Radionugmyanmar

Radionugmyanmar We will bring you mCDM news,

Poems, essays, and songs,

Current affairs and many perspectives,

And the voices and strength of the CDM community.

Former Radio NUG’s CDMers now with m.CDM News page
Radio NUG ရပ်နားပြီးနောက် မိမိတို့ CDMers များ ဆက်လက် သတင်းပြန်ကြားတာဝန်များ m.CDM News page အဖြစ် ဆက်လက် ပေးဆပ်နေပါသည် နွေဦးပြည်သူ တော်လှန်ပြည်သူများ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ mCDMအဖွဲ့သားများမှ နှုတ်ခွန်းဆက်သလိုက်ရပါတယ် ရှင်/ခင်ဗျာ၊

* mCDMသတင်းများ
*ကဗျာ၊ ဆောင်းပါး၊ သီချင်း
*မျက်မှောက်ရေးရာ အဖြာဖြာ
*CDM တို့၏ အသံနဲ့ အားမာန်များ ကို တင်ဆက်သွားပါမယ်။

- မြန်မာပြည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊
- ဒီမိုကရေစီနဲ့ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေးနဲ့
- တိုင်းရင်းသားတွေ အားလုံးအတူတကွ ချစ်ခင်စည်းလုံးညီညွတ်တဲ့ မိသားစုအဖြစ် ဆက်လက်တည်ဆောက် နေထိုင်ရေးအတွက်

မိမိတို့ စီဒီအမ်အင်အားစုတွေ ပီဒီအက်ဖ်တွေ ထောက်ပို့ပြည်သူတွေ တိုင်းရင်းသားညီအကို မောင်နှမတွေနှင့်အတူ ဆက်လက် လက်တွဲ ရုန်းကန်သွားကြပါမယ် ရှင် /ခင်ဗျာ

We, the members of mCDM, would like to extend our warmest greetings and best wishes to all Spring Revolution citizens and revolutionary people. For the liberation of Myanmar from military dictatorship,
For building a democratic and federal union,
And for continuing to live together as a united, loving family among all ethnic nationalities—

We, the CDM forces, the PDFs, our supporting public, and all our ethnic brothers and sisters,
will continue to stand together, hand in hand, and keep up the struggle.

— Thank you.

08/10/2026

m.CDM & MoeMaKa - 10th August, 2026 Evening 8:30 PM

📌 m.CDM တစ်ပတ်အတွင်းသတင်းများ (ကချင်ဘာသာ)- ပဒန်ရှရီ

📌 ‌ပျောက်ဆုံးသွားတဲ့ ကြည်နူးလွမ်းဆွတ်ဖွယ် ခံစားမှုများ (တော်လှန်အက်ဆေး) - (ရေး) မောင်လူမွှေး၊ (ဖတ်) ရန်နိုင်

📌 မိုးရေစိုရင် ဖျားတယ်ဆိုတာ ဟုတ်ရဲ့လား (ကျန်းမာရေးပညာပေးအစီအစဉ်)- တယ်လီကျန်းမာ


#မိုးမခမီဒီယာ
#ပြည်တွင်းသတင်း
#စစ်ရေးသတင်း





Internet Radio on TuneIN - https://tunein.com/radio/mCDM-Radio-s351488/

Internet Live Radio - Moemaka.net/radio

Facebook - facebook.com/m.CDMUnite

YouTube - https://www.youtube.com/.CDMMyanmar

X - https://x.com/mCDMMyanmar

Telegram - https://t.me/RadioNUGMyanmar

TikTok - https://www.tiktok.com/

email - [email protected]
Please Like us on https://www.facebook.com/m.CDMUnite/

08/10/2026

ဝါရာဇွပ်ပြည်သူ့စစ် မင်းဇေသန့်တို့အုပ်စု ကျက်စားနေတဲ့နေရာကို KIA နဲ့ KPDF တိုက်ခိုက်သိမ်းပိုက်
m.CDM၊ သြဂုတ်လ ၁၀

ဝါရာဇွပ်ပြည်သူ့စစ် မင်းဇေသန့်တို့အုပ်စု ကျက်စားနေတဲ့နေရာကို KIA နဲ့ KPDF တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်‌ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝါရာဇွပ် မင်းဇေသန့်အုပ်စု ကျက်စားနေတဲ့ ရှဒူဇွပ်ကတော့ KIA+KPDF တပ်မဟာ - ၂၊ တပ်ရင်း - ၁၄ က ဖိုက်တာတွေ ဝင်ကြမ်းပြီး ပွဲသိမ်းပေးလိုက်ပါတယ်။ ဒါကို မကျေနပ်လို့ အပြစ်မဲ့ရွာသား (၄) ဦးကို ဖမ်းသွားပြီး နှိပ်စက်သတ်ဖြတ်သွားပါတယ်။ ဝါရာဇွပ်ဂွင်ကို အပြတ်ရှင်းဖို့ ကချင်ပြည်သူလူထု တောင်းဆိုနေတာ ကြာနေပါပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်တယောက်က လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးပါတယ်။
ရန်သူမင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ စံပြကွင်းမှာ စစ်ဆေးရေးလုပ်ဖို့အတွက် စုဖွဲ့နေတဲ့ သြဂုတ် ၈ ရက် ညနေ (၅) နာရီအချိန်မှာ ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခြေမှုန်းနိုင်ခဲ့တာဖြစ်ပြီး အွယ်လော ဒေသဘက် လှုပ်ရှားလာတဲ့ ပြည်သူ့စစ်အဖွဲ့လည်း ချေမှုန်းနိုင်ခဲ့ပါတယ်လို့ အခြားစစ်ရေးသတင်းရင်းမြစ်ကလည်း အသိပေးပါတယ်။
အခုလို ဝါရာဇွပ်ပြည်သူ့စစ် မင်းဇေသန့်တို့အုပ်စုကို တိုက်ခိုက်နိုင်ခဲ့တာကြောင့် လူငယ် အမျိုးသား အမျိုးသမီးတွေကို အတင်းအဓ္ဓမဖမ်းဆီးပြီ သင်တန်းပို့ချနေတဲ့ သင်တန်းကွင်းသစ်မရှိတော့ဘူးလို့ သိရပါတယ်။

ရုပ်သံ - Lung Jung LA N fb account

(သတင်း - ကိုသစ်)

TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio



Please Like us on https://www.facebook.com/m.CDMUnite/

08/10/2026

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အပြင် တိုက်ပွဲအတွင်းလိုက်နာရမယ့် စစ်စည်းမျဉ်း စည်းကမ်းတွေကို အပြည့်အဝလိုက်နာဖို့ စစ်အုပ်စုကို ဗိုလ်ချုပ်ကြီးအင်ဘန်လ သတိပေး
m.CDM၊ သြဂုတ် ၁၀

နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အပြင် တိုက်ပွဲအတွင်း လိုက်နာရမယ့် စစ်စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လိုက်နာရမယ်လို့ အာဏာသိမ်းစစ်အုပ်စုကို ကချင်လွတ်လပ်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေး ပြောကြားလိုက်ပါတယ်။
သြဂုတ်လ (၁၀) ရက်မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းကနေ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။
"စစ်ကော်မရှင်အဖွဲ့ကိုလည်း စကားပါးချင်ပါတယ်။ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆုံးဖြတ်ရမယ်။ ကိုယ်လုပ်တဲ့ လုပ်ငန်းဟာ မှန်တယ်လို့ တွေးနေပေမယ့် ပြည်သူလူထုအများစုက လက်မခံနိုင်ရင်တော့ ပြန်လည်စဉ်းစားရမယ်။ ပြင်သင့်တာကို အချိန်မနှောင်းမီ ပြင်ဆင်နိုင်ဖို့ ပြောလိုပါတယ်။ တိုက်ပွဲအတွင်း လိုက်နာရမယ့် စစ်စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝ လိုက်နာရမယ်လို့လည်း စကားပါးလို ပါတယ်" လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုပါတယ်။
ဒါ့အပြင် ပြည်သူလူထုအပေါ်အခြေခံပြီး မိမိဒေသကို လွတ်လပ်စွာ ကိုယ်တိုင်စီမံအုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာနဲ့ လွတ်လပ်ရေးရရှိဖို့ဆိုရင် တော်လှန်ရေးအဖွဲ့တွေအားလုံး တူညီတဲ့ပန်းတိုင်ကို ဆုပ်ကိုင်ထားရမှာဖြစ်သလို အိမ်နီးချင်း နိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု ရဖို့လိုတဲ့အပြင် တော်လှန်ရေးခရီးကိုလည်း တဆင့်ပြီးတဆင့် အဆင့်မြှင့်တင်ပြီး ရှေ့ကို ချီတက်သွားနိုင်ရမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လက်နက်ကိုင်တော်လှန်နေတဲ့ အမျိုးသားတော်လှန်ရေးအဖွဲ့တွေနဲ့သာမက NUG၊ CRPH တို့နဲ့လည်း လက်တွဲပြီး ကမ္ဘာ့နိုင်ငံရေးစဉ်မြင့်ပေါ်မှာ ထင်ပေါ် နိုင်ဖို့ အစီအစဉ်တွေချမှတ်ပြီး လုပ်ဆောင်နေတယ်လို့ လည်း ပြောပါတယ်။
ဒါ့အပြင် ကချင် တမျိုးသားလုံး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရရှိဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင် - SCEF နဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းလုပ်ဆောင်နေတာကို တိုင်းသူပြည်သားအားလုံးနဲ့ ကချင်ပြည်သူတွေအားလုံး သံသယစိတ်မရှိဘဲ ထောက်ခံအားပေးဖို့လည်း တိုက်တွန်းပြောကြားထားပါတယ်။
လက်နက်ကိုင်တော်လှန်ရေးခရီးကို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ပြီး လွတ်မြောက်ရေး ကြိုးစားနေတဲ့အချိန်မှာ စစ်အာဏာရှင်စနစ် အမြစ်တွယ်တည်တံ့စေမယ့်အလုပ်တွေမှာ မပါဝင်ကြဖို့နဲ့ ပါဝင်ပတ်သက်နေသူတွေအနေဲ့ ချက်ချင်း ရှောင်ကြဉ်ကြဖို့၊ စစ်မှန်တဲ့လမ်းမှာ အတူရပ်တည်ကြဖို့လည်း KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထပ်ပြီး နှိူးဆော်ထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်တည်တံ့ရေးမှာ ပါဝင်သူတွေအပေါ် တရားစီရင်တဲ့အချိန် ရောက်လာလိမ့်မယ်လို့လည်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားထားပါတယ်။
"တော်လှန်ရေးမှာ ပေးဆပ်လိုက်ရတဲ့ အာဇာနည်တွေရဲ့ ဝိညာဉ်နဲ့ ရန်သူအဖွဲ့ကြောင့် အသက်ပေးဆပ်လိုက်ရတဲ့ ပြည်သူတွေရဲ့ အိမ်နီးချင်း၊ မိသားစုဝင်တွေရဲ့ ဆုတောင်းသံတွေ မင်းတို့ အပေါ် သက်ရောက်လာမှာကို သတိရကြပါ။ အမြန်ဆုံး နောင်တရကြဖို့ ချစ်ခြင်းမေတ္တာနဲ့ သတိပေးလိုက်တယ်" လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတင်းစကားပါးထားပါတယ်။

ဓာတ်ပုံ - LAIZA TV

(သတင်း - ကိုသစ်)

TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio



Please Like us on https://www.facebook.com/m.CDMUnite/

08/10/2026

မူးမြစ်ရေ ပြန်ကျသွားပေမယ့် ခင်ဦးနယ်အနောက်ခြမ်းက ပြည်သူတွေ ရွာထဲ ပြန်မဝင်နိုင်သေး
m.CDM၊ သြဂုတ် ၁၀

မူးမြစ်ရေ ပြန်ကျသွားပေမယ့် ခင်ဦးနယ်အနောက်ခြမ်းမှာရှိတဲ့ ရေဘေးသင့်ရွာတွေက ပြည်သူတွေ ရွာထဲ ပြန်မဝင်နိုင်သေးဘဲ (၅) ရက်မြောက်နေ့အဖြစ် ရေဘေးရှောင်နေရဆဲလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
သြဂုတ်လ (၁၀) ရက်နေ့မနက်ပိုင်းမှာ ခင်ဦးမြို့ရဲ့ ရေဝင်ဒေသအခြေအနေကို ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
သြဂုတ်လ (၉) ရက် ညကတည်းက ရာသီဥတုကောင်းမွန်မှုကြောင့် မူးမြစ်အတွင်းကရေတွေ သိသိသာသာ လျော့ကျနေပြီး ခင်ဦးနယ် အနောက်ခြမ်းက ရေဝင်ကျေးရွာတွေမှာလည်း ရေမျက်နှာပြင် လျော့ကျနေတယ်လို့ ဆိုပါတယ်။
ရေပြန်ကျသွားပေမယ့် တရွာလုံး ရေနစ်မြုပ်နေဆဲ ကျေးရွာတွေ ရှိနေသေးတဲ့အတွက် ကျေးရွာတွေထဲကို ပြန်လည်ဝင်ရောက်နေထိုင်သူ မရှိသလောက်နည်းပါးနေပြီး (၅) ရက်မြောက်တဲ့အထိ ရေဘေးရှောင်နေရတယ်ဆဲလို့ အသိပေးပါတယ်။
ကျေးရွာတခုလုံး ရေနစ်မြုပ်နေဆဲ ကျေးရွာတွေက ကျေးရွာနေပြည်သူတွေဟာ ကူညီလှူဒါန်းမှုတွေ လိုအပ်နေဆဲလို့ သိရပါတယ်။
ကျေးရွာတွေထဲ ပြန်လည်ဝင်ရောက်လိုတဲ့ ဒေသနေ ပြည်သူတွေအနေနဲ့ ရေနဲ့အတူ ပါလာတတ်တဲ့ မြွေကဲ့သို့ အဆိပ်ရှိ တွင်းအောင်းသတ္တဝါတွေကို ဂရုပြုကြဖို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးလိုက်ပါတယ်။
မူးမြစ်နဲ့ ဧရာဝတီမြစ်ကြားမှာရှိတဲ့ ခင်ဦးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ (၂ဝ) က ပြည်သူ (၃) သောင်းကျော် ရေဘေးသင့်ခဲ့ပြီး ကျွန်းတောကြီးရွာက အသက် (၆၀) ကျော်အရွယ် အမျိုးသမီးတဦး ရေဘေးရှောင်ရင်း သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှတ်တမ်းအရ သိရပါတယ်။
အခု ရေဘေးသင့်နေတဲ့ရွာတွေအားလုံးဟာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ရွာတွေဖြစ်ပြီး စပါးခင်းတွေအပါအဝင် လယ်ယာသီနှံစိုက်ခင်းတွေ ရေဝင်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

(သတင်း - ကိုသစ်)

TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio



Please Like us on https://www.facebook.com/m.CDMUnite/

08/10/2026

အာဏာသိမ်းစစ်တပ်ကဖွင့်မယ့် အမျိုးသမီး စစ်မှုထမ်းသင်တန်းမှာ စက်ရုံအလုပ်ရုံတွေက အမျိုးသမီးတွေ အများစု ပါဝင်နေ
m.CDM၊ သြဂုတ် ၁၀

အာဏာသိမ်းစစ်တပ်က အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်းကို ဩဂုတ် (၁၀) ရက်မှာ စတင်ဖွင့်လှစ်ဖို့ ရှိနေပြီး စက်ရုံအလုပ်ရုံတွေက အမျိုးသမီးတွေ အများစုပါဝင်နေတယ်လို့ မြန်မာ့စစ်ဘက်‌ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ထားပါတယ်။
အဲဒီသင်တန်းအတွက် သင်တန်းသူတွေ မှော်ဘီမြို့နယ်မှာရှိတဲ့ အမှတ် - ၄ အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ရကသ - ၄ ကို ယခုရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့ကြပြီး သင်တန်းသူအများစုဟာ ရန်ကုန်မြို့မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေက အမျိုးသမီးအလုပ်သမားတွေလို့ ဆိုပါတယ်။
အခုဖွင့်မယ့် အမျိုးသမီး စစ်မှုထမ်းသင်တန်းကို ရကသ - ၄ အပြင် အခြားသော စစ်သင်တန်းကျောင်းအချို့မှာပါ လက်ခံပြီး လေ့ကျင့်သင်ကြားဖို့ရှိတယ်လို့ သြဂုတ်လ (၉) ရက် ညပိုင်းက ထုတ်ပြန်တဲ့ MDSI ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(၂၀၂၅) ခုနှစ် ဩဂုတ်လပိုင်းက ရကသ - ၄ မှာ အမျိုးသမီး စစ်မှုထမ်းသင်တန်း အမှတ်စဉ် - ၁ ဖွင့်လှစ်ခဲ့ပေမယ့် ပုံမှန် စစ်သင်တန်းအနေနဲ့သာ ဖွင့်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ရန်ကုန်မြို့အပါအဝင် မြို့ပြဒေသတွေမှာ အမျိုးသမီးငယ်အချို့ ပျောက်ဆုံးမှုတွေနဲ့ ဖမ်းဆီးစုဆောင်းခံရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရဲ့ လူမှုစီးပွား အဆောက်အအုံ တရပ်လုံး ကြီးမားတဲ့ ထိခိုက်သက်ရောက်မှုတွေရှိနေချိန် အခုလို အမျိုးသမီး စစ်မှုထမ်းသင်တန်းတွေကိုပါ အာဏာသိမ်းစစ်တပ်က တိုးချဲ့ ဖွင့်လှစ်လာတာလို့ မြန်မာ့စစ်ဘက်‌ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထောက်ပြထားပါတယ်။

ဓာတ်ပုံ - MDSI

(သတင်း - ကိုသစ်)

TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio



Please Like us on https://www.facebook.com/m.CDMUnite/

08/10/2026

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး တော်လှန်ရေးအင်အားစုအားလုံး စုစည်းညီညွတ်မှုသည်သာ အဓိက သော့ချက်ဖြစ်တယ်လို့ CRPH ဆို
m.CDM၊ သြဂုတ် ၁၀

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးရဲ့ အဓိက သော့ချက်ဟာ တော်လှန်ရေးအင်အားစုအားလုံး စုစည်းညီညွတ်မှုသာဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောပါတယ်။
သြဂုတ်လ (၁၀) ရက်မှာ ကျရောက်တဲ့ (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာကနေ CRPH က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
(၅၁) နှစ်ကြာ ကချင်တော်လှန်ရေးခရီးတလျှောက် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုနဲ့ အခွင့်အရေးတို့အတွက် စစ်အာဏာရှင်တွေကို တော်လှန်ရင်း အသက်ပေးခဲ့ကြတဲ့ ကချင်တိုင်းရင်းသားခေါင်ဆောင်ကြီးတွေနဲ့ ကချင် အာဇာနည် သူရဲကောင်းတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဦးညွတ် အလေးပြုထားပြီး ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ကြတဲ့ ကချင်အာဇာနည်တို့ရဲ့ စိတ်ဓာတ်နဲ့ သတ္တိဟာ မျိုးဆက်သစ်တွေအတွက် လမ်းပြကြယ်တွေလို့ သဝဏ်လွှာက ဆိုထားပါတယ်။
KIO/KIA ဟာ ကချင်ပြည်နယ်အတွင်းသာမက မြန်မာ့ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အရေးပါတဲ့ မဟာဗျူဟာမြောက် မဏ္ဍိုင်တခုအဖြစ် ရပ်တည်နိုင်ခဲ့သလို လက်ရှိအချိန်မှာလည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နွေဦးတော်လှန်ရေး မဟာမိတ်အင်အားစုတွေနဲ့လက်တွဲ ကြိုးပမ်းခဲ့တာကြောင့် စစ်ရေး၊ နိုင်ငံရေးနဲ့ နယ်မြေစိုးမိုးရေးဆိုင်ရာအောင်ပွဲတွေ ရရှိပိုင်ဆိုင်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
နိုင်ငံရေးအလှည့်အပြောင်း ကြီးမားနေတဲ့ လက်ရှိအချိန်မှာ KIO/KIA အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF မှာလည်း အခြားအင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်အာဏာရှင်တွေ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေအကြား သပ်လျှို သွေးခွဲမှုတွေနဲ့ ပရိယာယ်တွေကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ၊ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိတို့နဲ့ စည်းလုံးညီညွတ်စွာ ရင်ဆိုင်ကျော်လွှားကြဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းထားပါတယ်။

(သတင်း - ကိုသစ်)

TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
https://tunein.com/radio/mCDM-Radio-s351488/
m.CDM Internet Radio - https://moemaka.net/radio



Please Like us on https://www.facebook.com/m.CDMUnite/

08/10/2026

စစ်ကိုင်းတိုင်း အတွင်းက ရေဘေးသင့် ပြည်သူတွေကို NUG နဲ့ တော်လှန်ရေး အဖွဲ့တွေ အကူအညီပေးနေ၊
Please Like us on https://www.facebook.com/m.CDMUnite/

08/10/2026

မင်းဇေသန့် ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ မိတ္ထီလာနဲ့ ဆီမီးခုံမှာလည်း တိုက်ခိုက်ခံရ၊
Please Like us on https://www.facebook.com/m.CDMUnite/

08/10/2026

ရေးမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား၊ ရေးဘီလူးအကောင့်မှာ ကွန်မန့်ရေးတဲ့ အမျိုးသမီး ဖမ်းဆီးခံရ
Please Like us on https://www.facebook.com/m.CDMUnite/

08/10/2026

ဆော - လောင်းရှည်လမ်းပိုင်းက တိုက်ပွဲတွေမှာ အလင်းဝင်လာသူနဲ့ ဖမ်းမိသူ ၂၀ ကျော်ရှိ
Please Like us on https://www.facebook.com/m.CDMUnite/

Address

Burma Road
Oakland, CA

Alerts

Be the first to know and let us send you an email when Radionugmyanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Radionugmyanmar:

Shortcuts

Share