MoNa’s Films, Folks & Footprints

MoNa’s Films, Folks & Footprints Exploring the world & Living it through films.

Travel + Movies = Life in motion.

ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ထဲက နေရာတွေကို လိုက်ပြီး Virtually ခရီးသွားချင်တယ်ဆိုရင် ဒီ Page က perfect spot 🚘🎬

ရုပ်ရှင်ထဲက နေရာတွေကို လျှောက်လည်ကြမယ်
Let’s Go 🏎️⛵️🌏

11/21/2025

Hello from the other side —>On the way to

11/21/2025

Glass Beachဘယ်လိုဖြစ်လာတာလဲဆိုတာ စပ်စုမိသမျှပြန်ပြောပြမယ်နော်​🏖️၁၉၀၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ Fort Bragg မြို့ကလူတွ...
11/07/2025

Glass Beachဘယ်လိုဖြစ်လာတာလဲဆိုတာ စပ်စုမိသမျှပြန်ပြောပြမယ်နော်

​🏖️၁၉၀၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ Fort Bragg မြို့ကလူတွေဟာ ဒီနေရာကို အမှိုက်ပုံအဖြစ် အသုံးပြုခဲ့ကြပါတယ်။သူတို့ဟာ ပုလင်းတွေ၊ ဖန်ထည်တွေနဲ့ မြေအိုးမြေခွက်လို အိမ်သုံးအမှိုက်တွေကို ပင်လယ်ထဲ တိုက်ရိုက်ပစ်ချ ခဲ့ကြပါတယ်။

🏖️နှစ်တွေကြာလာတဲ့အခါ လှိုင်းတွေနဲ့ ဒီရေတွေက အဲဒီဖန်တွေကို အစအနလေးတွေအဖြစ် ချိုးဖျက်ပစ်ခဲ့ပါတယ်။

🏖️သဲတွေ၊ ပင်လယ်ရေငန်တွေနဲ့ ပင်လယ်ရဲ့ လှုပ်ရှားမှုတွေက ဖန်စအစူးအချွန်တွေကို ချောမွေ့ဝိုင်းစက်အောင် ပွတ်တိုက် ပေးခဲ့ပါတယ်။💎

💎ဆယ်စုနှစ်များစွာကြာပြီးနောက်မှာ အစူးအချွန်တွေဟာ သေးငယ်တဲ့၊ ရောင်စုံနဲ့ လုံးဝန်းတဲ့ "ပင်လယ်ဖန်" (sea glass) ကျောက်စရစ်ခဲလေးတွေအဖြစ် ပြောင်းလဲသွားပြီး အခုအခါမှာတော့ Glass Beach လို့ ခေါ်ဆိုတဲ့ ဖန်သားကမ်းခြေ ဖြစ်လာခဲ့ပါတယ်။ 💎

💎၁၉၆၀ ပြည့်နှစ်များမှာ အမှိုက်ပစ်ချတာကို တားမြစ်လိုက်ပြီး သန့်ရှင်းရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မတိုင်ခင်မှာပဲ သဘာဝတရားက အမှိုက်ဟောင်းတွေကို လင်းလက်တောက်ပတဲ့၊ သက်တံ့ရောင် ကမ်းခြေ အဖြစ် ပြောင်းလဲပေးခဲ့ပြီးသား ဖြစ်နေပါပြီ။

​💎အခုချိန်မှာတော့ ဒီနေရာဟာ ထိန်းသိမ်းကာကွယ်ထားတဲ့ နေရာတစ်ခု ဖြစ်ပြီး လာရောက်လည်ပတ်သူတွေကို ဒီအလှအပကို လူတိုင်း ဆက်လက်ခံစားနိုင်ဖို့အတွက် ဖန်သားတွေကို ယူမသွားဖို့ တောင်းဆိုထားပါတယ်တဲ့

California ပြည်နယ် Fort Bragg မြို့က Glass beach ကို comment မှာ post အောက်မှာ map လေးချထားပေးမယ်နော်📍

11/06/2025

🏖️Beach vibe on နေတုန်း California ပြည်နယ်Fort Bragg က ထူးဆန်းတဲ့ glass beach သွားလည်ကြရအောင်သူငယ်ချင်းတို့ရေ💎ချစ်စရာလေး...
11/04/2025

🏖️Beach vibe on နေတုန်း California ပြည်နယ်Fort Bragg က ထူးဆန်းတဲ့ glass beach သွားလည်ကြရအောင်သူငယ်ချင်းတို့ရေ

💎ချစ်စရာလေးနော် ကမ်းခြေတခုလုံး ဖန်ကျောက်တုံးလေးတေအပြည့်ပဲ ခြေထောက်လဲမရှဘူး

💎Glass beach ဘယ်လိုဖြစ်လာလဲဆိုတာ နောက်post မှာ စပ်စုကြည့်ကြမယ်နော်

ခုတော့ MoNaကိုယ်တိုင်ရိုက်လာတဲ့ပုံလေးတွေနဲ့ပဲ teaserလေးပေါ့💎💎💎

10/31/2025

🫕ခုရာသီဥတု စအေးလာတော့Forrest Gump ရဲ့ သူငယ်ချင်း Bubba ရဲ့ Bubba Gump restaurant က ဂုံးအာလူးပြုတ်ပူပူလေး စားချင်လာလို့ အိမ်မှာပဲချက်စားနည်းလေးကို သူငယ်ချင်းတို့ကိုပြောပြပေးမယ်နော်

🦪 ဂုံးမကြိုက်ရင် 🍤 ပုစွန်နဲ့လဲချက်လို့ရပါသေးတယ်တဲ့

🦪တကယ်လို့ ကိုယ်က လတ်လတ်ဆတ်ဆတ်ဂုံးနဲ့ချက်မှာဆိုရင်တော့ ဂုံးအခွံကသဲကိုသေချာပွတ်ဆေးပြီး အထဲက သဲတွေထွက်အောင် နာရီဝက်လောက် ဆားရည်စိမ်ထားပေးထားပါမယ်

🦪ပြီးရင် ဂုံအခွံလေးတွေပွင့်တဲ့ထိ ၅-၇မိနစ်လောက် ပေါင်းပေးပါနော် အခွံလေးတွေပွင့်လာရင်တော့ ဂုံးကို အခွံခွါပြီး အတုံးသေးလေးတွေတုံးထားပေးလို့ရပါပြီ

🫕ကြက်သွန်နိနဲ့ အာလူးကိုအတုံးသေးလေးတွေတုံးပြီး ကြက်သွန်လေးတေ ပျော်တဲ့ထိပြုတ်ထားပေးပါ

🫕တကယ်လို့ကိုယ်က Canned Clam ကိုသုံးမယ်ဆိုရင်တော့ အဖတ်ကလေးချန်ပြီး အရည်ကို ခုအာလူးကြက်သွန်ပြုတ်ထဲကိုထည့်ပြုတ်လို့ရပါတယ်

🫕အာလူးနဲ့ကြက်သွန်ပြုတ်တာကိုစောင့်နေတုန်း ထောပတ်ကိုဒယ်ပူပေးပြီးဖျော်ပါမယ်ပြီးရင်ထောပတ်ထဲကို နွားနို့သို့မဟုတ်Half&half cream ထည့်ပြီး ပျစ်လာတဲ့ထိဆက်တိုက်မွှေပေးပါနော်ပျစ်လာပြီဆိုရင် ခုနကပြုတ်ထားတဲ့ အာလူးကြက်သွန်ပြုတ်နဲ့ထည့်ရောပြီး ပျစ်ပျစ်လေးဖြစ်အောင်မွှေပေးပါနော်

🫕ပြီးရင် ဆားနဲ့ငရုတ်ကောင်း ကိုယ်နှစ်သက်သလိုခတ်ပြီး စမုန်ဖြူရှိရင် နဲနဲခတ်လို့ရပါတယ်

🫕အိုးမချခင်မှ ခုနကတုံးထားတဲ့ ဂုံး/ ခုနကသံဘူးထဲမှာချန်ခဲ့တဲ့ဂုံးလေးတွေကိုထည့်ပေးပါနော် ဂုံးကညအကြာကြီးပြုတ်ရင်မာသွားတတ်လို့ပါ

🫕ဂုံးအာလူးပြုတ်ပူပူမွှေးမွှေးလေးရပါပြီခုပုံမှာပြထားတဲ့ အုန်းသီးထိပ်ဖြတ်ထားသလိုပုံ ပေါင်မုန့်ထဲကိုလဲ ထည့်စားကြတာပါပေါင်မုန့်မရှိရင် ဒီတိုင်းပန်းကန်ထည့်ပြီး သုံးဆောင်လို့ရပါပြီyummy 😋



Wings, colors, and good vibes — starring the prettiest cast at the San Diego Zoo 🎥🌈🐦 🦜🦩🦤
10/29/2025

Wings, colors, and good vibes — starring the prettiest cast at the San Diego Zoo 🎥🌈🐦 🦜🦩🦤



10/27/2025

Drive-thru

Address

San Francisco, CA

Website

Alerts

Be the first to know and let us send you an email when MoNa’s Films, Folks & Footprints posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share