07/19/2024
🎀Estee Lauder vs Lancome🎀
Hello Guys ဒီနေ့ကတော့
Estée Lauder Advanced Night Repair Serum Vs
Lancome Advanced Genifique Radiance Boosting Anti-Aging Face Serum လေးအကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။
(ဒီနှစ်ခုလုံးကိုသုံးနေတာ ကုန်ခါနီးဖြစ်လို့ review လေးရေးပေးလိုက်ပါတယ်နော်... )
ဒီနှစ်ခုထဲကတစ်ခုကို ZarThaw ကိုယ်တိုင်လည်းဝယ်ခါနီးတုန်းကရွေးရခက်ခဲ့တယ် နှစ်မျိုးလုံးက ကောင်းတယ်ဆိုပြီးနာမည်ကြီးပြီးသား Serumတွေပဲမို့လေ!
Zar Thaw လိုပဲရွေးရခက်နေမယ့်သူတွေအတွက် ဒီစာလေးကိုရေးပေးလိုက်ပါတယ်ရှင်။ Zar Thaw က oily skin ပါ
✨ကဲဒါဆို reviewလေး စလိုက်ရအောင်...✨
ပထမဆုံးအနေနဲ့
Lancome serumလေးစပြောလိုက်မယ်နော်
သူက အရင် ရန်ကုန်မှာ စမ်းသုံးဖူးတယ် ၊ တည့်တယ်ဆိုပြီးဝယ်ခဲ့တာပါ။အဲ့တုန်းက ဘူးသေးသေးလေးပဲဝယ်ပြီးစမ်းသုံးခဲ့တော့ သိပ်ပြီးမသိခဲ့ဘူး။အခုလိုသေချာသုံးတော့ သူက သုံးရတာ ဘယ်လိုမျိုးလဲဆိုတော့ ...
ကောင်းတဲ့အချက်တွေနဲ့အရင်စပြောလိုက်မယ်နော်
သူကလိမ်းလိုက်ရင် အသားထဲစိမ့်ဝင်လွယ်တယ် လိမ်းပြီးရင် အရမ်းစီးကပ်ကပ်ကြီးဖြစ်မနေဘူး lightweight ဖြစ်တယ် Day နဲ့ Night နှစ်မျိုးလုံးသုံးရတာအဆင်ပြေတယ် သူလိမ်းပြီးအပေါ်က makeup ထပ် လိမ်းလဲ အဆင်ပြေတယ် glow lookလေးရစေတယ်ပေါ့နော်။သူအနံကလည်းသိပ်မမွှေးဘူး သုံးရတာအဆင်ပြေတယ်။
မကောင်းတဲ့အချက်ကတော့
သူ့ကို စွဲသုံးကြည့်လာရင်းနဲ့ သူက ဝက်ခြံထွက်သလိုခံစားရတယ် အများကြီးတော့မဟုတ် ဟိုနည်းနည်းဒီနည်းနည်းထွက်လာတက်တယ်။
သူပေးတဲ့ glow look က အခြားဈေးသင့်တော်တဲ့serum တွေထဲမှာလဲတွေနိုင်တယ်လေ အဲ့တော့ သိပ်ပြီးထူးခြားနေတာမျိုးမခံစားရဘူး။
ZarThaw စွဲသုံးလာရင်းနဲ့သူ့ဆီက ပြန်ရတဲ့ result ကိုသိပ်မတွေ့ရဘူး အသားအရည်တင်းရင်းတယ် လှတယ်ဘာညာတွေပေါ့ သူပြောသလို သိပ်မသိသာဘူးပေါ့ (ဥပမာ - ရုပ်ချောအပြောကောင်းပြီး ကိုယ်အပေါ်တကယ်မချစ်တဲ့ရည်းစားလေးလိုပေါ့လေ 😅)ပေးရတဲ့ဈေးနဲ့ သူပြန်ရတဲ့ result နဲ့ဆို မတန်သလိုခံစားရတယ်။ ZarThawအတွက်တော့ ဘာမှသိပ်ပြီးထူးခြားနေတာမျိုးမခံစားရဘူး။
ဒါပေမယ့် ZarThaw ကတော့ anti aging product တွေစသုံးချင်တဲ့ ညီမလေးတွေ ပြီးတော့ အသားအရည်ကောင်းပြီး ဝက်ခြံထွက်တာနည်းတဲ့သူတွေ အဆီသိပ်မပြန်တဲ့သူတွေအတွက်တော့ ကောင်းတဲ့ serum ထဲမှာသူကိုထည့်ထားပြီးဝယ်သုံးလို့ရပါတယ်ရှင်။
ZarThawက oily skin ၊ ဝက်ခြံထွက်လွယ်တဲ့သူမို့ သူ့ကိုသိပ်မကြိုက်တာပါ ထပ်ဝယ်မယ့် serum ထဲမှာတော့ သူမပါပါဘူးရှင်။
Estee Lauder Advanced Night Repair Serum လေးအကြောင်းဆက်ပြောပြပါမယ်ရှင်
သူကောင်းတဲ့အချက်ကတော့ (အရမ်း ကြိုက်ရပါသောပဲ)
သူကို ဝယ်ခဲ့တုန်းက blind buy ဝယ်ခဲ့တာပါ Sephora က sales ချတုန်းက ဝယ်ခဲ့တာမို့ online ကနေ ဝယ်ခဲ့ရတာလေးပေါ့ ၊စစချင်း စလူးတုန်းက သူက နာမည်ကြီး serum မို့သာလူးရတာသိပ်ပြီးလည်း မသိသာပါဘူးပေါ့ပြီးတော့ နည်းနည်းလည်းပြစ်ပြစ်ကြီးရယ် သိပ်မကြိုက်ချင်ဘူးပေါ့
ဒါပေမယ့်သူက နာမည်ကြီးဆိုတော့ သိပ်အထင်မသေးရဲဘူး ညတိုင်းတော့လိမ်းဖြစ်ခဲ့တယ်။ဒါနဲ့၂ပတ်လောက်ကြာတော့ သိသာလာတယ် မျက်နှာလေးက ပိုပြီးအသားအရည်ကောင်းလာတယ် ထင်ရတယ်ပေါ့ သူကောင်းတာ ဒီလောက်ပဲထင်တာ ကိုယ်ကသိပ်မမျှော်လင့်ခဲ့ပါဘူး ဘာလို့ဆို ကိုယ့်အသားအရည်က ဘယ်ဟာနဲ့မှအဆင်ပြေတယ်လို့မရှိခဲ့ဘူးလေ ဒါနဲ့လူးရင်းလူးရင်နဲ့ သူ့အစွမ်းကိုသိရလာလေပါပဲ ...
တစ်ခါတစ်လေများ ညဘက်တွေစောစောအိပ်ချင် skincareမလုပ်ချင်တဲ့ရက်တွေ ရှိတယ်လေ၊ အဲ့နေ့တွေကမလူးဘဲပြစ်ထားမိတဲ့ skinက မွဲပြီးသိပ်ကြည့်မကောင်းဘူးလေ၊ အဲ့ဆို နောက်နေ့ညskincare step ထဲ သူ့ထည့်လူးလိုက် မနက်နိုးလာရင် လုံးဝ စိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်ဆုံးserumပါ။ သူကိုသုံးလို့ ဝက်ခြံလည်းမထွက်ဘူး အသားအရည်ကိုလည်းသိသိသာသာကောင်းလာစေတယ် အရေးအကြောင်းတွေကတော့ တစ်ဖြည်းဖြည်းသက်သာလာတယ်လို့ခံစားရတယ် ZarThawအသက်အရွယ်ကတော့ အရေးအကြောင်းသိပ်မရှိသေးတော့ အရေးအကြောင်းအတွက်ဆိုသိပ်ပြီးကွာဟတာမမြင်ရသေးဘူး။ သူရဲ့ အစွမ်းတွေကို သိလာရတော့မှဘူးက ကုန်ခါနီးဖြစ်သွားပါတယ်။ နောက်ထပ် ထပ်ဝယ်မယ့်စရင်းထဲမှာသူပါပါတယ် ပေးရတဲ့ဈေးနဲ့သူဆီကပြန်ရတဲ့ resultနဲ့ကလေ တန်တယ်လို့ခံစားရပါတယ်ရှင်။ သူအနံကလည်းသင်းသင်းလေးပဲ ZarThaw အတွက် အဆင်ပြေတယ်!
မကောင်းတဲ့အချက်တော့ သူက နည်းနည်းပြစ်တယ်
ဈေးကြီးတယ် ဒါပဲ!
Zar Thaw အနေနဲ့ ဒီ နှစ်ခုထဲက တစ်ခုရွေးရမယ်ဆိုရင်တော့ Estee Lauder Advanced Night Repair Serum ပါပဲ
တစ်ယောက်နဲ့တစ်ယောက် က အသားအရည် မတူနိုင်လို့ ကွဲပြားနိုင်ပါတယ်ရှင်။
ZarThaw က ကိုယ့်အသားအရည်နဲ့ အဆင်ပြေတာမို့ ပြန်လည် sharing လုပ်ပေးတာဖြစ်ပါတယ်။
ကိုယ်ကမဝယ်ခင်သေချာ research လုပ်ပြီးမှဝယ်စေချင်ပါတယ်နော် အားလုံးပဲအဆင်ပြေကြပါစေရှင်။