12/24/2025
ချစ်ခြင်း မေတ္တာ နဲ့ ကရုဏာ တရား ကို မလွတ်တမ်းဆုတ်ကိုင်ထား ဖို့ ဗိုလ်ချုပ်မှုး ကြီး ပြော
အေးချမ်းသာ ယာ ပြီး ဒုစရိုက် မှု တွေ ကင်း တဲ့ ကမ္ဘာ ဖြစ် ဖို့ ဘယ်လို အခြေအနေ မျိုး မှာ ပဲ ဖြစ်ဖြစ် ချစ်ခြင်း မေတ္တာ နဲ့ ကရုဏာ တရား ကို မလွတ်တမ်းဆုတ်ကိုင်ထား ဖို့ အထူး လိုအပ် ကြောင်း ကို မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုး ကြီး မင်းအောင်လှိုင် က ခရစ္စမတ် အခါ သမယ မှာ ပြောလိုက်ပါတယ်။
ကာသိုလိပ် သာသနာ ရဟန်း အမတ် ကြီး ချားလ်မောင်ဘို ရဲ့ ဖိတ်ကြား မှု နဲ့ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် မှာ ရှိ တဲ့ ရှိ စိန့်မေရီကာသီဒြယ် ကက်သလစ်ဘုရားကျောင်း မှု ကျင်းပပြုလုပ် တဲ့ ခရစ်တောခ မွေးနေ့ မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တစ်ဦး နဲ့ တစ်ဦး မေတ္တာ၊ စေတနာထား ကြဖို့ နဲ့ ရန် ကို ရန်ခြင်း မတုံ့ နှင်း ဖို့ လည်း ပြောလိုက်ပါသေးတယ်။
မြန်မာ စစ်ခေါင်းဆောင် ဟာ ခရစ်တော် မှာ အိပ်ပျော်သွား ပြီ ဖြစ် တဲ့ ပုပ်ရဟန်း မင်းကြီး ဖရန့်စစ် မြန်မာ ပြည်လာလည် တုန်း က လည်း ရန်ကုန် ထိ ဆင်း ပြီး ခရီး ဦးကြို ပြုခဲ့ ပါတယ်။