Tachileik News Agency

Tachileik News Agency An independent Myanmar News Agency founded since 2009 and delivering general news in Myanmar. Do not allow to copy without permission from TNA.
(3345)

Tachileik News Agency (TNA) is an independent multimedia news service and web – based source of daily news. It aims to create a more open media environment and facilitate access to information for concerned Myanmar and focus on commitment to the highest standards of objective, accurate journalism. It is founded since 25th November 2009 and covering events and issues that are neglected by mainstream media.

အသိပေးကြေညာခြင်း၂၀၀၉ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့က စပြီး  သတင်းလုပ်ငန်းများကို စတင် လုပ်ကိုင်လာခဲ့သည့် Tachileik News Agenc...
05/03/2025

အသိပေးကြေညာခြင်း

၂၀၀၉ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့က စပြီး သတင်းလုပ်ငန်းများကို စတင် လုပ်ကိုင်လာခဲ့သည့် Tachileik News Agency အား ၂၀၂၅ခုနှစ် မေလ(၃)ရက်နေ့ကစပြီး ယာယီ(ယာယီ)ရပ်နားလိုက်ပါကြောင်း Tachileik News Agency ၏ ပရိသတ်များအား လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

တာချီလိတ်မြို့တွင် နေရာကွက်ကျား ဖမ်းဆီးမှုအဖြစ် Car Service တစ်ခုမှ လိုင်စင်မဲ့ကား (၁၀)စီးကျော် ဖမ်းဆီး သိမ်းဆည်း https:...
05/03/2025

တာချီလိတ်မြို့တွင် နေရာကွက်ကျား ဖမ်းဆီးမှုအဖြစ် Car Service တစ်ခုမှ လိုင်စင်မဲ့ကား (၁၀)စီးကျော် ဖမ်းဆီး သိမ်းဆည်း
https://www.tachileik.net/mm/news/39886
* * * * *

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားများကို နေရာကွက်ကျား ဖမ်းဆီးမှုအဖြစ် KK Car Service မှ လိုင်စင်မဲ့ မော်တော်ယာဉ်(၁၀)စီးကျော်ကို ဖမ်းဆီး သိမ်းဆည်းလိုက်ကြောင်း သိရသည်။

စစ်ဗျူဟာနှင့်စရဖ အပါအဝင် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၂၅ခုနှစ် မေလ(၂)ရက်နေ့က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း ပုံလို့လမ်းရှိ KK Car Service ဝန်းအတွင်း ဝင်ရောက် စီးနင်းရှာဖွေရာမှ လိုင်စင်မဲ့ ကား(၁၂)စီးကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်သည်ဟု သိရသည်။

Toyota Vigo အမျိုးအစားထဲမှ ခဲရောင်(၁)စီး၊ အဖြူရောင်(၁)စီး နှင့် အနက်ရောင်(၁)စီး စုစုပေါင်း (၃)စီး၊ Lexus 460 အမျိုးအစားထဲမှ အဖြူရောင်(၁)စီး နှင့် အနက်ရောင် (၁)စီး စုစုပေါင်း (၂)တို့ တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် Toyota Alphard အမျိုးအစား ထဲမှ အဖြူရောင်(၁)စီး နှင့် အနက်ရောင်(၁)စီး စုစုပေါင်း (၂)စီး၊ Honda CRV အဖြူရောင်(၁)စီး၊ Toyota Fortuner အနက်ရောင်(၁)စီး၊ Toyota Revo ခဲရောင်(၁)စီး၊ Toyota Crown အနက်ရောင်(၁)စီး နှင့် Toyota Tacoma အဖြူရောင်(၁)စီး စုစုပေါင်း (၇)စီး ကိုလည်း သိမ်းဆည်းရမိရာ ကားမျိုးစုံ စုစုပေါင်း (၁၂)စီးကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။

"မနေ့က လိုင်စင်မဲ့ကား ဝင်ဖမ်းပြီး (၁၀)စီးကျော် သိမ်းသွားတယ်လို့ကြားတယ်။ လိုင်စင်မဲ့ကားတွေ အများကြီးရောင်းနေတဲ့ နေရာတွေအများကြီးထဲမှာမှ အဲ့တစ်နေရာတည်းကိုပဲ ရွေးဖမ်းတယ်လို့ ကြားတယ်ဗျ။ ဘာအပေးအယူ မတည့်လို့လဲတော့ မသိဘူး။ တာချီလိတ်ရဲ့ ထုံးစံက အပေးအယူ မတည့်တာမျိုးဆိုရင် ဖမ်းပြီး အပေးအယူ တည့်နေရင် မမြင်သလိုနေတာဆိုတော့လေ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ မေလ(၃)ရက်နေ့တွင် ပြောသည်။

လိုင်စင်မဲ့ကားများ သိမ်းဆည်းရရှိမှုနှင့် ပတ်သက်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်များ၏ ပိုင်ရှင်ဖြစ်သူဟုဆိုသည့် ဦးအားချိန်အား ပို့ကုန် သွင်းကုန် ဥပဒေ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

လိုင်စင်ရှိ ကားဈေးနှုန်း ကြီးမားမှုကြောင့် လိုင်စင်ရှိ ကားများထက် လိုင်စင်မဲ့ကားများကိုသာ အဓိက အသုံးပြုနေရသည့် တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားများကို အရေးယူလိုပါက ကနဦးအနေဖြင့် တပ်ဘက်နှင့်ရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများကို အရေးပြီးမှ ပြည်သူကို အရေးယူသင့်သည်ဟု ဆိုသည်။

"တကယ်တော့ တာချီလိတ်မှာ စစ်တပ် ဝင်ငွေဖြောင့်တဲ့ အရာရှိအချို့နဲ့ ရဲတွေ၊ ဝန်ထမ်းတွေအားလုံးနီးပါးလည်း လိုင်စင်မဲ့ ကားစီးနေကြတာပဲ။ သူတို့ စီးနေတဲ့ကားတွေမှာ လိုင်စင်ရှိတာ အရမ်းနည်းတယ်။ အဲ့တော့ လိုင်စင်မဲ့ကား အရေးယူချင်ရင် သူတို့တွေကို ထိထိရောက်ရောက် အရေးယူပြီးမှ ပြည်သူဘက်ကို ပြန်အရေးယူတာက မျှတမှုရှိနိုင်လိမ့်မယ်။ ဒါမှသာ မျှမျှတတ ဖြစ်မှာပေါ့"ဟု ၎င်းက ဆက်လက် ထောက်ပြပြောဆိုသည်။

တာချီလိတ်မြို့တွင် နေရာကွက်ကျား လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှုအဖြစ် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က လိုင်စင်မဲ့ကား အစီး(၅၀)ဖမ်းဆီးပြီး အချို့ကားများကို စာရင်းဖျောက်ကာ ကိုယ်ကျိုးအတွက် အသုံးပြုခြင်းနှင့်အတူ လာဘ်ပေးလာဘ်ယူမှုများရှိခဲ့၍ နေပြည်တော်မှ စစစ ဒုညွှန်ချုပ်ကိုယ်တိုင်လာရောက် စစ်ဆေးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ပြီး ထိုစဉ်က ရှမ်းပြည်နယ်(ကျိုင်းတုံ)ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နှင့် ဒုရဲမှူး(၄)ဦးတို့ကို နေရာပြောင်းရွှေ့လိုက်သည့် အရေးယူမှုမျိုးအထိ ရှိခဲ့သည်။



__________________________________________

Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

ရွှေကျင်မြို့နယ်ရှိကျေးရွာများကို စစ်ကောင်စီလေတပ် ဗုံးအလုံး ၃၀ ကျော်ကြဲ https://m.me/j/AbYQC_0LT5v3WmdG/* * * * *ပဲခူးတိ...
05/03/2025

ရွှေကျင်မြို့နယ်ရှိကျေးရွာများကို စစ်ကောင်စီလေတပ် ဗုံးအလုံး ၃၀ ကျော်ကြဲ
https://m.me/j/AbYQC_0LT5v3WmdG/
* * * * *

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိကျေးရွာများကို စစ်ကောင်စီလေတပ်က ယနေ့ ၂၀၂၅ခုနှစ် မေလ(၃)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် ဗုံး (၃၃) လုံး ကြဲချတိုက်ခိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် Y-12လေယာဥ်ဖြင့် ကွင်းဆိပ်ရွာအနီးရှိ ကျိုက်ကုလား၊ ကွင်းဆိပ်၊ မုဆိုးမ၊ မင်းသိဒ္ဒိ၊ သမန်းဇရမ်ရွာများကို ဗုံးကြဲချ သွားသည်ဟု သိရသည်။

"မီးခိုးတွေပဲတွေ့ရတယ်။ မုဆိုးမကုန်းမှာလည်း မီးတွေလောင်တာတွေ့ရတယ်။ လူထိခိုက်တာ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ကွင်းဆိပ်ရွာအနီးတွင် တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်တပ်များ လက်နက်ကြီး၊ ဒရုန်းများနှင့် တိုက်ခိုက်ခြင်းများရှိနေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ လက်နက်များဝှက်ကာ ထွက်ပြေးသည်ဟုလည်း စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

အခြေအနေအသေးစိတ်ကို Tachileik News Agencyက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

News : https://www.tachileik.net/mm/news/39885


_________________________________________
Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

05/02/2025

ကျိုင်းတုံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ် အလစ်သုတ်ခိုးယူမှု
https://youtu.be/JqPNCCpG0uI
* * * * *

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ဝင်းတည်းခိုခန်း(၂)မှာ ငွေလာလွှဲသူရဲ့ ဆိုင်ကယ်ကို အလစ်သုတ် ခိုးယူတဲ့ ဖြစ်စဉ် ၂၀၂၅ခုနှစ် မေလ(၂)ရက်နေ့ ည(၆)နာရီ မိနစ်(၄၀)ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ကယ် အလစ်သုတ်ခိုးယူတာကို အချိန်မီ သိရှိသွားတဲ့အတွက် ကံကောင်းထောက်မစွာနဲ့ ပြန်လုယူနိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ဆိုင်ကယ်ပိုင်ရှင်ဟာ ဆိုင်ကယ်ကို ရပ်တန့်စဉ်မှာ ဆိုင်ကယ်သော့ကို မဖြုတ်သွားသလို ဆိုင်ကယ်စက်ကိုလည်း မပိတ်ခဲ့ဘဲ ဒီအတိုင်းထားခဲ့တာကို ဆိုင်ကယ်ခိုးဖို့ လှည့်လည်သွားလာနေတဲ့ သူခိုးအဖွဲ့က တွေ့ပြီး အခုလို အလစ်သုတ် ခိုးယူဖို့ ကြိုးစားခြင်း ဖြစ်တာကို CCTV မှတ်တမ်းအရ တွေ့ရပါတယ်။

အခုဆိုရင် ကျိုင်းတုံမြို့ဟာ တာချီလိတ်မြို့လိုဘဲ ဆိုင်ကယ် လုယက်မှုတွေနဲ့ အလစ်သုတ်ခိုးယူမှုတွေ နီးစဉ်နီးပါး ဖြစ်ပွားနေပါတယ်။



__________________________________________

Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

တာချီလိတ်မြို့တွင်း မယ်ခေါင်ရပ်ကွက်ကနေ ရပ်ကွက်(၇)ခု အပါအဝင်  မြို့ပြင် ကျေးရွာအုပ်စုများအထိ ၂၀၂၅ခုနှစ် မေလ(၅)ရက်နေ့၏ နေ့...
05/02/2025

တာချီလိတ်မြို့တွင်း မယ်ခေါင်ရပ်ကွက်ကနေ ရပ်ကွက်(၇)ခု အပါအဝင် မြို့ပြင် ကျေးရွာအုပ်စုများအထိ ၂၀၂၅ခုနှစ် မေလ(၅)ရက်နေ့၏ နေ့တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်။



__________________________________________

Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်https://m.me/j/AbYQC_0LT5v3WmdG/* * * * *ပဲခူး...
05/02/2025

နတ်တလင်းမြို့နယ်ရှိ ရဲကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
https://m.me/j/AbYQC_0LT5v3WmdG/
* * * * *

ပဲခူးတိုင်း နတ်တလင်းမြို့နယ် အရှေ့ဘက် ဒမငယ်ရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၅ခုနှစ် မေလ (၂)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်း၊ ၃၈၀၁ ထံမှ သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးပြီး G-3 တစ်လက်၊ MA-3 တစ်လက်၊ ကာဘိုင် (၃)လက်၊ (၆၀)မမ စိန်ပြောင်း တစ်လက်၊ (၆၀)သီး (၉)လုံး၊ ပလတ်စတစ်နင်းမိုင်း (၅)လုံး၊ ယာဉ်ဖျက်မိုင်း (၄)လုံးနှင့် G-3 ကျည် (၁၂၀)တောင့်တို့ကို သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရသွားသည့် ပျူ‌စောထီး (၂)ဦးမှာ တောင်ညိုကွက်သစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း ပျူစောထီးတစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားသည်ဟု ထုတ်ပြန်ထားသော်လည်း သီးခြားအတည်မပြုနိုင်ပါ။

တိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာ၊ သာယာဝတီခရိုင်၊ အမှတ်(၁) တပ်ရင်း(P23801) တပ်ခွဲ (၂) Phoenix D F၊ တပ်ခွဲ(၆) Ayeyar Nyi Naung နှင့် နတ်တလင်းမြို့ ပကဖ တို့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

News : https://www.tachileik.net/mm/news/39884


_________________________________________
Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

TNLA သိမ်းပိုက်ထားသည့် မြို့များမှ ပြန်ဆုတ်ခွာပေးရန် စစ်ကောင်စီတောင်းဆိုhttps://m.me/j/AbYQC_0LT5v3WmdG/* * * * *TNLA သိ...
05/02/2025

TNLA သိမ်းပိုက်ထားသည့် မြို့များမှ ပြန်ဆုတ်ခွာပေးရန် စစ်ကောင်စီတောင်းဆို
https://m.me/j/AbYQC_0LT5v3WmdG/
* * * * *

TNLA သိမ်းပိုက်ထားသည့် မြို့များမှ ပြန်လည်ဆုတ်ခွာရန် ကူမင်းမြို့ ဆွေးနွေးပွဲတွင် စစ်ကောင်စီက တောင်းဆို၍ ဆွေးနွေးပွဲ ပြေလည်မှုမရဟု TNLA က ယနေ့ ၂၀၂၅ခုနှစ် မေလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံက ကြားဝင်စီစဥ်မှုဖြင့် ကူမင်းမြို့၌ ဧပြီလ (၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့တို့တွင် ကျင်းပသည့် ဆွေးနွေးပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီ(TNLA ထုတ်ပြန်ချက်တွင် နစက မြန်မာစစ်ကောင်စီ)မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် စစ်ကောင်စီက ၄င်းတို့ တပ်များရှုံးနိမ့်၍ TNLA ထံ လက်လွှတ်ခဲ့ရသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသောဒေသများမှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိ ပြန်လည်ဆုတ်ခွာရန် တောင်းဆို၍ ဘောမတူနိုင်သဖြင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးမှု ရှေ့ဆက်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲခြင်း အပါအဝင် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်း စသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံး ရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကဲ့သို့ တဆင့်တိုး အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြု အလေးထား ကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်သည်။

တရုတ်၏ ကြားဝင်ကူညီမှုဖြင့် MNDAA သည် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာပေးလိုက်ရပြီး စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်နေပြီဖြစ်သည်။

News : https://www.tachileik.net/mm/news/39883


_________________________________________
Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

မုန်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများကို KNU ပူးပေါင်းတပ်များ သိမ်းပိုက်https://m.me/j/AbYQC_0LT5v3WmdG/* * * * *ပဲခ...
05/02/2025

မုန်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများကို KNU ပူးပေါင်းတပ်များ သိမ်းပိုက်
https://m.me/j/AbYQC_0LT5v3WmdG/
* * * * *

ပဲခူးတိုင်း မုန်းမြို့နယ်(မူးမြို့နယ်)အတွင်းရှိ စစ်ကောင်စီ၏ အထိုင်ချရာနေရာများကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ၂၀၂၅ခုနှစ် မေလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်များဖြစ်သော ခလရ(၆၀)၊ ခလရ(၇၃) ပူးပေါင်းတပ်ပေါင်းစုမှ ထိုးစစ်ဆင်ကာ ခြေကုတ်ယူထားသည့် နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)နှင့် တောင်စုကျေးရွာများကို ဧပြီလ(၂၈)ရက်နေ့တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် အရာခံဗိုလ်တစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်သေဆုံးဒဏ်ရာရကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် အဆိုပါနေရာများတွင် တပ်စွဲထားမှုကြောင့် ဒေသခံများအား ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/39882


Photo:𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻
_________________________________________
Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် (၂)တပ်ရင်းမှူးကို ဖမ်းဆီးထားမှု တပ်ရင်းဘက်က NUG ထံ စာတင်https://m.me/j/AbYQC_0LT5v3WmdG/* *...
05/02/2025

ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် (၂)တပ်ရင်းမှူးကို ဖမ်းဆီးထားမှု တပ်ရင်းဘက်က NUG ထံ စာတင်
https://m.me/j/AbYQC_0LT5v3WmdG/
* * * * *

ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ်(၂)မှ တပ်ရင်းမှူးကို NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ဖမ်းဆီးထားမှု တပ်ရင်းဘက်က စာတင်ထားပြီး ထူးခြားမှု မရှိပါက NUG လက်အောက်ခံ တပ်ရင်းများက စာတင်ရန် လုပ်ဆောင်နေသည်ဟု သိရသည်။

ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ်(၂)မှ တပ်ရင်းမှူး ကိုစစ်နိုင်ကို စစ်ရုံးချုပ်က ဖမ်းဆီးထားမှုနှင့်ပတ်သက်၍ တပ်ရင်းအမှတ်(၂)က ၂၀၂၅ခုနှစ် မေလ (၁)ရက်နေ့ ညပိုင်းတွင် NUG ထံ စာတင်ပြထားခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့ညက စာတင်လိုက်ကြတယ်။ တင်ပြီးတော့ ဘာထူးခြားတာမှ မရှိဘူး။ တရားမျှတမှုမရှိဘူးဆိုရင် အချိန်တိုအတွင်း ဝိုင်းတင်ကြမှာပေါ့။”ဟု တပ်ရင်းမှူးနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဧပြီလ (၂၄)ရက်နေ့က ည(၁၀)နာရီက NUG MoD စစ်ရုံးချုပ်မှဟုဆိုကာ ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် (၂)တပ်ရင်းမှူး ကိုစစ်နိုင်ကို အာဏာဖီဆန်မှု၊ တပ်ပြိုကွဲရန်လုပ်ဆောင်မှု၊ လက်နက်ရောင်းဝယ်မှုနှင့် စစ်ရေးသတင်းပေါက်ကြားမှု စသည့် အမှုများဖြင့် ဖမ်းဆီးထားသည်ဟု ၄င်းကဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့်နေ့မှ ယနေ့အချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရဘဲ ရဲဘော်များက စစ်ရုံးချုပ်ထံ ဆက်သွယ်သော်လည်း တစ်ကြိမ်သာ တွေ့ဆုံခွင့်ရခဲ့သည်ဟု ဆိုသည်။

NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကမူ တပ်ရင်းမှူးကို MoD ဘက်က ဖမ်းဆီးထားသည်ကို အတည်ပြုပြီး မည်သည့်ကိစ္စကြောင့် ဖမ်းဆီးထားသည်ကိုမူ သေချာမသိရသေးဟု Tachileik News Agency ကို ယနေ့ မေလ (၂)ရက်နေ့တွင် ပြောသည်။

“အမှုကိစ္စဘာမှမရှိဘူးဆိုရင်တော့ ဒါသူပြန်လွတ်မှာပေါ့နော်။ အဲဒီလိုမဟုတ်ဘဲ အမှုကိစ္စရှိတယ်ဆိုရင်တော့ အဲဒီ အပေါ်မှာမူတည်ပြီးတော့ ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးတာတွေ လုပ်မှာပေါ့။”ဟု NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က Tachileik News Agency ကို ပြောသည်။

တပ်ရင်းမှူး ကိုစစ်နိုင်ကို အကြောင်းကိစ္စတစ်ခုကြောင့်သာ ဖမ်းဆီးထားခြင်းဖြစ်ပြီး သင့်တော်သည့်အချိန်တစ်ခုအရောက်တွင် သတင်းထုတ်ပြန်ခြင်းများ လုပ်သွားမည်ဟုလည်း ဆိုသည်။

“ထွေထွေထူးထူးတော့ ကျန်းမာရေးဆိုးဝါးတယ်လို့တော့ မကြားမိပါဘူး။ ဖမ်းထားတဲ့ဟာပဲ သိရတယ်ဗျ။ အခြေအနေတွေအရ ဘာတွေ တိတိကျကျဖြစ်နေတယ်ဆိုတာ အဆက်အသွယ်အခက်အခဲကြောင့် သိမနေဘူး။”ဟု NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ဆက်ပြောသည်။

တပ်ရင်းမှူး ကိုစစ်နိုင်မှာ တော်လှန်ရေးစတင်လုပ်ကိုင်ချိန် အမျိုးသမီးနှင့် ကလေးမှာ စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး လက်ရှိတွင် ကလေးဖြစ်သူကို ကိုစစ်နိုင်က ခေါ်ယူထားသည်မှာ (၂)လမပြည့်သေးဟု ဆိုသည်။

“အခု သူ့ကလေးက စိတ္တဇတောင်မှ ဖြစ်ချင်နေပြီ။ တငိုငို တရီရီ ဖြစ်နေတယ်။ သူ့မိန်းမက စစ်ကောင်စီဖမ်းတာခံရတယ်။ သူကျတော့ NUG ဖမ်းတာခံရတယ်။ သူ့အမျိုးသမီးကတော့ ပြန်လွတ်ပြီ။”ဟု တပ်ရင်းမှူးနှင့် နီးစပ်သူက ပြောသည်။

တပ်ရင်းမှူး ကိုစစ်နိုင်သည် CDM ပညာရေးဝန်ထမ်းဖြစ်ပြီး ကျောက်ဆည်နယ်တကြောတွင် ၎င်းအားထောက်ခံသူများသည်ဟု ဆိုသည်။

“သူ CDM လုပ်တော့ စစ်ကောင်စီက ကျောင်းအုပ်ရာထူးအထိပေးဖို့ ကမ်းလှမ်းကြတယ်။ ဒါပေမယ့် သူက တော်လှန်ရေးကို ရွေးခဲ့တယ်။ သူက စည်းရုံးရေးအားကောင်းတော့ အဲဒါတွေလည်းပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

ကျောက်ဆည်ခရိုင်တွင် NUG MoD လက်အောက်ခံ တပ်ရင်း (၃)ရင်းရှိရာ တပ်ရင်း(၂)မှာ အင်အားအကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။

တပ်ရင်းမှူး ကိုစစ်နိုင် ဖမ်းဆီးမခံရမီ ဧပြီလ (၂၁)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ကျောက်ဆည်ခရိုင် အမှတ်(၂)တပ်ရင်းအား နှုတ်ထွက်ခွင့်ပြုရန် တပ်ရင်းမှူး ကိုစစ်နိုင်က လက်မှတ်ထိုးတင်ပြခဲ့သည်ဟု သိရသည်။

သို့သော် မည်သည့်အတွက်ကြောင့် NUG လက်အောင်မှ နှုတ်ထွက်ကြသည်ကိုမူ တပ်ရင်းဘက်က တရားဝင် ထုတ်ပြန် အသိပေးခြင်းမရှိပါ။

တပ်ရင်းမှူး ကိုစစ်နိုင် ဖမ်းဆီးခံရပြီးနောက် ဧပြီလ(၃၀)ရက်နေ့တွင် ကျောက်ဆည်ခရိုင် တပ်ရင်း(၂)က NUG ထံ ထပ်မံတင်ပြစာတွင် ကိုစစ်နိုင်မှာ တပ်ပြိုကွဲ ရန်လုပ်ဆောင်ခြင်းမဟုတ်သည့်အပြင် နှုတ်ထွက်ခြင်းမှာလည်း ၎င်းတစ်ဦးတည်း၏ ဆန္ဒမဟုတ်ဘဲ တပ်ရင်းရှိ အရာရှိ၊ ရဲဘော်များ၏ ဆန္ဒဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် မည်သည့် တိုင်းရင်းသားတော်လှန်ရေးတပ်များ၏ သွေးဆောင်ဖျားယောင်းခြင်းမှမပါဘဲ တပ်ရင်း အစည်းအဝေး ဆုံးဖြတ်ချက်ကြောင့်ဖြစ်ကာ စစ်ကောင်စီအား ဆက်၍တော်လှန်မည်ဟု ဖော်ပြသည်။

စစ်ရေးချုပ်ရုံးကမူ နှုတ်ထွက်လိုပါက ရဲဘော်တစ်ဦးချင်း၏ လက်မှတ်လိုကြောင်း ပြောဆို၍ ရဲဘော်တစ်ဦးမကျန် လက်မှတ်ထိုး တင်ပြမည်ဖြစ်ကြောင်းနှင့် ယင်းသို့လုပ်ဆောင်၍မရပါက ရုပ်သံရိုက်ကူး၍ ကြွေးကြော်သံဖြင့် တင်ပြရန် စီစဉ်ထားရှိသည်ဟု သိရသည်။

ကျောက်ဆည်ခရိုင် တပ်ရင်း(၂)ကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် NUG က အတည်ပြု ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ကျောက်ဆည်ခရိုင် တပ်ရင်း(၂)သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်(DPLA)တို့နှင့်အတူ ရှမ်းပြည်နယ် ကျောက်ဂူဒေသတွင်လည်း တိုက်ပွဲဝင်နေသည်ဟု သိရသည်။

News : https://www.tachileik.net/mm/news/39881


_________________________________________
Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

05/02/2025

အရေးပေါ်ဌာနသာဖွင့်နိုင်သည့် လားရှိုးဆေးရုံကို စစ်ကောင်စီက ဖွင့်ပွဲပြုလုပ်
https://youtu.be/VaC85nXxpUI?si=EQu9P8KD6xuelzn9
* * * * *

တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် စစ်ကောင်စီသည် ဆေးဝါးနှင့် ဆေးပစ္စည်းများ မပြည်စုံသည့် ဆေးရုံကို ယနေ့ ၂၀၂၅ခုနှစ် မေလ(၂)ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်သည်ဟု ဒေသခံများထံမှ သိရသည်။

တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ဧပြီလ (၂၁)ရက်နေ့တွင် MNDAA တပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်ကာ ၎င်းတို့၏ ဌာနဆိုင်ရာရုံးများ ပြန်လည်လည်ပတ်နေသည်ကိုပြသရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“သူတို့ကသာ ဆေးရုံဖွင့်ပွဲလုပ်နေတာ။ ဆေးရုံထဲမှာ ဘာမှမကျန်ဘူး။ အရေးပေါ်ဌာနလေးတစ်ခုပဲ ဖွင့်နိုင်တယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

MNDAA သည် ၎င်းတို့ပြန်လည်ဆုတ်ခွာစဉ် ဆေးရုံမှ လူနာတင်ယာဉ်များကိုပါ ယူဆောင်သွားသည့်အပြင် အောက်စီဂျင်အိုး အလုံး(၁၀၀၀)ကျော်တွင်လည်း (၁၀၀)ကျော်သာကျန်ရှိတော့သည်ဟု ဆိုသည်။

“ကျန်တဲ့ အောက်ဆီဂျင်အလုံးတွေကလည်း ခေါင်းပွင့်တဲ့ဟာတွေ၊ နက်မကောင်းတဲ့အဟာတွေ ကုတင်တွေလည်းမစုံတော့ဘူး။ လောလောဆယ် အရေးပေါ်ဌာနလောက်ဖွင့်ပြီးတော့မှ တဖြည်းဖြည်း လူနာလက်ခံမယ်လို့တော့ ကြားတယ်။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

MNDAA ထိန်းချုပ်စဉ် လားရှိုးဆေးရုံအတွင်း CDM ဆရာဝန်၊ သူနာပြုများဖြင့် လည်ပတ်ခဲ့ကြပြီး MNDAA သည် လားရှိုးမှ ပြန်လည်ဆုတ်ခွါရစဉ် သိန္နီဆေးရုံသို့ ပြောင်းရွှေ့သွားကြရသည်ဟု သိရသည်။

ယမန်နေ့က စစ်ကောင်စီလက်အောက်ရှိ ယာဉ်ထိန်းရဲ၊ သတင်းရဲတပ်ဖွဲ့ (Special Branch)၊ ပညာရေးဌာန၊ စည်ပင်ဌာနတို့ ပြန်လည်ဝင်ရောက်လာကာ အဖွင့်ပြသည်ဟု သိရသည်။

စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများလည်း ပျက်စီးမှုများခဲ့ပြီး တပ်စခန်းများ ပျက်စီးမှုအများဆုံးဖြစ်သည်ဟု ဆိုသည်။

MNDAA သည် တရုတ်ဖိအားကြောင့် လားရှိုးမြို့မှ ဧပြီလ (၂၁)ရက်နေ့တွင် ပြန်လည်ဆုတ်ခွာပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် အမှတ်(၆၂၆)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း၊ ပညာရေး(၈)၊ အမှတ်(၆၈)ခြေလျင်တပ်ရင်း၊ အမှတ်(၅၀၇)ခြေမြန်တပ်ရင်း၊ အမှတ်(၄၁)ခြေလျင်တပ်ရင်းတို့တွင် ပြန်လည်ဝင်ရောက် အထိုင်ချနေပြီဟု သိရသည်။

News : https://www.tachileik.net/mm/multimedia/39880


Video : Tax SamSon
_________________________________________
Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

တာချီလိတ်မြို့တွင် တစ်ပါးသူ၏ အမည်နှင့်ပုံ အသုံးပြုကာ Viber ကနေ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်သည့် ဖြစ်စဉ်များစွာ ကြုံနေရ...
05/01/2025

တာချီလိတ်မြို့တွင် တစ်ပါးသူ၏ အမည်နှင့်ပုံ အသုံးပြုကာ Viber ကနေ အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်သည့် ဖြစ်စဉ်များစွာ ကြုံနေရ
https://www.tachileik.net/mm/news/39879
* * * * *

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အသိမိတ်ဆွေများအကြား အယောင်ဆောင်ပြီး Viber ကနေ ငွေကြေးလိမ်လည်ကာ KBZ Pay ထဲသို့ လွှဲခိုင်းသည့် လိမ်လည်မှုများစွာ ဖြစ်ပေါ်နေပြီး အယုံလွယ်၍ ငွေလိမ်ခံရသူ အများအပြားရှိနေကြောင်း သိရသည်။

"တာချီလိတ်မြို့မှာ ဖြစ်နေတာ သိရသလောက်ဆိုရင် (၇)လလောက်ရှိပြီဗျ၊ မနေ့ကလည်း ထပ်လိမ်တာကို တွေ့ရတယ်။ လိမ်လိုက်ရင်လည်း သူတို့ကို သူတို့ ဘယ်သူပါ ဘာညာဆိုပြီး သူများပုံတွေကို တင်ပြီးတော့ လိမ်တာ။ လိမ်တဲ့အခါမှာလည်း သူတို့အနေနဲ့ ငွေကြေးပြေလည်သူရဲ့ ပုံကို တင်ပြီး လိမ်တာဆိုတော့ တဖက်ကလည်း ယုံကြည်ပြီး တကယ်ထင်ကြတာ။ အဓိက ကတော့ ငွေအရေးပေါ်လိုလို့ Kpay ထဲ ထည့်ပေးပါဆိုပြီး လိမ်တာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် မေလ(၁)ရက်နေ့တွင် ပြောသည်။

Viber ကနေ ငွေကြေးလိမ်လည်သူများသည် တာချီလိတ်မြို့တွင် ငွေကြေး သုံးနိုင် စွဲနိုင်သူများအကြားထဲမှ ပတ်လိမ်လည်နေခြင်းဖြစ်ပြီး လိမ်သည့်အခါမှာလည်း ငွေကြေးရှိသူ၏ ပုံများကို Profile ပုံတင်၍ ပိပိရိရိ လိမ်လည်သည့်အတွက် ငွေကြေး ပါသွားသည်အထိ ရှိနေကြောင်း သိရသည်။

"သူတို့ အမြဲစောင့်ကြည့်နေပုံရတယ်။ တာချီလိတ်မြို့မှာက နယ်ခံအချို့ အပေါင်းအသင်းတွေ အုပ်စုလိုက် နေကြတာများတယ်။ သွားအတူ လာအတူနေတာမျိုး။ ပြီးတော့ Facebook ပေါ်မှာလည်း အုပ်စုပုံတွေ တင်ထားကြတော့ ဘယ်သူက ငွေရှိပြီး ဘယ်လို အသွင်ယူ လိမ်လို့ ရမလဲဆိုတာကို သိနေတဲ့သဘောလို့ ထင်တယ်။ အသိတစ်ယောက်ဆို တဖက်က လာလိမ်သူက တာချီလိတ်က သူဌေးမ တစ်ဦးရဲ့ နာမည်နဲ့ပုံကို သုံးထားတာဆိုတော့ ဟိုကလည်း တကယ်ထင်ပြီး Kpay ကနေ ငွေလွှဲပေးလိုက်တာ ကျပ်သိန်း(၂၀)ပါသွားဖူးတယ်"ဟု ငွေကြေးလိမ်ခံရသူနှင့် နီးစပ်သူ တစ်ဦးက ပြောပြသည်။

အများအားဖြင့် Viber ကနေ လိမ်လည်သူများမှာ ခရီးသွားရင်း ငွေအရေးတကြီးလို၍ ဘတ်ပေးမည် ကျပ်အရင်လွှဲပေးရန် နှင့် Kpay ကနေ ကျပ်ငွေ လွှဲပြီးပါက အိမ်က တစ်ဦးဦးဖြင့် ငွေလာပို့ခိုင်းမည်ဖြစ်ကြောင်း ပြောဆို လိမ်လည်ခြင်း ဖြစ်သည်ဟု သိရသည်။

"ဟုတ်တယ်ဗျ တာချီလိတ်မှာ Viber ကနေ လိမ်တာအတော်များနေတယ်။ လိမ်တဲ့သူက များသောအားဖြင့် သူတို့ကိုယ်သူတို့ တာချီလိတ်က ယုံကြည်ရတဲ့ လူအဖြစ် အယောင်ဆောင်တာများတယ်။ ဥပမာ တာချီလိတ်မှာ လူမှုရေးအလုပ် လုပ်သူတွေတို့ ငွေရှိသူတွေ လူသိများသူတွေလိုမျိုး အယောင်ဆောင်တာ။ အဲ့လို အယောင်ဆောင် လိမ်တော့ လိမ်ခံရမဲ့သူကလည်း တကယ်ယုံကြည်ကြတာ။ ဘာလို့ဆို လိမ်တဲ့သူက နာမည်ပျက်မရှိထားသူကိုမှ ရွေးပြီး အသုံးချတာ။ သဘောကဗျာ တာချီလိတ်မှာ လူသိများပြီး နာမည်ပျက်မရှိသူ ငွေကြေးရှိသူ အနေနဲ့ အယောင်ဆောင်တာပေါ့"ဟု နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Viber ကနေ လိမ်လည်မှုကြောင့် အနည်းဆုံး ကျပ်(၅)သိန်းမှ ကျပ်သိန်း(၅၀)အထိ အလိမ်ခံရသည့် ဖြစ်စဉ်များစွာရှိနေပြီး လိမ်သည့်အခါမှာလည်း ဖုန်းနံပါတ်တစ်ခုတည်းကို အသုံးချပြီး လိမ်သလို လူသိများလာပါကလည်း အခြားဖုန်းနံပါတ်များဖြင့် လိမ်လည်သည်ဟု သိရသည်။

ယင်းသို့ Viber နှင့် Facebook စသည့် လူမှုကွန်ရက်ကနေ ငွေကြေးလိမ်လည်သည်ဟု သံသယရှိပါက ငွေများကို အလွယ်တကူ မလွယ်စေဘဲ Video Call ခိုင်းပြီး ရုပ်မြင်ရမှ တကယ်မှန်ကန်ကြောင်း အတည်ပြုပြီးမှ လွှဲသင့်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက အကြံပြုသည်။

"ဒီလို ဖြစ်စဉ်က တာချီလိတ်တမြို့တည်းတော့ မဟုတ်ဘူး ကျွန်တော်တို့ ရန်ကုန် နဲ့ မန္တလေးအပါအဝင် မြို့တိုင်းမှာ ကြုံနေကြရတာ။ အခုနောက်ပိုင်း Viber တွေ Facebook ကနေ ငွေကြေးလိမ်လည်မှုတွေ များလာတယ်။ တစ်ဖက်ကလည်း ယုံလောက်အောင် ပြောဆိုပြီး လိမ်ကြတာပေါ့။ အဲ့တော့ အားနာစိတ်နဲ့အတူ အယုံလွယ်ပြီး ငွေလွှဲပေးလိုက်ကြတော့ လိမ်ခံရတာတွေဖြစ်လာတယ်။ ဒီလို ခေတ်မီလာတဲ့ ကာလမှာ အွန်လိုင်းပေါ်မှာ ငွေကြေးနဲ့ပတ်သက်ရင် အယုံမလွယ်ဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့တော့ တဖက်ကို သံသယရှိတယ်။ လိမ်တယ်လို့ ယူဆရတယ်။ သေချာချင်တယ်ဆိုရင်တော့ အကောင်းဆုံး လုပ်သင့်တာက Video Call လာပါလို့ ပြောလိုက်တာ အကောင်းဆုံးပဲ။ Video Call ဖို့ကို အကြောင်းအမျိုးမျိုးပြတယ်ဆိုရင်တော့ ဒါဟာ လိမ်လည်ဖို့ဆိုတာ သေချာသွားပြီ။ အဲ့ဒီနည်းက လိမ်လည်မှုကို အလွယ်ကူဆုံး ရှောင်နိုင်တဲ့ နည်းပါ။ အဲ့လို မစမ်းသပ်ပဲ လိမ်ခံလိုက်ရရင်တော့ ဘယ်သူမှ မကယ်နိုင်ပါဘူး"ဟု ရန်ကုန်မြို့နေ တရားလွတ်တော်ရှေ့နေ တစ်ဦးက အကြံပြု ပြောဆိုသည်။

Viber ကနေ ထိုင်းဘတ် နှင့် ကျပ်ငွေ လဲလှယ်ပေးရန် ငွေကြေးလိမ်လည်နေသည့် ဖြစ်စဉ်များမှာ တာချီလိတ်မြို့အပြင် ကျိုင်းတုံ၊ တောင်ကြီး တို့တွင်လည်း ကြုံတွေ့ရသည်များ ရှိနေပြီး အများအားဖြင့် ထိုင်းဘတ်ငွေ အသုံးပြုနေသည့် တာချီလိတ်မြို့တွင် ကြုံတွေ့ရကြောင်း သိရသည်။



__________________________________________

Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

ရုရှားမှ  စစ်သင်တန်း နည်းပြများ၏ ပို့ချမှုဖြင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က  အဆင့်မြင့် စစ်ရေးအထူး ကွန်မန်...
05/01/2025

ရုရှားမှ စစ်သင်တန်း နည်းပြများ၏ ပို့ချမှုဖြင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က အဆင့်မြင့် စစ်ရေးအထူး ကွန်မန်ဒိုသင်တန်း ဆင်းပွဲ ပြုလုပ်
https://www.tachileik.net/mm/news/39878
* * * * * *

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ရုရှားမှ စစ်သင်တန်း နည်းပြများကို ငွေကြေးအများအပြား ပေးပြီး ခေါ်ယူကာ ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်စစ်ရေးအထူးကွန်မန်ဒိုသင်တန်း၏ သင်တန်းဆင်းပွဲကို ၂၀၂၅ခုနှစ် မေလ(၁)ရက်နေ့တွင် ပြုလုပ်ကြောင်း သိရသည်။

သင်တန်းဆင်းပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ တပ်ရင်း(၄)၊ လေ့ကျင့်ရေးကွင်း(အောင်ဆုဗ္ဗေစခန်း)တွင် ပြုလုပ်ရာ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်ဟု သိရသည်။

သင်တန်းကို (၅)လနီးပါးကြာ ပို့ချခြင်းဖြစ်ပြီး သင်တန်းတွင် ထောက်လှမ်းရေးပညာ၊ ဒရုန်းအသုံးနည်း၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အထူးတိုက်ခိုက်ရေးပညာများကို သင်ကြားပေးခြင်းဖြစ်ပြီး ယင်းသို့ သင်ကြားနိုင်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပအိုဝ်းတိုင်းရင်းသားပြည်သူများထံက ကားခွန်၊ အိမ်ခွန်၊ ဆိုင်ခွန် နှင့် အခွန်ခေါင်းစဉ် အမျိုးမျိုးတပ်ကာ အခွန်အခများကို မတရားကောက်ခံပြီး ရုရှားမှ စစ်သင်တန်းနည်းပြများကို ငွေကြေးမြောက်များစွာပေးပြီး ခေါ်ယူကာ သင်ကြားစေခြင်း ဖြစ်ကြောင်း ခမ်းသားငေါဝ်းသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

"ဒီသင်တန်းက သာမာန်လူ တက်ရောက်လို့ မရဘူး၊ အထူးစိစစ်ပြီး သွားခွင့်ရမှ သွားလို့ရတာ၊ ပအိုဝ်းလူငယ်တွေ ဒီသင်တန်းကို လိုလိုလားလား သွားကြတယ်၊ အထူးသဖြင့် ကျောက်တလုံးကြီးမြို့က လူငယ်တွေအများစုတက်ကြတယ်၊ ဒီသင်တန်း ဆင်းရင်တော့ အဲထောက်လှမ်းရေးဆိုတဲ့ဟာက တော်လှန်ရေးအင်အားစုဘက်က သတိထားရမယ့်ဟာဖြစ်လာလိမ့်မယ်”ဟု သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ခမ်းသားငေါဝ်းသတင်းဌာနက ဖော်ပြထားသည်။

ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၏ အထူးကွန်မင်ဒိုသင်တန်းအတွက် နိုင်ငံခြားမှ သင်တန်းနည်းပြဆရာများကို ဌားရမ်းပြီး ပို့ချခြင်းဖြစ်ကြောင်းကို PNO ဘက်ကလည်း အတည်ပြုထားသည်။

ပအိုဝ်းပြည်သူများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် စစ်အသုံးစရိတ်ကို ပေးဆောင်နေရသည့်အပြင် PNO ပြည်သူ့စစ်က ခေါ်ယူသည့် ပြည်သူ့စစ်နှင့် စစ်အသုံးစရိတ်ကိုလည်း ပေးဆောင်နေရကြောင်း ခမ်းသားငေါဝ်းသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်သည်နှင့် တပြိုက်နက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း တပ်ဖွဲ့ဝင်သစ် စုဆောင်းခြင်းများကို အတင်းအဓမ္မလုပ်ဆောင်လာသလို စစ်သင်တန်းများကို ပေးပြီး အင်အားပြခြင်းများပါ သိသိသာသာ လုပ်ဆောင်နေပြီး စစ်ကောင်စီကို တော်လှန်နေသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီတပ်နှင့်အတူ ပါဝင်ကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။


Photo: မောင်းမွူးခံꩻ- MMK News



__________________________________________

Support To Tachileik News Agency
👇 👇 👇
https://is.gd/40BciL

Address

Washington D.C., DC
58536

Website

https://t.me/TachileikNewsAgency, https://buymeacoffee.com/tachileiknewsagency

Alerts

Be the first to know and let us send you an email when Tachileik News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tachileik News Agency:

Share

တာချီလိတ်သတင်းအေဂျင်စီရဲ့ မူဝါဒ...

Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )သည် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အခြေစိုက်သည့် အမှီအခိုကင်း၍ လွတ်လပ်သော သတင်းဌာနဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းအေဂျင်စီ လုပ်ငန်းအမှတ် ၀၀၀၀၈ ဖြင့် တရားဝင် ခွင့်ပြုထားသည့် သတင်းဌာန ဖြစ်သည်။

အများပြည်သူ၏ သတင်းအချက်အလက် သိပိုင်ခွင့်အတွက် သတင်းစာ ကျင့်ဝတ်များကို အမြင့်ဆုံး စံနှုန်းထား၍ လူ့အခွင့်အရေးကို အလေးထားသတင်းများ တင်ဆက်ရေးနှင့် ပို၍လွတ်လပ်သည့် သတင်းမီဒီယာအဝန်းအဝိုင်းဖြစ်စေရေးသည် Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ )၏ မူဝါဒဖြစ်သည်။

Tachileik News Agency ( တာချီလိတ်သတင်းအေဂျင်စီ ) သည် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ကတည်းက စတင်ပြီး သတင်းမီဒီယာအများစု လက်လှမ်းမမီ၍ လျစ်လျူရှုခံနေရသည့် ဒေသတွင်းမှ အဖြစ်အပျက် အကြောင်းအရာများကို တင်ဆက်ပေးနေခြင်းဖြစ်ပါသည်။