06/09/2025
Hey, it's Shiri! 👋
Just got back from our trip to Phu Quoc Island, Vietnam 🇻🇳, so thinking it'd be worthwhile to share for any curious soul.
ဗီယက်နမ်က အခုတလော ရေပန်းစားနေတဲ့ ဒီ Phu Quoc ကျွန်းကို သူငယ်ချင်း ညီမလေးတစ်ယောက် ညွှန်းတာနဲ့ social media က ဓာတ်ပုံတွေကြည့်ပြီး နှစ်ယောက်သား သိပ်မစဉ်းစားပဲ လက်မှတ်ဖြတ်လိုက်တယ်။ သွားခါနီး research လုပ်တော့မှ Reddit မှာ ဒီကျွန်းကို Ghost Town လို့ ခေါ်တာတွေတွေ့ပြီး ကိုယ်တွေ နေရာအရွေးမှားပြီလားဆိုပြီး စိတ်ပူသွားသေးတယ်။ (ရှိုင်းကတော့ ထုံးစံအတိုင်း အေးဆေးပေါ့ ... ဒို့တစ်ယောက်ပဲ စိတ်ပူရတာပါ အမှန်တော့! 🥹)
ရောက်သွားတဲ့အထိ ရင်တထိတ်ထိတ်နဲ့ ... ဒါပေမယ့် ထင်ထားသလို မဟုတ်ပဲ.. အထူးသဖြင့် Sunset Town လေးကိုဆိုရင် သေချာလေး လုပ်ထားတာ တွေ့တော့ ပြန်ပျော်သွားပေါ့ ... Instagrammable spots တွေ အများကြီးရှိတော့ ယောကျာ်း ဓာတ်ပုံတွေ အများကြီး ရိုက်ပေးပေတော့ပဲ ဟဲဟဲ
✈️ Flight Information
ဗီယက်နမ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဒီ Phu Quoc ကျွန်းက international airport ရှိတော့ နေရာတော်တော်များများကနေ direct flight တွေရှိတယ်။ ဘန်ကောက်ကနေဆိုရင် တစ်ယောက်ကို 5,000 THB ဝန်းကျင်လောက်ပဲကျတယ်။
🏨 Where We Stayed
🔹 သီရီတို့က ၄ ညအိပ်ခရီးဆိုတော့ ဟိုတယ် ၂ခုမှာ ၂ ညစီ တည်းဖြစ်ခဲ့ပါတယ်။
🔹 ပထမ ၂ ညကို Hillside Apartment က Seaview Room မှာ တည်းခဲ့ပါတယ်။ တစ်ညကို 1,000 THB ပဲ ပေးရပြီး ဝရံတာကနေ ညတိုင်း fireworks တွေ ကြည့်ရတာ အရမ်းမိုက်မှမိုက်။
🔹 နောက် ၂ ညကိုတော့ Duong D**g မြို့နားက beachfront hotel The Shells Resort မှာ တည်းခဲ့တယ်။ သူကတော့ Garden View Room ကို တစ်ည 2,000 THB လောက်ပေးရတယ်။ Seaview ဆိုရင်တော့ 3,000 THB လောက်ရှိမယ်။ သီရိတို့ကတော့ အပြင်တွေ သွားပြီး ညအိပ်ရုံလောက်ပဲဆိုတော့ Garden View ပဲ ရွေးလိုက်တယ်။ အခန်း ၁ ခန်းကို bungalow တစ်လုံးပေးထားပြီး ကိုယ့်ခြံသေးသေးလေးနဲ့ကိုယ်ဆိုတော့ တော်တော်လေး private ဖြစ်တယ်။ အခန်းက ကျယ်လွန်းလို့ ပြန်တဲ့နေ့ ပစ္စည်းမေ့မကျန်ခဲ့အောင် မနဲသတိထားနေရတယ်။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ကြီးသွားရင် အရမ်းပျော်ဖို့ကောင်းမှာ။
🚗 Getting Around
1️⃣ ကားနဲ့ ဆိုင်ကယ်တွေ ငှါးလို့ရတယ်။
2️⃣ Sunset Town မှာဆိုရင် buggy ကားလေးတွေနဲ့ လျှောက်သွားလို့ရတယ်။ တစ်ယောက်ကို 20 THB လောက်ပဲဆိုတော့ ကိုယ်တွေ ရှယ်စီးပဲ။
3️⃣ ကျွန်းပေါ်က တခြားနေရာတွေ သွားမယ်ဆိုရင် taxi app တွေရှိတယ်။ Grab ရှိပေမယ့် သီရိကတော့ Xanh SM လို့ခေါ်တဲ့ သူတို့ local app လေးကို ပို recommend ပါတယ်။ Grab နဲ့ယှဉ်ရင် ဈေးလည်း တော်တော်သက်သာတယ်။
4️⃣ local taxis တွေလည်းရှိတယ်။ အဲ့မှာတစ်ခုကောင်းတာက taxi driver တွေရဲ့ ပါးစပ်ဈေးမဟုတ်ပဲ app က ဈေးကို ကြည့်ပြီး ဈေးဆစ်လို့ရတယ်။
5️⃣ နောက်ဆုံးတခုကတော့ VinBus လို့ခေါ်တဲ့ free shuttle bus တွေပါ။ VinBus ဆိုတဲ့ app လေး down ထားပြီး အချိန်နဲ့ မှတ်တိုင်နေရာလေးတွေ ကြည့်လို့ရပါတယ်။ သီရိတို့ကတော့ bus လာမယ့်အချိန်ကို ကိုက်ပြီး မစောင့်နိုင်တာရယ် ကိုယ်တွေနေတဲ့နေရာတွေက bus stop နဲ့အရမ်းမနီးတာရယ်ကြောင့် buggy နဲ့ Xanh SM နဲ့ ပိုသွားဖြစ်ခဲ့ပါတယ်။
🍽️ Food
အစားအသောက်ကိုတော့ သွားတဲ့နေရာမှာ အဆင်ပြေသလိုစားကြမယ်လို့ စဉ်းစားထားတာကြောင့်စားသောက်ဆိုင်တွေကိုတော့ ကြို research လုပ်မသွားဘူး။ နေ့လည်စာတွေကို ရောက်တဲ့နေရာက ဆိုင်တွေမှာ ကြုံသလိုစားပြီး ညစာအတွက် ညဈေးတွေ ပတ်ခဲ့ပါတယ်။ Sunset Town ရဲ့ ညဈေးလေးက လူငယ်ပိုဆန်ပြီး aesthetic ပိုဖြစ်တယ်။ သူက သပ်သပ်တည်ထားတဲ့ မြို့မှာရှိတဲ့ ဈေးဆိုတော့ အဲ့မှာပိုဈေးကြီးမယ်ထင်ထားတာ Duong D**g ဘက်က နဲနဲပိုဈေးကြီးနေတယ်။ ဒါပေမယ့် အဲ့ဘက်က ပို local ဆန်ပြီး လူပိုစည်တယ်ပြောရမယ်။
💯 Things To Do
🏙️ Sunset Town 🏙️ ဥရောပစတိုင် ရောင်စုံအဆောက်အဆုံတွေနဲ့ ပင်လယ်ကမ်းခြေရဲ့ သဘာဝရှုခင်းနဲ့ပေါင်းလိုက်တော့ ဒီမြို့သေးသေးလေးက တော်တော်လေး လှတယ်။ တချို့ insta-worthy place တွေဆိုရင် ဓာတ်ပုံရိုက်ဖို့ တန်းစီနေရတာတွေတောင်ရှိတယ်။
🚡 Cable Car 🚡 အမြင့်မကြောက်တတ်ဘူးဆိုရင် ဒီ cable car ကတော့ must-ride ပါပဲ။ ဗီယက်နမ်ရဲ့ အရှည်ဆုံး cable car လို့ ပြောကြတယ်။ အပေါ်ကနေ စိမ်းပြာရောင်ပင်လယ်ကြီးရယ် ကျွန်းစုလေးတွေရယ် ငါးဖမ်းလှေတွေကို မြင်ရတဲ့ view ကတော့ very breathtaking ပဲ။ အသွားအပြန် တစ်ကြောင်းစီကို ၁၅ မိနစ် လောက်ကြာအောင် စီးရတော့ အမြင့်ကြောက်တဲ့ ရှိုင်းတစ်ယောက် သွေးတက်ပေါ့။ ဒါပေမယ့် သူတောင် လိုက်စီးရဲတယ်ဆိုတော့ အရမ်းကြောက်စရာတော့မကောင်းပါဘူး... Buffet ကျွေးတဲ့ စားသောက်ဆိုင်က လူအရမ်းတိုးရလို့ အေးအေးဆေးဆေး စားသောက်ရတာကြိုက်တဲ့သူဆိုရင် buffet မပါတဲ့ ticket ဝယ်ပြီး တခြားဆိုင်တွေမှာ ဝယ်စားဖို့ recommend ပါတယ်။ [1,200 THB for round trip (includes free ticket to a water park, lunch buffet & entrance ticket to Kiss Bridge)]
💋 Kiss Bridge 💋 ပင်လယ်ဘက်ကို ထုတ်ပြီး ဆောက်ထားတဲ့ ဒီပေါင်းကူးတံတားလေးပေါ်ကနေဆိုရင် စုံတွဲတွေ တစ်ဖက်စီနေပြီး kiss နေတဲ့ပုံတွေ ရိုက်လေ့ရှိကြတယ်။ ကိုယ်တွေကတော့ တစ်ဖက်မှာ ရိုက်ပေးမဲ့သူမရှိတာရယ် လူတွေများနေတာရယ်နဲ့ မ ro ခဲ့ရဘူး။ [Entrance Fee included in Cable Car Ticket]
🎇 Kiss of the Sea Show 🎇 ညတိုင်း fireworks တွေဖောက်တဲ့ ဒီ multimedia water show လေးက Phu Quoc ရဲ့ one of the highlights ပဲ။ ကိုယ်တွေ အခန်းဝရံတာကနေ လှမ်းမြင်ရတော့ လက်မှတ်သပ်သပ်ဝယ်စရာမလိုပဲ ညတိုင်း မီးရှူးမီးပန်းတွေ ကြည့်ရတာ ရှယ်မိုက်ပဲ။ [700 THB]
🎢 VinWonders Amusement Park 🎢 ဒီကစားကွင်းသွားရင်တော့ ငါးပြတိုက်မှာရှိတဲ့ Mermaid Show နဲ့ castle ရှေ့က Once Show ကိုတော့ ကြည့်ဖြစ်အောင်ကြည့်ခဲ့နော်။ သူတို့ website မှာ အချိန်နဲ့နေရာတွေကြည့်လို့ရပါတယ်။ ဒီရောက်ရင် တချို့က aquarium ဘေးမှာ နေ့လည်စာစားကြတယ်။ သူက တစ်ယောက်ကို 2,000 THB လောက်ပေးရတယ်။ သီရိတို့ကတော့ အရမ်း crazy ဖြစ်မနေတာရယ် ဈေးများတယ်ထင်တာကြောင့် မစားဖြစ်ခဲ့ဘူး။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက်တော့ အကြိုက်မတူဘူးပေါ့နော်။ သွားချင်တယ်ဆိုရင်တော့ ကြို reservation လုပ်သွားနော်။ aquarium နဲ့ကပ်ရပ် စားပွဲတွေက အများကြီးမရှိတော့ ဝိုင်းတွေက လူပြည့်နေတတ်တယ်။ [1,000 THB (includes 200 THB worth food coupon)]
🛍️ Grand World 🛍️ ဒီနေရာကလည်း ဥရောပစတိုင်ဆောက်ထားတဲ့ shopping နဲ့ entertainment area လေးပါ။ Venice-style လှေစီးကြတယ်။ ကိုယ်တွေတော့ sunset town နဲ့ vibe ဆင်တော့ အချိန်မရတာနဲ့ မရောက်ခဲ့ဘူး။ [250-500 THB, depending on activities]
⭐ Starfish Beach ⭐ ပင်လယ်ကမ်းစပ်မှာ အနီရောင် starfish လေးတွေ ရှိတဲ့ another Instagrammable spot လေးပါ။ ဒေသခံတွေ ပြောပုံအရဆိုရင် ပွင့်လင်းတဲ့ရာသီတွေမှာ သွားရင် starfish တွေ ကမ်းစပ်မှာ မြင်ရနိုင်ခြေပိုများတယ်တဲ့။ ပြီးတော့ မနက်ပိုင်းသွားဖို့ ပြောကြတယ်။ သီရီတို့က ညနေပိုင်းမှသွားဖို့ စီစဉ်လိုက်တော့ hotel conceirge ကနေ နောက်ကျနေပြီဆိုလို့ မသွားလိုက်ရဘူး။
🏝️ Snorkeling & Island Hopping Tours 🏝️ ကျွန်းတော်တော်များများသွားရင် လုပ်ကြလေ့ရှိတဲ့ boat tour လေးတွေလည်းရှိတယ်။ အရင်ခရီးတွေတုန်းက သွားတိုင်း boat စီးပြီးရင် ပင်ပန်းလွန်းလို့ ဒီတခါ လုံးဝ chill မယ်ဆိုပြီး မသွားဖြစ်ခဲ့ကြဘူး။
💖 What We Loved
✅ လူအရမ်းမများတဲ့အတွက် အေးဆေးလွတ်လွတ်လပ်လပ် enjoy လို့ရတယ် ဓာတ်ပုံရိုက်လို့ရတယ်။ ဒါတောင် တချို့နေရာတွေမှာ တန်းစီနေကြသေးတယ်။
✅ ကျွန်းရဲ့ သဘာဝအလှနဲ့ သေချာဆောက်လုပ်ထားတဲ့ infrastructure တွေနဲ့ဆိုတော့ နေရာလေးက တမျိုးအမြင်ဆန်းနေရော။ ဆောက်လက်စ project တွေလည်း အများကြီးတွေ့ခဲ့တော့ နောက်ပိုင်းပိုမိုက်လာမယ်လို့ ထင်တယ်။
✅ Phu Quoc ရဲ့ VinWonders Amusement Park လေးကို တော်တော်လေးကို သဘောကျမိတယ်။ Disneyland မသွားဖြစ်သေးဘူးဆိုရင် ဒီနေရာလေးက ဘန်ကောက်က Dream World ထက်တော့ အများကြီး ပိုကောင်းတယ်လို့ထင်တယ်။
✅ လူရှုပ်တာမကြိုက်ဘူး အေးဆေး chill ချင်တဲ့သူတွေဆိုရင်တော့ သွားကြည့်ဖို့ recommend ပါတယ်။
🙃 What’s Not for Everyone
❌ Sunset Town မှာ တချို့ဆိုင်ခန်းတွေဆိုရင် ဘာမှသိပ်မရှိဘူး။ အဲ့ဒါကြောင့် ghost town လို့ ခေါ်ကြတာနေမယ်။
❌ ထိုင်းက ကျွန်းတွေလို nightlife နဲ့စည်ကားတာကြိုက်တဲ့သူတွေအတွက်တော့ အဆင်မပြေလောက်ဘူးလို့ ထင်ပါတယ်။
💸 Total cost သိချင်တဲ့ သူတွေအတွက် ဒီ ၄ ညအိပ် ၅ ရက် ခရီးစဉ်လေးက နှစ်ယောက်ကို သီရိတို့ 30,000 THB ၀န်းကျင်လောက် ကုန်ခဲ့ပါတယ်။
💕 Thanks for reading! အပြောအဆိုလေးတွေနဲ့ information လိုသွားခဲ့ရင် ခွင့်လွှတ်ပါဆင့်။