The Chin Journal

The Chin Journal Empowering the Voices of Chin Ethnic Minoirty in Myanmar. The Chin Journal (TCJ) was founded by enthusiastic Chin youngsters from Australia and Myanmar in 2016.
(1)

Our aim is to deliver accurate information to the Chin people, and bring out the voice of the Chin people. We cover breaking news, politics, economics, sports and social issues affecting Chin society. As a part of the expansion of our operation, we have published news in both Chin and Burmese languages since 2021. The Chin Journal always tries to bring you the most accurate information as soon as it breaks. You can contact us at [email protected].

ချင်းပူးပေါင်းတပ်ဖွဲ့နဲ့ စကမတပ် အကြားတိုက်ပွဲအတွင်း စကမ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်အပါအ၀င် အင်အား ၁၀၀ ခန့်ကို ချင်းပူးပေါင...
11/18/2025

ချင်းပူးပေါင်းတပ်ဖွဲ့နဲ့ စကမတပ် အကြားတိုက်ပွဲအတွင်း စကမ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်အပါအ၀င် အင်အား ၁၀၀ ခန့်ကို ချင်းပူးပေါင်းတပ်ချေမှူန်း

ချင်းဂျာနယ်၊ နိုဝင်ဘာလ ၁၈ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ကလေးမြို့နယ်နှင့် ဂန့်ဂေါ်မြို့နယ်တို့တွင် ချင်းပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင် (စကမ) တပ်အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စကမ ဖက်တပ်ဖက်မှ ဗိုလ်မှူး၊ဗိုလ်ကြီး အဆင့် အရာရှိများ အပါအဝင် ရန်သူအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ချင်းလဲန်းအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသော ချင်းလဲန်အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)ဟာ ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြားတွင် မိတ်ဖက် Vakok PDF အပါအဝင် ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Yaw Defense Force (YDF) စသည့် မဟာမိတ်အဖွဲ့များနှင့် လက်တွဲပြီး စကမတပ်ကို တိုက်ခိုက်နေပါတယ်။

စကမမှ နိုဝင်ဘာလ ၆ ရက်တွင် တိုက်လေယာဉ် ဖြင့် လေးကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် ခုနှစ်ကြိမ်၊ Y-12 ဖြင့် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်တွင် နှစ်ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် နှစ်ကြိမ်၊ Y-12 ဖြင့် ဗုံးအလုံး ၅၀ ခန့်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ပါသည်။

ချင်းလဲန်းအစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၂) လည်း ဖလမ်းမြို့နှင့်ဝေဘူလမြို့အကြားတွင်လည်းကောင်း၊ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့အကြားတွင်လည်းကောင်း Chin National Defense Force (CNDF) ၊ PDF Zoland စသည့် မိတ်ဖက်အဖွဲ့များနှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ရန်သူစကမမှ နိုဝင်ဘာလ ၁၇ ရက်တွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်၊ Y-12 ဖြင့် တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။

စကမဖက်မှ လေယာဉ်နှင့် ဒရုန်းတို့ကို အားပြုပြီး အပြင်းအထန်တိုက်ခိုက်နေသော်လည်း ချင်းလဲန်အစိုးရတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များဟာ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိ စကမ အရာရှိများ အပါအဝင် ရန်သူအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည့်အပြင် စစ်သုံ့ပန်းတစ်ချို့ကိုလည်းဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းလဲန်းအစိုရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

11/17/2025

ရောင်နီ live လေးအမေားပြေကြည့်ရအောင်လို့တင်ပေးတာပါ

11/16/2025

Yaung Ni live လေးပါ

11/16/2025

ရောင်နီliveလင်းလင်းနှင့်အဖွဲ့တွေပါ

ဟားခါးမြို့နယ် ဇာထာလ်‌ရွာ စာသင်ကျောင်းကို စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက် ချင်းဂျာနယ်၊ အောက်တိုဘာ ၂၁ ချင်းပြည်နယ်၊ ဟားခ...
10/21/2025

ဟားခါးမြို့နယ် ဇာထာလ်‌ရွာ စာသင်ကျောင်းကို စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်

ချင်းဂျာနယ်၊ အောက်တိုဘာ ၂၁

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဇာထာလ် (Zathal) ကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်မှ အောက်တိုတာ ၂၁ရက် နံနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

နံနက်ပိုင်း ၁နာရီ၀န်ကျင်မှာ စစ်ကော်မရှင်က ဇာထာလ်ရွာ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး ၃ကြီမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆဲန်ထန်းကောင်စီက အသိပေးပါတယ်။

အခုလို စစ်ကော်မရှင်မှ ကလေးသူငယ်နှင့် ပြည်သူများအပေါ် ပြစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဆဲန်ထန်းကောင်စီက ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနဲ့ နေအိမ်ထိခိုက်မှုအခြေ‌အနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အောက်တိုဘာ ၁၃ရက်နေ့ကလည်း ဟားခါးမြို့နယ် ဗန်ဟား (Vanha) ရွာ စာသင်ကျောင်းကို စစ်ကော်မရှင်မှ ဗုံးကြဲတိုက်ခိုက်လို့ ‌၁၂နှစ် နဲ့ ၈နှစ်အရွယ် ကလေး ၂ဦးသေဆုံးပြီး ၁၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြပါတယ်။

CDF-Hakha နဲ့ CNA မှ အထူးမစ်ရှင်ဖြင့် တော်လှန်ရေးရဲဘော် ၅ဦးနဲ့ အခြားအကျဉ်းသား ၁၀ဦးကို ကယ်ထုတ် ချင်းဂျာနယ်၊ အောက်တိုဘာ ၁၆...
10/16/2025

CDF-Hakha နဲ့ CNA မှ အထူးမစ်ရှင်ဖြင့် တော်လှန်ရေးရဲဘော် ၅ဦးနဲ့ အခြားအကျဉ်းသား ၁၀ဦးကို ကယ်ထုတ်

ချင်းဂျာနယ်၊ အောက်တိုဘာ ၁၆

ဟားခါးမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံရသော တော်လှန်ရေး ရဲဘော် ၅ဦးနဲ့ အခြားအကျဉ်းသား ၁၀ဦးတို့ကို ယနေ့ အောက်တိုဘာ ၁၆ရက်နေ့ နံနက်ပိုင်းတွင် CDF-Hakha နဲ့ CNA တပ်ဖွဲ့၀င်တွေက ကယ်ထုတ်နိုင်ခဲ့ကြောင်း CDF-Hakha မှ ထုတ်ပြန်ထားပါတယ်။

CDF-Hakha နဲ့ CNA တို့ကယ်ထုတ်ခဲ့သော အဆိုပါ အကျဉ်းသား ၁၅ဦးထဲတွင် CDF-Hakha ရဲဘော် ၃ဦးနဲ့ CNA ရဲဘော် ၂ဦးလည်ူပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။

နံနက်ပိုင်း ၂:၃၀ ခန်းမှာ ဟားခါးမြို့မရဲစခန်းကို CDF-Hakha နဲ့ CNA တပ်ဖွဲ့၀င်တွေက ၀င်ရောက်စီးနင်းခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကော်မရှင် ရဲတပ်ဖွဲ့၀င် ၆ဦးသေဆုံးပြီး CDF-Hakha မှ ရဲဘော်တစ်ဦးကျဆုံးတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာလည်း CDF-Hakha တပ်ဖွဲ့၀င်တွေက ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသား ၆၂ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

#ချင်းဂျာနယ်

ချွန်ကျုံးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ယောက်အပါအ၀င် မိသားစု၀င် ၄ဦး သေဆုံး ချင်းဂျာနယ်၊ ဒီဇင်ဘာ ၁၀ရက် ချ...
12/10/2024

ချွန်ကျုံးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ယောက်အပါအ၀င် မိသားစု၀င် ၄ဦး သေဆုံး

ချင်းဂျာနယ်၊ ဒီဇင်ဘာ ၁၀ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ၁၄ မိုင်ခန့်အကွာတွင်တည်ရှိသည့် ဟားခါး-ဖလမ်းကားလမ်းမပေါ်ရှိ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်အပါအ၀င် မိသားစု၀င် ၄ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၀ရက်နေ့ နံနက်ပိုင်း ၂နာရီအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ချွန်ကျုံးကျေးရွာကို စစ်ကောင်စီမှ တိုက်လေယာဉ် တစ်စင်းဖြင့် ဗုံး ၂လုံးကြဲချခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်အိမ်တည်းနေ မိသားစု၀င်များဖြစ်ကြသည့် ဦးရမ်ကျုံး (၆၆နှစ်)၊ ဒေါ်တီာလ်ပူမ် (၆၅နှစ်)၊ ဒေါ်ရွှေလဲန်း (၄၇နှစ်) နဲ့ မဗျက်ထာသင်ကြွယ် (၁၃နှစ်) တို့ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစု၀င် ၄ဦးသေဆုံးသည့်အပြင် ဒေသခံပြည်သူ ၈ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း CDF-Hakha မှ ထုတ်ပြန်ထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဟားခါး-ဖလမ်း ကားလမ်းဖက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်အပြင် ဟားခါး-ထန်တလန်အကြားမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ သိရပါတယ်။

  || ဟားခါး-ထန်တလန်အကြား လက်ကျန်စခန်း အော်တိုတောင်ကို ချင်းပြည်အစိုးရပူးပေါင်းတပ်သိမ်းပိုက် ချင်းဂျာနယ်၊ ဒီဇင်ဘာ ၈ရက်ချင...
12/08/2024

|| ဟားခါး-ထန်တလန်အကြား လက်ကျန်စခန်း အော်တိုတောင်ကို ချင်းပြည်အစိုးရပူးပေါင်းတပ်သိမ်းပိုက်

ချင်းဂျာနယ်၊ ဒီဇင်ဘာ ၈ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိ တစ်ခုတည်းကျန်ရှိတဲ့ အော်တိုတောင်စစ်ကောင်စီစခန်းကို ဒီကနေ့ ဒီဇင်ဘာ ၈ရက် ညနေပိုင်း ၃နာရီခွဲအချိန်မှာ ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/တပ်မတော် (CNF/CNA) အပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီမှ အတည်ပြုပြောကြားပါတယ်။

"ဒီကနေ့ ညနေ ၃ နာရီ မိနစ် ၃၀ လောက်မှာ အော်တိုတောင် တခုလုံးကို စိုးမိုးနိုင်ခဲ့ပါပြီ။ မြေပြင်ဘက်ကနေ အသေးစိတ်သတင်းပို့ချက် မလာသေးတာမို့ အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ လက်နက်တချို့ရတယ်၊ ထန်တလန်ဘက်ကနေ ဆုတ်ခွာကြတာတွေရှိတယ်လို့ သိရတယ်။ လက်််ရှိမှာ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်နေတယ်“ လို့ CNF/A ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chinland Channel ကိုပြောပါတယ်။

ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိ စစ်ကောင်စီစခန်းတွေကို နို၀◌င်ဘာ ၂၂ရက်နေ့မှစပြီး ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ Jericho စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Cordy Durden ကိုအနိုင်ရရှိပြီး Top-15 အထိတက်လှမ်းနိုင်ပြီဖြစ်တဲ့ Joshua Van ချင်းဂျာနယ်၊ ဒီဇင်ဘာ ၈ ရက် ဒီကနေ့ ဒီဇင်ဘာ ၈ ...
12/08/2024

Cordy Durden ကိုအနိုင်ရရှိပြီး Top-15 အထိတက်လှမ်းနိုင်ပြီဖြစ်တဲ့ Joshua Van

ချင်းဂျာနယ်၊ ဒီဇင်ဘာ ၈ ရက်

ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ အမရိကန်ပြည်ထောင်စု၊ နီဗာဒါးပြည်နယ်မှာ ကျင်းပတဲ့ UFC 310 ထိုးသတ်ပွဲမှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား Joshua Van က ပြိုင်ဖက် Cordy Durden ကို အနိုင်ရရှိပြီး Top-15 အထိတက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း UFC မှ တရား၀င်အသိပေးလိုက်ပါတယ်။

Flyweight တန်း အဆင့် ၁၄မှာ ရှိတဲ့ Cordy Durden ကို Joshua Van မှ ၃ချီစလုံးအသာစီးထိုးသတ်နိုင်ခဲ့ပြီး Unaimous Decision (၂၉-၂၈, ၃၀-၂၆, ၃၀-၂၇) နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဟားခါး-ထန်တလန်အကြားရှိ C3 စခန်းကုန်းကို ချင်းပြည်အစိုးတပ်ဖွဲ့မှ ထပ်မံသိမ်းပိုက်ချင်းဂျာနယ်၊ ဒီဇင်ဘာ ၅ရက်ချင်းပြည်နယ်၊ ဟာ...
12/05/2024

ဟားခါး-ထန်တလန်အကြားရှိ C3 စခန်းကုန်းကို ချင်းပြည်အစိုးတပ်ဖွဲ့မှ ထပ်မံသိမ်းပိုက်

ချင်းဂျာနယ်၊ ဒီဇင်ဘာ ၅ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားတွင် ကျန်ရှိ‌နေသေးသော စစ်ကောင်စီစခန်း ၂ခုထဲမှာ C3 စခန်းကုန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်‌ကြောင်း သိရပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၅ရက်နေ့မှာ သီတာနာနေစခန်းနဲ့ အော်တိုတောင်အကြားရှိ C3 စခန်းကုန်းကိုတိုက်ခိုက်ရန် ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ချိန်မှာ စခန်းရှိစစ်ကောင်စီတပ်သားတွေအကုန် ထွက်ပြေးလို့ သေနတ်ပစ်ဖောက်စရာမလိုပဲ C3 စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

C3 စခန်းတွင်သေနတ် ၂လက်နဲ့ မော်တာလောင်ချာတစ်လက်အပါအ၀င် လက်ပစ်ဗုံး၊ မိုင်း၊ ဗုံးသီးတွေနဲ့ ခဲယမ်းအချို့ကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိ စစ်ကောင်စီစခန်းတွေကို နို၀င်ဘာ ၂၂ရက်နေ့ကစပြီး Jericho စစ်ဆင်ရေးအမည်ဖြင့် ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ သီမစ်လွင်ပြင်ရှိ စစ်ကောင်စီစခန်းတွေအပါအ၀င် စခန်း ၆ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ထန်တလန်နဲ့နီးတဲ့ အော်တိုတောင်စခန်းတစ်ခုသာ ကျန်ရှိနေပါတယ်။

စစ်ကောင်စီလက်လွှက်ခဲ့ရတဲ့ ဟားခါးမြို့အနီးက စခန်းတွေကို ပြန်လည်ရရှိရန် ဒီကနေ့ ဒီဇင်ဘာ ၅ရက်နေ့မှာ စစ်ကောင်စီမှပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဟားခါးမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

12/03/2024

ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား Jericho စစ်ဆင်ရေးမှတ်တမ်းဗီဒီယို

ချင်းဂျာနယ်၊ ဒီဇင်ဘာ ၃ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့မှ Jericho စစ်ဆင်ရေးအမည်ဖြင့် နို၀င်ဘာ ၂၂ရက်နေ့နဲ့ ဒီဇင်ဘာ ၃ရက်နေ့အကြားမှာ သိမ်းပိုက်ခဲ့ပါတယ်။

စစ်ရေးအရအချက်အချာကျတဲ့ ပွိုင့် ၃ စခန်းကို နို၀င်ဘာ ၂၅ရက်နေ့မှာ ချင်းပြည်အစိုးတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီး နို၀င်ဘာ ၃၀ရက်နေ့မှာ ဟားခါးမြို့အနီး ရွာဗာဇုန် (Ruavazung) စစ်တပ်စခန်း၊ သီမစ်ချောင်းတံတားအနီး အွန်ပူပွက်နာခ်တောင် (Umpupuaknak Tlang) နဲ့ နောင်ထလော့ဘို (Nawnthlawk Bo) စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။

သီမစ်ချောင်းအနီး ဟားခါးဖက်ခြမ်းမှာရှိတဲ့ ကေဗန်ဇွန် (Keivangzuan) စစ်ကောင်စီစခန်းက စစ်သားတွေအကုန်ထွက်ပြေးလို့ သေနတ်ပစ်ဖောက်စရာမလိုဘဲ ဒီကနေ့မနက်ပိုင်းမှာ ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့ စခန်းကိုရရှိပါတယ်။

ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားမှာ ထန်တလန်ဖက်ခြမ်းရှိ အော်တိုတောင်နဲ့ စီသရီး စစ်ကောင်စီစခန်း ၂ခုသာကျန်ရှိပြီး သီမစ်လွင်ပြင်မှ သီတာနားနေစခန်းအထိ စစ်ကောင်စီစခန်းတွေကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့ မှ Jericho စစ်ဆင်ရေးအမည်ဖြင့် သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ဟားခါး-ထန်တလန်အကြား စစ်ကောင်စီစခန်း ၃ခုကို ချင်းပြည်အစိုးရတပ်ဖွဲ့မှ တစ်ပြိုင်တည်းသိမ်းပိုက်ချင်းဂျာနယ်၊ ဒီဇင်ဘာ ၁ရက် ချင...
12/01/2024

ဟားခါး-ထန်တလန်အကြား စစ်ကောင်စီစခန်း ၃ခုကို ချင်းပြည်အစိုးရတပ်ဖွဲ့မှ တစ်ပြိုင်တည်းသိမ်းပိုက်

ချင်းဂျာနယ်၊ ဒီဇင်ဘာ ၁ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား ထိန်းချုပ်နိုင်ရေးအတွက် အဓိကကျသည့် သီမစ်လွင်ပြင်က စခန်းနှစ်ခုနဲ့ ဟားခါးမြို့အနီးက စခန်းတစ်ခုကို ချင်းပြည်အစိုးရတပ်ဖွဲ့က နို၀င်ဘာ ၃၀ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဟားခါးမြို့အနီး ရွာဗာဇုန် (Ruavazung) စစ်ကောင်စီစခန်းကို မနက်ပိုင်း ၉နာခွဲမှာ အပြီးသက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးသေဆုံးခဲ့သလို ၁၉ဦးကို အရှင်ဖမ်းမိနိုင်ခဲ့ပါတယ်။

သီမစ်ချောင်းတံတားအနီးရှီ အွန်ပူပွက်နာခ်တောင် (Umpupuaknak Tlang) နဲ့ နောင်ထလော့ဘို (Nawnthlawk Bo) စခန်းကိုလည်း ချင်းပြည်အစိုးရတပ်ဖွဲ့မှ ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။

အွန်ပူပွက်နာခ်တောင် နဲ့ နောင်ထလော့ဘို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ချို့သေဆုံးခဲ့ကြပြီး ၈၀ ကျော်ထွက်ပြေးခဲ့ကြပါတယ်။

ဟားခါးမြို့အနီး ရွာဗာဇုန်စစ်တပ်စခန်းသိမ်းတိုက်ပွဲနဲ့ သီမစ်ချောင်းတံတားအနီးရှိ အွန်ပူပွက်နာခ်တောင်နဲ့ နောင်ထလော့ဘို စခန်းသိမ်းတိုက်ပွဲတွင် ချင်းပြည်အစိုးရတပ်ဖွဲ့မှ လက်နက် ၆၀ကျော်နဲ့ ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိပါတယ်။

ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိ စစ်ရေးအရအရေးပါတဲ့ ပွိုင့် ၃ စခန်းကိုလည်း နို၀င်ဘာ ၂၅ရက်နေ့မှာ ချင်းပြည်အစိုးတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Address

New York, NY

Alerts

Be the first to know and let us send you an email when The Chin Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

The Chin Journal-TCJ

The Chin Journal (TCJ) is the leading online news media outlet among the Chin people in Myanmar and abroad.

Since 2016, it operates under Tilim News Agency with Reg. No. 00059 of Myanmar’s Ministry of Information.

The Chin Journal has both Chin and Burmese language versions, producing authentic and original local news while translating important international news for its readers.

Address -