TVTV-Their vision their voice-သူတို့အတွေးသူတို့အသံ

TVTV-Their vision their voice-သူတို့အတွေးသူတို့အသံ ဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်ချေမှုန်း၍ဒီမိုကရေစီဖယ်ဒရယ်နိုင်ငံတော်ကိုအောင်မြင်စွာဖွဲ့စည်းတည်ထောင်နိုင်ရေး

01/06/2025
10/01/2024

အီရန်ကနေပြီးအစ္စရေးကိုဒုန်းကျည်
အလုံးပေါင်း၂၅၀နဲ့လက်တုန့်ပြန်
တိုက်ခိုက်မှုကိုစတင်လိုပါပြီ၊ပိုပြီး
တော့ကျယ်ပြန့်ကြီးမားတဲ့အရှေ့အလယ်ပိုင်းစစ်မီးတောက်လောင်ပါတော့မည်။

09/15/2024

Our Ambassador-Myanmar's Voice,
H.E. U Kyaw Moe Tun is Our Choice!!!

09/12/2024

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၁၂ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

09/12/2024
09/11/2024
09/10/2024
09/10/2024
09/09/2024

79th UN Credentials Campaign 2024 Live Talk Show -2 စကားဝိုင်း ထုတ်လွှင့်မည့်အစီအစဥ်

နယူးယောက်၊ စက်တင်ဘာ ၉။

(၇၉)ကြိမ်မြောက် UN General Assembly(UNGA 79)အစည်းအဝေးကို လာမည့် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၀-၂၄)ရက်နေ့အထိ ကျင်းပမည် ဖြစ်ပါသည်။
(၇၉)ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂ အထွေထွေညီလာခံတွင် -UN Credentials Committee အနေဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် မြန်မာပြည်သူတို့​၏ တရားဝင်သံအမတ်ကြီးဖြစ်သည်ကို ထပ်မံပြီး တရားဝင် အသိအမှတ်ပြုပေးဖို့ Global Action for Credential Campaign 2024 လှုပ်ရှားမှုများပြုလုပ်ပြီး ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားများက တောင်းဆိုနေကြတာဖြစ်ပါတယ်။
စက်တင်ဘာလ ၁၁ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲ (USA EST အချိန် စက်တင်ဘာ ၁၀ရက် ည ၉ နာရီအချိန်)တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် NYCBC အဖွဲ့မှ Orgnized လုပ်ပြီး Global Action for Credential Campaign 2024 လှုပ်ရှားမှုတရပ်အနေနဲ့ Live Talk Show တင်ဆက်ဖို့ရှိပါတယ်။

ပါဝင်ဆွေးနွေးကြမည့် Panelist များကတော့
၁- ဖဒို စောတာနီး ((Spokesperson, KNU)-CEC
၂-ဦးတိုးကျော်လှိုင် (NUCC-ကောင်စီ၀င်)၊
၃-ဦးသွင်လင်းအောင် (NUCC -Taskforce)၊
၄-ဒေါ်အေးအေးသက် (CDM)-JCC Education အဖွဲ့၀င်
၅-ကိုနေတင်မြင့် (NYCBC) ၊
၆-ကိုအောင်ကျော်မြင့် (UH4NM-ICN) တို့ဖြစ်ကြပြီး
Host အဖြစ် ကိုစိုးထွဋ် (TVTV) မှ တင်ဆက်ကြမှာဖြစ်ပါသည်။ အခြားဖိတ်ကြားထားသော အထူးဧည့်သည်တော် များကတော့ ၇ွှေဝါရောင်ဆရာတော် ဦးဇဝန ၊ Rev. Dr. စောလားထူ၊ Videographer ကိုဒဏ်ရာ၊ Washinton DC Metro Area က မြန်မာ့အရေးလှုပ်ရှားသူ Ma Min Min Berwald တို့ကလည်း ပါဝင်အားဖြည့်သွားကြပါမယ်။

Live time;
Myanmar ( Sep 11, 2024 - 7:30 AM)
USA EST ( Sep 10, 2024 - 9:00 PM)






https://www.facebook.com/share/p/Y71j5U916v8NE8TC/?mibextid=WC7FNe
09/07/2024

https://www.facebook.com/share/p/Y71j5U916v8NE8TC/?mibextid=WC7FNe

လူထု၏ အသက်နှင့်ခန္ဓာကို စတေးနေသည့် စစ်အာဏာရှင်စနစ်ကို သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အားစိုက်ရုန်းရန် NUG ယာယီသမ္မတ တိုက် တွန်း

ရန်ကုန်၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးအရ ရှုံးနိမ့်နေသော အရှုံးကို ဖာထေးရန် နှင့် အာ ဏာ တည်မြဲရေးအတွက် လူထု၏ အသက်နှင့် ခန္ဓာကို စတေးနေသည့် စစ်အာဏာ ရှင်စနစ်ကို အတူတကွ သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အား စိုက်ရုန်းကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ကျရောက်သည့် ခုခံတွန်းလှန်စစ် ၃ နှစ်ပြည့် လူထုထံသို့ အမှာစကား ပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစသ်ည်။

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များကို လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်လာကြောင်း၊ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းလာပြီး အရှုံးကို ဖာထေးရန်အတွက် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ချေမှုန်းရေး နောက်တစ်ကြိမ်အားစိုက်ရုန်းကြရန် NUG သမ္မတက တိုက်တွန်း ပြောဆိုသည်။

"အကြမ်းဖက် စစ်ကောင်စီအနေနဲ့ စစ်ရေးယန္တရားကို အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကို အဆက်မပြတ် လုပ်ဆောင်လာတာတွေ့ရတယ်။ ခုခံတော်လှန်စစ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာဟာ အထင်အရှားဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဖြစ်တယ်။ စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကို စတေးပြီး ၎င်းတို့ရဲ့ အာဏာအဆောက်အအုံကို မြဲမြံစေရေးအတွက် အသုံးချနေတာကို တွေ့ရတယ်။ ပြည်သူလူထုနဲ့ အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းအားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတကြိမ် အားစိုက် ရုန်းထကြပါစို့…" ဟု ယာယီသမ္မတက ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။

တရားသော ခုခံတော်လှန်စစ်သည် အဆုံးတွင် မုချ အနိုင်ရရှိမည်ဖြစ်ပြီး လူထုတစ်ရပ်အနေဖြင့် အထွေထွေအောင်ပွဲ အရပ်ရပ်သည် ပြည်သူအားလုံးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီဖြစ်ကြောင်း ၊ လက်ရှိ ခုခံတော်လှန်စစ်လှိုင်းလုံးများသည် တရိပ်ရိပ်ဖြင့် စစ်အာဏာရှင်ယန္တရားအသီးသီးကို တိုက် စားဖြိုဖျက်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ နိဂုံးကို အဆုံးသတ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

"နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးစစ်စစ်ဖြစ်တယ်။ ခုခံတော်လှန်စစ်ဟာ မြေပေါ် မြေအောက် နေရာအနှံ့ တတိုင်းပြည်လုံး အုံကြွတော်လှန်တဲ့ ခုခံတော်လှန်စစ်ဖြစ်တယ်။ ဒါ့အပြင် လူတန်းစားအစုံ၊ လူမျိုးပေါင်းစုံ၊ အင်အားစုပေါင်းစုံ မိမိတို့ နေရာဌာနအလျှောက် တော်လှန်ကြတဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေးလှိုင်းကြီးဖြစ်တယ်။ လက်နက်ကိုင်လမ်းစဉ်အရသော်လည်း ကောင်း၊ နိုင်ငံရေးလမ်းစဉ်အရသော်လည်းကောင်း၊ လူထုလမ်းစဉ်အရသော် လည်းကောင်း စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တော်လှန်တဲ့ တော်လှန်ရေးဒီရေမုန်တိုင်းဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းတွေအားလုံးကို အပြီးသပ်ရှင်းလင်းအောင်အထိ ဖြိုချ သန့်စင်ပစ်မှာ ဖြစ်တယ် " ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသွားသည်။

Address

Utica, NY

Website

Alerts

Be the first to know and let us send you an email when TVTV-Their vision their voice-သူတို့အတွေးသူတို့အသံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TVTV-Their vision their voice-သူတို့အတွေးသူတို့အသံ:

Share