05/10/2026
Werewolf ဇာတ်လမ်းတွေထဲမှာမှ ထူးထူးခြားခြား
"Alpha King's Silent Cinderella" ဆိုတဲ့ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ် ..
ငယ်ဘဝတုန်းက "အီဗန်"ဆိုတဲ့ ဝံပုလွေဖြူလေးဟာ သေနတ်နဲ့အပစ်ခံရပြီး သေလုမျောပါးဖြစ်နေချိန်မှာ "ကလော်ဒီယာ" ဆိုတဲ့မိန်းကလေးက ကုသနိုင်တဲ့အသံအစွမ်းနဲ့ အသက်ကယ်ပေးခဲ့ပါတယ်
အီဗန်က " တနေ့ကျရင် မင်းကိုလက်ထပ်မယ်"ဆိုပြီး ကလော်ဒီယာကို ကတိပေးထားခဲ့လိုက်ပါတယ်
အဲဒီနေ့မှာပဲ ကလော်ဒီယာဟာ ကားမတော်တဆမှုဖြစ်ပြီး အသံဆုံးရှုးသွားခဲ့ရပါတယ်
အဲဒီနောက်ပိုင်း ကလော်ဒီယာရဲ့ဘဝဟာ မိသားစုအနိုင်ကျင့်မှုတွေ မိထွေးနဲ့ ညီမဖြစ်သူတိုရဲ့ နှိပ်စက်မှုအောက်မှာ ပြာပုံထဲက စင်ဒရဲလားလေးလိုပဲ မှောင်မိုက်နေခဲ့ပါတယ်
နှစ် ၂၀ ကြာပြီးနောက်မှာတော့ အီဗန် က အယ်လ်ဖာဘုရင် ဖြစ်လာချိန်မှာ သူ့အသက်ကို ကယ်ပေးခဲ့ဖူးတဲ့ မိန်းကလေးကို လိုက်ရှာရင်း ကလော်ဒီယာ နဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....
စကားမပြောနိုင်တော့တဲ့ ကလော်ဒီယာကို သူမှတ်မိနိုင်မလား....
သူမှတ်မိခဲ့ရင်ရော ပေးထားခဲ့တဲ့ကတိအတိုင်း ဆက်တည်နိုင်မလား...
နန်းတွင်းအာဏာပြိုင်မှုတွေ နိုင်ငံရေးအရ လက်ထပ်ရမယ့်အခြေအနေတွေ အတိတ်က လျှိဝှက်ချက်တွေအကြား သူတိုအချစ်ရေး ဘယ်လိုအခက်အခဲတွေနဲ့ အစမ်းသပ်ခံရမလဲ...
အာဏာနဲ့ အချစ်ကြား အီဗန်က ဘာကိုရွေးမလဲဆိုတာ....
Werewolf ကားတွေ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ လက်မလွတ်သင့်တဲ့ကားလေးပါပဲ
VIP Member ဝင်ရောက်ပြီး စဆုံးကြည့်ရှုလိုပါက
📩 Telegram — သို့ ဆက်သွယ်နိုင်ပါပြီနော်။