Panda - K Revolution

Panda - K Revolution Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Panda - K Revolution, Media/News Company, Seattle, WA.

မန္တလေးတွင် မီးလောင်မှုကြောင့် နေအိမ်(၉)လုံး မီးလောင်ဆုံးရှုံးhttps://www.youtube.com/TachileikNewsAgency/?sub_confirmat...
03/09/2023

မန္တလေးတွင် မီးလောင်မှုကြောင့် နေအိမ်(၉)လုံး မီးလောင်ဆုံးရှုံး
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မန္တလေး၊ မဟာအောင်မြေမြို့နယ် စိန်ပန်း နေပူရွာရပ်ကွက် လမ်း ၄၁-၄၂ လမ်းကြား၊ ၉၀-၉၁ ကြားတွင် ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၁၀)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က စပြီး နံနက်(၃)နာရီအချိန်အထိ နေအိမ်မီးလောင်မှုဖြစ်ပွားရာက လူနေအိမ် (၉)လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မီးလောင်ရာသို့ Level (1) ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ရာ နံနက်(၂)နာရီ (၅၅)မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက်(၃)နာရီတွင် မီးငြိမ်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။


Photo: Than Htay

မင်းကွန်း တိုက်နယ်ဒေသရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပြောက်ကျားရဲဘော်တစ်ဦးနှင့် အမျိုးသား ၁ ဦးအာ...
01/18/2023

မင်းကွန်း တိုက်နယ်ဒေသရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပြောက်ကျားရဲဘော်တစ်ဦးနှင့် အမျိုးသား ၁ ဦးအား သတ်ဖြတ်သွား

💫 ဇန်နဝါရီ ၁၈၊ ၂၀၂၃ 💫

စစ်ကိုင်းနှင့် မတ္တရာမြို့နယ်အကြားရှိ မင်းကွန်းတိုက်နယ်ဒေသ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံးကာ အရပ်သားတစ်ဦးလည်း မီးရှို့ သတ်ဖြတ်ခံခဲ့ရကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုမှ ထုတ်ပြန်ထားသည်။

မင်းကင်းတိုက်နယ် ထုံးဘိုကျေးရွာ အတွင်းရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့စခန်းကို ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်မှ အင် အား ၅၀ ခန့်ဖြင့် ကင်းပုန်းဝပ်ကာ ဝင်ရောက်စီးနင်းပြီးနောက် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် 👇👇

ကန့်ဘလူမှာ ကလေးသုံးဦး အပါအဝင် NLD ပါတီဝင်မိသားစု ရှစ်ဦး သတ်ဖြတ်ခံရ~~~~~■ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာမ...
01/16/2023

ကန့်ဘလူမှာ ကလေးသုံးဦး အပါအဝင် NLD ပါတီဝင်မိသားစု ရှစ်ဦး သတ်ဖြတ်ခံရ
~~~~~
■ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာမှာ ဇန်နဝါရီလ ၁၄ ရက် မနက်အစောပိုင်းက ကလေးငယ် သုံးဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင် မိသားဝင် ရှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ကန့်ဘလူ ဒေသခံတွေက RFA ကို ပြောပါတယ်။

အာဏာမသိမ်းခင် NLD ပါတီ ရပ်ကျေးရုံးစိုက်ခဲ့တဲ့အိမ်က မိသားစုဝင်အားလုံး သတ်ဖြတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က အရင်တုန်းက NLD ပါတီ ရပ်ကျေးရုံးစိုက်ထားတဲ့ အိမ်ဖြစ်ပါတယ်။ မနက်နှစ်နာရီဝန်းကျင်လောက် ဖြစ်သွားတာ။ သူတို့ကို ဓားတွေနဲ့ထိုးတယ်။ လည်ပင်းကို ဓားနဲ့လှီးတယ်။ ရက်ရက်စက်စက်ကို လုပ်သွားတာ”

သေဆုံးသူတွေဟာ အသက် ၇၀ အရွယ် ဦးကျော်လှိုင်၊ အသက် ၆၅ နှစ်ရွယ် ဒေါ်လှညွှန့်၊ အသက် ၄၀ အရွယ် ဒေါ်နှင်းမြလှိုင်၊ အသက် ၃၇ နှစ်အရွယ် ကိုတင်မျိုးဝင်း၊ အသက် ၃၇ အရွယ် ဒေါ်နှင်းမြခိုင်၊ အသက် ၁၅ နှစ်အရွယ် မစုမြစံ၊ အသက် ၁၂ နှစ်အရွယ် သိမ့်ရွှေဘုံစံနဲ့ အသက်ငါးနှစ်အရွယ် မောင်ခန့်ဇေယျာဖြိုးတ့ို ဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှုကို စစ်အာဏာသိမ်းမှုထောက်ခံတဲ့ ပျူစောထီးအဖွဲ့တွေက ပြုလုပ်တာလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၇၀ နီးပါးလောက်ရှိတဲ့ ငါးမြောင်ကျေးရွာဟာ စစ်ကောင်စီတပ် ထောက်ခံသူများပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ မကြာခဏ ဝင်ရောက်တည်းခိုလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေးလုပ်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ ဒီမိသားစုကို ပျူစောထီးတွေ သတ်ဖြတ်တာမဟုတ်ဘူးလို့ ရေးသားနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဇန်နဝါရီလ ၁၅ ရက်မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီဝင်တွေ အပါအဝင် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်၂,၇၃၄ သေဆုံးခဲ့ပါတယ်။
_________

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

01/16/2023

ပြန်ဖြန့်ပါ ထောက်ပို့များကို စစ်ကောင်စီမှ အောက်ပါ ဖုန်းနံပါတ်များဖြင့် လိုက်နေပါတယ်

အလှူခံဖုန်းနံပါတ် အသစ်တွေ စစ်ခွေးများဘက်က စတင် လိုက်နေပါတယ်ဟု ကိုကို ဖရဲသီး 🍉 Hlaing Info သို့ ပေးပို့လာပါသည်။

09 791555264
09 251241207
09 5215622
09 5385614
09 2057920
09 787549812
09 250062266
09 795611909
09 973280725
09 5280426
09 777531631
09 444022846
09 799716810
09 56380604
09 402522041
09 5640989
09 420173749
09 450062946
09 448013849
09 254065779
09 798670013
09 453174883
09 5136695
09 777542622
09 255754459
09 250637762
09 452214638
09 951377447
09 5503347
09 5408995
09776755835
09 5405426
09 400448426
09 420988886
09 795845555
09 760139925
09 5058436
09 420078790
09 444004216
09 975796145
09959586348
09 420028616
09 250163635
09 43057938
09 776236380
09 794463778
09 777894429
09 953326077
09 974732253
09 797206536
09 250980071
09 796892206
09 966751068
သတင်းကျယ်ပြန့်ရန် အရေးကြီးလို့ ပြန်ဖြန့်ပါ

📣◼"ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ်  ”✊✊✊ ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ် အကြမ်းဖက် စစ်အာဏာရှင် စစ်အာဏာရှင်ဆန့်ကျင်ရေး ...
01/15/2023

📣◼"ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ် ”✊✊✊

ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ် အကြမ်းဖက် စစ်အာဏာရှင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်။

ဇန်နဝါရီ ၁၅ ရက် | ဓာတ်ပုံ©CJ

ကလေးမြို့ပင်မသပိတ်အင်အားစုက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဇန်နဝါရီလ ၁၅ ရက်စစ်ကိုင်းတိုင်း၊ ကလေးမြို့က ဒေသခံပြည်သူတွေစုပေါ...
01/15/2023

ကလေးမြို့ပင်မသပိတ်အင်အားစုက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဇန်နဝါရီလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့က ဒေသခံပြည်သူတွေစုပေါင်းပါဝင်တဲ့ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ ဒီကနေ့ (ဇန်နဝါရီလ ၁၅ရက်)မှာ "တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ" စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

CB - Hlaing Info

📣◼"စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးလက်သူပုန်စာစဥ် ဖြန့်ဝေ  ”✊✊✊ ယင်းမာပင်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးလက်သူပုန်စာစဥ် ဖြ...
01/15/2023

📣◼"စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးလက်သူပုန်စာစဥ် ဖြန့်ဝေ ”✊✊✊

ယင်းမာပင်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးလက်သူပုန်စာစဥ် ဖြန့်ဝေ ကာ အကြမ်းဖက် စစ်အာဏာရှင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်။

ဇန်နဝါရီ ၁၅ ရက် | ဓာတ်ပုံ©CJ

မိုင်းလိုက်ဖော်တဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး 📍 Z Fighter January 13 📍မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူ...
01/13/2023

မိုင်းလိုက်ဖော်တဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

📍 Z Fighter January 13 📍

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာက ပျူစောထီးတွေနဲ့ ကပစ ၂၄ က စစ်သားတွေဟာ ကင်းပတ်ရင်း မိုင်းတွေလိုက်ဖော်နေချိန် ဇန်နဝါရီလ ၁၂ ရက်မနေ့ကနေလယ်ပိုင်းက တိုက်မိုင်းမိတဲ့အပြင် မိုင်းခွဲတိုက်ခိုက်တာကိုပါ ခဲ့ရတယ်လို့ သိရပါတယ်။[ MyayLatt Athan ][ Z-F ]

Read more >>>
https://telegra.ph/Z-F-048-PL-01-13-12




ပျူစောထီးအဖွဲ့ ဖွဲ့ရန်  ငြင်းဆန်သော အရာတော်မြို့နယ် ကြံ့ဖွတ်ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်ဟောင်း ကျော်မြင့်နှင့် သားတို့ကို ပျူစ...
01/13/2023

ပျူစောထီးအဖွဲ့ ဖွဲ့ရန် ငြင်းဆန်သော အရာတော်မြို့နယ် ကြံ့ဖွတ်ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်ဟောင်း ကျော်မြင့်နှင့် သားတို့ကို ပျူစောထီး အဖွဲ့က သတ် ဖြတ်၊ သားဖြစ်သူက PDF ထောက်ပို့ လုပ်သည်ဟု ပေါ်ပေါက်ပြီးနောက် ၂ ဦး စလုံး အသတ်ခံရ

🌐 Z Fighter January 13 🌐

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျောက်ပြောက်ရွာတွင် နေထိုင်သည့် ကြံ့ဖွတ်ပါတီမြို့နယ်ဥက္ကဋ္ဌ၊ ၂၀၁၀ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကျော်မြင့်နှင့် သားဖြစ်သူတို့ကို ပျူစောထီးအဖွဲ့က သတ်ဖြတ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။[Khit Thit Media][Z-F]

ဆက်လက်ဖတ်ရှုရန် >>
https://telegra.ph/Z-F-028-KC-B-Eikyarkway-B-01-13-6

ဓာတ်ပုံ- အရာတော်မြို့နယ်မှ ကြံ့ဖွတ်ဥက္ကဋ္ဌ ဦးကျော်မြင့်။




အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့်ပြည်သူများ နာရီ (၂၀) ကျော်သည်အထိ အိမ်မပြန်နိုင်သေးရန်ကုန်၊ ဇန်...
01/13/2023

အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့်ပြည်သူများ နာရီ (၂၀) ကျော်သည်အထိ အိမ်မပြန်နိုင်သေး

ရန်ကုန်၊ ဇန်နဝါရီ (၁၃)
လူငယ့်ခေတ်

ရန်ကုန်၊ လှိုင်မြို့နယ်အတွင်းရှိ ရေခဲစက်ရုံတစ်ရုံမှ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ်တွင် ယနေ့ညနေပိုင်းထိ အနံ့မပျောက်သေးသည့်အတွက် စက်ရုံအနီးရှိပြည်သူများ ခေတ္တပြောင်းရွှေ့နေထိုင်နေရဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“အနံ့ကအခုထိမပျောက်သေးတော့ အိမ်မပြန်ဘဲ ရှောင်နေကြရတဲ့သူတွေရှိတယ်။ ကျွန်တော်တို့လည်း အခုထိမပြန်ရသေးဘူး။ လူနာတင်ကား (၅) စီးလောက်ကတော့ အရန်သင့်စောင့်နေတယ်” ဟု ရေခဲစက်အနီးနေထိုင်သည့် အမျိုးသားတစ်ဦးက ယနေ့ ဇန်နဝါရီ ၁၃ ရက်၊ မွန်းလွဲ (၂) နာရီခွဲခန့်တွင် လူငယ့်ခေတ်သို့ ပြောသည်။

အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ မူးဝေ၊ အော့အန်ခြင်း၊ အသက်ရှူကြပ်ခြင်းများဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးနှင့် အင်းစိန်ဆေးရုံကြီးသို့ လူနာအယောက် (၃၀) ခန့် တင်ပို့ခဲ့ရကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ဆိုကြသည်။

“အဓိက လူကြီးပေါ့။ သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေဖြစ်တာ။ လူလတ်ပိုင်းတွေကသိပ်မဖြစ်ဘူး။ မူးတာဘာ ညာတော့ရှိတာပေါ့နော်။ ခံနိုင်ရည်အားချင်းကွာတော့ လူလတ်ပိုင်းတွေကဆေးရုံတက်ရတဲ့သူသိပ်မရှိဘူး။ တစ်ချို့ လည်းဆေးရုံပြန်ဆင်းသွားကြပြီ” ဟု လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရတနာစုကုမ္ပဏီပိုင်ရေခဲစက်တွင် ယမန်နေ့ ဇန်နဝါရီလ (၁၂) ရက်၊ ည (၉) နာရီဝန်းကျင်က အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါရေခဲစက်အနီးနေထိုင်သူများ ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။

ထိုကဲ့သို့ ဓာတ်ငွေ့ယိုစိမ့်မှုနှင့်ပတ်သက်၍ အရေးယူမှုများ၊ ရပ်ကွက်နေပြည်သူများ၏ ထိခိုက်မှုအခြေအနေများနှင့် စက်ရုံ၏တာဝန်ယူမှုတာဝန်ခံမှုအခြေအနေများကိုမူ အသေးစိတ်မသိရသေးပေ။

အမိုးနီးယားဓာတ်ငွေ့ကို ရှုရှိုက်မိလျှင် (သို့) ထိခိုက်မိလျှင် ထိတွေ့မှုပုံစံများပေါ်မူတည်၍ ပမာဏအလိုက် အမျိုးမျိုးထိခိုက်နိုင်ကာ အသက်သေဆုံးသည်အထိ ဖြစ်ပေါ်နိုင်သည်။

ယနေ့ညနေပိုင်းတွင်မူ အဆိုပါဓာတ်ငွေ့ရှုမိသူ (၂၀) ကျော်အနက် (၃) ဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်းလည်း အတည်မပြုနိုင်သည့် သတင်းများထွက်ပေါ်နေသည်။

ဓာတ်ပုံ - ယမန်နေ့က ဓာတ်ငွေ့ယိုစိမ့်ချိန် စက်ရုံအနီးရှိပြည်သူများကိုတွေ့ရစဉ်


💤

Address

Seattle, WA
98104

Website

Alerts

Be the first to know and let us send you an email when Panda - K Revolution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share