09/27/2025
👻 Corvin’s Castle - The Nun ရုပ်ရှင်ရိုက်ကူးခဲ့ရာ ထူးဆန်း ဆန်းကြယ် ရဲတိုက်ကြီးရဲ့ လျှို့ဝှက်ချက်များ 🧛♂️
MoNa’s Fan များ၊ ရုပ်ရှင်ချစ်သူများနဲ့ ခရီးသွားဝါသနာရှင်များအတွက် စိတ်ဝင်စားစရာ အကြောင်းအရာတွေကို စုစည်းတင်ဆက်လိုက်ပါတယ်နော်။
🎬 ရုပ်ရှင်ထဲက လျှို့ဝှက်ဆန်းကြယ် နေရာ
• Corvin’s Castle ဟာ (၂၀၁၈) ခုနှစ်က ထွက်ရှိခဲ့တဲ့ The Nun ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။
• ရုပ်ရှင်ရိုက်ကူးဖို့အတွက် ရဲတိုက်ကြီးမှာ Decoration တွေ ပြင်ဆင်ခဲ့ပေမဲ့၊ ရိုက်ပြီးတဲ့နောက် ပိုင်ရှင်တွေက မဖျက်ဘဲထားရှိခဲ့တာကြောင့် အခုအချိန်ထိ လာရောက်လည်ပတ်သူ Tourist တွေဟာ The Nun ရုပ်ရှင်ထဲကို ပြန်လည်ရောက်ရှိသွားသလို ခံစားချက်မျိုး ရရှိနေကြပါသေးတယ်။
• ဒါပေမဲ့ The Nun ရုပ်ရှင်ရဲ့ အတွင်းခန်း (interior scenes) တွေကိုတော့ ဒီရဲတိုက်ကြီးမှာ ရိုက်ကူးခွင့်မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ Romania နိုင်ငံက ဘုရားကျောင်းတွေထဲမှာ ထိတ်လန့်ရုပ်ရှင် (Horror) ရိုက်ကူးခြင်းကို တားမြစ်ထားလို့ပါပဲ။ အဲဒါကြောင့် အတွင်းခန်းတွေကို တခြားနေရာတွေမှာ ရိုက်ကူးခဲ့ရပါတယ်။
✨ ရဲတိုက်ကြီးရဲ့ နောက်ထပ် ရုပ်ရှင်မှတ်တိုင်များ
• ဒီရဲတိုက်ကြီးရဲ့ အပြင်ဘက်ကို Nosferatu (2024) ရုပ်ရှင်ထဲက Count Orlok’s Castle ကြီးအဖြစ်လည်း ထည့်သွင်းရိုက်ကူးခဲ့ပါသေးတယ်။ Corvin Castle ရဲ့ မြင်ကွင်းဟာ သရဲတစ္ဆေကားတွေအတွက် တကယ့်ကို horror feeling ပေးတဲ့ ရုပ်ထွက်မျိုး ရှိနေတာပေါ့နော်။
• Ghost Rider ရုပ်ရှင်ထဲမှာ မင်းသား Nicolas Cage ဟာ Corvin’s Castle ရဲ့ တံတား (drawbridge) ပေါ်မှာ ဆိုင်ကယ်စီးပြသွားတဲ့ မြင်ကွင်းကလည်း ရုပ်ရှင်ချစ်သူတွေ မျက်လုံးထဲ စွဲနေမှာပါ။
———————-
🏰 Corvin’s Castle ကြီးရဲ့ သမိုင်းကြောင်းနှင့် ဗိသုကာလက်ရာ
• ၁၅ ရာစုနှစ်လောက်က စစ်သည်တော်/မြို့စားကြီး John Hunyadi က စတင်တည်ဆောက်ခဲ့ပြီး သားဖြစ်သူ Matthias Corvinus (King of Hungary) က ဆက်လက်ထိန်းသိမ်းတည်ဆောက်ရာကနေ Corvin’s Castle လို့ နာမည်တွင်ခဲ့တာပါ။
• Corvin မိသားစုရဲ့ သင်္ကေတ ကတော့ နှုတ်သီးမှာ ရွှေလက်စွပ်တစ်ကွင်း ချီထားတဲ့ ကျီးကန်း တစ်ကောင် ဖြစ်ပါတယ်။ Raven (ကျီးကန်း) ကို လက်တင်ဘာသာနဲ့ ခေါ်ရင် Corvus ဖြစ်ပြီး အဲဒီကနေ Corvin လို့ အမည်ယူခဲ့တာပါ။
• တည်နေရာနှင့် ဂုဏ်ပုဒ်: Corvin Castle ကြီးဟာ Romania နိုင်ငံ၊ Hunedoara မြို့ မှာ တည်ရှိပါတယ်။
• Romania နိုင်ငံရဲ့ အံ့ဖွယ်ခုနစ်ပါး (Seven Wonders) ထဲက တစ်ခုဖြစ်ပြီး၊ ဥရောပမှာ ရှိတဲ့ အလယ်ခေတ် ရဲတိုက် (Medieval Castles) တွေထဲမှာ အကြီးဆုံးတစ်ခု လည်း ဖြစ်ပါတယ်။
• Zlaști မြစ်ပေါ်က ချောက်ကမ်းပါး မှာ တည်ဆောက်ထားတာဖြစ်ပြီး မြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ ကြိုးဆွဲတံတားကြီး က ရဲတိုက်ရဲ့ ဝင်ပေါက်အလှကို ပိုပြီး ထည်ဝါခန့်ညားစေပါတယ်။ ဒီလိုတံတားကြီးပေါ် မြင်းနဲ့ကူးတဲ့ မြင်ကွင်းမျိုးက Disney ရုပ်ရှင်တွေထဲကလိုပါပဲနော်။
ဗိသုကာလက်ရာ (Architectural Facts): ရဲတိုက်ရဲ့ ပုံစံက Gothic-Renaissance style ဒီဇိုင်းဖြစ်ပါတယ်။ ခံတပ်တွေ၊ အတွင်းခန်းကျယ်ကြီးတွေ၊ ရောင်စုံကြွေပြားအမိုးတွေနဲ့ မျှော်စင်တွေ ထည့်ဆောက်ထားပါတယ်။
• မျှော်စင်တစ်ခုကို “Neboisa” လို့ နာမည်ပေးထားပြီး အဓိပ္ပါယ်ကတော့ “မကြောက်ပါနဲ့” ဖြစ်ပါတယ်။ စစ်ပွဲတွေကြုံရင် ရဲရဲရင့်ရင့် ခုခံကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးခဲ့တဲ့ နာမည်ပါ။
——————-
📜 ရဲတိုက်ကြီးရဲ့ ပုံပြင်များနှင့် လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းများ
၁။ ကံမကောင်းခဲ့တဲ့ ရေတွင်းပုံပြင်
• ရဲတိုက်ထဲက ရေတွင်းကြီး ဟာလည်း နာမည်ကြီးပါတယ်။ အရင်က ဖမ်းထားတဲ့ တူရကီလူမျိုး ၃ ယောက် ကို ရေတွင်းတူးခိုင်းပြီး ရေတွေ့ရင် လွှတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
• သူတို့ဟာ ၁၅ နှစ်နဲ့ ၂၈ ရက်ကြာအောင် ပေ ၉၄ ပေ အနက်ထိ တူးခဲ့ပြီးမှ ရေကို စတင်တွေ့ရှိခဲ့ပေမဲ့ လွတ်မြောက်ခွင့်မရဘဲ အသတ်ခံခဲ့ရ ပါတယ်။ အဲဒီ ၃ ယောက်ထဲက တစ်ယောက်က ရေတွင်းနံရံမှာ “You may have water, but you have no soul” လို့ ထွင်းပြီး ရေးခဲ့တယ်လို့ ပြောစမှတ်ရှိပါတယ်။
၂။ Dracula နဲ့ ပတ်သက်တဲ့ ဇာတ်လမ်း
• သက်သေအထောက်အထား ခိုင်မာတာမျိုးမရှိပေမဲ့၊ ပါးစပ်ရာဇဝင်အရ ဒီရဲတိုက်ကြီးမှာ Dracula ကို ဖမ်းချုပ်ထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Corvin’s Castle ကို Dracula Castle လို့ ခေါ်ဝေါ်ကြပါသေးတယ်။
• ဖြစ်ပုံက ၁၅ ရာစုနှစ်ဝန်းကျင် (၁၄၆၀) မှာ စစ်သည်တော် Hunyadi က အင်မတန်ဆိုးသွမ်းတဲ့ ရန်သူ Vlad Dracula ကို ဖမ်းဆီးပြီး ဒီရဲတိုက်ကြီးမှာ နှစ်အတော်ကြာ ချုပ်နှောင်ထားခဲ့တာပါ။ Dracula ဆိုတာ သွေးစုပ်ဖုတ်ကောင် (Vampire) မဟုတ်ဘဲ၊ ရက်စက်ကြမ်းကြုတ်တဲ့ ခေါင်းဆောင်တစ်ဦးရဲ့ Last Name သာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို မှီပြီး Dracula နာမည်တွင်ခဲ့တာပါ။
• (💡 ဗဟုသုတအနေနဲ့): Vampire (သွေးစုပ်ဖုတ်ကောင်) ကို ကိုယ်စားပြုတဲ့ “Dracula” ဆိုတဲ့ Character ကတော့ ၁၈၉၇ ခုနှစ်မှာ Irish စာရေးဆရာ Bram Stoker က စာအုပ်ရေးသားခဲ့ရာကနေ ပေါ်ပေါက်လာခဲ့တာပါ။ စာရေးဆရာက စာကြည့်တိုက်မှာတွေ့တဲ့ Dracula ဆိုတဲ့နာမည်ကို Romanian လို “Devil” (မိစ္ဆာ) လို့ အဓိပ္ပါယ်ရမယ်ထင်လို့ သူ့ဝတ္ထုကို နာမည်ပေးခဲ့ရာကနေ ကမ္ဘာကျော်သွားပြီး၊ အဲဒီ Character ဟာ ရုပ်ရှင်နဲ့ တီဗီရှိုးပေါင်း ၅၀၀ ကျော် မှာတောင် ပါဝင်ခဲ့လို့ ၂၀၁၂ ခုနှစ်မှာ Guinness World Records မှာ မှတ်တမ်းဝင်ခဲ့ရတဲ့ The Character တစ်ခုပါနော်။
၃။ ဝက်ဝံတွင်းထဲက ကြောက်မက်ဖွယ်ရာများ
• ရဲတိုက်ကြီးထဲမှာ ဝက်ဝံတွင်းကြီး ဆိုပြီး နေရာတစ်ခု ရှိပါတယ်။ ဒီနေရာကို အရင်က ထောင်အဖြစ် သတ်မှတ်ထားပြီး ထောင်သားတွေကို နှိပ်စက်သတ်ဖြတ်တဲ့ နေရာ အဖြစ် အသုံးပြုခဲ့တာပါ။
• လက်ရှိမှာတော့ ရဲတိုက်ရဲ့ ပြတိုက် (Museum) အဖြစ်ထားရှိပြီး အရင်က အသုံးပြုခဲ့တဲ့ နှိပ်စက်ကိရိယာ လက်နက်တွေကို ပြသထားပါတယ်။
———————————
ဒါကတော့ The Nun ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ Corvin’s Castle ကြီးအကြောင်း စိတ်ဝင်စားစရာ အချက်အလက်တွေပါပဲ။
MoNa’s Fan များ၊ ရုပ်ရှင်ချစ်သူ၊ ခရီးသွားချစ်သူတွေ သဘောကျကြမယ်လို့ ယုံကြည်ပါတယ်။
နောက်ထပ် Video တွေထဲမှာ The Nun ရုပ်ရှင်နဲ့အတူ Romania နိုင်ငံထဲ လှည့်ပတ်လည်ပတ်သွားဦးမှာ ဖြစ်လို့ အတူတူ ခရီးသွားဖို့ လိုက်ခဲ့ကြဦး နော်! ✈️