J E S U S

J E S U S Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from J E S U S, Rowlett, TX.
(1)

ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။
၁ တိ 1:15
ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။
၁ ယော 4:8

သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်...
08/07/2025

သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။
သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို
မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။

၁ ပေ 5:8

08/07/2025

ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
ရှင်ယောဟန် 11:25

ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။
ရှင်ယောဟန်11:26

08/06/2025

ဆာလံကျမ်း ၉၁:၁-၁၆ No background music

08/06/2025

အနတ္တ သင်္ခါရ
လူဟာ မွေး ပြီး သေမှာ
လူဟာ သေဖို့ မွေးလာတာ
လူဟာ အသက်ရှင်တဲ့ အခါ
တမလွန် အတွက် ပြင်ဆင်ဖို့
အထူးအခွင့်အရေးရရှိသူဖြစ်တယ်
သင်္ခါရ မှ ထာဝရသို့ ကူးပြောင်းဖို့
အသက်ရှင်စဉ်မှာ
ဘုရားစစ် ဘုရားမှန်ရှာဖို့လိုတယ်

အနတ္တသက်သက်၊ အနတ္တသက်သက်၊
ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
-ဒေသနာကျမ်း။ 1 : 2

နေအောက်မှာ ပြုလေသမျှသော
အမှုအရာတို့ကို ငါမြင်ပြီ။
အလုံးစုံတို့သည် အနတ္တအမှု၊
လေကို ကျက်စားသော အမှုဖြစ်ကြ၏။
-ဒေသနာကျမ်း။ 1 : 14

ငါ့မျက်စိတပ်မက် လိုချင်သောအရာ
တစုံတခုကိုမျှ ငါမငြင်း၊
ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။
ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊
ကြိုးစားခြင်း အကျိုးကိုခံရ၏။
-ဒေသနာကျမ်း။ 2 : 10

ထိုအခါငါစီရင်ပြုပြင်သမျှ၊
ငါကြိုးစားအားထုတ် သမျှတို့ကိုငါကြည့်ရှု၍၊
အလုံးစုံတို့သည် အနတ္တအမှု၊
လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
-ဒေသနာကျမ်း။ 2 : 11

ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။
နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။
အလုံးစုံတို့သည် အနတ္တအမှု၊
လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
-ဒေသနာကျမ်း။ 2 : 17

လူသည်နေအောက်မှာ ကြိုးစားအားထုတ်သောအမှု၊ အလွန်စိတ်စွဲလမ်းသောအမှု၊
အလုံစုံတို့၌ အဘယ်အကျိုးရှိသနည်း။
-ဒေသနာကျမ်း။ 2 : 22

သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။
ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။
ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
-ဒေသနာကျမ်း။ 2 : 23

ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊
သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။
-ဒေသနာကျမ်း။ 2 : 26

ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။ယေ​ရ​မိ 33:3
08/06/2025

ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။
ယေ​ရ​မိ 33:3

08/06/2025

ဆာလံကျမ်း ၄၆:၁-၇ No background music

08/05/2025

ကောရိန္သုဩဝါဒစာပထမစောင် ၁၃:၄-၈ No Background Music

Address

Rowlett, TX

Alerts

Be the first to know and let us send you an email when J E S U S posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to J E S U S:

Share