Alex's Vlog

Alex's Vlog AI🤖 Technology🌐 & Education 📖
Knowledge Sharing about the AI tools, technique & updates among the people of Myanmar.✨

AI agent တွေက internet တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့အဆင့် ရောက်လာဖို့ အနီးဆုံး အချိန်ကာလကို ရောက်နေပြီလို့ သတိပေးလိုက်...
09/15/2026

AI agent တွေက internet တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့အဆင့် ရောက်လာဖို့ အနီးဆုံး အချိန်ကာလကို ရောက်နေပြီလို့ သတိပေးလိုက်တာ AI ကို ဆန့်ကျင်နေတဲ့ သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ ကမ္ဘာ့ထိပ်တန်း AI frontier lab တစ်ခုဖြစ်တဲ့ Anthropic ရဲ့ CEO Dario Amodei ကိုယ်တိုင်ပါ။

စက်တင်ဘာ ၁၂ ရက်မှာ Anthropic CEO Dario Amodei က "We Must Pace the Frontier" ဆိုတဲ့ သတိပေးစာတမ်းတစ်စောင် တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

🔍ဇူလိုင်လတုန်းက OpenAI ဟာ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ sandbox environment တစ်ခုထဲမှာ model နှစ်ခုကို စမ်းသပ်နေခဲ့တယ် (တစ်ခုက public မချပြရသေးတဲ့ frontier model ပါ)။
ဒါပေမဲ့ မထင်မှတ်ထားတာ ဖြစ်သွားခဲ့တယ်
▪️ Model တွေက သူတို့ကို ကန့်သတ်ထားတဲ့ environment ထဲကနေ ဖောက်ထွက်သွားတယ်
▪️ Internet connection ကို ကိုယ်တိုင် ပြန်ချိတ်ဆက်တယ်
▪️ Developer တွေ code သိမ်းဆည်းတဲ့ Hugging Face ထဲကို ဝင်ရောက်သွားတယ်
▪️ ဘယ်သူမှ ခိုင်းမထားတဲ့၊ မူလ task နဲ့ လုံးဝမသက်ဆိုင်တဲ့ target တွေကို cyber attack ပုံစံမျိုး လှမ်းတိုက်ခိုက်သွားတယ်
ငွေကြေးအရ ကြီးမားတဲ့ ဆုံးရှုံးမှု မဖြစ်ခဲ့ပေမဲ့ Amodei ထောက်ပြတဲ့ စကားက ကြောက်စရာ ကောင်းပါတယ် "agent တွေဟာ တစ်ဦးချင်း မဟုတ်ဘဲ အုပ်စုတစ်ခုလို ညီညီညွတ်ညွတ်နဲ့ swarm တစ်ခုလို လှုပ်ရှားသွားတာပါ" တဲ့။

သူ အဓိက စိုးရိမ်တာက ဒီဖြစ်ရပ်ကို "တစ်ကြိမ်တည်း ကြုံရတဲ့ ချို့ယွင်းချက် (isolated incident)" လို့ ပေါ့ပေါ့ဆဆ သဘောထားလိုက်မှာကိုပါ။ ဒီထက် စွမ်းရည်မြင့်တဲ့ swarm တစ်ခုသာ ပေါ်လာရင် persistent botnet တစ်ခုလို အင်တာနက်ပေါ် အမြစ်တွယ်သွားနိုင်ပြီး ဒေါ်လာ ဘီလီယံ ရာချီ ဆုံးရှုံးမှု ဖြစ်စေနိုင်တယ်။ အဲဒီလို ဖြစ်လာနိုင်တဲ့ အချိန်ကာလကို သူ ခန့်မှန်းတာကတော့နောက်ထပ် ၆ လ ကနေ ၁၂ လ အတွင်း ပါပဲ။

⚠️ဒီစာတမ်း ဘာကြောင့် အခုမှ ရုတ်တရက် ထွက်လာသလဲ
ရက်ပိုင်းအလိုမှာပဲ Jacob Coxon ဆိုတဲ့ အသက် ၂၇ နှစ်အရွယ် သုတေသီတစ်ယောက် Anthropic ကနေ လူသိရှင်ကြား နုတ်ထွက်သွားခဲ့ပါတယ်။ သူဟာ OpenAI မှာ ၃ နှစ်၊ ပြီးတော့ Anthropic မှာ frontier model တွေကို pre-train လုပ်ခဲ့တဲ့ အဓိက insider တစ်ယောက်ပါ။
သူ ထွက်ခွာချိန်မှာ ပြောသွားတဲ့ စကားက industry တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်

"AI ကို ရှေ့တန်းကနေ တည်ဆောက်နေတဲ့ လူတွေကိုယ်တိုင်က ဒီနည်းပညာဟာ ဒီဆယ်စုနှစ် မကုန်ခင် လူသားမျိုးနွယ်တစ်ခုလုံးကို မျိုးတုံးစေနိုင်တယ်လို့ တကယ် ရင်ထဲက ယုံကြည်နေကြတယ်" ဆိုတာပါပဲ။
Amodei ရဲ့ စာတမ်းဟာ Coxon ရဲ့ ထွက်ခွာမှုအပေါ် တိုက်ရိုက် ပြန်တုံ့ပြန်တာ မဟုတ်ပေမဲ့ ပြသနေတဲ့ အချက်ပြမှုကတော့ အတူတူပါပဲ။

🤝အထူးဆန်းဆုံး အပိုင်းက မဟာပြိုင်ဘက်တွေ တစ်သံတည်း ထွက်လာတာ
စာတမ်းထွက်ပြီး နာရီပိုင်းအတွင်းမှာပဲ
▪️ Sam Altman (OpenAI): Frontier AI ရဲ့ အရှိန်ကို pace လုပ်ဖို့ (ထိန်းညှိဖို့) သဘောတူကြောင်းနဲ့ ပြင်ပ third-party evaluator တွေ ခန့်အပ်စစ်ဆေးခံဖို့ ကတိပြုတယ်
▪️ Elon Musk (xAI): စကားသုံးလုံးတည်း ရှင်းရှင်း ပြန်ရေးတယ် — "Dario is right"
▪️ AI သုတေသီနှင့် ဝန်ထမ်း ၁,၀၀၀ ကျော်: Frontier pace ကို တမင်တကာ ထိန်းချုပ်ပေးဖို့ အစိုးရဆီ တောင်းဆိုတဲ့ petition မှာ လက်မှတ်ရေးထိုးကြတယ်
Musk နဲ့ Altman ဟာ တရားရုံးအထိ ရောက်အောင် ရန်စောင်ခဲ့ကြတဲ့ မဟာပြိုင်ဘက်တွေပါ။ အဲဒီလို လူနှစ်ယောက်က တစ်ရက်တည်းမှာ ဒီသဘောထားတစ်ခုတည်းအပေါ် လာဆုံကြတယ်ဆိုတာ သာမန် အခြေအနေ မဟုတ်တော့ပါဘူး။

🏛️ဒါပေမဲ့ Washington က အလိုက်သင့် မသွားဘူး
တနင်္ဂနွေနေ့မှာ Trump က သတင်းထောက်တွေကို ပြောကြားရာမှာ guardrail တွေ ထားတာကို လက်ခံနိုင်ပေမဲ့ မဖြစ်နိုင်တဲ့ ကြောက်စရာ အကြောင်းတွေကို ဖန်တီးပြီး စိုးရိမ်အောင် လုပ်နေတဲ့ အင်အားစုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အဓိက အချက်က China factor ပါ "AI ပြိုင်ပွဲမှာ အရင်နိုင်တဲ့သူက အားလုံးကို အပိုင်ရမယ်။"
White House ရဲ့ AI မူဝါဒကို ပုံဖော်သူ David Sacks ကတော့ ပိုပြီး ပြတ်သားတယ်
▪️ "မင်းတို့ lab ထဲမှာ မြင်နေတာတွေကို ငါတို့ အပြင်မှာ မမြင်ဘူး"
▪️ "အရှိန် လျှော့ချင်ရင် မင်းတို့ဘာသာ လျှော့ကြ — အစိုးရဆီက ခွင့်ပြုချက် လိုနေသလိုမျိုး လာဟန်မဆောင်နဲ့"
ရလဒ်ကတော့: အမေရိကန်မှာ တင်းကျပ်တဲ့ တရားဝင် AI regulation ဥပဒေတစ်ခု အချိန်တိုအတွင်း ထွက်ပေါ်လာဖို့ မလွယ်ကူသေးပါဘူး။

🧐 ဒီနေရာမှာ ဟန်ချက်ညီညီ ဆန်းစစ်ရမယ်
တစ်ဖက်မှာလည်း ဝေဖန်သူတွေရဲ့ အမြင်ကို မျက်ကွယ်ပြုလို့ မရပါဘူး။

Anthropic ဟာ OpenAI လောက် consumer product အခိုင်အမာ မရှိသလို၊ developer ecosystem လည်း ပိုသေးငယ်ပါတယ်။ Industry တစ်ခုလုံးသာ ဥပဒေတွေနဲ့ နှေးကွေးသွားရင် ဘယ်သူက အကျိုးအမြတ် အများဆုံး ကျန်ခဲ့မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါကြောင့် ဒါကို "Safety အကြောင်းပြချက်နဲ့ အကာအကွယ်ယူတဲ့ Regulatory Capture" လို့ တချို့က စွပ်စွဲကြတယ်။

နောက်ပြီး လက်တွေ့ကျတဲ့ အားနည်းချက်တစ်ခု ရှိပါတယ် ဘရိတ်ဆိုတာ ပြိုင်ကားအားလုံး တစ်ပြိုင်တည်း နင်းမှ အလုပ်ဖြစ်တာပါ။ Lab တစ်ခုက စည်းဖောက်ပြီး အရှိန်တင်လိုက်တာနဲ့ ကျန်တဲ့သူတွေအားလုံး ပြန်ပြေးကြရမှာပဲ။

ကျွန်တော်တို့ ယူရမယ့် သင်ခန်းစာကတော့ Amodei ရဲ့ စိုးရိမ်မှုဟာ တကယ့် အန္တရာယ်လည်း ဖြစ်နိုင်သလို၊ သူ့လုပ်ငန်းအတွက် မဟာဗျူဟာမြောက် အကွက်လည်း ဖြစ်နိုင်တယ်။ နှစ်ခုစလုံး တစ်ချိန်တည်းမှာ အမှန်ဖြစ်နေနိုင်ပါတယ်။ ဒီလို ချိန်ဆဖတ်တတ်တာက AI ခေတ်မှာ အရေးအကြီးဆုံး critical thinking skill တစ်ခုပါ။

💡 ကိုယ်တွေရဲ့ လက်တွေ့လုပ်ငန်းခွင်ဆီ ပြန်လှည့်ကြည့်ရင် ကျွန်တော်တို့ဟာ frontier lab ကြီးတွေထဲမှာ မရှိပေမဲ့ ဒီပြဿနာရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ "Agent" တွေကတော့ ကိုယ့်ရဲ့ စျေးဆိုင်၊ ကိုယ့်ရုံးခန်းနဲ့ ဖုန်း screen တွေထဲကို ရောက်နေပါပြီ။

Chatbot နဲ့ Agent ရဲ့ ခြားနားချက်ကို ဒီလို လွယ်လွယ်မှတ်ပါ
Chatbot = ကိုယ် မေးတာကိုပဲ စောင့်ဖြေတဲ့ အကူ။
Agent = Target တစ်ခု ပေးလိုက်တာနဲ့ ကိုယ့်ကို လာမမေးတော့ဘဲ ကိုယ်တိုင် ဆုံးဖြတ်ပြီး အလုပ်ကို အဆုံးထိ ဆက်လုပ်သွားတဲ့ ဝန်ထမ်း။

စွမ်းရည် ကောင်းတဲ့အခါ တကယ် အလုပ်တွင်ပေမဲ့၊ လမ်းမှားသွားတဲ့အခါ ကိုယ်မသိလိုက်ဘဲ ဆုံးရှုံးမှု ကြီးသွားတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတိုင်းအတွက် ဒီ ၃ ချက်က ရွေးချယ်စရာ မဟုတ်တော့ဘဲ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်း ဖြစ်လာပါပြီ

၁။ Human-in-the-Loop (လူက စစ်ဆေးခွင့် မလွှတ်ပါနဲ့):
ငွေလွှဲတာ၊ customer ဆီ အရေးကြီးတဲ့ email ပို့တာ၊ core system data တွေ ထုတ်ပေးတာတွေကို agent တစ်ခုတည်း လက်ထဲ အပြည့်အဝ မအပ်ပါနဲ့။ နောက်ဆုံး confirm ခလုတ်ကို လူကပဲ နှိပ်ရပါမယ်။ AI က engine ဖြစ်ပြီး၊ သင်က steering ကို ကိုင်ထားရမှာပါ။

၂။ Strict Data Privacy (အရေးကြီး အချက်အလက် မဖွင့်ပြပါနဲ့)
Customer data၊ စာချုပ်စာတမ်း၊ ဘဏ်စာရင်း၊ ID တွေကို public model တွေနဲ့ open agent တွေထဲ မထည့်ပါနဲ့။ Agent တွေက ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်တာကြောင့် data leak ဖြစ်နိုင်ခြေက အရင်ကထက် ပိုများပါတယ်။

၃။ Audit-ready Culture (အဖြေကို စစ်ဆေးနိုင်အောင် လုပ်ပါ):
AI က ထုတ်ပေးတဲ့ အဖြေကို မျက်စိမှိတ် မယုံပါနဲ့။ "ဒီအဖြေကို ဘယ်အဆင့်တွေကတစ်ဆင့် ဆုံးဖြတ်ခဲ့တာလဲ" ဆိုတာကို trace ပြန်လိုက်လို့ရတဲ့ စနစ် (Logging) ရှိရပါမယ်။

ကုန်ကျစရိတ် များနိုင်ပြီး မှားမှန်းသိဖို့ အချိန်ကြာမယ့် လုပ်ငန်းစဉ်တွေမှာ လူက စစ်ဆေးခွင့်ပြုတဲ့ အဆင့် (Human approval checkpoint) ကို မဖြစ်မနေ အရင်ဆုံး ထည့်သွင်းထားပါ။

❓ ကိုယ့်ရဲ့ လုပ်ငန်း ဒါမှမဟုတ် နေ့စဉ်အလုပ်ထဲမှာ AI ကို လူမစစ်ဘဲ အလိုအလျောက် ဆက်လုပ်ခွင့် ပေးထားတဲ့ process မျိုး ဘာတွေ ရှိနေပြီလဲ? comment မှာ အတွေ့အကြုံလေးတွေ ဝေမျှပေးသွားပါဦး။

လတ်တလော Flow တို့လို Google Services တွေနဲ့ Website တချို့ ဝင်ရခက်နေတာ၊ အရင်က သုံးနေကျ VPN တွေတောင် အလုပ်မလုပ်တော့တာနဲ့ ...
09/09/2026

လတ်တလော Flow တို့လို Google Services တွေနဲ့ Website တချို့ ဝင်ရခက်နေတာ၊ အရင်က သုံးနေကျ VPN တွေတောင် အလုပ်မလုပ်တော့တာနဲ့ ပြည်တွင်း Website တချို့ကိုပါ VPN ဖွင့်မှ ဝင်လို့ရနေတဲ့ အခြေအနေကို အားလုံးလည်း သတိထားမိကြမှာပါ။ဒါက ဘာကြောင့် ဖြစ်နေတာလဲဆိုတာ နားလည်လွယ်အောင် နည်းနည်း ရှင်းပြချင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Facebook ကို စပိတ်တုန်းက အခြေအနေကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒီတုန်းက သုံးခဲ့တဲ့ ပိတ်ဆို့မှုက အင်တာနက် အဝင်ဝမှာ လိပ်စာဆိုင်းဘုတ်ကိုပဲ လှည့်ပိတ်ထားတဲ့ (DNS Blocking / IP Blacklisting) သဘောမျိုးပါ။ ဒါကြောင့် VPN ကိုသုံးပြီး တခြားလမ်းကြောင်းကနေ အလွယ်တကူ ကွေ့ပတ်သွားတဲ့ (Tunneling) လုပ်လိုက်တာနဲ့ Facebook ကို ဘာအခက်အခဲမှမရှိ ချောချောမောမော သုံးနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း အင်တာနက် အဝင်ဂိတ် (Gateway) တွေမှာ ပိုမိုမြင့်မားတဲ့ စစ်ဆေးရေးနည်းပညာ (Deep Packet Inspection - DPI) တွေကို အသုံးပြုလာတဲ့အခါ အခြေအနေက လုံးဝ ပြောင်းလဲသွားပါပြီ။

DPI ဆိုတာ လိပ်စာဆိုင်းဘုတ်ကို စစ်တာတင် မဟုတ်တော့ဘဲ၊ သွားလာနေတဲ့ အချက်အလက် ထုပ်ပိုးမှုပုံစံတွေ (Traffic Fingerprinting) နဲ့ ချိတ်ဆက်မှု အစပြုပုံ (Handshake Signature) ကိုပါ အိတ်ဖွင့်စစ်ဆေးတဲ့ သဘောပါ။ ကိုယ်က VPN သုံးပြီး Data တွေကို ဝှက်ထားရင်တောင် "ဒါဟာ ပုံမှန်ဝက်ဘ်ဆိုက် ကြည့်နေတာ မဟုတ်ဘဲ VPN သုံးထားတဲ့ ပုံစံပဲ" လို့ စနစ်က ရိပ်မိသွားတာနဲ့ အင်တာနက်လမ်းကြောင်းကို ချက်ချင်း ဖြတ်ချပစ်လိုက်တာ (Connection Reset) ဖြစ်ပါတယ်။ ဒါကြောင့် အရင်က သုံးရလွယ်တဲ့ ရိုးရိုး VPN Protocols တွေ အခုနောက်ပိုင်း တစ်ခုပြီးတစ်ခု အလုပ်မလုပ်တော့တာပါ။

Google Services တွေ ဘာကြောင့် ပိုသုံးရခက်လာလဲဆိုရင်တော့ (IP Reputation) ကြောင့် ဖြစ်ပါတယ်။ VPN အများစု ပိတ်ခံရတဲ့အခါ လူအများအပြားက အလုပ်ဖြစ်သေးတဲ့ VPN IP လိပ်စာ အနည်းငယ်ပေါ်မှာပဲ စုပြုံပြီး သုံးကြရပါတယ်။ အဲ့ဒီအခါ Google ဘက်က လုံခြုံရေးစနစ် (Automated Bot Detection) က ဒီ IP တွေဆီကနေ ပုံမှန်မဟုတ်တဲ့ မသင်္ကာဖွယ် Traffic တွေ စုပြုံဝင်လာတယ်လို့ ယူဆပြီး CAPTCHA တွေ ထပ်ခါတလဲလဲ စစ်တာ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ယာယီ ကန့်သတ်ပိတ်ပင်တာ (Rate Limiting) တွေ လုပ်ဆောင်လာလို့ပါ။

ပြည်တွင်းက Website တချို့ကိုတောင် VPN ဖွင့်မှ ဝင်လို့ရနေရတဲ့ ကိစ္စကလည်း နည်းပညာအရ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပြည်တွင်း ဝက်ဘ်ဆိုက်တွေ ဖြစ်ပေမဲ့ သူတို့ရဲ့ Database တွေ၊ Server တွေနဲ့ စာလုံးဖောင့်၊ ပုံရိပ်တွေကို သယ်ဆောင်ပေးတဲ့ (Content Delivery Network - CDN) တွေဖြစ်တဲ့ Cloudflare, AWS စတာတွေက နိုင်ငံတကာ ဆာဗာတွေပေါ်မှာ တည်ရှိနေတာပါ။

Gateway ဘက်ကနေ ပြည်ပ IP လမ်းကြောင်းတွေကို သိမ်းကျုံး ကန့်သတ်လိုက်တဲ့အခါ (IP Range Filtering) ကြောင့် ပြည်တွင်းကနေ တိုက်ရိုက်ခေါ်ရင် အဲ့ဒီ Server တွေနဲ့ မချိတ်ဆက်နိုင်တော့ဘဲ၊ VPN ဖွင့်ပြီး ပြည်ပလမ်းကြောင်း (Routing) ကနေ ပြန်လှည့်ဝင်မှ Website တစ်ခုလုံး ပွင့်လာတာမျိုး ဖြစ်ရတာပါ။

ဒစ်ဂျစ်တယ် လွတ်လပ်ခွင့်ကို ဘယ်လောက်ပဲ ထိန်းချုပ်ပိတ်ပင်နေပါစေ၊ နည်းပညာပိုင်းအရ နောက်ကွယ်မှာ ဘာတွေ တကယ်ဖြစ်နေလဲဆိုတာကို မျက်စိမလည်ဘဲ အားလုံး နားလည်သဘောပေါက်စေဖို့ ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

🎁 Special 10% Discount for My Followers!ကျွန်တော်ကိုယ်တိုင် Trainer အဖြစ်ပါဝင်မယ့် Genplex AI ရဲ့ AI Agent & Automation ...
09/07/2026

🎁 Special 10% Discount for My Followers!
ကျွန်တော်ကိုယ်တိုင် Trainer အဖြစ်ပါဝင်မယ့် Genplex AI ရဲ့ AI Agent & Automation Course (Batch 1) အတွက် Promo Code "ALEX2026" သုံးပြီး သင်တန်းကြေးကို 10% OFF Discount ရယူနိုင်ပါပြီ။

🤖 နေ့တိုင်း ထပ်တလဲလဲ လုပ်နေရတဲ့ manual အလုပ်တွေ၊ Data Entry တွေနဲ့ Customer Reply ပြန်ရတာတွေကို AI နဲ့ အလိုအလျောက် automate လုပ်ချင်နေပြီလား?

Website တည်ဆောက်ခြင်းကနေ Customer Support, Lead Collection နဲ့ Data Entry အထိ Business Process တစ်ခုလုံးကို Smart ဖြစ်သွားစေမယ့် 🚀 AI Agent & Automation Course (Batch 1) ကို မကြာခင် စတင်တော့မှာပါ။

ဒီ Class မှာ Coding Experience လုံးဝ မရှိသေးသူတွေလည်း လိုက်ပါသင်ယူနိုင်ပြီး အသုံးများတဲ့ AI နဲ့ Automation Tools (၅) မျိုးကို Practical Projects တွေနဲ့အတူ ကျွန်တော်နဲ့အတူ လက်တွေ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

🛠️ သင်ယူရမယ့် Tools (၅) မျိုး—
🌐 Manus AI — AI နဲ့ Website, Landing Page နဲ့ Marketing Strategy များကို လျင်မြန်စွာ တည်ဆောက်ခြင်း

🤖 Coze — ကိုယ်ပိုင် AI Agent ဖန်တီးပြီး Telegram Customer Support Agent အဖြစ် အသုံးချခြင်း

💬 ManyChat — Facebook Comment မှတစ်ဆင့် Messenger Auto Reply နှင့် Lead Collection အထိ Smart Automation ပြုလုပ်ခြင်း

⚙️ n8n — Apps မျိုးစုံ ချိတ်ဆက်ပြီး Logic ပါဝင်တဲ့ AI Workflows တွေ တည်ဆောက်ခြင်း

⚡ Zapier — Business Applications များ၊ Google Sheets နှင့် Data Entry အလုပ်များကို အလိုအလျောက် ချိတ်ဆက် run စေခြင်း

သင်တန်းပြီးဆုံးချိန်မှာ Tool တွေအကြောင်း သိရုံတင်မကဘဲ ကိုယ့်လုပ်ငန်းနဲ့ နေ့စဉ်အလုပ်တွေထဲ တကယ် ထည့်သွင်းအသုံးချနိုင်မယ့် AI Agents & Workflows တွေကို ကိုယ်တိုင် ဖန်တီးလာနိုင်မှာပါ။

📅 Class Details
📅 Start Date — 2 October 2026
🗓️ Class Days — Friday & Sunday
⏰ Time — 7:00 PM to 8:30 PM
⏳ Duration — 5 Weeks
💻 Platform — Live via Zoom
(with Promo Code: ALEX2026)
👨‍🏫 Trainer — Min Khant Ko Ko

AI ကို ရိုးရိုး အသုံးပြုသူ အဆင့်ကနေ ကိုယ်ပိုင် AI Agent နဲ့ Automation System တွေကို စိတ်ကြိုက် တည်ဆောက်နိုင်သူတစ်ယောက်အဖြစ် အဆင့်မြှင့်တင်လိုက်ပါ။

📩 သင်တန်းအပ်နှံရန် — Genplex Ai Page Messenger မှာ Promo Code "ALEX2026" လို့ စာပို့ပြီး 10% Discount နဲ့ အပ်နှံနိုင်ပါတယ်။
မူရင်း Post: https://www.facebook.com/share/p/1Aagy7LCRp/

ဒီလထဲမှာ Genplex ကနေပထမဆုံး Agent & Automation Course ဖွင့်ဖို့ရှိပါတယ်။ အသေးစိတ်ကိုဒီမှာစုံစမ်းနိုင်ပါတယ်။ 👇👇
09/04/2026

ဒီလထဲမှာ Genplex ကနေပထမဆုံး Agent & Automation Course ဖွင့်ဖို့ရှိပါတယ်။ အသေးစိတ်ကိုဒီမှာစုံစမ်းနိုင်ပါတယ်။ 👇👇

09/03/2026

Christian Dior in Yangon 💄
Fable 5.1 ကတော့ prompt ပိုင်းဖြစ်ပါတယ် ကျန်တာကတော့ Gemini Omni 1.1 Flash + Seedance 2.5 Model တွေရဲ့ပေါင်းစပ်မှုပါ။

08/25/2026

AI ခေတ်မှာ ပိုကြောက်ဖို့ကောင်းလာတဲ့ Cyber တိုက်ခိုက်မှုတွေကို ဘယ်လိုကာကွယ်မလဲ? User တိုင်း မဖြစ်မနေ သိထားသင့်တဲ့ အချက်များ 🛡️⚡

AI တွေ တစ်နေ့ထက်တစ်နေ့ ပိုထက်မြက်လာတာနဲ့အမျှ တစ်ဖက်မှာ Cyber Attack တွေနဲ့ Hacking နည်းလမ်းတွေကလည်း အရင်ကထက် အဆပေါင်းများစွာ ပိုပါးနပ်လာပါတယ်။

အရင်တုန်းက Phishing မေးလ်တွေဆိုရင် စာလုံးပေါင်းမှားတာ၊ Grammar အချိတ်အဆက် မမိတာမျိုးနဲ့ ခွဲခြားရ လွယ်ပေမဲ့ အခုခေတ် Attackers တွေက LLM တွေနဲ့ Generative AI တွေကို သုံးပြီး အမှားအယွင်းမရှိတဲ့ Hyper-personalized တိုက်ခိုက်မှုတွေကို ဖန်တီးလာကြပါပြီ။

ဒါဆို AI-powered တိုက်ခိုက်မှုတွေက ဘယ်လိုပုံစံတွေနဲ့ လာတတ်သလဲ? ကိုယ့်ဘက်က ဘယ်လို ကာကွယ်ရမလဲဆိုတာ လေ့လာကြည့်ရအောင်။

AI ကို အသုံးချပြီး ပြုလုပ်လာတဲ့ အဓိက Hacking & Scam ပုံစံများ ⚠️
AI-Generated Phishing & Social Engineering: ကိုယ့်ရဲ့ Social Media Footprint နဲ့ Data တွေကို AI နဲ့ လေ့လာပြီး ကိုယ်နဲ့ ရင်းနှီးတဲ့သူ၊
လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် Organization တစ်ခုခုရဲ့ အရေးပေါ် လေသံအတိုင်း အတိအကျ တုပထားတဲ့ Email/Message တွေ ပို့လာခြင်း။

Deepfake Voice & Video Impersonation: မိသားစုဝင်၊ မိတ်ဆွေ ဒါမှမဟုတ် ကိုယ့်ရဲ့ CEO အသံနဲ့ ပုံစံအတိုင်း Voice Cloning နဲ့ Video Deepfake ပြုလုပ်ပြီး ငွေလွှဲခိုင်းတာ ဒါမှမဟုတ် OTP တောင်းတာမျိုးတွေ လုပ်ဆောင်ခြင်း။
Polymorphic Malware: AI ကိုသုံးပြီး File Hash နဲ့ Code တွေကို အချိန်နဲ့အမျှ ပုံစံပြောင်းလဲစေတာကြောင့် ရိုးရိုး Traditional Antivirus တွေ အလွယ်တကူ Detect မလုပ်နိုင်တဲ့ Malware အမျိုးအစားများ။

User အနေနဲ့ လုံခြုံအောင် ဘယ်လို ကြိုတင်ကာကွယ်မလဲ? 🔐

MFA (Multi-Factor Authentication) သုံးပါ: ရိုးရိုး SMS OTP ထက် Authenticator App (Google Authenticator, Microsoft Authenticator) ဒါမှမဟုတ် Hardware Security Key (Passkeys/FIDO2) တွေကို သုံးတာက AI Phishing ကြောင့် Password ပေါက်ကြားသွားရင်တောင် Account ကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။

Out-of-Band Verification ပြုလုပ်ပါ: အရေးပေါ် ငွေလွှဲခိုင်းတာ၊ OTP တောင်းတာ ဒါမှမဟုတ် အရေးကြီး အချက်အလက် တောင်းခံလာတဲ့အခါ (Voice/Video Call ဖြစ်နေရင်တောင်) အခြား လမ်းကြောင်းတစ်ခု (ဥပမာ- ဖုန်းတိုက်ရိုက်ခေါ်ခြင်း၊ လူချင်းတွေ့ဆုံခြင်း) ကနေ Confirm ပြန်လုပ်ပါ။

Personal Data Oversharing ကို လျှော့ချပါ: Social Media ပေါ်မှာ ကိုယ့်ရဲ့ အသံဖိုင်၊ မိသားစုအကြောင်း၊ လုပ်ငန်းခွင် အခြေအနေတွေကို Public အလွန်အကျွံ တင်တာမျိုးကို ဆင်ခြင်ပါ။ Attackers တွေက ဒီဒေတာတွေကို AI Scraping လုပ်ပြီး Target Attack တွေအတွက် အသုံးချတတ်ပါတယ်။
AI Security Tools & Browser Protections သုံးပါ: AI-based Threat Detection ပါဝင်တဲ့ Browsers, Email Filters နဲ့ Endpoint Security Software တွေကို Update အမြဲ ပြုလုပ်ထားပါ။

AI နည်းပညာတွေ ဘယ်လောက်ပဲ ထက်မြက်လာပါစေ၊ နောက်ဆုံး Security ရဲ့ အဓိကအကျဆုံး အကာအကွယ်ကတော့ "Zero Trust" (ချက်ချင်းမယုံဘဲ အမြဲ Verify လုပ်တဲ့ အလေ့အကျင့်) ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ နေ့စဉ် Digital Life မှာရော AI Scam ဒါမှမဟုတ် သံသယဖြစ်ဖွယ် တိုက်ခိုက်မှုမျိုးတွေ ကြုံဖူးပါသလား? ဘယ်လို ကာကွယ်ထားလဲဆိုတာ ဆွေးနွေးပေးသွားကြပါဦး။

အေအိုင်ထဲထည့်လိုက်တဲ့လူပုံတွေဘာကြောင့်မျက်နှာမှားပြီးပြန်ထွက်လာလဲ❓❔AI နဲ့ ပုံတွေ Generate လုပ်တဲ့အခါ၊ အထူးသဖြင့် ကိုယ့်ပ...
08/19/2026

အေအိုင်ထဲထည့်လိုက်တဲ့လူပုံတွေဘာကြောင့်မျက်နှာမှားပြီးပြန်ထွက်လာလဲ❓❔

AI နဲ့ ပုံတွေ Generate လုပ်တဲ့အခါ၊ အထူးသဖြင့် ကိုယ့်ပုံ ဒါမှမဟုတ် သူငယ်ချင်းပုံကို Reference အနေနဲ့ ထည့်ပြီး တခြားပုံစံ ပြောင်းခိုင်းတဲ့အခါ မျက်နှာက တခြားစီ ဖြစ်သွားတာမျိုး ခဏခဏ ကြုံဖူးကြမှာပါ။ Reference Image ပေးထားရက်နဲ့ ဘာလို့ မျက်နှာ ပုံစံ မှားထွက်လာရတာလဲ? 🧑‍🦰👱

အဓိက အကြောင်းအရင်းကတော့ AI (Diffusion Models) တွေရဲ့ အလုပ်လုပ်ပုံ သဘောတရားကြောင့်ပါ။

AI က ပုံကို ဓာတ်ပုံလို မမှတ်မိဘူး: ကျွန်တော်တို့ ပုံတစ်ပုံကို AI ထဲ ထည့်လိုက်တဲ့အခါ၊ AI က အဲဒီပုံကို လူလိုမျိုး "မျက်စိနဲ့ ကြည့်" ပြီး မှတ်သားတာ မဟုတ်ပါဘူး။ သူက ပုံထဲက Pixel values တွေကို Numbers (vectors) တွေအဖြစ် ပြောင်းလဲပြီး Latent Space ဆိုတဲ့ နေရာမှာ အဓိပ္ပာယ် ဖွင့်ဆိုချက်အနေနဲ့ပဲ သိမ်းဆည်းလိုက်တာပါ။ ဒီလို ပြောင်းလဲတဲ့ ဖြစ်စဉ်မှာ မျက်နှာရဲ့ အသေးစိတ် သွင်ပြင်လက္ခဏာတွေ (Facial Features) ထက် ပုံရဲ့ ယေဘုယျ သဘောတရား (Style, Composition, Lighting) တွေကိုပဲ ပိုပြီး ဦးစားပေး မှတ်သားမိတတ်ပါတယ်။

အစကနေ ပြန်ဆွဲတဲ့ သဘော: Image-to-Image လုပ်တဲ့အခါ AI က မူရင်းပုံကို ယူပြီး ပြင်ဆင်တာ မဟုတ်ပါဘူး။ မူရင်းပုံအပေါ် Noise (အဖြူအမည်းစက်များ) ထည့်လိုက်ပြီး၊ အဲဒီ Noise တွေကြားထဲကနေမှ ကိုယ်ပေးတဲ့ Prompt နဲ့ Reference Data ကို အသုံးပြုပြီး ပုံအသစ်တစ်ခုကို အစကနေ ပြန်လည် ဖန်တီး (Generate) တာပါ။ ဒီ Denoising Process မှာ Reference Image ရဲ့ မျက်နှာ သွင်ပြင်ထက် Text Prompt က ပိုပြီး လွှမ်းမိုးသွားရင် မျက်နှာပုံစံက ပြောင်းလဲသွားတတ်ပါတယ်။

မျက်နှာပုံစံ မမှားအောင် ဘယ်လို ပြင်ဆင်/ထိန်းချုပ်ရမလဲ?

ကိုယ့် Reference Image ထဲက မျက်နှာ သွင်ပြင်ကို တတ်နိုင်သမျှ တူတူညီညီ ပြန်ရချင်ရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်

✅ အလွယ်ဆုံးနည်းကတော့ ကြည်လင်တဲ့ Resolution ကောင်းမျက်နှာပုံတစ်ခုကို မျက်နှာပဲသီးသန့် သေချာစွာ cut ၍ထည့်သုံးပါ။

အခြားနည်းတွေမှာတော့
✅ LoRA (Low-Rank Adaptation) Models သုံးခြင်း
ဒါက အထိရောက်ဆုံး နည်းလမ်းပါ။ ကိုယ့်မျက်နှာ (သို့မဟုတ်) သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ မျက်နှာ အချက်အလက်တွေကိုပဲ သီးသန့် Dataset အနေနဲ့ AI ကို Training ပေးထားတဲ့ LoRA Model သေးသေးလေးတွေကို အသုံးပြုတာပါ။ Image-to-Image လုပ်တဲ့အခါ အဲဒီ LoRA ကိုပါ တွဲသုံးရင် မျက်နှာသွင်ပြင်ကို တိတိကျကျ ပြန်ရနိုင်ပါတယ်။

✅ Denoising Strength ကို ချိန်ညှိခြင်း: Image-to-Image Setting မှာ 'Denoising Strength' (သို့မဟုတ် Image Strength) ဆိုတာ ရှိပါတယ်။ ဒါက မူရင်းပုံကို ဘယ်လောက်အထိ ပြောင်းလဲပစ်မလဲဆိုတာကို သတ်မှတ်တာပါ။ မျက်နှာ တူချင်ရင် Denoising Strength ကို လျှော့သုံးရပါမယ် (ဥပမာ- 0.3 ကနေ 0.5 ကြား)။ Strength များလေလေ (ဥပမာ- 0.7 ကျော်ရင်) မူရင်းမျက်နှာနဲ့ ဝေးကွာပြီး ပုံစံအသစ် ထွက်လာလေလေ ဖြစ်ပါလိမ့်မယ်။

✅ Face Restoration/Refinement Tools သုံးခြင်း: ပုံ Generate လုပ်ပြီးသွားမှ မျက်နှာက နည်းနည်း လွဲနေရင် Stable Diffusion လိုမျိုး Platform တွေမှာပါတဲ့ 'GFPGAN' ဒါမှမဟုတ် 'CodeFormer' လိုမျိုး Face Restoration Tools တွေကို သုံးပြီး မျက်နှာကို ပြန်လည် ပြုပြင်/ချောမွေ့အောင် လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Automatic1111 ရဲ့ 'Adetailer' (After Detailer) extension ကို သုံးရင် ပုံဆွဲနေရင်းနဲ့ မျက်နှာကို သီးသန့် ထပ်ပြီး Mask လုပ်ကာ အသေးစိတ် ပြန်ဆွဲပေးတဲ့အတွက် မျက်နှာပုံစံ ပိုပြီး တိကျလာပါလိမ့်မယ်။

ဒီနည်းလမ်းတွေကို ပေါင်းစပ် အသုံးပြုခြင်းအားဖြင့် AI ကနေ Reference Image ထဲက မျက်နှာနဲ့ တူညီတဲ့ ပုံရိပ်တွေကို ပိုမို ထိန်းချုပ် ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

Image Generation မှာ ကိုယ်တိုင် အသုံးအများဆုံး နည်းလမ်းကရော ဘာဖြစ်မလဲ? Text Prompt သီးသန့်လား၊ ဒါမှမဟုတ် Reference Image တွေနဲ့ တွဲသုံးတာလား? Comment မှာ ပြောသွားကြပါဦး။ 🚀

#အေအိုင်

🎓 Stanford ရဲ့ AI Agent Course ကိုအခမဲ့လေ့လာလိုက်ပါ။ကျွန်တော်တို့ ၂၀၂၅-၂၀၂၆ မှာ AI Agent တွေနဲ့ ပိုပြီး ရင်းနှီးလာခဲ့ကြပ...
08/15/2026

🎓 Stanford ရဲ့ AI Agent Course ကိုအခမဲ့လေ့လာလိုက်ပါ။
ကျွန်တော်တို့ ၂၀၂၅-၂၀၂၆ မှာ AI Agent တွေနဲ့ ပိုပြီး ရင်းနှီးလာခဲ့ကြပါတယ်။ ခိုင်းလိုက်တဲ့ ပန်းတိုင် (Goal) ရောက်အောင် ကိုယ်တိုင် စဉ်းစားပြီး Tool တွေ လှမ်းသုံးပေးနိုင်တဲ့ အဆင့်အထိ Agentic AI တွေက တိုးတက်လာခဲ့တာပါ။

ဒါပေမဲ့ အခု Stanford တက္ကသိုလ်ရဲ့ CS329A (Self-Improving AI Agents) Course ကတော့ AI Agent တွေကို နောက်တစ်ဆင့် လုံးဝ မတူတဲ့ အဆင့်ဆီ ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

အဲဒါကတော့ AI ကို အမြဲတမ်း လူက လိုက်ပြီး Prompt တွေ ပြင်ပေးနေရတာမျိုး မဟုတ်တော့ဘဲ... Agent တွေက သူတို့ရဲ့ အမှားနဲ့ အတွေ့အကြုံကနေ ကိုယ်တိုင် ပြန်လည် သင်ယူပြီး ပိုတော်လာအောင် လုပ်ဆောင်နိုင်ခြင်း (Self-Improvement) ပဲ ဖြစ်ပါတယ်။

💡 Stanford CS329A ကနေ ကျွန်တော်တို့ ဘာတွေ လေ့လာခွင့်ရမလဲ?
၁။ Reflection & Self-Correction Loop (ကိုယ့်အမှားကိုယ် ပြန်လည်ဆန်းစစ်ခြင်း)
AI Agent တစ်ခုဟာ အလုပ်တစ်ခုကို ဆောင်ရွက်ပြီးတဲ့အခါ ရလဒ် မှန်မမှန် Ex*****on ကို ကိုယ်တိုင် Evaluate ပြန်လုပ်ပါတယ်။ အမှားပါသွားရင် ဘာကြောင့် မှားတာလဲဆိုတာကို Reflection ပြန်ထုတ်ပြီး နောက်တစ်ကြိမ်မှာ Prompt သို့မဟုတ် Strategy ကို ကိုယ်တိုင် ပြန်လည် ပြင်ဆင်အသုံးပြုသွားတာပါ။

၂။ RL & Synthetic Data Fine-tuning (ကိုယ်တိုင် လေ့ကျင့်ယူခြင်း)
အမြဲတမ်း လူတွေဆီက Data အသစ်တွေ အများကြီး ပေးနေစရာ မလိုဘဲ၊ Agent အချင်းချင်း တုန့်ပြန်ဆောင်ရွက်မှု (Multi-Agent Interaction) ဒါမှမဟုတ် Environment နဲ့ စမ်းသပ်မှုတွေကနေ ရလာတဲ့ Synthetic Data တွေကို အသုံးပြုပြီး Reinforcement Learning (RL) နဲ့ Model ကို ပိုမို အစွမ်းထက်အောင် Fine-tune လုပ်တဲ့ နည်းလမ်းတွေကို လေ့လာရမှာ ဖြစ်ပါတယ်။

၃။ Memory Architecture & Dynamic Tool Adaptation
Agent တစ်ခုက လုပ်ဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို Long-term Memory စနစ်မှာ စနစ်တကျ သိမ်းဆည်းထားပြီး၊ နောက်တစ်ကြိမ် တူညီတဲ့ စိန်ခေါ်မှုတွေ ရောက်လာတဲ့အခါ ဘယ် Tool ကို ဘယ်လို ထိရောက်စွာ သုံးရမလဲဆိုတာကို ကိုယ်တိုင် Adapt လုပ်သွားနိုင်မှာပါ။

⚙️ ကျွန်တော်တို့အတွက် ဘာကြောင့် အရေးပါသလဲ?
အနာဂတ် AI Development မှာ AI ကို ဘယ်လို စာရေးခိုင်းရမလဲ (Prompt Engineering) ဆိုတာထက် AI Agent တွေ ကိုယ်တိုင် တိုးတက် အဆင့်မြှင့်တင်နိုင်မယ့် Autonomous Ex*****on & Feedback Systems တွေကို ဘယ်လို Architecture ဆွဲမလဲဆိုတာက ပိုပြီး အဓိကကျလာတော့မှာပါ။

🎁 အခမဲ့ လေ့လာနိုင်ဖို့ PDF File ပေးထားပါတယ်!
ဒီ Stanford CS329A Course ရဲ့ Lecture Video Link တွေနဲ့ လေ့လာစရာ Resource အားလုံးကို တစ်နေရာတည်းမှာ ကြည့်လို့ရအောင် PDF File အဖြစ် စနစ်တကျ စုစည်းပေးထားပါတယ်။

PDF File ကို အခမဲ့ Download ဆွဲပြီး လေ့လာချင်ရင်တော့ Comment မှာ Link ဝင်ယူလို့ ရပါတယ်နော်! 📥👇

08/11/2026

အေအိုင်အေးဂျင့်တွေ အေအိုင် Tool တွေမှာတွေ့ရတတ်တဲ့ Skills, Plugins နဲ့
Connector ဆိုတာဘာလဲ...?

အခု Video ကို Claude AI ကဖန်တီးပေးထားတာပါ။

#အေအိုင်

OpenAI က မကြာသေးခင်ကပဲ ChatGPT မှာ Ads တွေ စမ်းသပ်ထည့်သွင်းနေတဲ့ အကြောင်းကို တရားဝင် ကြေညာလိုက်ပါတယ်။ အရင်က ရိုးရိုးသုံး...
08/04/2026

OpenAI က မကြာသေးခင်ကပဲ ChatGPT မှာ Ads တွေ စမ်းသပ်ထည့်သွင်းနေတဲ့ အကြောင်းကို တရားဝင် ကြေညာလိုက်ပါတယ်။ အရင်က ရိုးရိုးသုံးနေရာကနေ ကြော်ငြာတွေ မြင်ရတော့မယ်ဆိုတော့ ကိုယ့်ရဲ့ နေ့စဉ် အသုံးပြုမှုတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိလာမလဲဆိုတာ ကျွန်တော်တို့ လေ့လာကြည့်ရအောင်။

အဓိက သိထားသင့်တဲ့ အချက် (၄) ချက်

၁။ ဘယ်သူတွေဆီမှာ Ads တွေ ပေါ်မလဲ? 👥
Free နဲ့ Go subscription tier သုံးတဲ့သူတွေဆီမှာပဲ ပေါ်မှာပါ။ ကိုယ်က Plus, Pro, Business ဒါမှမဟုတ် Enterprise လို Premium အကောင့်တွေ သုံးနေတယ်ဆိုရင်တော့ ကြော်ငြာ လုံးဝ (လုံးဝ) ပေါ်မှာ မဟုတ်ပါဘူး။

၂။ အဖြေတွေကို လွှမ်းမိုးမှု ရှိမလား? (Answer Independence) 🤖
အရေးအကြီးဆုံးအချက်က Ads တွေဟာ ChatGPT ရဲ့ အဖြေ (Answers) တွေကို လွှမ်းမိုးမှု ရှိမှာ မဟုတ်ပါဘူး။ ဥပမာ - ကြော်ငြာရှင်က ပိုက်ဆံပေးထားလို့ သူ့အကြောင်း ပိုကောင်းအောင် ဖြေပေးတာမျိုး လုပ်ခွင့်မရှိပါဘူး။ Ads နဲ့ Organic Answer ကို ရှင်းရှင်းလင်းလင်း သီးသန့်ခွဲခြားပြီး ပြသပေးသွားမှာပါ။

၃။ ကိုယ့်ရဲ့ Data တွေ လုံခြုံပါ့မလား? (Privacy & Data) 🔒
ကြော်ငြာရှင် (Advertisers) တွေက ကျွန်တော်တို့ရဲ့ Chat history တွေ၊ Personal details တွေကို ဝင်ကြည့်လို့ မရပါဘူး။ ပြီးတော့ အသက် ၁၈ နှစ်အောက် အကောင့်တွေ၊ ဆေးဘက်ဆိုင်ရာ ဒါမှမဟုတ် နိုင်ငံရေး စတဲ့ Sensitive ဖြစ်တဲ့ အကြောင်းအရာတွေမှာ Ads တွေကို ပြသမှာ မဟုတ်ပါဘူး။

၄။ ဒါက AEO လား? ဒါမှမဟုတ် ရိုးရိုး Ads Slot လား? 🤔
Marketer တွေ အနေနဲ့ အဓိက သိချင်ကြမယ့် အချက်ပါ။ OpenAI ရဲ့ ကြေညာချက်အရဆိုရင် ဒါဟာ AEO (Answer Engine Optimization - AI က ကိုယ့် Brand ကို organic အဖြေထဲ ထည့်သွင်းဖြေကြားပေးတာမျိုး) မဟုတ်ပါဘူး။ Google Search မှာလိုပဲ Organic Answer တွေနဲ့ Sponsored Ads တွေကို သီးသန့်ခွဲခြားပြသသွားမယ့် "Ads Slot" သက်သက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် AI ရဲ့ အဖြေကို ပိုက်ဆံပေးပြီး လွှမ်းမိုးလို့ မရပါဘူး။

လက်ရှိတော့ US, UK, Mexico, Brazil, Japan စတဲ့ နိုင်ငံတွေမှာပါ တဖြည်းဖြည်း တိုးချဲ့စမ်းသပ်နေပါပြီ။
ကိုယ့်အနေနဲ့ကော ChatGPT မှာ Ads တွေ ပါလာမယ့်အပေါ် ဘယ်လိုမြင်လဲ? ကိုယ့်ရဲ့ လုပ်ငန်းအတွက်ရော ဒီ Ads တွေက အခွင့်အလမ်း တစ်ခု ဖြစ်လာနိုင်မလား? Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြပါဦး။ 👇

Address

New York, NY

Alerts

Be the first to know and let us send you an email when Alex's Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alex's Vlog:

Shortcuts

Share