LKL’s Deluna

LKL’s Deluna Welcome To LKL’s Deluna✨🌙

10/14/2025

Taylor Swift- Opalite

Hello ဒီနေ့က admin ရဲ့မွေးနေ့လေးမလို့ Opalite လေးကို အမှတ်တရတင်ပေးလိုက်ပါတယ်၊ ဒီသီချင်းလေးက admin လို Oct Libra ကောင်လေးဖြစ်တဲ့ Travis ရဲ့ birthstone ဖြစ်တဲ့ Opal လေးနဲ့တင်စားပြီးရေးထားတာပါ၊

Admin ရဲ့ 19 နှစ် ပြည့်မွေးနေ့တုန်းကလည်း Admin က Ivy သီချင်းလေးတင်ပေးခဲ့ဖူးပါတယ်၊ အကြောင်းကတော့ “Your Opal eyes are all I wish to see” ဆိုတဲ့စာသားလေးကြောင့်ပါ။ Taylor ကလည်း ဒါ့ကြောင့် အဲ့သီချင်းလေးကို တမင် Track 10 ထားခဲ့တာတူပါရဲ့။

Admin ရဲ့မွေးနေ့ဆုတောင်းလေးကတော့ ရိုးရှင်းပါတယ်။ ကိုယ်ပိုင်အားလပ်ရပ်မှာ ကိုယ်နဲ့ပတ်သက်တဲ့ ကောင်းတာ​လေး​တွေမ​တွေးဘဲ “Taylor Swift ကို ေ-ာက်ရမ်းမုန်းတယ်” ဆိုပြီး ထအော်နေတတ်တာမျိုး…စသဖြင့် negative energy တွေပြည့်နေတဲ့လောကကြီးမှာ ဒီ Opalite သီချင်းလေးကို အိမ်ပြန်လမ်း​လေးမှာရည်ရွယ်ဆိုရမယ့်သူတစ်ယောက်နဲ့ အခြေကျချင်ပါတယ်။ ကိုယ်နဲ့သူရဲ့​ကောင်းတာ​လေး​တွေကိုပဲ များများ​တွေး​နေတတ်ပြီး ကိုယ့်အတွက်လည်းအကျိုးရှိပြီးပတ်ဝန်းကျင်ကိုလညး အကျိုးပြုမယ့်အရာတွေနဲ့ ကိုယ်​တွေနှစ်​ယောက်ရဲ့ဘဝအ​ကြောင်း​တွေ
ကိုပဲ အာရုံထားတတ်တဲ့သူမျိုး၊ သဘာဝတရားကြီးရဲ့ဆိုးကွက်​တွေကိုလည်းကြိုမြင်ထားတတ်ပြီး ကောင်းကွက်​တွေကိုလည်း appreciate လုပ်​နေတတ်တဲ့သူမျိုး​ပေါ့။

နောက်အနာဂတ်မွေးနေ့တွေမှာ အောက်တိုဘာလရဲ့လေပြေလေးတွေကြား အဲ့လိုလူကိုအနားမှာရှိနေစေချင်ပြီး ဒီသီချင်းလေးနဲ့ကနေချင်ပါတယ်။ ဒီလောက်ပါပဲ။💙

NOTE: I DO NOT OWN ANYTHING. All the rights go to the artist.

“The Fate Of Ophelia” ဟာ 30.98 M streams နဲ့ debut ခဲ့တာကြောင့် biggest song debut in Spotify History ဆိုတဲ့ record ကို ...
10/07/2025

“The Fate Of Ophelia” ဟာ 30.98 M streams နဲ့ debut ခဲ့တာကြောင့် biggest song debut in Spotify History ဆိုတဲ့ record ကို ပိုင်ဆိုင်ခဲ့ပါတယ် ❤️‍🔥✨

ဒီစံချိန်ကို Fortnight ဟာ 25.02 M streams နဲ့ ကိုင်ဆောင်ထားခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်သည့်တိုင် မည်သူမှချိုးဖျက်နိုင်ခြင်းမရှိခဲ့ပါ။

Showgirl ထွက်ပြီးနောက် Biggest Song Debuts ရဲ့ Top 20 မှာ #7 Easy On Me နဲ့ #15 Flowers ကလွဲရင် ကျန်တာအကုန် Taylor ချည်းပဲဖြစ်သွားပါတယ်။🔥

ဒါ့အပြင် “The Life Of A Showgirl” (12 tracks) ဟာလည်း 249.9 M streams နဲ့ “The Tortured Poets Department” (31 tracks) ပြီးရင် ဒုတိယမြောက် first day debut streams အများဆုံး album ဖြစ်လာပါတယ်။

ဒါ့ကြောင့် Taylor ဟာ biggest album debuts by female artists in Spotify History ဆိုတဲ့ list မှာ ထိပ်ဆုံး 7 နေရာလုံးကို သူ့ album တွေနဲ့ သိမ်းပိုက်လိုက်ပြန်ပါတယ် ❤️‍🔥✨

Global Spotify Chart မှာလည်း Showgirl 12 ပုဒ်လုံးက သိမ်းပိုက်ထားပြီမလို့ BB 100 နဲ့ first week sale ကိုလည်း ရင်ခုန်ရဦးမှာပါ။ The Fate Of Ophelia ဟာလည်း Taylor ရဲ့ 13 ပုဒ်မြောက် #1 ဖြစ်လာဖို့ စိတ်ပူစရာမလိုတဲ့အခြေအနေမှာ ရှိနေတာပါ။

Fun Fact အနေနဲ့ကတော့ Showgirl ရဲ့ least debut stream song ဖြစ်တဲ့ Honey ဟာ Taylor မဟုတ်တဲ့ အခြား ဘယ် artist ရဲ့ သီချင်းတိုင်းထက်မဆို first day debut stream များ​နေပါ​သေးတယ်တဲ့🍯🤭

ဒါ့အပြင် Showgirl ရဲ့ ပထမဆုံး 3 ပုဒ်နဲ့တင် 78.7 M debut streams ရှိတာမလို့ ဒီသုံးပုဒ်နဲ့တင် Taylor မဟုတ်တဲ့ အခြား ဘယ် female artist ရဲ့ album ထက်မဆို first day debut streams ပိုများနေပါသေးတယ်။

ကဲ ခုနားထောင်ပြီးသလောက် ဘယ်အပုဒ်ကိုအကြိုက်ဆုံးလဲ၊ ကိုယ်တွေကတော့ The Fate Of Ophelia, Cancelled နဲ့ Opalite တို့ပါ။

ပုံကတော့ Run Pop ဆိုတဲ့ intl page ကပုံလေးကို ကြိုက်လို့ယူသုံးထားပါတယ်🧡✨

10/07/2025
10/07/2025

Taylor Swift - Cancelled

The life of a showgirl ရဲ့ physical records တွေမှာပဲပါတဲ့ ပုံအသစ်လေးတွေ❤️‍🔥✨
10/03/2025

The life of a showgirl ရဲ့ physical records တွေမှာပဲပါတဲ့ ပုံအသစ်လေးတွေ❤️‍🔥✨

She got her end game finally 🥹💍💗✨
08/26/2025

She got her end game finally 🥹💍💗✨

The Life Of A Showgirl အတွက် photoshoot တွေ🥹 ရှယ်ဖြုတ်ထားတာနော်အမေက🥹Oct 3 ထွက်ပါမယ်တဲ့၊ admin နေ့လည်ကမှတွေးနေတာ Travis K...
08/14/2025

The Life Of A Showgirl အတွက် photoshoot တွေ🥹 ရှယ်ဖြုတ်ထားတာနော်အမေက🥹

Oct 3 ထွက်ပါမယ်တဲ့၊ admin နေ့လည်ကမှတွေးနေတာ Travis Kelce ကို ရည်ညွှန်းတဲ့သီချင်းတွေပါရမှာမလို့ သူ့မွေးနေ့မှာများထုတ်နေမလားပေါ့ သူ့မွေးနေ့ Oct 5 က Sunday ဖြစ်နေတယ်၊ ဒီတော့ သူ့မွေးနေ့ကနေ ၂ ရက်အလို Oct 3 ကိုရွေးလိုက်တယ်နဲ့တူပါရဲ့။

Oct 5 က Taylor ရဲ့အဘွား Marjorie ရဲ့မွေးနေ့လည်းဖြစ်ပြန်ပါတယ်၊ Evermore တုန်းကလည်း Dec 11 ထုတ်ပြီး Taylor က သူ့မွေးနေ့ Dec 13 မှာ Willow Dancing Witch Remix ကို မွေးနေ့အမှတ်တရထုတ်ပေးခဲ့ဖူးပါတယ်။

အစ်မတော်ကြီးက ဘာတွေဓာတ်ကျတာလဲတော့မသိပေမယ့် Oct မှာချည်း Album တွေထုတ်တာနော်😆 Admin တို့လို Oct born Swifties တွေအတွက်တော့ ရှယ်ပဲ🤣

Title တွေစမြင်ကတည်းက နားထောင်​ကြည့်ချင်မိ​စေ
တာတော့ Elizabeth Taylor နဲ့ The Life of a Showgirl ပဲ။ ဒါကြီးက လုံးဝ AOTY material ပုံစံကြီးတော့ဖြစ်နေပြန်တာမလို့ TS 13 ကိုမှ AOTY ရစေချင်မိတဲ့ admin တော့ ရင်ခုန်နေရပြန်ပြီ🥹 Single ပိုင်းကို ပို push လုပ်ပေးရင်ကောင်းမှာပဲ။ ဒီတစ်ခါ​တော့ Grammys မှာ SOTY နဲ့ ROTY ယူချပစ်🧡❤️‍🔥

08/01/2025

ကဲ ဆော့အဲနေကြပြီလား 🌾✨

တို့အမေတင်ပျော်နေတာ 😩🤣🫶🏻✨ပုံလေးတွေက Travis တင်ထားတာပါ၊ မျက်မှန်နဲ့ပုံလေးကို အကြွေဆုံးပဲကွာ၊ ဖုန်း wallpaper လေးကအသက်ပဲ🥺💗
07/24/2025

တို့အမေတင်ပျော်နေတာ 😩🤣🫶🏻✨

ပုံလေးတွေက Travis တင်ထားတာပါ၊ မျက်မှန်နဲ့ပုံလေးကို အကြွေဆုံးပဲကွာ၊ ဖုန်း wallpaper လေးကအသက်ပဲ🥺💗

07/08/2025

Taylor Swift - Timeless Piano Version mmsub

06/27/2025

Jennie - with the IE (way up) mmsub

Jennie ရဲ့ Ruby album ထဲက admin အကြိုက်ဆုံးသီချင်း​လေးတစ်ပုဒ်ပါ၊ ဒီသီချင်းက Jennifer Lopez ရဲ့ “Jenny from the Block” chorus ကို sample ယူထားတာမလို့ Jenny ကိုမှ spelling က IE နဲ့ဆုံးတဲ့ Jennie ဆိုတဲ့အဓိပ္ပာယ်နဲ့ with the IE လို့​ title မှာ တမင်ထည့်ထားတာပါ

Admin အကြိုက်ဆုံး lyrics က “Why are you evaluating me on your day off?” ပါ ဖြုတ်ချက်🤣

06/21/2025

Lana Del Rey - Summertime Sadness 🖤

“Happy Birthday ပါ ဒေါ် lizzy၊ ထိပ်စီး​ပြောင်းသွား​ပေမယ့် လှတုန်းနုတုန်းပါ၊ အေးချမ်းတဲ့ဘဝ​လေးကို မိသားစုနဲ့အတူပိုင်ဆိုင်ပါ​စေ​နော်၊ သီချင်း​ကောင်း​တွေ​လေး ခုထက်အများကြီးပိုဖန်တီးနိုင်ပါ​စေ”

Address

University Of St. Thomas 2115 Summit Avenue
Saint Paul, MN
55105

Alerts

Be the first to know and let us send you an email when LKL’s Deluna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share