MC MYO 𝑂𝑛 𝑚𝑦 𝑝𝑎𝑔𝑒, 𝐼 𝑖𝑛𝑣𝑖𝑡𝑒 𝑦𝑜𝑢 𝑡𝑜 𝑟𝑒𝑠𝑡 𝑓𝑜𝑟 𝑡𝒉𝑒 𝑟𝑒𝑠𝑡 𝑜𝑓 𝑦𝑜𝑢𝑟 𝑑𝑎𝑦. 𝐆𝐞𝐧𝐭𝐥𝐞𝐦𝐞𝐧 𝐜𝐨𝐦𝐞 𝐭𝐨 𝐦𝐲 𝐩𝐚𝐠𝐞 𝐰𝐡𝐢𝐜𝐡 𝐢𝐬 𝐭𝐡𝐞 𝐛𝐞𝐬𝐭 𝐩𝐥𝐚𝐜𝐞 𝐭𝐨 𝐫𝐞𝐥𝐚𝐱.

08/20/2025

ကလေးတွေအတော်ဆိုးနေပီနော် 😂😜

08/04/2025

#ရုတ်တရက်သတိရလာရင်ဒီရင်ဘတ်ကြီးကွဲပါတယ်🥲

#သက်ဆိုင်သူသို့ကြားပါစေသား
𝙼𝚐 𝙼𝚐 𝙿𝚑𝚘𝚎 𝙿𝚢𝚊𝚎, 𝙹𝚎𝚠𝚎𝚕
𝙲𝚘𝚖𝚙𝚘𝚜𝚎𝚛 - 𝙺𝚊𝚞𝚗𝚐 𝙲𝚑𝚒𝚝 𝚃𝚑𝚞
𝙿𝚒𝚊𝚗𝚘 - 𝙱𝚘𝚘𝚔𝚒𝚎
𝙼𝚒𝚡𝚒𝚗𝚐 - 𝙱𝚊𝚗𝚢𝚊𝚛
𝚅𝚎𝚗𝚞𝚎 - 𝙰𝚢𝚊𝚛 𝚁𝚝𝚑𝚢𝚞𝚖

08/02/2025

#ကိုယ့်ထက်မင်းရဲ့လိုအင်တွေဖြည့်နိုင်စွမ်းရှိတဲ့သူတွေကို
#ကြုံလာတဲ့တစ်နေ့ကြရင် ........
#ခွင့်မတောင်းပေမယ့်ရပါတယ် 😔😔😔


07/18/2025

#ရေစက်ကြောင့်ပဲဆုံဆုံ ၊ #ဝဠ်ကြွေးကြောင့်ပဲကြုံကြုံ
အဆုံးသတ်မှာ အားလုံးခွဲခွာကြရမှာပဲ 😔

07/18/2025

#ရေမြေခြား ခြား ခြားနားလို့ထားလည်း 😔
မင်းအချစ်နဲ့မဝေးနိုင်ပါ 🥰

#လွမ်းတယ်
Composer&Mixing -K Steven
Artist-K Steven & CherryThin
Music-T Boy (Bone Plus)
Director-Yan K
Make Up-Nann Yatti Win Lae


07/18/2025

#မေသဇင်ချစ် လေးတောင် အဆိုတော်ဖြစ်ပြီနော် 🥰

#ကျောင်းဖွင့်ချိန်
#ချိုကို
#မေသဇင်ချစ်

07/17/2025

#လွမ်းလားလို့မေးရင်လွမ်းတယ် 🥲
#ချစ်သေးလားမေးရင်ချစ်သေးတယ် 🥰
#ပြန်လိုချင်သေးလားမေးရင်မလိုချင်တော့ဘူး 😔

05/17/2025

#ငါနေတတ်သွားအောင်မင်းသင်ပေးတာပါ 😊
#ငါတိူ့ဝေးသွားရင်သတိရအုံးမှာလား .....🥲

#ဒါနောက်ဆုံးပါ.....................
Poe Oo Eaint Chit

casts : Poe Oo Eaint Chit , Gu Gu
composer : Byad Da
music : Cracky!
guitar : Htoo Htoo
mixing & mastering : Ko Kyaw
Vocal Coach-Tracy
Harmony-Everglades harmony group
Directed by HSH
DOP-ArNoe

ဒီနေ့ sky villa condo ကို ရောက်ပါတယ်။ အနားရောက်တာနဲ့ အနံ့ထွက်နေပါပြီ။ကိုယ့်မျက်စိ ရှေ့မှာ အလောင်းနှစ်လောင်းထုတ်ရသွားတယ်။...
04/02/2025

ဒီနေ့ sky villa condo ကို ရောက်ပါတယ်။
အနားရောက်တာနဲ့ အနံ့ထွက်နေပါပြီ။

ကိုယ့်မျက်စိ ရှေ့မှာ အလောင်းနှစ်လောင်း
ထုတ်ရသွားတယ်။

(၁) Body တစ်ခုက ကျောင်းတစ်ကျောင်းက foreigner. မျက်နှာကို RC တိုင်ပိထားတာ၊
ဘယ်သူမှန်းတေယင် မသိနိုင်တော့သော အခြေအနေ။

(၂) Body နောက်တစ်ခုက အမျိုးသမီးတစ်ဦး

(၃) နောက်ထုတ်မရ‌‌ေသာ body 12 ခန့် ကလေးမလေး။ မှောက်လျက်concrete ပြား‌ကြားမှာ body ရဲ့အောက်ပိုင်းညပ်နေတာ။ ညပ်နေတာ အပြင်မြင်ရပေမယ့် အပေါ်ကပိထားသော အလွှာ‌တွေက များလွန်းတော့ မကယ်နိုင်ခဲ့ကြဘူး။ သူ့အဖိုးက နှစ်ရက် ရေတိုက်၊မုန်းကျွေး၊ o2 ပေးထားပေမယ့် ဆုံးသွားခဲ့တယ်တဲ့။

အဲ့ဒီကလေးမလေးရဲ့ အမေက ဆရာဝန်မတဲ့။ (?OG အထူးကုပြောတာပဲ)။ သူမက အတွင်းဘက်တစ်နေရာမှာပိတ်မိနေတာတဲ့။ အပြင်နဲ့ဆက်သွယ်လို့ နှစ်ရက်ခန့်ရခဲ့တယ်တဲ့။ အဲ့ပိတ်မိ‌နေတဲ့ အ မေရဲ့ လက်ထဲမှာ သုံးနှစ်ခန့် သူ့ကလေးရဲ့ body ကို ပိုက်ထားတယ်တဲ့။ အဲ့ကလေးက ခေါင်းကို သံချောင်းထိုးမိလို့ဆုံး‌နေခဲ့သော body တဲ့။

(၄) သူငယ်ချင်းနှစ်‌ယောက်က sky villa မှာနေသော သူငယ်ချင်း (တိုက်ခန့်ပိုင်ရှင်) ဆီ အလည်လာတာ။ ပြိုကျဖို့ minutes ပိုင်းအလိုမှ villa ပေါ်ရောက်တာ။ ပြိုတော့ ပြေးကျတာ၊ တိုက်ခန့်ပိုင်ရှင်လွတ်တယ်။ အလည်လာတဲ့အထဲက တစ်‌‌ယောက်က အသက်ရှင်လျက် ဒဏ်ရာအပြင်းအထန်နဲ့ ကယ်ထုတ်လို့ရတယ်၊ ဆေးရုံမှာဆုံးတယ်။ နောက် အလည်လာသော တစ်ယောက်က body ကို အခုထိ ထုတ်ရဘူးတဲ့။ အလည်လာသော သူငယ်ချင်းနှစ်ယောက်က villa ကို လာတေကျတာ။

(၅) Sky villa ရဲ့ ဝန်ထမ်းတစ်ယောက်က ဆယ်လွှာကို မီးတက် change တယ်တဲ့။ အသိတွေ ကို ဟီးဟီး ဟားဟားနှုတ်ဆက်ပြီး ဆင်းလာ။ မြေပြင်မှာ ထမင်းစားဖို့ ထမင်းဂျိုင့် ဖွင့်နေတုန်း ပြိုကျလာတာ။ မြေပြင်ရောက်နေတော့ လွတ်သွားတယ်တဲ့။
(၇) နောက်တစ်ယောက်က driver, foreigners တွေကို villa ပို့ပြီး အပြန်၊ လမ်းပေါ်ရောက်မှ လှုပ်တာတဲ့။

ဘုရားဟောတာတွေ သတိရတယ်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို အကြောင်းနဲ့ တေမယ် ဆိုတာ ကြိုမသိနိုင်ဘူးတဲ့။ ကောင်းမှုကို အခွင့်ရတိုင်းအမြန်လုပ်ပါတဲ့။

အခု villa ကို လာတေ သူတွေ ရှိသလို၊ မတေဖို့ ကပ်လွတ်သွားသူတွေရဲ့ အကြောင်းတွေ။

😔😔😔

ကိုယ့်ကလေးရဲ့ D-Body ကို ပိုက်ထားရင်း ပိတ်မိနေတဲ့ မိခင်တစ်ယောက်ရဲ့
နေရာမှာ ငါသာဆိုရင်လေ ဆိုတဲ့
ခံစားချက်ကြီး က ရင်ထဲ ကို တော်တော်
ဆို့သွားတယ်

"တို့တွေဟာ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာ ခုက မျက်မြင်ကိုယ်တွေ့ပဲ။

အခု သေသွားကြတဲ့သူတွေဟာ
စျေးဝယ်နေတုန်း၊ ဖုန်းသုံးနေတုန်း၊ Facebook Newsfeeds ပွတ်နေတုန်း၊ Messenger မှာ စကားပြောနေတုန်း၊ TikTok ကြည့်နေတုန်း၊
နေ့လယ်စာစားနေတုန်း၊
စကားလေးတွေပြောနေတုန်း၊
ပိုက်ဆံတွေ ရေနေတုန်း၊
ရေချိုးနေတုန်း ၊ သံဃာတွေဆို စာဖြေနေတုန်း ၊ ကလေးလသားလေးတွေဆို နို့ဆို့နေတုန်း .....
ရယ်နေတုန်း ...
စိတ်ဆိုးနေတုန်း ...
ကိုယ်တောင် မသိလိုက်ပဲဝုန်းဆို
တိုက်ပိသေသွားကြတာ။

မြေကြီးအောက်ထဲ အရှင်လတ်လတ်ရောက်သွားခဲ့ကြရတာ။

တို့တွေ လွတ်သွားခဲ့တယ်ဆိုတာ
ဒါ Second Chance ၊ Second Life ပဲ။

ဒီတော့ နောက်မှ၊ အသက်ကြီးမှဆိုပြီး အချိန်ဆွဲနေဖို့ မသင့်တော့ဘူး။
ခုချက်ချင်းကို လုပ်စရာရှိတာ လုပ်ကြရတော့မှာ။"


04/02/2025

ဒီအကိုလိုမျိုး ကြိုတင်ပြင်ဆင်မှုမျိုးတွေ
လူတိုင်း ကလေးကစပြီး
သိထားသင့်တယ်နော် … ❗️❗️❗️

ကျနော် ဘယ်လို
အသက်ရှင်လွတ်မြောက်လာတဲ့
အကြောင်းကိုသေသေချာချာ
ရေးမပြချင်တာက
အတူတူ ပိမိပြီး
ပိတ်မိသွားတဲ့အတူနေ
ဆရာဝန် ညီလေးတစ်ယောက် က
အသက်ရှင်လျက် မလွတ်မြောက်နိုင်ခဲ့လို့ပါ.....😞

28.03.2025 နေ့လည် 1 နာရီဝန်းကျင်လောက်က ပထမလှိုင်း လှုပ်ကတည်းက
ကျနော်နေတဲ့ 9 လွှာက
ဝုန်းဝုန်းဆိုပြီးအောက်ကို
သုံးလေးလွှာလောက် နိမ့်ကျသွားပြီလို့
ခန့်မှန်းမိပါတယ်

အပြင်မှာ ဖုန်တွေ ထနေပြီး
ဘာမှမှန်းလို့ မရတော့ပါဘူး.....

ကျနော်နေတဲ့ အခန်းမှာကို
တစ်ချို့နေရာတွေက ပြိုကျသွားပါပြီ
အဲ့အချိန်မှာပဲ သေချာတာတစ်ခုက
အပြင်ကို ထွက်လို့ မရတော့ဘူး ဆိုတာပါ
အဲ့တော့ ကျနော် က အခုရှိနေတဲ့ နေရာမှာ

အချိန်ကြာကြာ
ဘယ်လိုနေရင်အသက်ရှင်မလဲ
တွေးရပါတယ်..

ကျနော့် အမ အရင်း လင်မယားကလည်း
Sky Villa မှာပဲ နေပါတယ်

ကျနော်နဲ့အခန်းမတူပါဘူး
သူတို့က ရုံးသွားနေချိန်မို့
လွတ်မှာ သေချာတဲ့ အတွက်

ကျနော့်ညီအရင်းဆီကို ဖုန်းဆက်ပြီး
အမေရှိတဲ့နေရာကို သွားပြီး
အန္တရယ်ကင်းမကင်းသွားကြည့်ဖို့
ဖုန်းဆက်မှာပါတယ်ကျနော့်

အဒေါ်ကိုလည်း အန္တရယ်ကင်းရှင်းလား
ကျနော် ဖုန်းဆက်ပြီးအတည်ပြုလိုက်ပါတယ်.....

ချစ်ခင်ရတဲ့ သူတွေ အန္တရယ်ကင်းကြောင်း
အတည်ပြုနေရင်း ကျနော်
အိမ်နေရင်းဝတ် အဝတ်အစားတွေကနေ
ဂျင်းဘောင်းဘီတွေ အကျီလက်ရှည်တွေ
ဝတ်ပါတယ်

အတူတူ ရှိနေတဲ့ ညီလေးကိုလည်း
ထူထူထဲထဲ ဝတ်ဖို့မှာပါတယ်....

အတူနေ ညီလေး က
အရမ်းကြောက်နေရှာတော့
သူကိုဦးစားပေးပြီး သေချာစီစဥ် ပေးနေတာပါ

ပိတ်မိနေရင် အချိန်ကြာကြာ
တော့င်ခံထားနိုင်ပေမယ့်
ပိမိသွားရင်တော့ရှင်သန်ဖို့ မလွယ်နိုင်ဘူးလို့
သတိပေးပါတယ်....

နဂိုအစ ကျနော် ရွေးထားတာက
ကျနော့်ရဲ့ မီးခံသေတ္တာဘေးကပ်ရပ်ပါ

အပေါ်မှာ မွေ့ယာတင်လိုက်ဖို့ပါ
မီးခံသေတ္တာက လေးပေလောက်မြင့်တော့
သေချာပေါက် နီးနီးလုံလောက်တဲ့
တြိဂံဧရိယာ လေး ရနိုင်ပါတယ်

နှစ်ယောက်ဆိုတော့ အဲ့နေရာက
မလုံခြုံလောက်တာမို့

နောက်ထပ်အခန်းတွေက မွေ့ယာတစ်ခုကိုယူပြီးကျနော့် ကုတင်ပေါ်က မွေ့ယာကိုလည်း
ဆွဲချလိုက်ပါတယ်

မွေ့ယာ နှစ်ထပ်ဖြစ်အောင် ဖန်တီးပြီး
ကုတင်ပုံးနဲ့ကြမ်းခင်းကြား တြိဂံဧရိယာငယ်လေးပဲရပါတယ်

အဲ့အောက်ကို ဝင်ဖို့စီစဥ်နေချိန်မှာပဲ
နောက်တစ်လှိုင်းက..ဝုန်းဝုန်းဆိုပြီး

အဆောက်အဦးကအောက်ကို ထပ်ပြီး
ကျွံဝင်ပါတယ်တစ်ပြိုင်နက်
အပေါ်က အထပ်တွေကလည်းပြိုဆင်းလာပါတယ်

ကျနော်တို့ နှစ်ယောက်ပေါ်ကျမယ့်
ဝိတ်တော်တော်များများ ကို
မွေ့ယာပေါ်ကျစေပြီးတော့ Load
ဖြန့်ထားလိုက်ပါတယ်

မွေ့ယာအောက် ဝင်ခါနီးကို
ညီလေးကကြောက်နေတော့
သူကို ဇွတ်ဆွဲသွင်းနေရတော့
ကျနော် ခြေထောက်ကအပြင်မှာ
လွတ်ပြီး ကျန်ခဲ့ပါတယ်

ကျနော်က ပြားနေအောင် ဝပ်ချလိုက်ပေမယ့်
ဆရာဝန် ညီလေး က သေချာမဝပ်လိုက်ရဘူး
ထင်ပါတယ်

ခါးရိုးထိသွားပုံရတယ်အကို
ညီလေး အရမ်းနာတယ်တဲ့
ညီလေး thay ခြင်းတရားဆိုတာဒါပဲပေါ့

နှစ်ယောက် တူတူရင်ဆိုင်ရတာပဲ
တော်သေးတယ်လို့အားပေးပြီး
ရယ်ရယ်မောမောပြောနေခဲ့ပါတယ်....
ခန့်မှန်းခြေ 5 min လောက်ပဲ ထင်တယ်
အန်ချပြီးတော့ အသက်ပါသွားပါတယ်

အကြာကြီး မခံစားသွားရရှာတာပဲတော်သေးတယ် ပြောရမှာပဲအဆိုးထဲက အကောင်းပေါ့ဗျာ

ကျနော်က ခြေထောက်က ပိမိနေတော့
ထွက်မရပါဘူးအဲ့ခြေထောက်တစ်ဖက်သာ
မပိနေရင်ကျနော်က
ရှေ့ကို ထွက်လိုက်ရုံပါပဲ
ဝရန်တာ တံခါးလည်း
ကြိုဖွင့်ထားပြီးသားပါ..
အချိန်အကြာကြီး တောင့်ခံနိုင်ဖို့

ခန္ဓာကိုယ်ထဲက ဘာဓာတ်မှမဆုံးရှုံးဖို့
ဂရုစိုက်ရပါတယ်

ချွေးတွေက တောက်လျောက်ထွက်ပါတယ်
အောက်ကြမ်းခင်းပေါ် ကျတဲ့
ချွေးမှန်သမျှလျှာနဲ့ ပြန်ယက်ပါတယ်

နှပ်ရည်တွေထွက်သမျှကိုလည်း
ပါးစပ်ထဲပြန်ထည့်ပါတယ်

အကျီမှာကပ်နေတဲ့ချွေးမှန်သမျှ လည်း
ပြန်စုပ်ပါတယ်

ကျနော်ကော ကျနော်ဘေးက
ညီလေးကောက မှောက်လျက်အနေအထား
အသားချင်းထိနေတဲ့ အနေအထားပါ..

သူရဲ့ DB နဲ့ 4 နာရီလောက်အတူတူရှိနေပါတယ်
သူအန်ထားတဲ့ အနံအသက်တွေကြောင့်

ကျနော်က အောက်စီဂျင်ကျပြီး
မွန်းကြပ်လာပါတယ်

အသက်ကိုချွေတာပြီးရှုရင်း
ငြိမ်ငြိမ်လေး နေနေရပါတယ်

အောက်က ကယ်ဆယ်ရေးတွေ
အသံကြားနေရတော့ ကုတင်ကိုခေါက်ပြီး
အချက်ပေးရပါတယ်....

အစောပိုင်းမှာ ခေါင်းက
လွတ်လွတ်လပ်လပ် လှုပ်လို့ရပေမယ့်
အပေါ်က ဝိတ်ကများတော့မွေ့ယာက
အိအိကျလာပြီး ခေါင်းကအောက်က
ပါကေးခင်းနဲ့ ကပ်လာပါတယ်

မျက်နှာကို မှောက်လျက် ထားဖို့ကိုနေရာမလုံလောက်တော့ ဘေးစောင်းနေရတော့
အခုထိ ပါးရိုးတွေ နာနေပါတယ်.
ဒီလောက်အင်အားပြင်းတဲ့ ငလျင်ဆိုတော့
ချက်ချင်း ကယ်ဆယ်ရေးတွေ
မရောက်နိုင်ဘူးလို့တွက်ဆထားပြီး
အချိန်ကြာကြာတော့ကျနော်လည်း
တောင့်မခံနိုင်တာသေချာပါတယ်

ပိတ်မိပြီး 3 နာရီလောက်ကြာတော့
လည်ပင်းကို ဖုန်းထောက်ပြီး
မြန်မြန်ကိစ္စပြီးမယ့် နည်းကိုရွေးလိုက်ပါတယ်

ကံကောင်းချင်တော့ မ thay ပါဘူး
ကယ်ဆယ်ရေးတွေ အသံတွေထပ်ကြားရတော့
ကဲကွာ စိတ်ပဲလျော့ထားလိုက်တော့မယ်

သူတို့ ငါကို တွေ့တဲ့အချိန်အသက်ရှိနေသေးရင်
အမြတ်ပဲဆိုပြီးဆက်ပြီး
တောင့်ခံ ထားလိုက်ပါတယ်..( အခုချိန်ထိ လည်စိတွေ နာနေပါသေးတယ် )..

ကယ်ဆယ်ရေးတွေ
ကျနော်ကိုတွေ့တဲ့အချိန်မှာ တော်တော်ကို
ဂရုတစိုက် နဲ့နွေးနွေးထွေးထွေး
အားပေးပြီးဂရုတစိုက်နဲ့ ကို ကယ်တင်ပေးကြပါတယ်ဆရာတော်တစ်ပါးလည်း
ပါပါတယ်အားလုံးကို
ကျေးဇူးတင်လွန်းလို့လက်အုပ်ချီပြီး
ကျေးဇူးတင်ကြောင်းကို မနည်းပြောရပါတယ်...

ကျနော် တစ်ကိုယ်လုံး
အလေးချိန်အများကြီး နဲ့ အချိန်အကြာကြီး
ပိမိထားတော့ ထွက်လာတဲ့အချိန်မှာ
လှုပ်ကို မလှုပ်နိုင်ပါဘူး.....

အဓိကပိမိတဲ့ ခြေထောက်တစ်ချောင်းက
ရှိတယ်လို့ကို မခံစားရပါဘူး

နံရိုးတွေလည်းပိပြားကုန်သလို ခံစားနေရပါတယ်ဘယ်လောက်ထိ ရုပ်ပျက်နေသလဲဆိုတော့အိမ်မှာနေ့စဥ် ဝင်ထွက်နေတဲ့ အမက

ကျနော် ကို မမှတ်မိပါဘူး
လက်ကဟန်းချိန်း ကို တွေ့မှ မှတ်မိတာပါ....
အခုလောလောဆယ်တော့ လိုအပ်တဲ့ကုသမှုတွေ
ခံယူနေပြီး ကျန်းမာအောင်ကြိုးစားနေပါတယ်

စိတ်ပိုင်းဆိုင်ရာတော့တော်တော်ကြိုးစားပြီး
ကုရဦးမှာပါမှေးခနဲ အိပ်ပျော်သွားတိုင်း
အိပ်မက်ထဲမှာငလျင်ပဲ လှုပ်လှုပ်နေပါတယ်...
အားလုံး ပို့သတဲ့ မေတ္တာတွေကြောင့်ရယ်
သက်စွန့်ဆံဖျား ကယ်တင်ပေးကြတဲ့
ကယ်ဆယ်ရေး အဖွဲ့တွေကြောင့်လွတ်မြောက်လာခဲ့တာပါ

အားလုံးကိုစိတ်ရင်းနဲ့
တကယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ

လိပ်စာတွေလည်းယူထားပါတယ်
နေကောင်းတဲ့နေ့ကိုယ်တိုင်
ကျေးဇူးတင်စကားသွားပြောချင်လို့ပါခင်ဗျ.....🙏..

Address

1304 31ST Street
Rockford, IL
61108

Telephone

+18153294400

Website

Alerts

Be the first to know and let us send you an email when MC MYO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MC MYO:

Share