AR page စိတ်ဝင်စားဖွယ်သတင်းများစုစည်းမှု (Collection)

06/12/2025

"" ပညာရေးမြင့်မားရာဒေသသို့ "" "" အလည်တခေါက် ""- ဒီတခါတော့ ဘိုးတော်နေတဲ့ ပညာရေးအားနည်းတဲ့ဒေသကနေပြီးတော့....- မအလပြောတဲ့ ပညာရေးမြင့်မားတဲ့ဒေသကို တချက်လောက်သွားလေ့လာခဲ့မိတယ်...- ပညာရေးမြင့်မားရာဒေသမှ ပုံရိပ်တွေကို ပရိတ်သတ်တွေလဲ မြင်ဖူးတယ်ရှိအောင်လို့ ဘိုးတော်မှတ်တမ်းအနေနဲ့ရိုက်ကူးလာခဲ့ပေးပါတယ်.။

05/28/2025

ကော်ဘရာ ဗိုလ်ဒါဘော တို့ ခွေးမီးဖုတ် မှုမှတ်တမ်းတခု

05/28/2025

🎵အကောင်တွေ ဘယ်လောက်ပဲကြီးကြီး အမြီးတွေ ဘယ်လောက်ပဲရှည်ရှည်.. သေမင်းကြီးက အချိန်တိုင်း stand by နေ.. 🎵🎶

အောက်ခြေက စစ်ခွေးမယားတွေက သူတို့ကိုယ်သူတို့ အခြားအဆင့်ကတော်လို့ သုံးလို့ ဓာတ်ဘူးဂျွတ်တက် မယားတွေက ဆတ်ဆတ်ထိမခံဖြစ်ပြီး ဝိုင်းကိုက်တာကြောင့် အိုးကြမ်းပဲ့ မယားတွေက ပြန်လှော်နေကြတာ.. 😂

တပ်မဟာ(၇)နယ်မြေ သောင်ရင်းမြစ်အခြေစိုက် စစ်ကောင်စီတပ်စခန်း ၈ခုလုံး KNUသိမ်းပိုက်အောင်ပွဲရ တပ်ဗိုလ်၊တပ်မှူးများ၊ ရဲဘော်မျာ...
05/21/2025

တပ်မဟာ(၇)နယ်မြေ သောင်ရင်းမြစ်အခြေစိုက် စစ်ကောင်စီတပ်စခန်း ၈ခုလုံး KNUသိမ်းပိုက်

အောင်ပွဲရ တပ်ဗိုလ်၊တပ်မှူးများ၊ ရဲဘော်များကို ယနေ့ ဂုဏ်ပြု

မေလ ၂၁၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ ထိုင်း − မြန်မာနယ်စပ် သောင်ရင်းမြစ်အခြေစိုက် စစ်ကောင်စီတပ်စခန်း ၈ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ပြီး တိုက်ပွဲဝင် တပ်ဗိုလ် ၊တပ်မှူးများနှင့် ရဲဘော်ရဲဘက်များအား ယနေ့(မေလ ၂၁ရက်)တွင် ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့သည်။

တပ်မဟာ(၇)အတွင်းရှိ သောင်ရင်းမြစ်အခြေစိုက်သော စစ်ကောင်စီတပ်စခန်း (၈)လုံးကို ၂၀၂၄ ဒီဇင်ဘာ ၁၆ရက်မှ ၂၀၂၅ မေလ ၁၉ ရက်အထိ ငါးလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ မော်ဖိုးခီး(မော်ဖိုးကေ)စခန်းအပြင် မော်ဖားသူး၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူးတူ၊ ခလယ်ဒေး၊ မော်ကွီးလုနှင့် လေးဝေါ်စသည့် စစ်ကောင်စီခြေကုပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၇) စစ်ရေးကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း (၂၂)တပ်ရင်းမှူး ဦးဆောင်၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ-KNDO တပ်ဗိုလ်၊ တပ်မှူးများနှင့် ရဲဘော်၊ရဲဘက်များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါ တပ်ဗိုလ်၊ တပ်မှူးများနှင့် ရဲဘော်၊ရဲဘက်များမှ တိုက်ပွဲများတွင် စွမ်းစွမ်းတမံ တိုက်ပွဲဝင်၍ စခန်းများသိမ်းပိုက်နိုင်မှုကြောင့် သောင်းရင်းမြစ် ဘေးရှိ ရွာသူ၊ရွာသားများ အကြောက်တရား ကင်းလွတ်စွာဖြင့် လွတ်လပ်စွာသွားလာ၍ လုပ်ကိုင်စားသောက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ကြောင့် ဘားအံခရိုင် တပ်မဟာ(၇)ရှိ တာဝန်ရှိခေါင်းဆောင်များ၊ ဗဟိုနှင့် ဖားအံခရိုင်ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ဒေသခံ ရွာသူရွာသားများက စခန်းသိမ်းတိုက်ပွဲများအား ရဲစွမ်းသတ္တိဖြင့် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ကြသော တပ်ဗိုလ်၊ တပ်မှူးများနှင့် ရဲဘော်၊ရဲဘက်များကို ဂုဏ်ပြုခြင်းအစီအစဉ်အား ယနေ့ပြုလုပ်ခဲ့ဟု အသိပေးပြီး ဂုဏ်ပြုပွဲ ရုပ်သံမှတ်တမ်းကို ဖော်ပြသည်။

ယင်းရုပ်သံတွင် အောင်ပွဲရရဲဘော်များကို ပြည်သူများက ပန်းကုံးစွပ် ကြိုဆိုဂုဏ်ပြုကြသည်ကို တွေ့ရသည်။

သြော်...မမြဝင်းရယ်....ရှူးရှူးဖလားဝါး မလို့ပါဟဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေရှိရာ ချောင်းသာမြို့ရဲ့ ရဲစခန်းဘေးက ထရမ်စဖော်...
05/18/2025

သြော်...မမြဝင်းရယ်....ရှူးရှူးဖလားဝါး မလို့ပါဟ

ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေရှိရာ ချောင်းသာမြို့ရဲ့ ရဲစခန်းဘေးက ထရမ်စဖော်မာ (Transformer) တစ်လုံးသည် မေလ ၁၈ ရက် မနက် ၁ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲသံကို တော်လှန်ရေးတပ်ဖွဲ့တွေ ရဲစခန်းကိုဝင်စီးတယ် အထင်နဲ့ ရဲများ ထွက်ပြေးခဲ့ကြကြောင်းဒေသခံများမှသတင်းရရှိပါသည်။

စစ်​ကောင်စီက ​​ကောလင်းတွင်ကလပ်စတာဗုံးကြဲ​မေ-၁၇၊၂၀၂၅။ကဖေး/People's Spring ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က အလွန်အန္တရ...
05/17/2025

စစ်​ကောင်စီက ​​ကောလင်းတွင်ကလပ်စတာဗုံးကြဲ

​မေ-၁၇၊၂၀၂၅။ကဖေး/People's Spring

ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က အလွန်အန္တရာယ်များသော ဆင့်ကွဲ​ပေါက်ကွဲ​စေ
သည့် ကလပ်စတာဗုံး (Cluster Bomb)များသုံးပီး တိုက်ခိုက်နေကြောင်းကောလင်းခရိုင် တပ်ရင်း
(၂)ကသတင်းထုတ်ပြန်သည်။

ကောလင်းခရိုင် တပ်ရင်း(၂)၏ ယနေ့(မေလ ၁၇
ရက်)ထုတ်ပြန်ချက်၌ မကြာသေးမီက ကောလင်းမြို့ အနောက်ဘက် ဥက္ကံရွာ နှင့် ချောင်းနားကို စစ်ကောင်စီက ကလပ်စတာဗုံးများ ကြဲချခြင်းဟု ဖော်ပြသည်။ ရွာထဲ၌ ကလူစတာဗုံးအခွံ များ ရှာတွေ့ခဲ့သည်ကို ဓာတ်ပုံများဖြင့်တကွဖော်ပြထား
သည်။

"စကစက လေယဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ
Cluster Bomb တွေသုံးပီး တိုက်ခိုက်နေတာ
သေချာပါတယ်"ဟုကောလင်းခရိုင် တပ်ရင်း(၂)
က သတင်းထုတ်ပြန်ထားသည်။

ကလပ်စတာဗုံးဆိုသည်မှာဗုံးတစ်လုံးထဲတွင် ဗုံးသီးအသေးစား(submunitions)များထည့်ထားသည့် ဗုံးအမျိုးအစားဖြစ်သည်။တိကျသည့် ပစ်မှတ်တစ်ခုစီစီကို ချိန်ရွယ်ပစ်ခတ်ခြင်းမဟုတ်ဘဲ ဧရိယာတစ်ခုလုံး ကို ပျံ့နှံ့ပေါက်ကွဲစေသော ဗုံးဖြစ်သည်။ အန္တရာယ်များလှပြီး ရက်စက်​သောအဆိုပါဗုံးကို နိုင်ငံတကာတွင် အသုံးပြုခွင့်တားမြစ်ထားသည်။

မေလ ၁၂ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီလေတပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲရာတွင် ကလပ်စတာဗုံးကိုအသုံးပြုခဲ့သည်ဟု ဒေသခံများကပြောသည်။ အဆိုပါ တိုက်ခိုက်မှု၌ဆရာမ (၂) ဦး နှင့် ကျောင်းသား ကျောင်းသူ (၂၄) ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ရက်က ရခိုင်ပြည်နယ်ထ ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွင်ကလပ်စတာဗုံး များသုံးခဲ့သည်ဟု အာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCOက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ကလပ်စတာဗုံးများ အသုံးပြု၍ တိုက်ခိုက်ခြင်းသည် အလွန်စိုးရိမ်ဖွယ်ကောင်းပြီး ယင်းဗုံးများ မှ ထွက်ကျလာသော မပေါက်ကွဲသေးသော ဗုံးအသေးများသည် ရပ်ကွက်များ၏ အနီးတဝိုက်တွင် ကျန်ရှိနေနိုင်ကြောင်း HDCO
ကထုတ်ပြန်သည်။အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်များကို ပြည်သူများ နေထိုင်ရာ ဒေသများ၊ ရပ်ကွက်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စိုးရိမ်စရာဖြစ်သည့်အပြင် လူသားချင်းစာနာမှုဆိုင်ရာဥပဒေများနှင့်မညီပဲ ဂျနီဗာစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို ပြန်လည်ရောက်ရှိလို လာပါပြီ။ပြည်သူ့ပန်းတိုင်က ကောက...
05/17/2025

အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို ပြန်လည်ရောက်ရှိလို လာပါပြီ။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် မေလ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံပန်း စကစအဖွဲဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၆ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။

အလင်းဝင်လာသူများ (စုစုပေါင်း ၂၁ ဦး)

စစ်သား ၂၁ ဦး
-မန္တလေးတိုင်း (၃)
-ကရင်ပြည်နယ် (၃)
-မကွေးတိုင်း (၃)
-တနင်္သာရီတိုင်း (၁၂)

*(မှတ်ချက် - အလင်းဝင်သူ ၂၁ ဦးအနက် ၁၉ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)*

စစ်သုံပန်း ဖမ်းဆီးခံရသူများ (စုစုပေါင်း ၅ ဦး)

စစ်သား ၂ ဦး
-စစ်ကိုင်းတိုင်း (၁)
-ကချင်ပြည်နယ် (၁)

ရဲ ၂ ဦး
-ချင်းပြည်နယ် (၂)

ပြည်သူ့စစ် ၁ ဦး
-တနင်္သာရီတိုင်း (၁)

မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလ ပထမပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံပန်း စုစုပေါင်း - ၁၀၆၇ ဦးထိရှိခဲ့ပါသည်။

ဆက်သွယ်ရန်
ပြည်သူ့ပန်းတိုင်သို သတင်းအချက်အလက်များ ဆက်သွယ်လိုပါက –
- တယ်လီဂရမ် : []
- ဗိုက်ဘာ : +66 94 652 9985

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊  ခြင်ကိုက်ကွင်းကျေးရွာကို  မေ (၁၅)ရက် မနက်ပိုင်းတွင် ဖက်ဆစ်ခွေးမိစ္ဆာတပ်မှ စာသင်ကျောင်းရှ...
05/17/2025

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ခြင်ကိုက်ကွင်းကျေးရွာကို မေ (၁၅)ရက် မနက်ပိုင်းတွင် ဖက်ဆစ်ခွေးမိစ္ဆာတပ်မှ စာသင်ကျောင်းရှေ့သို့ ဗုံးတစ်လုံး၊ ၃၁ သစ်စက်ရှေ့နား ရွှေညာမြေကွမ်းယာဆိုင်သို့ ဗုံးတစ်လုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကွမ်းယာဆိုင်မီး‌လောင်ပျက်စီးသွားကြောင်း သိရှိရသည်။

မေ (၁၅)ရက် ည (၀၉၃၀)တွင်လည်း ကွင်းကောက် တတက (၅)မှ paramotor ဖြင့် ဘယ်ပြားကုန်း၊ စာစီကုန်းကွင်း၊ ခြင်ကိုက်ကွင်းဘက်များသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မေ (၁၆)ရက် ည (၀၈၃၀)အချိန် လေယာဉ် (၂)စီးဖြင့် ဝါးတောကွင်းရွာ၊ ကြက်ပေါင်ကုန်း၊ သံပုရာကုန်းရွာဘက်များသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူထိခိုက်မှုကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ဖက်ဆစ်ခွေးမိစ္ဆာသည် ဧရာတိုင်းအတွင်း စစ်ရှူံးနယ်မြေများလာသည့်အတွက် Jet fighter၊ paramotor၊ helicopter များဖြင့် ပြည်သူများကို အဓိကပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ နေ့/ည အချိန်မရွေး မရပ်မနား ပြုလုပ်နေသော်လည်း ၎င်းတို့ ခန့်အပ်ထားသော အကြမ်းဖက်အုပ်မှူးများလည်း ကျေးရွာများမှ အခြားဒေသများသို့ ထွက်ပြေးရှောင်တိမ်းလာကြသည်ကို သိရှိရသည်။

05/04/2025

မအလ တပ်မတော်

Address

State Street
River Falls, WI
54022

Website

Alerts

Be the first to know and let us send you an email when AR page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share