06/21/2021
ဥက္ကဌကြီးရဲ့အလောင်းကို ကျိုက်ခမီသို့သယ်ဆောင်သွားပြီး မင်းတို့လိုချင်တဲ့ ကရင်ပြည်မပြောနဲ့ မင်းကိုမြုပ်ဖို့မြေတစ်ကွက်တောင်မပေးနိုင်ဘူးဆိုပြီး အလောင်းကို မြစ်ထဲပစ်ချခဲ့ပါတယ်
သမိုင်းဆိုတာ မမေ့အပ်သောအရာ
မမေ့ကောင်းသော ဒဏ်ရာဟောင်း
============================
ဒီ ဆောင်းပါး ကို ဒီနေ့ဒီအချိန် ခါ ၂၁ ရာ စုမှာ ရေးသင့်မရေးသင့်နှင့် ချိပ်ချိန်နေခဲ့သည်မှာ အခိုက်အတန့်လေးကြာခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် သည်ဆောင်းပါးကြောင့် တစ်ချို့သောသူများက အမြင်ကျဉ်းသူ၊ လူမျိုးရေးမုန်းတီးမှုဖန်တီးသူ စသည်ခဲ့သို့သော ဝေဖန်တိုက်ခိုင်မှုနှင့် အထင်မြင်ခံခဲ့ရမှုများကို ရှောင်ကျင်လိုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
သို့သောလက်ရှိတစ်ဆင့်ခြင်းဖြစ်ပေါ်လာသော ဖြစ်စဉ်များသည်ကျနော့်အား ဒီဆောင်းပါစတစ်ပုဒ်ကိုရေးသားရန် တွန်းပို့လာခဲ့ပါသည်။ သမိုင်းဆိုတာမမေ့အပ်ရာ (သို့) မမေ့ကောင်းသောဒဏ်ရာဟောင်း ဆိုရာဝယ်.... မိမိကို..စိတ်ကောကိုယ်ပါဒဏ်ရာရအောင်လုပ်ဆောင်ခဲ့သောသူကိုအဲဒီဒဏ်ရာဟောင်းကြီးကိုပြန်စမ်းရေနူးပြီး..
တ မြေ့မြေ့နှင့် မကြေနပ်အညိုးအတေးထားကာ ကလဲ့စားခြေလို သောသဘောထား ထက်..မိမိ ၏ သမိုင်းနှင့် ဒဏ်ရာဟောင်း ဖြတ်သန်းသွားလာခဲ့မှုများအပေါ်တွင် အမြဲတမ်း ပြန်လည်စူးစမ်း.. လေ့လာသုံးသပ်ကြည့်လိုက် ကာ နောင်တစ်ခါဒီလို သမိုင်းမျိုးနှင့် ဒဏ်ရာအသစ်တစ်ခုကိုထပ်ခါထပ်မံမရစေလိုသောကြောင့်ဖြစ်ပါသည်။
ကရင်လူမျိုးများသည် ဟိုးယခင်ကတည်က မဟာဗမာ လူမျိုးရေး ဝါဒီ ဗမာမင်းများအဆက်ဆက်ကနေ ယခုအချိန်ထိ ထိုဗမာ လူမျိုးရေးဝါဒီများ၏ နည်းအမျိုးမျိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျခဲ့မှုများကို ခံခဲ့ရ ခံနေရဆဲဖြစ်ပါသည်။ (မဟာဗမာလူမျိုးရေးဝါဒီဆိုရာဝယ်..ဗမာတစ်မျိုးသားလုံးကိုမဆိုလိုပါ။
အချို့အချို့သောငါတို့သာလူ၊ ငါတို့သာမင်း၊ ငါတို့သာသခင်၊ စသည်ကဲ့သို့သော လူ့အသိုင်းအဝိုင်းနှင့် ဘယ်သမာသမတ်ကျသည့် လူ့အဖွဲ့အစည်းမှလက်မခံနိုင်သည့် ဝါဒီများကိုသက်ဝင်ယုံကြည် ခါးဝတ်ပုဆိုး သဖွယ်ကိုင်စွဲထားပြီး အခြားသောတစ်နိုင်ငံတည်းနေ မည်သည့်တိုင်းရင်းသားကိုမှ လူမထင် အနိုင်ကျင့်ဗိုလ်ကျနေသောသူများအချို ု့ကိုသာဆိုလိုပါလိုပါသည်။
ထိုသူများနှင့် ထိုသို့အတွေးအခေါ်ရှိနေသူများကို ယနေ့အချိန်အခါထိ ရှိနေကြောင်း သိရသောအခါ ကျနော်သည်သည် ဆောင်းပါးကလေးကို ရေးဖြစ်လာခဲ့ရပါသည်။
ထိုကဲ့သို့သောမဟာ လူမျိုးရေးဝါဒီများ၏ ခေတ်အဆက်ဆက်အနိုင်ကျင့်မှူများကြောင့် ကရင်လူမျို့များသည် အခွင့်အခါရလာသောအချိန်တစ်ခါ ဟုထင်မြင်ခဲ့သော ဗြိတိသျှစစ်တပ်များမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသောအချိန်တွင် မိမိတို့၏
အခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုအတွက် မဟာမိတ်တပ်အနေဖြင့် ဗြိတိသျှတို့ဘက်မှ ဖက်ဆစ်၈ျပန်များကို တိုက်ခိုက်ရာတွင် ရွှံရွှံ ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းတွင်ဖက်ဆစ်ဂျပန်များကိုတိုက်ထုတ်သော ကရင်အမျိုးသားတို့၏ပါဝင်မှုမှာ ထိပ်ဆုံးမှဖြစ်ခဲ့ပါသည်။
သို့သော် ထိုအကြောင်းအရာများကို မြန်မာနိုင်ငံအတွင်းတွင်ကြီးပြင်းခဲ့သော နောက်တတ်ကရင်လူငယ်များနှင့် အခြားသောတိုင်းရင်းသားလူငယ်ကျောင်းသားများ သမိုင်း ဘာသာရပ်တွင် ဗမာအစိုးရ၏သမိုင်းဝါးမျိုမှုများကြောင့်ဖော်ပြသင်ကြားခဲ့ရခြင်းမရှိ ခဲ့ပါ။
ဗမာများမှာ ဗြိတိသျှတို့မြန်မာနိုင်ငံကိုဝင်ရောက် ပြီး အာဏာကြီးစိုးခဲ့ချိန်တွင် အင်္ဂလိပ်လက်အောက်တွင်အမှုထမ်းပြီးပူးတွဲ လုပ်ဆောင် ခဲ့သော်လည်း ဖက်ဆစ်ဂျပန် ဝင်လြာ့ပီး အာဏာကြီးစိုးကာ အင်္ဂလိပ် တို့ ထွက်ပြေးသောအချိန်ကာလတွင် ဂျပန်နှင့်တစ်ခါပေါင်းကာဂျပန်လူဖြစ်သွာ့းပြန်သည်။
သူ တို့လုပ်သလိုဘက်မပြောင်းတတ်၊ တစ်စုတစ်ဖွဲ့တည်းအပေါ်တွင် သစ္စာရှိခဲ့သော ကရင်လူမျိုးများမှာ ဂျပန်ဘက်ပြောင်းသွားသောဗမာများ၏ အင်္ဂလိပ်သူလျှို ၊အင်္ဂလိပ်စစ်သား..စသည်ကဲ့သို့သော ခြေထိုး မှုများကြောင့် ကရင်ပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရသည်။
တစ်ရွာလုံးကိုဖမ်းဆီးချူပ်နှောင် တစ်ရက်ကိုအယောက် ၅၀ ထုပ်ပြီးသတ်ဖြတ် မှုကဲ့သို့သော ဧရာဝတီတိုင်းမှ (BIA)တပ်များ၏ သတ်ဖြတ်မှုလိုမျိုးတွင် လုံးဝလွန်လွန်းသောကြောင့်ဂျပန် ဗိုလ်မှူးကြီး မိုးကြိုး (ဆူဇကီး) ကတောင်ကြားဝင် တားဆီးခဲ့ရသောအဖြစ်များ၊ ကရင်ရွာတွေမီးရှို့ ..ဘုရားကျောင်းတက် ဝတ်ပြုနေသူများကို
ဘုရားကျောင်းအားအပြင်မှသော့ခတ်က တစ်အုပ်လုံးမီးလောင်တိုင်သွင်းခဲ့သော အဖြစ်မျိုးမှာ လုံးဝမမေ့နိုင်မမေ့အပ်စရာတွေပါ။ သို့သောကရင်တွေဟာ ဗြိတိသျှတွေ ကိုသစ္စာရှိစွာယုံ့ကြည်စွာဖြင့် ထိုအဖြစ်များကို ခါးစီးခံခဲ့ပါတယ်။
ဒီလိုနဲ့အင်္ဂလိပ်တွေမြန်မာနိုင်ငံအတွင်းကိုတစ်ကျော့ပြန်ဝင်လာပြီး ဂျပန်တွေကိုတိုင် ထုပ်ဘို့ စည်းရုံးပြန်တယ်။ကရင်တွေလည်းအနည်းငယ်တွန့်သွားခဲ့ပေမည့် အင်္ဂလိပ်ခေါင်းဆောင်တစ်ချို့ရဲ့လွတ်လပ်ရေးရရင် ကရင်ပြည်ရရှိရေး ၊ကရင့်အခွင့်အရေးအတွက် လုပ်ပေးမည် ပြောပေးမည် ကရင်ပြည်ရရမည်ဆိုသော
အာမခံချက်၊ ကတိပေးမှုများကြောင့် လွတ်လပ်စွာနှင့် ကိုယ်ရသင့်သောအခွင့် အရေး ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်တိုင်းပြည်လွတ်လပ်ရေးဆိုသော တောင့်တသည့်စိတ်နှင့် ကရင်တွေဟာ အင်္ဂလိပ်နှင့်တစ်ဖန်ပေါင်းကာ ဖက်ဆစ်ဂျပန်တွေကို လုံးဝအပြီးအပိုင်တိုက်ထုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့နောက်ဆုံးလွတ်လပ်ရေးပေးသည့်အခါ.. ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ဟာ အင်္ဂလိပ်နန်းရင်းဝင် မောင့်ဘက်တန်ကို ဘယ်လိုနားကျအောင်စည်းရုံးခဲ့သည်မသိပါ.. ကရင်ခေါင်းဆောင်များက အင်္ဂလိပ်ခေါင်းဆောင်တစ်ချို့၏အပေးအယူ ကတိကဝတ်ပြုခဲ့သောစကားနှင့် မိမိရသင့်ရ ထိုက်သောအခွင့်အရေးကို
သွားရောက်တောင်းဆိုခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ပါ။ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ ကိုသာအာဏာလွဲပေးခဲ့သည်။ အဲဒီဗိုလ်ချူပ်အောင်ဆန်းနှင့်(BIA) တပ်များအာဏာရလာပြီးတဲ့နောက်မှာ (BIA)ရဲ့
ကရင့်အမျိုးသားတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျသတ်ဖြတ်မှုတွေကို တစ်ခါးစီးခံ ခဲ့ရပြန်ပါတယ်။
ဒါကြောင့်ကရင်တွေဟာကိုယ့်တိုင်းပြည်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမှသာ လုံခြုံမှရှိမည်လို့တစ်စိုက်မက်မက်ပိုမို ယုံကြည်လာကြသည်။ ထိုနောက်ဗမာအစိုးရတွေဆီသွားကာ ကရင်ပြည်ကိုတောင်းဆိုပြန်ပါတယ်။ ဒါနဲ့ဗမာက မင်းတို့တိုင်းပြည်တောင်းတာ မင်းတို့လူထုအင်အားဘယ်လောက်ရှိလို့လဲ... ပြပါ ဆိုတော့ ကရင်ပြည်သူမြို့နေ တောသူတွေပါအကုန်လုံးငြိမ်းချမ်းစွာနဲ့ကရင်ပြည်နယ်ရဖို အတွက် အိမ်တွေထဲကနေထွက်ပြီးအင်အားပြသခဲ့ပါတယ်။
အဲဒီမှာဗမာတွေဟာကရင်အမျိုးသားတွေကိုစပြီးအကြမ်းဖက်ပါတော့တယ်။ မင်းတို့ကရင်ပြည်ကို လိုချင်ရင် တိုက်ယူ ဆိုပြီး စိမ်ခေါ်ခဲ့ပါတယ်။
ဘိုးဘွားတွေလက်ထက်ကတည်းကစစ်ကိုမလိုလား ငြိမ်းချမ်းစွာနေလိုခဲ့တဲ့ကရင်တွေဟာ အင်္ဂလိပ်ခေတ်မှာမိမိတို့ရသင့်ရထိုက်တဲ့အခွင့်အရေးရဖို့အတွက် မတတ်သာဘဲလက်နက်ကိုင်ပြီးဖက်ဆစ်ကိုတော်လှန်တိုက်ခိုက်ခဲ့ရပေမဲ့ အခုတစ်ခါတော့ မလွဲမသေ လက်နက်ကိုင်မှ ကိုယ့်အတွက်လုံခြုံပြီး ကိုယ်ရ
သင့်ရထိုက်တဲ့အခွင့်အရေးကိုရတော့မည်ဆိုသော အသိစိတ်ကြောင့် လွတ်လပ်ရေးရအပြီး အင်္ဂလိပ်တို့အပြန် လက်နက်အပ်ခဲ့ပေမည့် .. ဗမာတွေကိုမယုံရဲ ကရင်တွေအတွက်အရေးကြုံရင် ပြန်လည်ခုခံနိုင်ဖို့အတွက် ဆိုပြီး အင်္ဂလိပ်စစ်ဗိုလ်တစ်ချို့က ဖွက်ထားပေးခဲ့သော ဂူတွေထဲမှာဖုံတတ်နေသောသေနပ် တွေကို ပြန်လည်ကိုင်ဆောင်လာခဲ့ကြပါသည်။
ဒါပေမဲ့
ဥကဠအမျိုးသားကရင်ခေါင်းဆောင်ကြီးစောဘဦးကြီးဟာ ငြိမ်းချမ်းရေးသမားဖြစ်ပြီး စစ်ပွဲကိုမလိုလားဘဲ ကရင်ပြည်ကိုငြိမ်းချမ်းစွာနှင့်ဘဲ ပြန်လည်ရယူနိုင်မည်၊ ပြန်လည်ရယူမည်ဟုယုံကြည် နေခဲ့ဆဲဖြစ်ပါသည်။ ဒါကြောင့်မအူပင်က အစိုးရဘဏ်ကို ကရင်တွေကစစ်ပွဲကာလမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကို လည်းသူ ကရှုံ့ချပြီး သူ့ဘို့ဘွားပိုင် လယ်ယာမြေတွေရောင်းချကာ အဲဒီဘဏ်ကငွေတွေကို ပြန်လည်ပေးဆပ်ခဲ့ပါတယ်။
ဥက္ကဌ ကြီး စောဘဦးကြီးဟာ နိုင်ငံသားအချင်းချင်းသတ်ဖြတ်မှုနှင့်စစ်ကို ဘယ်လောက်အထိမလိုလားခဲ့သလဲဆိုရင် မြန်မာတစ်နိုင်ငံလုံးကို ကရင်တွေက သိမ်းပိုက်ခဲ့ပြီး ၇ မိုင် လောက်အင်းစိန် ဧရိယာလေးသာကျန်တော့တာတောင် ဗမာအစို းရက အပစ်အခတ်ရပ်စဲရေးအစည်းအဝေးခေါ်တာကို လိပ်ပြာသန့်သန့်နှင့် ဗမာတွေကိုသံသယကင်းစွာနှင့်သွားတွေ့ခဲ့ပါတယ်။
ဒီနေရာမှာတစ်ခုပြောချင်တာက အပစ်အခတ်ရပ်စဲရေးဆိုတာ ရန်သူ ကကိုယ့်ကိုဝိုင်းထားပြီး အင်အားတစ်အားကြီးမားသောကြောင့် ကိုယ်ကအင်အားနည်းပြီး လုံးဝရန်သူ ကိုခုခံဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမှာမှ လုပ်ရတာမျိုးပါ။ဒါပေမဲ့ ဥက္ကဌ စောဘဦးကြီး ဟာ ကိုယ်ကတစ်နိုင်ငံလုံးနီးပါးသိမ်းထားပြီးအင်အားသာနေခဲ့ပေမမဲ့ ဗမာတွေရဲ့အပစ်ရပ်စဲရေး ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ပါတယ်။
သူ ကိုယ်တိုင်ကိုသွားခဲ့ပါတယ် ဘာကြောင့်လည်း ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးလို့ပါ ဗမာကိုယုံခဲ့မိလို့ပါ၊ စစ်ဖြစ်တာကိုမလိုလားလို့ပါ။
ဒါပေမည့် ဗမာတွေဟာ ဥက္ကဌေစာဘဦးကြီးနှင့် ငြိမ်းချမ်းရေးဆိုပြီးစကားပြောနေပေမမဲ့ ဥက္ကဌကြီးကို ကာဗာယူက တစ်ဘက်မှာတော့ စစ်အကူအညီတွေ လိုက်တောင်း လက်နက်အင်အားလူးအင်အားစု ဆောင်းပြီး ကရင်တွေကိုပြန်လည်တိုက်ခိုက်ဖို့ ကြံစည်နေခဲ့ပါတယ်။
ဒါတွေကိုကရင်တွေကမြင်ပေမဲ့ ကိုယ့်ခေါင်းဆောင်က သူတို့ဆီရောက်နေတော့ဘာမှ လုပ်လို့မရခဲ့ပါဘူး။
ဥက္ကဌကြီးဗမာတွေဆီကပြန်လာတော့ ဗမာတွေကကရင်တွေကိုပြန်လည်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ မန်းဘဇန် ဟာ ဥက္ကဌကြီး လက်မှတ်ထို့းလာခဲ့သော အပစ်အခတ်ရပ်ဆဲရေးစာချုပ်ပ်ကို ကြည့်လိုက်တဲ့အခါမှာအပစ်ရပ်စဲရေးစာချုပ် ဆိုသောစာမှာ ဗမာတွေက
လိမ်ကောက်ပြီး ရေးထားတဲ့ ကရင်တွေကလက်နက်ချရမည့်စာချုပ်ကြီးဖြစ်နေတာတွေ့ရပါတယ်။ မန်းဘဇန်ဟာ ဥက္ကဌကြီးကိုရှင်းပြအပြီး ပြန်လည်သုံးသပ်ပြီးနောက် ဥက္ကဌကြီးက ဟာ ဟုတ်သားဘဲ ဒါပေမည့် ငါကလက်မှတ်ထိုးခဲ့ပြီဆိုတော့ ငါဖြတ်လို့မရဘူး မင်းက (KNDO) ခေါင်းဆောင် အခုပြသာနာက ကေအန်ဒီအို နဲ့ ထိပ်တိုက်ဖြစ်နေတာဆိုတော့ မင်းဘဲသွားဖြတ်လိုက်ဆိုပြီး မန်းဘဇံ ကိုတာဝန် ပေးခဲ့ပါတယ်။
ဒါနဲ့မန်းဘဇံဟာ ဗမာတွေက မင်းတို့ငါတို့ဥက္ကဌကြီးကို လိမ်ညာပြီးလက်မှတ်ထိုးခိုင်းတာငါတို့လက်မခံဘူးဖြစ်တယ်ဆိုပြီးဖြတ်သိမ်းခဲ့ပါတယ်။
ဒါပေမည့်ဥက္ကဌကြီး သူတို့ဆီမှာရှိတုန်းကာလ အင်အားစုထားပြင်ဆင်ထားလို့အင်အားတောင့် ပြီးအဆင်သင့်ဖြစ်နေတဲ့ဗမာတွေဟာ ဗမာတွေကိုယုံပြီး ပေါ့လျော့စွာနေခဲ့သော ကရင်တွေကို တစ်ဆင့်ပြီးတစ်ဆင့်တိုက်ထုတ်ခဲ့ပါတယ်။
အဲဒီမှာ ဗမာတွေဆီက တို့ရသင့်တဲ့အခွင့်အရေးလူမျိုးနှင့်တိုင်းပြည်ကို ငြိမ်းချမ်းစွာ တောင်းယူလို့ငြိမ်းချမ်းသည့်နည်းနှင့်ယူလို့မရတော့ဘူးလို့သဘောပေါက် နားလည်သွားတဲ့ ဥက္ကဌကြီး စောဘဦးကြီးဟာ သူ့ရဲ့စကားကြီးလေးချက်ကိုချထားပေး
ခဲ့ပါတယ်..
1.FOR US SURRENDER IS OUT OF
THE QUESTION
2.WE SHALL RETAIN OUR ARMS
3.THE RECOGNITION OF THE KAREN
STATE MUST BE COMPLETED
4.WE SHALL DECIDED OUR OWN
POLITICAL DESTINY
ထို့နောက် ဗမာတွေကိုပြန်လည်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်ရန် အထွက် ထိုကော့ကိုးမှာ ကရင် သစ္စာဖောက် တွေရဲ့အကူအညီနဲ့ဗမာတွေဟာ ဥက္ကဌကဌေစာဘဦးကြီး နှင့်အဖွဲ့ကိုပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဒဏ်ရာအပြင်းအထန်ရပြီးလမ်းမလျှောက်နိုင်တဲ့ဥက္ကဌကြီးကို ဗမာတွေက ဖမ်းဆီးထုရိုက်ပြီး ဒရွတ်တိုက်လွဲခေါ်ခဲ့ပါတယ်။ ဥက္ကဌကြီးဟာရင်ပူပြီးရေဆာနေခဲ့ပေမဲ့ ဗမာပေးတဲ့ရေကို လုံးဝမသောက်ဘဲငြင်းဆန်ရင်းနဲ့အသက်ထွက်ခဲ့သည်အထိပါဖြစ်တယ်။
ထို့နောက် သူတို့ဟာဥက္ကဌကြီးကို မြို့သယ်သွားပြီး ကော့ကရိတ်ဂါတ်အရှေ့မှာထား ထားရာတွင် ဗမာတွေ က လာရောက်ကြည့်ရှု ကာ တံတွေးနှင့်ထွေး ခြေထောက်နှင့်ကန်ခဲ့ကြပါသည်။
ပြီးနောက် ဥက္ကဌကြီးရဲ့အလောင်းကို ကျိုက်ခမီသို့သယ်ဆောင်သွားပြီး မင်းတို့လိုချင်တဲ့ ကရင်ပြည်မပြောနဲ့ မင်းကိုမြုပ်ဖို့မြေတစ်ကွက်တောင်မပေးနိုင်ဘူးဆိုပြီး အလောင်းကို မြစ်ထဲပစ်ချခဲ့ပါတယ်။ ထိုစဉ်ကဥက္ကဌကြီးရဲ့အလောင်းကိုဗမာ့ခေတ်သတင်းစာမှာ အကျယ်တစ်ဝင့်ဖော်ပြခဲ့ပါတယ်။
ဥက္ကဌကြီးဘဦးကြီးဆုံးသွားပြီး နောက်ပိုင်းမှာလည်း ကရင်ခေါင်းဆောင်တွေဟာ ဗမာအစိုးရအဆက်ဆက်နှက့် အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ဗမာအစိုးရရတွင်က အဆက်ဆက်က မရိုးးသားဘဲ အရင်လူတွေနည်းတူ ကရင်တွေကိုလိမ်လည်လှည့်စားခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။
ဒီ နေရာမှာစဉ်းစားစရာက အခုတစ်ကြိမ် ကေအန်ယူနှင့် ဗမာအစိုးရ ပြုလုပ်တဲ့ အပစ်ရပ်စဲငြိမ်းချမ်းရေးဟာတစ်ကယ်ဖြစ်မှာလား ဖြစ်ခဲ့ရင်တောင် တစ်ကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးလားဆိုတာပါ၊ ဗမာတွေကကရင်တွေအပေါ်တစ်ကယ် အရင်လို မလိမ်ညာဘဲ ကရင်တွေအေ့ပါ်မှာရိုးသားမှာလား
စစ်မှန်သော.အပစ်အခတ်ရပ်စဲရေးဆိုရာတွင်ခုချိန်ထိမရသေးပါ တစ်ဘက်နှင့်တစ်ဘက်ယုံကြည်မှု တည်ဆောက်ရပါမည်။
ယုံကြည်မှု တည်ဆောက်မှုတည်ဆောက်မှုဆိုရာတွင်လည်း ကရင်ဒေသထဲတွင်တပ်စွဲထားသော ဗမာအစိုးရ၏စစ်တပ်များကို ပြန်လည်နေရာချထားရေး( ရုပ်သိမ်းရေး) ကစရမှာဖြစ်ပါသည်။ သို့မှမဟုတ် ပါးစပ်က အပစ်ရပ်ရေး..ငြိမ်းချမ်းရေးကို ပြောနေပေမည့် အစားအသောက်၊ စစ်လက်နက်ရိပ်ခါတွေ ကိုလိုတာထက်ပိုပို့၊ စခန်းတွေတို းချဲ့၊ အခိုင်အမာတည်ဆောက် စစ်အတွက်အသုံးပြုမည့် လမ်းကြောင်းတွေကို ဆောက် ပြီး အဆင့်ကျော်ကာ
စီးပွားရေးကုမ်ပဏီတွေ company၊ စစ်ထောက်လှန်းရေးတွေ ..လောင်းကစားတွေကို ကရင်ပြည်နယ်ထဲသယ်ဆောင်လာမည်ဆိုရင်တော့ လုံးဝယုံကြည်လို့မရသော မရိုးသားသည့်အပြုအမူတွေပါ။
အောင်မင်း နှင့် သိန်းစိန် ကိုယ်တိုင်က သတင်းထောက်တွေကို တ့ရားဝင်ဖြေကြားခဲ့ပါတယ်။
( တိုင်းရင်းသားတွေဟာ စားရမဲ့သောက်ရမဲ့ အလုပ်မရှိ အကိုင်မရှိလို့လက်နက်ကိုင်တာပါတဲ့။ စက်ရုံတွေ company တွေဆောက်ပြီးအလုပ်ပေးလိုက်ရင် သူ့အလို လိုလက်နက်စွန့်သွားမှာပါတဲ့၊ ကရင်က အင်အားအကြီးဆုံးဆိုတော့ ကရင်လက်နက်စွန့်ရင် ကျန်တဲ့အဖွဲ့တွေ အလို လို လက်နက်စွန့်သွားမှာပါတဲ့၊ လုံး၀ ကို စိတ်မကောင်းစရာကောင်းတဲ့ တရားဝင်ကြီး ပျော့ပျာ့လေးနဲ့ အသည်းထဲထိဝင်အောင် စော်ကားလိုက်တာပါဘဲ။
ထားပါတော့လေ..ကျနော် ပြောချင်တာက သမိုင်းနှင့် ဒဏ်ရာဟောင်းကို လုံးဝမမေ့ပါနှင့် အရင်လိုသမိုင်းဆိုးမျိုးတွေနှင့်ခဏခဏဒဏ်ရာအသစ်တစ်ခုဆက်ပြီး မရစေချင်သော ဆန္ဒ ပါ။ တစ်ကယ်ဖြစ်လာရင် အခက်အခဲ နှင့် ရင်ဆိုင်ပြီးဒုက်ခရောက်ရသူများ ပျက်စီးဆုံးရှုံးမှုများ ရသူဟာ မျိုးချစ်စိတ်ဓာတ်ရှိပြီး တစ်ကယ်တော်လှန်ရေးလုပ်တဲ့ရဲဘော်များနှင့် ကရင်ပြည်သူလူထုနှင့်အတူ တိုင်းရင်သားမျိုးချစ်စိတ်တွင်ကပဲပိုအနစ်နာခံခဲရပါတယ်။
ကရင်တော်လှန်ရေးရဲဘော်များ
အားလုံးကို လေးစားလျှက်ရှိ
ကညောကော်