနဲ့က ငရုတ်သီးစိမ်း ပါးပါးလှီး ၂ တောင့်၊ ငရုတ်သီးဆီချက်၊ ကြက်သွန်ဖြူဆီချက်၊ ပဲမှုန့်၊ ငါးငံပြာရည်၊ ကြက်သွန်နီကြော်၊ ကြက်သားမှုန့်နဲ့ သံပုရာရည်တို့ကို သုံးထားပါတယ်..
🥗ပြီးရင် sauce နဲ့ ကန်စွန်းရွက်တို့ကို ရောမွှေပြီး အပေါ်ကနေ နှမ်းလေးဖြူးလိုက်ရင်တော့ အရမ်းကို လွယ်ကူပြီး စားလို့ကောင်းတဲ့ ကန်းစွန်းချဉ်စပ်သုပ်လေးကို ဝက်သားနဲ့တွဲစားလို့ရပါပြီရှင်..

#ဝက်သား

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Yes I Cook posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share