03/10/2026
CDF ပလက်ဝ တပ်ရင်းမှူးရဲ့ သမီးဆယ်တန်းကျောင်းသူ ရေနစ် သေဆုံး
၁၀ ၊ ၃ ၊ ၂၀၂၆
AVM မြန်မာ
ချင်းပြည်နယ် ပလက်ဝမြို့နယ် မှာ CDF ပလက်ဝတပ်ရင်းမှူးရဲ့ သမီး ဆယ်တန်း ကျောင်းသူ တစ်ဦး ရေနစ် သေဆုံးတယ်လို့ သိရပါတယ်။
ပလက်ဝမြို့နယ် ဘုံလိုင်ရွာ တွင် ဆုတောင်းပွဲ သွားနေကြတဲ့ ဘုံချောင်းတွင် ရေချိုးနေစဥ် ဆယ်တန်းကျောင်းသူ တဦးဟာ ရေနစ် သေဆုံးပြီး ၃ ဦးကိုပြန်ကယ်တင်နိုင်တယ်လို့သိရပါတယ်။
စင်ကီတောင်ရွာ သူ မေရီဂျွန်း အသက် (၂၀) ဆယ်တန်း ကျောင်းသူဟာ မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီ တွင် ချောင်းရေချိုးရင်း ရေနစ်ပြီး သေဆုံးနေတယ်လို့သိရပါတယ်။
"ချောင်းရေချိုးကြတာ ၄ ယောက်ပေါ့လေ ၃ ဦး ပြန်ကယ်နိုင်ပြီး မေရီဂျွန်း ကတော့ ကံမကောင်းစွာ မကယ်နိုင်ကြဘူး"လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
သေဆုံး မေရီဂျွန်း ဆိုသူဟာ CDF ပလက်ဝ တပ်ရင်း ၄ မှာ တပ်ရင်းမှူးတာဝန်လက်ရှိ ထမ်းဆောင်နေတဲ့ ဆလိုင်းဗန်ကစ်လျန် ( Van Kip Lian)ရဲ့ သမီးဦး ဖြစ်တယ်လို့သိရပါတယ်။