
09/06/2025
🎯လူမျိုးခွဲခြားမှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်ဟောင်း ဂျော့ဝီယာ ဦးဆောင်မယ်
ဖီဖာက အဖွဲ့ဝင် (၁၆) ဦးပါ လူမျိုးခွဲခြားမှုတိုက်ဖျက်ရေးအထူးလုပ်ငန်းအဖွဲ့ကို ကြေညာခဲ့ပြီး အဲ့အဖွဲ့ကို လိုက်ဘေးရီးယားသမတဟောင်း ဂျော့ဝီယာက ဦးဆောင်မှာ ဖြစ်ပါတယ်။ အဲ့အဖွဲ့မှာ ဝီယာနဲ့အတူတူ ပရီးမီးယားလိဂ် ဘောလုံးသမားဟောင်းများ ဖြစ်တဲ့ ဒရော့ဘာ၊ အက်ဒီဘာရောတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဖီဖာက ဘောလုံးသမားများရဲ့ အသံအဖွဲ့ကို တည်ထောင်ဖို့ ၂၀၂၄ မေက ထိုင်းမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်ညီလာခံမှာ ကြေညာထားခဲ့တာဖြစ်ပါတယ်။
ကစားသမားများအသံ အဖွဲ့မှာ (၁၄) နိုင်ငံက အမျိုးသား၊ အမျိုးသမီး ကစားသမားဟောင်း (၁၄) ဦး ပါဝင်ပါတယ်။
အဲ့ဒီအဖွဲ့က လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး ဗျူဟာတွေကို အကြံပေးတာ၊ ပညာပေးဆိုင်ရာ အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်တာ၊ ဘောလုံးနယ်ပယ်အနှံ့ ပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
"ဘောလုံးက ညီညွတ်ရေးနဲ့ဖွံ့ဖြိုးရေးကို ယူလာပေးပါတယ်။ ဘောလုံးက လူ့ဘောင်ကို တိုးတက်စေပါတယ်။ အရင်တုန်းက ကျွန်တော်လုပ်ခဲ့သလိုပဲ ဘောလုံးအားကစားတိုးတက်ဖို့ အစွမ်းကုန် အားထုတ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအလုပ်တွေကို ဆက်လက်ပြီး လုပ်ဆောင်သွားမှာ ပါ။ ဘာလို့လဲဆိုတော့ ဘောလုံးက ကျွန်တော့်ဘဝဖြစ်တာမလို့ပါပဲ။"လို့ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့ ဂုဏ်ထူးဆောင်ကပ္ပတိန်အဖြစ် တာဝန်ပေးခံရတဲ့ ဝီရာက ပြောခဲ့ပါတယ်။