AVM News မိဘပြည်သူများ သိသင့်သော သတင်းများကို နေ့စဥ်တင်ဆက်ပေးနေပါသည်။

ဆောမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ်စစ်ဘေးရှောင် ချင်းအမျိုးသမီး အသတ်ခံရ၂၀၊ ၁၀ ၊ ၂၀၂၅AVM မြန်မာမကွေးတိုင်း ဆောမြို့ ရဲစခန်း...
10/20/2025

ဆောမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ်စစ်ဘေးရှောင် ချင်းအမျိုးသမီး အသတ်ခံရ

၂၀၊ ၁၀ ၊ ၂၀၂၅
AVM မြန်မာ

မကွေးတိုင်း ဆောမြို့ ရဲစခန်းအနီးရှိ သန်းပင်ခုံရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၆၀ ကျော် အရွယ် ချင်းအမျိုးသမီး တစ်ဦး ဒေါ်ရှိန်းခေါဝါဟာ တောထဲကို ထင်းရှာသွားစဉ် အသတ်ခံရတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ် ဒေါက်ဒွေကျေးရွာဇာတိဖြစ်တဲ့ ဒေါ်ရှိန်းခေါဝါဟာ အောက်တို ဘာ ၁၇ ရက်နေ့က တောထဲကို ထင်းရှာသွားပြီး အိမ်ပြန်မရောက်လာသောကြောင့် လိုက်လံရှာဖွေကြရာမှာ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့မှာ တောထဲမှာ သေဆုံးနေတဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ မင်းတပ်ဒေသခံ HKL Mindat ကဖော်ပြပါတယ်။

အလောင်းပြန်တွေ့ချိန်မှာ ဆွဲနေကြ ဆွဲကြိုး နဲ့ လက်ဝတ်လက်စားတချို့မရှိတော့ဘဲ ဒေါ်ရှိန်းခေါဝါ မှာ ပစ္စည်းလုခံရပြီးနောက် သတ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဆောမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ မသင်္ကာသူတစ်ဦးကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ HKL Mindat ကဖော်ပြထားပါတယ်။

ချင်းအမျိုးသားတပ်မတော် ရဲဘော်တစ်ဦး ရှေ့တန်း တစ်နေရာ တွင် တာဝန်ထမ်းဆောင်စဥ် ကျဆုံး၂၀ ၊ ၁၀ ၊ ၂၀၂၅AVM ချင်းအမျိုးသားတပ်မတေ...
10/20/2025

ချင်းအမျိုးသားတပ်မတော် ရဲဘော်တစ်ဦး ရှေ့တန်း တစ်နေရာ တွင် တာဝန်ထမ်းဆောင်စဥ် ကျဆုံး

၂၀ ၊ ၁၀ ၊ ၂၀၂၅
AVM

ချင်းအမျိုးသားတပ်မတော် (CNA)ရဲဘော်တစ်ဦး ရှေ့တန်း တစ်နေရာ တွင် တာဝန် ထမ်းဆောင်စဥ် တိုင်းပြည်နဲ့လူမျိုး အတွက် အသက် ပေးလှူ ခဲ့တယ်လို့သိရပါတယ်။

ချင်းအ မျိူးသားတပ်မတော် (CNA) တပ်မဟာ ၆ တွင် တာဝန် ထမ်းဆောင်နေတဲ့ ရဲဘော် တစ်ဦးဟာ တပ်မဟာ စခန်း တစ်နေရာ တွင် တာဝန် ထမ်းဆောင်စဥ် ကျဆုံး ခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ မနက်ပိုင်း တွင် CNA တပ်မဟာ ၆ တွင် တာဝန် ထမ်းဆောင်နေတဲ့ အသက် ၃၆ နှစ် အရွယ် ဆလိုင်းကွီလုပ်ဟာ တိုက်ပွဲဖြစ်ခြင်းမှာ ကျဆုံးသွားတာမျိုးမဟုတ်ပဲ ကျန်းမာရေးကြောင့်ဖြစ်နိုင်တယ်လို့သိရပါတယ်။

"တိုက်ပွဲ ဖြစ်တာတော့ မကြားဘူး ကျန်းမာရေးကြောင့်လား တခုခုတော့ ဖြစ်မယ် ထင်တယ် ။ သူတို့ တပ်မဟာ ၆ မှာပဲ သေဆုံးတာ"လို့ ဒေသခံတွေထံမှ သိရပါတယ်။

ချောင်းငါးမိုင်း ခွဲ ရာမှ MRO ရဲဘော် တစ်ဦးပွဲချင်း ကျဆုံး တစ်ဦးဒဏ်ရာပြင်းထန်၁၅ ၊ ၁၀ ၊ ၂၀၂၅AVM MOR (သို့) CDF-Matupi တပ...
10/15/2025

ချောင်းငါးမိုင်း ခွဲ ရာမှ MRO ရဲဘော် တစ်ဦးပွဲချင်း ကျဆုံး တစ်ဦးဒဏ်ရာပြင်းထန်

၁၅ ၊ ၁၀ ၊ ၂၀၂၅
AVM

MOR (သို့) CDF-Matupi တပ်မဟာ ၁ ရဲဘော်တစ်ဦး ချောင်းငါးမိုင်းခွဲရာမှမိုင်းချို့ယွင်းချက်ကြောင့် ပွဲချင်းပြီးသေဆုံးသွားပြီးတစ်ဦးဒဏ်ရာ ရရှိတယ်လို့သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်း တွင် မတူပီမြို့နယ် လွီဗန်း ဂိတ်တွင် တပ်စွဲ နေတဲ့ MRO ရဲဘော်များဟာ ကဒီချောင်းတွင် ငါးမိုင်းခွဲရာမှ မိုင်းချို့ယွင်းတာကြောင့် ရဲဘော် ငိုင်းဆန် ဆိုသူ ပွဲချင်းသေဆုံးပြီး ကျန် ရဲဘော် တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။

" ကဒီချောင်းမှာ ငါးမိုင်းခွဲကြပြီးတော့ ရဲဘော် တစ်ဦးကတော့ ပွဲချင်း ကျတာပေါ့ တစ်ဦးကတော့ ဒဏ်ရာ ရရှိပါတယ်"လို့ နီးစပ်သူတွေထံက သိရပါတယ်။

မတူပီမြို့နယ် တွင် ငါးမိုင်းမခွဲရ တားမြစ်ပိတ်ပင်ချက်ကို CDF-Zotung ၊ CDF-Mara ၊ CDF -Matupi နှင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များမှလည်း အကြိမ်ကြိမ် တားမြစ်ပေမဲ့ ရဲဘော်တချို့မှလည်း စည်းကမ်းချိုးဖောက်တာ တွေ့မြင်နေရပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet က CNA တပ်ရင်း ၂၁ စခန်းကိုစီးနင်းတိုက်ခိုက်၊ အချင်းချင်းတိုက်ပွဲမဖြစ်လိုတာကြောင့် CNA ...
09/24/2025

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet က CNA တပ်ရင်း ၂၁ စခန်းကိုစီးနင်းတိုက်ခိုက်၊ အချင်းချင်းတိုက်ပွဲမဖြစ်လိုတာကြောင့် CNA တပ်ရင်း ၂၁ က ဆုတ်ခွါပေး

*** ချင်းလဲန်းကောင်စီကိုထောက်ခံတဲ့ ကန်ပက်လက်ပြည်သူတွေကိုလည်း CDF-Kanpetlet က ဆက်တိုက်ဖမ်းဆီးနေပြီး သတင်းအမှောင်ချထား

၂၄ ၊ ၉ ၊ ၂၀၂၅
AVM မြန်မာ

ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ ချင်းညီနောင်အဖွဲ့ဝင် CDF-Kan petlet တပ်ဖွဲ့က ချင်အမျိုးသားတပ်မတော် CNA တပ်ရင်း ၂၁ စခန်းကို ဝင်စီးပြီး သတင်းအမှောင်ချကာ ချင်းလဲန်းကောင်စီကို ထောက်ခံအားပေးတဲ့ ကန်ပက်လက်ပြည်သူတွေကိုလည်း ဆက်တိုက်ဖမ်းဆီးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ်(၅)ဒေသ မောင်တော်နှမတော်တောင်မှာ တပ်စွဲထားတဲ့ CNA တပ်ရင်း၂၁ ကို CDF-Kanpetlet တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စက်တင်ဘာလ တတိယပတ်လောက်က စီးနင်းတိုက်ခိုက်ခဲ့ပြီး အချင်းချင်း သွေးထွက်သံယိုမှုမဖြစ်ချင်တာကြောင့် CNA တပ်ရင်း ၂၁ ကရဲဘော်တွေဟာ စခန်းကနေဆုတ်ခွါပေးခဲ့ကြတယ်လို့ ကန်ပက်လက်က စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

CNA တပ်ရင်း ၂၁ က ရဲဘော်တွေဟာ အချင်းချင်းကြားတိုက်ပွဲမဖြစ်ပွားလိုတာကြောင့် တောတွင်းတနေရာမှာ တပ်ဆုတ်သွားကြပြီး CDF-Kanpetlet တပ်ဖွဲ့ဘက်ကလည်း ဆက်ပြီးဝိုင်းထားကြတဲ့အတွက် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။

ဒါ့အပြင် CDF-Kanpetlet တပ်ဖွဲ့တွေဟာ တိုက်နယ်အမှတ် (၅) ဒေသက ချင်းလဲန်းကောင်စီကို ထောက်ခံအားပေးတဲ့ ပြည်သူတွေကိုလည်း အကြောင်းမဲ့ဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ပြည်သူတွေအသုံးပြုနေတဲ့ စတားလင့်အင်တာနက်စက်တွေကိုလည်း အကုန်သိမ်းသွားပြီး သတင်းအမှောင်ချထားတဲ့အတွက် အမှတ် (၅) ဒေသက ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်သူမှထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိကြဘူး လို့သိရပါတယ်။

အမှတ် (၅) ဒေသ အဗျိုင်းကျေးရွာက ချင်းလဲန်းကောင်စီထောက်ခံတဲ့ ဥက္ကဌ ဦးကီးလိန်းကို ဖမ်းဆီးပြီး နေအိမ်မှာကြိုးနဲ့ တုတ်ထားကြသလို CNA တပ်ရင်း ၂၁ တပ်ရင်းမှူးရဲ့ အဖေ နဲ့ အမေကိုလည်းကောင်း၊ တုံမကြားရွာက အုပ်ချုပ်ရေးမှူး၊ ကန်လောင်းရွာက ပြည်သူတစ်ဦးတို့ကိုလည်း CDF-Kanpetlet က ဖမ်းဆီးထားတယ် လို့ သိရပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet တပ်ဖွဲ့ဟာ ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်းလဲန်းကောင်စီကို ထောက်ခံအားပေးတဲ့ ကန်ပက်လက်ဒေသပြည်သူတွေကို သတင်းအမှောင်ချထားပြီး ဆက်လက်ဖမ်းဆီးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

Crd # # # VOC

မင်းတပ်မြို့ကိုအကြမ်းဖက်တပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ် ၇ လုံး ပျက်ဆီး၂၂၊ ၉၊ ၂၀၂၅AVM မြန်မာချင...
09/22/2025

မင်းတပ်မြို့ကိုအကြမ်းဖက်တပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ် ၇ လုံး ပျက်ဆီး

၂၂၊ ၉၊ ၂၀၂၅

AVM မြန်မာ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကိုအကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူနေ အိမ် ၇ လုံးပျက်ဆီးပါတယ်။

ဒီကနေ့ မနက် နေပြည်တော် လေလာ လေတပ် ကနေ ပျံသန်းလာတဲ့ ဂျက်ဖိုက်တာ ၂ စီးဟာ မင်းတပ်မြို့ပေါ် တနေရာ ကို မနက် ၉ နာရီ မိနစ် ၄၀ အချိန်တွင် ဗုံး ၄ လုံးဖြင့် ကြဲချ ခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုတွင် မင်းတပ်ပြည်သူ နေအိမ် ၇ လုံး အထိ ပျက်ဆီး ခဲ့တယ်လို့ Hkl က ရေးသားထားပါတယ်။

အကြမ်းဖက်စစ်တပ် ဗုံးကြဲ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြည်သူ ထိခိုက်မှုရှိမရှိကို ဆက်သွယ် စုံစမ်းမှုဆက်လက်လုပ်ဆောင်နေပါတယ်။

ဓာတ်ပုံ Hkl

ဇီးကုန်း စစ်ကော်မရှင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးနစ်ပိုင်းအတွင်း စီးနင်းတိုက်ခိုက်ခဲ့၊ ရဲ‌ ၆ ဦးသေ၁၈ ၊ ၉ ၊ ၂၀၂၅AV...
09/18/2025

ဇီးကုန်း စစ်ကော်မရှင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးနစ်ပိုင်းအတွင်း စီးနင်းတိုက်ခိုက်ခဲ့၊ ရဲ‌ ၆ ဦးသေ
၁၈ ၊ ၉ ၊ ၂၀၂၅
AVM မြန်မာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က မွန်းလွဲ ၃ နာရီလောက်မှာ ကန့်ဘလူခရိုင် ပကဖ စစ်ကြောင်းက ဦးဆောင်ပြီး ရေဦးဓူဝံ ပကဖ နဲ့ ‌နယ်မြေခံ ပကဖ တွေပူးပေါင်း စီးနင်းတိုက်ခိုက်ခဲ့တာလို့ ရေဦးဓူဝံပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကားတစ်စီးနဲ့ ရောက်လာပြီး ရဲစခန်းအပေါက်ဝကနေ အရင်ဝင်ရောက်တိုက်ခိုက်ခဲ့တာကို ရုပ်သံဗီဒီယိုမှာ တွေ့ရပါတယ်။ ပြန်လည်ခုခံတဲ့ ရဲတပ်သားတွေကို ပစ်ခတ်ပြီး လက်နက်ချ အညံ့ခံခဲ့တဲ့ ရဲတွေနဲ့ အမျိုးသမီးတွေကို သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့တာကို တွေ့မြင်ရပါတယ်။

"ရဲတပ်သားနဲ့ ဗိုလ်လေး အပါဝင် ၆ ယောက်သေဆုံးပါတယ်။ ဗိုလ်လေး ၂ ယောက်နဲ့ တပ်သား ၂ ယောက်။ တပ်သားတွေရဲ့ မိန်းမ ၂ ယောက်နဲ့ကလေး ၂ ယောက်။ အချုပ်ထဲက အချုပ်သား ၃ ဦးတို့ကို အရှင်‌ဖမ်းဆီးရမိခဲ့ပါသည်။"လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် G3 (၉)လက်၊ G4 (၁)လက်၊ MA15 (၁)လက်နဲ့ ပစ္စတို (၁)လက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရဲစခန်းကို မီးရှို့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ဟာ အိမ်ခြေ ၂၀၀၀ လောက်နဲ့ လူဦးရေ ၄၀၀၀ ကျော်လောက် နေထိုင်ကြောင်း သိရပါတယ်။

09/14/2025

ပျူစောထီးနှင့်အကြမ်းဖက် စစ်တပ် စစ်ကြောရေးတွင် ပြည်သူတွေအပေါ် မိုက်ရူးရဲဆန်စွာ သတ်ဖြတ် (စစ်တပ်လော်ဘီ တယ်လီဂရမ်မှကူးယူသည်)

Sky vila ကွန်ဒို အပျက်အစီးတွေအောက်က ရုပ်အလောင်း နှစ်ခု ထပ်မံတွေ့ရှိ သေဆုံးသူ အလောင်းစုစုပေါင်း ၁၉၀ ကျော်တွေ့ရှိ၅၊ ၉ ၊ ၂၀...
09/05/2025

Sky vila ကွန်ဒို အပျက်အစီးတွေအောက်က ရုပ်အလောင်း နှစ်ခု ထပ်မံတွေ့ရှိ သေဆုံးသူ အလောင်း
စုစုပေါင်း ၁၉၀ ကျော်တွေ့ရှိ
၅၊ ၉ ၊ ၂၀၂၅
AVM မြန်မာ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံ အပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေချိန် ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က နေသိရပါတယ်။

Sky Villa အဆောက်အအုံ A အဆောင်ကို ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက အဆောင် (A)၊ ပထမထပ် Hall ခန်းအတွင်းမှာ ၄ နာရီ ၂၀ မိနစ်က အမျိုးသား တဦးရဲ့ ရုပ်အလောင်းနဲ့ ၄ နာရီ ၃၅ မိနစ်မှာ အမျိုးသမီး တဦးရဲ့ ရုပ်အလောင်းတွေကို ထပ်မံထုတ်ယူနိုင်ခဲ့ပြီး မာလာမေတ္တာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီညအဆောင် (A) မှာပဲ ဒီကနေ့မနက်က အမျိုးသား တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက် ၁၀ နာရီ ၅ မိနစ် အချိန်မှာ ထုတ်ယူထားနိုင်တဲ့အတွက် ဒီကနေ့တရက်တင် ရုပ်အလောင်းသုံးခု ထုတ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအပျက်အစီးတွေကြားကနေ ဒီကနေ့အချိန်ထိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိတာမှာ ၂၀၀ ဝန်းကျင် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကလည်း Sky villa ကွန်ဒိုအပျက်အစီးတွေထဲက A အဆောင် (၃) လွှာ၊ အခန်းအမှတ် E3 က အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၃)ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါသေးတယ်။

၁၁ ထပ်အမြင့်ရှိတဲ့ ကွန်ဒိုအဆောက်အဦ ပြိုကျမှုကြောင့် A, B, C , D အဆောင်တွေမှာ နေထိုင်တဲ့သူ အများအပြားသေဆုံးခဲ့ရပြီး ဒီကနေ့စက်တင်ဘာ ၅ ရက်နေ့အထိ ကျား၊ မ ခွဲခြားမရတဲ့ ရုပ်အလောင်းကိုးလောင်းအပါအဝင် ကျားမခွဲခြားလို့ရတဲ့ ရုပ်အလောင်း ၁၉၀ ဦး ဝန်းကျင်ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မတ်လ ၂၈ ရက်နေ့ကစပြီး မနေ့ စက်တင်ဘာ ၄ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှု ၂၂၇ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်းဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

#ငလျင် #သေဆုံးသူအရေအတွက် #မန္တလေး

CDF-Kanpetlet က အမ်ပုံကျေးရွာ နေအိမ်တွေဝင်စီးပြီး ရိုးရာတူမီးသေနတ် နဲ့ အိမ်တွင်းပစ္စည်းတွေ လုယူ၊ Starlink အင်တာနက်စက်တွေ...
09/05/2025

CDF-Kanpetlet က အမ်ပုံကျေးရွာ နေအိမ်တွေဝင်စီးပြီး ရိုးရာတူမီးသေနတ် နဲ့ အိမ်တွင်းပစ္စည်းတွေ လုယူ၊ Starlink အင်တာနက်စက်တွေလည်းသိမ်းယူ

၅၊ ၉ ၊ ၂၀၂၅
AVM မြန်မာ

ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet တပ်ဖွဲ့ဝင်တွေဟာ ကန်ပက်လက်မြို့နယ် ငုံလောင်းအုပ်စု၊ အမ်ပုံကျေးရွာထဲက ပြည်သူ့နေအိမ်တွေကို ဖောက်ထွင်းပြီး ရိုးရာတူမီးသေနတ်တွေအပါအဝင် အိမ်တွင်းပစ္စည်းတချို့ကို လုယူသွားကြတယ် လို့ ဒေသခံတွေထံကနေသိရပါတယ်။

အင်အား ၆၀ ခန့်ပါဝင်တဲ့ CDF-Kanpetlet တပ်ဖွဲ့ဟာ စက်တင်ဘာလ ၃ ရက်နေ့က အမ်ပုံကျေးရွာထဲကို ည ၁၁ နာရီ ဝန်းကျင်မှာ ဝင်ရောက်လာပြီး သေနတ်အချက်ပေါင်း ၁၀၀ ခန့် ပစ်ဖောက်ကာ ပြည်သူတွေကို ခြောက်လှန့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် CDF-Kanpetlet တပ်ဖွဲ့ဝင်တွေဟာ ဦးကီးနိုင်းအိမ်ထဲကနေ တူမီးသေနတ် ၁ လက်၊ ယမ်းစိမ်း၊ ထောင်းပီး သားယမ်း၊ ဓါးရှည်၊ လေး/မြှား၊ ရိုးရာချင်းစောင် နဲ့ ငွေသားတချို့ခိုးယူသွားပြီး၊ ဦးကီးမာန် နေအိမ်ကနေ ရိုးရာတူမီး သေနတ် ၄ လက်၊ ဓါးတလက်၊ လေး/မြား ၂ စုံ၊ ဦးရှိန်းမာန်နေအိမ်ကနေ လည်း တူမီးသေနတ် ၁ လက် ခိုးယူသွားကြ တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

အလားတူ တိုက်နယ်အမှတ် ၅ တုံငယ်အုပ်စု၊ တုံငယ်ကျေးရွာမှာလည်း အိမ်တိုင်းစေ့ဝင်ရောက်ရှာဖွေပြီးနောက် ဦးရွှီထန်းကို ဖမ်းဆီးကာ အိမ်ဝိုင်းထဲက ခြံတိုင်မှာကြိုးဖြင့်တုတ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခိတော်ရွာကိုလည်း ဝင်ရောက်ပြီး ဦးယွန်းဟာအိမ်က တူမီးသေနတ်တလက် နဲ့ ဦးထန်းလိန်းဆီက အိမ်တွင်းပစ္စည်းတချို့လည်း သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

ခိတော်ရွာက ကျန်းမာရေးဌာနနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအသုံးပြုနေတဲ့ Starlink ကိုလည်း CDF-Kanpetlet တပ်ဖွဲ့တွေက သိမ်းယူပြီး သတင်းပေါက်ကြားမှုမရှိစေရေးအတွက် တိုက်နယ်တစ်ခုလုံးကိုလည်း Starlink အင်တာ နက်လိုင်းတွေလည်း အကုန်ပိတ်ခိုင်း ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုံစာ - ဖောက်ထွင်းခံရတဲ့ ဦးကီးနိုင်းနေအိမ်နဲ့ သေနတ်ပစ်ခတ်တဲ့ ကျည်ခွံ

တမူးမြို့နယ် နန်မွန်းတားရွာအနီးတွင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီ ၊ ကသည်း တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ပြီး စစ်ကြော...
09/05/2025

တမူးမြို့နယ် နန်မွန်းတားရွာအနီးတွင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီ ၊ ကသည်း တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ပြီး စစ်ကြောင်းမှူးအပါအဝင် ၉ ဦးသေဆုံး

၅၊ ၉ ၊ ၂၀၂၅
AVM မြန်မာ

စစ်ကိုင်းတိုင်း ​​ဒေသကြီး၊ တမူးမြို့နယ်၊ နန်မွန်းတားရွာအနီးတိုက်ပွဲ၌စစ်ကောင်စီစစ်ကြောင်းမှူးဗိုလ်ကြီး နှင့်ကသည်းတပ်မှ အရာရှိတစ်ဦးအပါအဝင် ၉ ဦး​သေဆုံးပြီး ဒဏ်
ရာရသူများကြောင်း သတင်းရရှိသည်။

လေကြောင်းပစ်ကူဖြင့် ပြန်ဆုတ်ခွာသွားရသည်အထိ တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး ရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆက်လက်ထိန်းချုပ်ထားသည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

"နန်မွန်းတားကို ပြန်သိမ်းမယ်ဆိုပြီး ကြွေးကြော်လာတဲ့စစ်ကြောင်းမှူး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမှာ သေတာ။ကသည်းတပ်ကအရာရှိလည်းသေတယ်။ ဒဏ်ရာရတွေကိုပါ လေကြောင်းပစ်ကူနဲ့ ပြန်ဆုတ်သွားတာ" ဟု ၎င်းကပြောသည်။

အိန္ဒိယအစိုးရကိုပုန်ကန်နေသည့်ကသည်းလက်
နက်ကိုင်ဖွဲ့များသည် မြန်မာ-အိန္ဒိယနယ်စပ်နေရာအချို့၌ခိုအောင်းနေထိုင်ပြီး အဖွဲ့အချို့သည် စစ်ကောင်စီလက်အောက်ခံအဖြစ် လှုပ်ရှားနေခြင်းဖြစ်သည်။ မြန်မာ-အိန္ဒိယနယ်စပ်နေရာများ၌ လှုပ်ရှားနေသော ကသည်းသူပုန်အဖွဲ့များမှာ United National Liberation Front-UNLF)၊People’s Revolutionary Party of Kangleipak – PREPAK)၊People’s Liberation Army – PLA)၊ Kangleipak Communist Party – KCP)အပါအဝင် ဆယ်ဖွဲ့ထက်မနည်းရှိနေသည်။ စစ်ကောင်စီအားပူးပေါင်းကူညီနေသည့် အဖွဲ့အမည်ကို အတိအကျမသိရသေးပေ။

​တော်လှန်​ရေးတပ်များကထိန်းချုပ်ထား​သောနန်
မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီး တမူးမြို့နှင့် ၁၂မိုင်အကွာ၌တည်
ရှိသည်။

တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီကအခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။ နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီကအကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီး အင်အားသုံး၍ထိုးစစ်ဆင်လေ့ရှိသည်။

၂၀၂၄ခုနှစ် အောက်တိုလာလက တိုက်ပွဲတွင် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး ကသည်းတပ်ဖွဲ့ဝင်တစ်ဦးအရှင်ဖမ်းမိကာ တမူးခရိုင်တပ်ရင်း(၄)မှ ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။ က
သည်းတပ်ဖွဲ့ဝင်ကို အိန္ဒိယအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရက လွှဲအပ်ပေးခဲ့သည်။

ပြီးခဲ့သည့်သြဂုတ်လဆန်းကလည်းတိုက်ပွဲအပြင်း
အထန်ဖြစ်ခဲ့သည်။နန်မွန်းတားကျေးရွာက်ို ခလရ ၂၂၈ နှင့် ပြည်သူ့စစ် ပူးပေါင်း အင်အား ၈၀ ခန့်က ဩဂုတ်လ၅ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ KNA(B)၊ NLA နှင့် CNA တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်ခဲ့သည်။

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် ယခုတစ်ကြိမ်လိုပင်စစ်ကောင်စီကလေကြောင်းပစ်ကူဖြင့်ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။နန်မွန်းတားရွာဘုရားကျောင်းသို့ လေကြောင်းတိုက်ခိုက်ခဲ့သလို အသေခံဒရုန်း အမျိုးအစားများကိုလည်း အသုံးပြုခဲ့သည်ဟုအမှတ်(၁)စစ်ဒေသက ထုတ်ပြန်ခဲ့သည်။အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ ရုပ်အလောင်း၆လောင်း၊လက်နက်၉ လက် နှင့်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့ပြီး ထိခိုက်ဒဏ်
ရာရသူ ၂၀ ဦး ကျော်ရှိသည်ဟု အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။ ထို့အပြင် ကာကွယ်ရေးရဲဘော်ငါးဦး ကျဆုံးပြီးလက်နက် ၃ လက် ဆုံးရှုံးခဲ့သည်။

စက်တင်ဘာလ ၄ရက်ညနေကလည်း စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ပြန်လည်ဆုတ်ခွာစဉ် ဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဗုံးကြဲခဲ့သလို ညဘက်တွင် Y12လေယာဉ်ဖြင့် ဗုံးလာကြဲသွားကြောင်းသတင်းရရှိသည်။​ မြေပြင်တွင် ​တော်လှန်​ရေးတပ်များအထိခိုက်မရှိကြောင်းသိရသော်လည်း အ
သေးစိတ်ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

(ပြီးခဲ့သည့် သြဂုတ် ၅ ရက်​နေ့တွင် နန်မွန်းတားရွာကိုစစ်​ကြောင်းထိုးလာသည့်စစ်တပ်ကို ​တော်လှန်​ရေးတပ်များကတိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ)

ချင်းတိုင်းရင်းသူတစ်ဦးကို စစ်ရှောင်ယောနယ်သားတစ်ဦးက ပစ္စည်းလုယက်ပြီးသတ်ဖြတ်၄၊ ၉ ၊ ၂၀၂၅AVM မြန်မာ ချင်းပြည်နယ်၊ မင်းတပ်မ...
09/04/2025

ချင်းတိုင်းရင်းသူတစ်ဦးကို စစ်ရှောင်ယောနယ်သားတစ်ဦးက ပစ္စည်းလုယက်ပြီးသတ်ဖြတ်

၄၊ ၉ ၊ ၂၀၂၅
AVM မြန်မာ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ လေရှိကျေးရွာတွင် အိမ်စျေးဆိုင် ရောင်းနေသည့် အမျိုးသမီးတစ်ဦးသည် ပစ္စည်းလုယက်ခံရပြီး ဓားထိုးအသတ်ခံရကြောင်း မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးကပြောပါတယ်။

အသတ်ခံရသည့် အမျိုးသမီးသည် လေရှိကျေးရွာမှ အသက် ၃၀ ဝန်းကျင် ဒေါ်ပါရ်အီးလို့သိရပြီး ကျူးလွန်သူ အမျိုးသားသည် မကွေးတိုင်း၊ ယောနယ် ကျောက်ထု မြို့နယ် အကြည်ရွာ မှ မင်းတပ်မြို့နယ်ကို စစ်ရှောင်လာတဲ့ အမျိုးသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

"စျေးဆိုင်က ရွာအစွန်ဆုံးမှာ ရှိတာပါ။ အစ်ကိုတစ်ယောက်ပြောတာက အစတော့ ပိုက်ဆံတောင်းတယ်လို့ ပြောတယ်။ နောက်တော့ တန်ဖိုးရှိ ရွှေထည် ပစ္စည်းတွေ လုတယ်လို့ ပြောတယ်။ မပေးတော့ ပါလာတဲ့ ဓားနဲ့ ၁၀ ချက်ထိုးပြီး အူတွေပွင့်ပြီး အမျိုးသမီးက သေဆုံးသွားတယ်။"လို့ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

သေဆုံးသူ ဒေါ်ပါရ်အီးတွင် တတိယတန်း တက်နေသည့် သားတစ်ဦးနှင့် အမျိုးသားတို့ ကျန်ရှိပြီး ကျူးလွန်သူအမျိုးသားကို လက်ရှိတွင် ဖမ်းဆီးထားကြောင်း သိရပါတယ်။

မြင်းခြံတွင် ကျောင်းအတွင်း တပ်စွဲထားသောစစ်တပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံး၄၊ ၉ ၊ ၂၀၂၅AVM မြန်မာမန္တလ...
09/04/2025

မြင်းခြံတွင် ကျောင်းအတွင်း တပ်စွဲထားသောစစ်တပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံး
၄၊ ၉ ၊ ၂၀၂၅
AVM မြန်မာ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲအထက်တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲထားသော အာဏာသိမ်းစစ်တပ်ကို စက်တင်ဘာလ ၂ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ရွှေခြံသားပြောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ထံမှ MA 3 ၆လက်၊ ကျည်ဘောက် ၂၀၊ MA5 ၁ လက်၊ ၆၀ မမ ၁ လက်၊5.56 ကျည် ၉၀၄ တောင့်၊ 9 မမ ကျည် ၅တောင့်၊ ၆၀ မမကျည် ၃ ခု၊ အီနီဂါ ၂ လုံး ၊ဓား ၅ ချောင်း၊လက်ပစ်ဗုံး ၂ လုံး၊လေးခွ ၂ လက်၊ဝက်အူ လှည့် ၁ ချောင်း၊ငွေသား ၁၄၉,၂၀၀၀ကျပ်၊ ဖုန်း ၇ လုံး၊လက်ပတ်နာရီ ၂ လုံး၊စစ်သုံးဆောင်အများအပြားကို သိမ်းဆည်းရမိခဲ့သည်။

ပြည်သူများကို ဖိနှိပ်နေသော အကြမ်းဖက်စစ်တပ်ကို ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ ၊တိုက်နယ် ၁ က ဆက်လက်တိုက်ခိုက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် ဗုံးခိုးကျင်းများအသင့်အနေအထားဖြင့် အထူးသတိပြုနေထိုင်ကြရန် ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ကတိုက်တွန်းလိုက်သည်။

Address

Washington D.C., DC

Website

Alerts

Be the first to know and let us send you an email when AVM News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AVM News:

Share