The Chin Journal

The Chin Journal Empowering the Voices of Chin Ethnic Minoirty in Myanmar. The Chin Journal (TCJ) was founded by enthusiastic Chin youngsters from Australia and Myanmar in 2016.
(1)

Our aim is to deliver accurate information to the Chin people, and bring out the voice of the Chin people. We cover breaking news, politics, economics, sports and social issues affecting Chin society. As a part of the expansion of our operation, we have published news in both Chin and Burmese languages since 2021. The Chin Journal always tries to bring you the most accurate information as soon as it breaks. You can contact us at [email protected].

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်မှာ မိသားစု၀င် ၄ဦးသေဆုံးဇန်နဝါရီ ၅ ၊ ချင်းဂျာနယ်စစ်ကောင်စီတပ်ရဲ့ လေကြေ...
01/05/2026

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်မှာ မိသားစု၀င် ၄ဦးသေဆုံး

ဇန်နဝါရီ ၅ ၊ ချင်းဂျာနယ်

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟာလ်သာ (Halta) ကျေးရွာမှာ ကလေး ၂ယောက်နဲ့ မိဘနှစ်ဦးစလုံးသေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

ဇန်နဝါရီ ၄ ရက် ည ၁၂နာရီခန့်မှာ ဟားခါးမြို့နယ်၊ ဟာလ်သာကျေးရွာ နဲ့ ဟိုင်ဖိုင်ကျေးရွာ ကို စစ်ကောင်စီမှ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဟိုင်ဖိုင်ရွာမှာ လူထိခိုက်သေဆုံးမှုမရှိသော်လည်း ဟာလ်သာရွာမှာ ကလေးငယ် ၂ဦးနဲ့ ၎င်းတို့ရဲ့မိခင် ပွဲချင်းပြီးသေဆုံးခဲ့ကြပြီး ဒဏ်ရာအပြင်းအထန်ရရှိတဲ့ ဖခင်လည်း ယနေ့မွန်းလွဲပိုင်းမှာ သေဆုံးသွားပါတယ်။

စစ်ကောင်စီတပ်မှ ဟာလ်သာကျေးရွာ နဲ့ ဟိုင်ဖိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ချိန်မှာ ဟားခါးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူးလို့သိရပါတယ်။

ပြီူခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်၀ါရီလကလည်း ဟာလ်သာရွာကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Address

New York, NY

Alerts

Be the first to know and let us send you an email when The Chin Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share