Namhsan News

Namhsan News နမ့်ဆန်မြို့နဲ့ပတ်သက်သမျှသတင်းများကို Namhsan News Pageမှာတင်ပေသွားမည်။

11/26/2025

နမ့်ဆန်မြို့နယ် သမိုင်းဝင်မြတ်တောင်ရိုးဘုရားတိမ်ပင်လယ်

- Credit
News

နမ့်ဆန်က ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ၊ ကျူးလွန်သူအမျိုးသားကို PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားhttps...
11/24/2025

နမ့်ဆန်က ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ၊ ကျူးလွန်သူအမျိုးသားကို PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထား
https://shwepheemyay.org

မိုင်းရူပ၊ နိုဝင်ဘာ ၂၄ ရက်

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ညပိုင်းမှာ လုံတောက်ကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာမှာ တစ်ရွာထဲနေ အမျိုးသားတစ်ဦးက အရက်မူးပြီး ၇ တန်းကျောင်းသူ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြော
ပါတယ်။

"အဲကလေးရဲ့ အမေက တောင်ယာမှာ အိပ်တာ။ အိမ်မှာ သူဘဲကျန်ခဲ့တာ။ ညမှာ အဲအမျိုးသားက တံခါးမရရအောင်ဖွင့်ပြီးမှ အိမ်ထဲကို ဝင်လာတာ။ ကလေးမက အော်ဖို့လုပ်တဲ့အချိန်မှာ ပါးစပ်ပိတ်ထားတယ်။ ပါးစပ်ကို စောင်နဲ့စည်းထားတယ်။ အဲက လေးမကို အဓမ္မပြုကျင့်ပြီး နောက်နေ့မနက် ၃ နာရီ လောက်မှာ အဲအိမ်ကနေ ထွက်သွားတယ်" လို့ ဆိုပါတယ်။

၎င်း အဓမ္မပြုကျင့်တာကို တခြားသူထံ ပြောပြရင် သတ်ပစ်မယ်လို့ အဲအမျိုးသားက ခြိမ်းခြောက်ကြောင်းလည်း ၎င်းက ဆက်ပြောပါတယ်။

ကျူးလွန်သူအမျိုးသားဟာ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ မိုင်းကျော်ဌေးဆိုသူကို PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

တအာင်းတပ်ဘက်ကတော့ ကျူးလွန်သူအမျိုးသားကို ဖမ်းဆီးထားပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာလည်း PSLF/TNLA ထိန်းချုပ်ထားတဲ့
ကွတ်ခိုင်မြို့က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင်ဖြစ်သူက ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလထဲမှာလည်း ကွတ်ခိုင်မြို့ပေါ်ရှိ ဆေးခန်းတစ်ခုမှာ ဆေးခန်းပိုင်ရှင်က အသက်မပြည့်သေးတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။

#ဓာတ်ပုံ - TNLA
- Shwe Phee Myay News Agency
News

မြို့သစ်မှာ လက်ဖက်လှန်းပြီး ပြန်လာတဲ့ကားတစ်စီး ချောက်ထဲကျလို့ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရhttps://shwepheemyay.org ‎လွေးထွေး၊ နို...
11/20/2025

မြို့သစ်မှာ လက်ဖက်လှန်းပြီး ပြန်လာတဲ့ကားတစ်စီး ချောက်ထဲကျလို့ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
https://shwepheemyay.org

‎လွေးထွေး၊ နိုဝင်ဘာ ၂၀ ရက်

‎တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှာ လက်ဖက်လှန်းပြီး ပြန်လာတဲ့ ကားတစ်စီးက ချောက်ထဲကျလို့ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရွာခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ‎နိုဝင်ဘာလ ၁၇ ရက် မနက် ၇ နာရီဝန်းကျင်မှာ မြို့သစ်ရွာရဲ့ ဘောလုံးကွင်းကနေ လက်ဖက်လှန်းပြီး ပြန်လာတဲ့ ကားတစ်စီးက ချောက်ထဲ ထိုးကျခဲ့တာ ဖြစ်ပါတယ်။

‎မြို့သစ်ရွာခံ အမျိုးသားက "ကျနော့အထင် ကားမောင်းတာ သိပ်မကျွမ်းသေးတာလည်း ပါမယ်။ မနက်စောစောဆိုတော့ နှင်းကျနေချိန် လမ်းချော်လို့ စလစ်ဖြစ်သွားတာလည်း ဖြစ်မယ်ပေါ့" လို့ ပြောပါတယ်။

အဲဒီကားထဲ လိုက်ပါသူ ၄ ဦးထဲမှ မအီဒဲ့ဆိုသူ အမျိုးသမီးက ဦးခေါင်းထိသွားတာကြောင့် သေဆုံးသွားတာဖြစ်ပြီး ကျန် ၃ ဦးဖြစ်တဲ့ မမိုး၊ လွေးအေးဌေး၊ လွေး‌သင်ဇာတို့ကတော့ ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်ကလည်း မိုးကုတ်ကနေ မူဆယ်တက်မယ့် မိုးကုတ်စစ်ရှောင်ကားတစ်စီးက မိုင်းငေါ့မြို့ လန်လွယ်ကျေးရွာတောင်အတက်မှာ နောက်ပြန်လိမ့်တာကြောင့် ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

#ဓာတ်ပုံ - Local
- Shwe Phee Myay News Agency
News

11/11/2025

နမ်ဆန်မြို့ ဇယန်းကြီးစုပေါင်းမဟာဘုံကထိန် Videoတင်ပေလိုက်ပြီ

မူရင်းVideo Creditပေပါတယ်

News

နမ့်ဆန်မြို့ ဇယန်းကြီးကျောင်းတိုက်စုပေါင်းဘုံကထိန်  - Credit  News
11/11/2025

နမ့်ဆန်မြို့ ဇယန်းကြီးကျောင်းတိုက်စုပေါင်းဘုံကထိန်

- Credit
News

11/04/2025

နမ့်ဆန်မြို့ အလွမ်းပြေပေါ့ 💭

- Credit
News

နမ့်ဆန်မြို့ ဂျက်ဖိုက်တာဗုံးကြဲချ မြို့ထည့်မီးသတ်ရုံးနာက လူနေအိမ်(၂)လုံးပျက်စီး အနည်းငယ်လူထိခိုက်မှုရှိနေ #ဘေးကင်းပါစေ န...
10/19/2025

နမ့်ဆန်မြို့ ဂျက်ဖိုက်တာဗုံးကြဲချ မြို့ထည့်မီးသတ်ရုံးနာက လူနေအိမ်(၂)လုံးပျက်စီး အနည်းငယ်လူထိခိုက်မှုရှိနေ

#ဘေးကင်းပါစေ နမ့်ဆန်မြေ

- Crd
News

နမ့်ဆန်မြို့နယ် ကွယ်ဟယ်ကျေးရွာစစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် အမျိုးသမီး ၅ ဦး အပါအဝင် ၆ ဦးသေဆုံးအောက်တိုဘာ ၁၉နမ့်ဆန် TNLA တ...
10/19/2025

နမ့်ဆန်မြို့နယ် ကွယ်ဟယ်ကျေးရွာစစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် အမျိုးသမီး ၅ ဦး အပါအဝင် ၆ ဦးသေဆုံး

အောက်တိုဘာ ၁၉

နမ့်ဆန် TNLA တပ်မဟာ (၉) နယ်မြေ နမ့်ဆန်မြို့နယ်မှာ ၁၀ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး အပါအဝင် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၆ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို မနေ့က အောက်တိုဘာ ၁၈ ရက် ည (၈း၂၅)နာရီအချိန်မှာ ကွမ်ဟယ်ကျေးရွာကိုစစ်ကောင်စီ ပေါင် (၂၅၀)ဗုံး ၂လုံးကြဲချကာ ကျူးလွန်ခဲ့တာလို့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ခုလို တိုက်ခိုက်ခံရတဲ့အတွက် နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာက အသက် (၁၀)နှစ်အရွယ် လွေးနီလာအောင်၊ အသက် (၂၁)နှစ်အရွယ် လွေးရီရီလှိုင်၊ အသက် (၂၁)နှစ်ရွယ် လွေးဆန်းဆန်းဦး၊ အသက် (၃၅)နှစ်အရွယ် ဒေါ်အေးသောင်း၊ အသက် (၄၂)နှစ်အရွယ် ဦးသန်းကျော်နဲ့ အသက် (၄၇)နှစ်အရွယ် ဒေါ်အေးဟိန်းတို့ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် အသက် (၄)နှစ်အရွယ် မိုင်းကျော်ဇေယျဦး၊ အသက် (၃၃)နှစ်အရွယ် ဒေါ်အီအေးနှင့် အသက် (၆၈)နှစ်အရွယ် ဦးကျော်နှင့် အသက် (၇၇)နှစ်အရွယ် ဒေါ်စောရင်တို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဗုံးကြဲခံရတဲ့အတွက် နေအိမ် (၂၅)အိမ်၊ ဆိုင်ကယ် (၄)စီးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ အကြမ်းဖက် လေတပ်ဟာ ကျောက်မဲမြို့နယ်၊ (၁၁)မိုင်ကျေးရွာကိုလည်း ယနေ့မှာ ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် (၂)ပါးထိခိုက်ဒဏ်ရရှိကာ ဘုန်းကြီးကျောင်း (၁)ကျောင်းနဲ့ ကျောင်းဆောင်(၁)ဆောင်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့။


# #
News

နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာ ပေါင်(၅၀၀) ဗုံးကြဲချတိုက်ခိုက်ခံရမှု ဒေသခံ(၆) ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရကလေးငယ်တစ်ဦးအပါအ...
10/19/2025

နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာ ပေါင်(၅၀၀) ဗုံးကြဲချတိုက်ခိုက်ခံရမှု ဒေသခံ(၆) ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရ

ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၅) ဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း (၆)ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နေအိမ် ၁၂ လုံးပျက်စီးခဲ့ပါတယ်။

- MAALNgean
News

10/17/2025

နမ့်ဆန်မြို့နယ် ဟိုမိန်းရွာထဲက စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးဆီက သိရပါတယ်။

- Crd
News

နမ့်ဆန်မြို့နယ်  ဟိုမိန်းရွာ ထပ်ကြဲခံရ ✈️ 💣Oct 17-8:15 AM  - Crd  News
10/17/2025

နမ့်ဆန်မြို့နယ် ဟိုမိန်းရွာ ထပ်ကြဲခံရ ✈️ 💣

Oct 17-8:15 AM

- Crd
News

ဒလန်ပေါ်များနေတဲ့ TNLA ထိန်းချူပ်ဒေသ နမ့်ဆန်မြို့ အပါဝင် အခြားမြို့တွေမှာရော မြို့ရဲ့ အဝင်အထွက်တိုင်းမှာ အချိန်ပြည့် စစ်...
10/15/2025

ဒလန်ပေါ်များနေတဲ့ TNLA ထိန်းချူပ်ဒေသ နမ့်ဆန်မြို့ အပါဝင် အခြားမြို့တွေမှာရော မြို့ရဲ့ အဝင်အထွက်တိုင်းမှာ အချိန်ပြည့် စစ်ဆေးသင့်တယ် မှတ်ပုံတင် စစ်‌‌​ဆေးရုံနဲ့မရပါဘူး ဖုန်းတွေလည်း စစ်‌‌ဆေးရမယ် ဖွင့်တဲ့ဆိုင်(Star Link)‌​ တွေမှာလည်း သူစိမ်းတွေဆိုရင် မှတ်ပုံတင် မပါရင်သုံးခွင့်မပြုပါနဲ့ လေယာဉ်ဗုံးကြဲလို့ရအောင် ဒီဒလန်တွေ‌ကပဲ ဖုန်းနဲ့ပွိုင့် ထောက်ပေးပြီ ဗုံးကြဲလေယာဉ်တွေဆင့်ခေါ်တာပါ အခုပုံထဲကပြထား ဒလန်လည်း နမ့်ဆန်မြို့မှာ အရပ်ဝတ်နဲ့ ရောက်နေတယ်လို့ ယူဆရတယ်။

👉 အများသိအောင် Shareပေကြပါ

#မူရင်းတင်သူCredit ပေပါတယ်
News

Address

Newport News, VA

Website

Alerts

Be the first to know and let us send you an email when Namhsan News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share