06/19/2026
11 years ago today
လွန်ခဲ့တဲ့ ၁၁ နှစ်က....
(7 years ago today)
ဆရာပြောတဲ့ စကားတခွန်း
-------------------
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ညက မန္တလေးကနေ ပြန်ခါနီး ဆရာ့ကိုနှုတ်ဆက်ရင်း ဆရာပြောခဲ့စကားတခွန်းကို ဒီနေ့ အထူးသတိရမိပါတယ်။
ဆရာက တစ်သက်လုံးနိုင်ငံရေးစကားပြောဖို့ မဆိုထားနဲ့ နိုင်ငံရေးဆိုတဲ့ စကားလုံးကိုတောင် ဟ,ဟ ပြောခဲ့သူ မဟုတ်ပါဘူး။
“ဆရာက သာမန်လူပြိန်းတယောက်အနေနဲ့ တွေးတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဟာသူ ဘာဖြစ်ဖြစ်၊ သူ့ဖခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်။ အဲဒီသူ့ဖခင်ကို ကျေးဇူးဆပ်ဖို့ ဆရာတို့ဘာမှ မလုပ်နိုင် ခဲ့ဘူး။ ဗိုလ်ချုပ်ရဲ့ ကျေးဇူးကိုပြန်ဆပ်ဖို့ အခုသူ့သမီးကို ဆရာတို့ ပြန်ပေးဆပ်လိုက်ရင် ဆရာတို့ နိုင်သလောက် ပြန်ဆပ်ရာ ရောက်တာပေါ့။ ဆရာတို့ မြန်မာတွေက ပြောရင်ယုံလွယ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တက်လာ ရင် ဘာ(ဘာသာခြား)နိုင်ငံဖြစ်လာမယ်တို့၊ ဘာဖြစ်လာမယ်၊ ညာဖြစ်လာမယ်ဆို ပြောသမျှ၊ ရေးသမျှ ယုံလိုက်တာပဲ။ မုန်းမိရင် စွတ်မုန်းတယ်။ ဆရာတို့မှာ နိုင်ငံရေးအရ မျှမျှတတ တွေးနိုင်တဲ့ခေါင်းဆောင်မရှိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဆရာတို့ တိုင်းပြည်နာမှာ စိုးတယ်။ ဆရာတို့တိုင်းပြည်က ၃ ခါရှိပြီပေါ့နော်၊ နာခဲ့တာ။ မင်းတုန်းမင်း နတ်ရွာစံတော့ သီပေါမင်းနန်းရချင်တာနဲ့ မင်းညီမင်းသား ၃၃ ယောက်ကို သတ်ခဲ့တယ်။ ထူးချွန်တဲ့ တော်တဲ့ မက္ခရာမင်းသားတို့ သေသွားရတယ်။ တိုင်းပြည်အတော်နာခဲ့တယ်။ နောက်တခါ ဗိုလ်ချုပ်အောင်ဆန်း။ နောက် ၁၉၉ဝ။ မဲမှ အပြတ်အသတ်နိုင်ခဲ့ရက်နဲ့မရခဲ့တာ။ အခုသူအသက်ကလည်းရနေပြီ၊ ၇ဝ ရှိနေပြီ။ ခေါင်းဆောင် အနေနဲ့ လုပ်နိုင်လှ ကျန်းမာရေးကောင်ရေး နောင် ၄၊ ၅၊ ၆ နှစ်ပေါ့။ လွှတ်တော်သက်တမ်း ၂ ခုလောက်ပဲ လုပ်နိုင်လှ အများဆုံးပဲ။ သို့သော်သူ့မှာ ပညာအရည်အချင်း၊အတွေ့အကြုံနဲ့ နောက်ခံ ပတ်ဝန်းကျင်ကောင်း တွေရှိတယ်။ သူ့ကို ကြည်ညိုတဲ့သူတွေရှိတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တာလေ။ တို့တိုင်းပြည်မှာ နောက်တက်တဲ့သူတွေ ဒီလို အရည်အချင်းမျိုး၊ အခွင့်အလန်းမျိုး ရမှာမဟုတ်ဘူး။ နောက်ပြီး သူဟာ တကယ်လည်းပဲ တို့တိုင်းပြည်ကို ချစ်တဲ့စိတ်ရှိလို့ ဒီတိုင်းပြည်မှာ နေနေတာပေါ့။ သူအများကြီးဟိုမှာ နေလို့ရတာပဲ။ အလုပ်လည်းရှိနိုင်တာပဲ။ နောက် သား ၂ ယောက်နဲ့လည်း ပြန်ပေါင်းစည်းနိုင်တာပဲ။ ဒါကို ဟိုလိုလို ဒီလိုလို ပြောဆိုနေကြတာတွေ ရပ်ကြဖို့ကောင်းတယ်။ နောက် ဆရာတို့ အသက်က ၆ဝ ကျော်နေပြီ။ နောက်လူငယ်တွေရမယ့် အခွင့်အရေးတွေ၊ ရမယ့် ငြိမ်းချမ်းမှုတွေ မဆုံးရှုံးစေချင်ဘူး။ ဆရာတို့မြင်တာက နောက်မျိုးဆက်ကိုကြည့်ပါ။ နောက်လာမယ့် လူငယ်တွေရဲ့ဘဝကို ကိုယ်လိုဘဝမျိုး မဖြစ်အောင် ကြည့်ဖို့။ အဲဒီစေတနာ အရေးအကြီးဆုံးပဲလို့ ဆရာထင်တယ်။ ကိုယ်ငယ်ငယ်က ဖြစ်ခဲ့တာတွေ၊ မှားခဲ့တာတွေ၊ ကိုယ်ငယ်ငယ်တုန်းက မဖြစ်ခဲ့တာတွေ၊ မရခဲ့တဲ့ အခွင့်အရေးတွေ နောက်လူတွေကို ပေးခဲ့ရင် ဒါ ဖြူစင်တဲ့ စိတ်ဓာတ်မျိုးလို့ ဆရာထင်တယ်။ ဒါဟာ အရေးအကြီးဆုံးပဲ။ ဘာသာရေးတွေမှာလည်း စိတ်ဖြူစင်စွာထားတတ်ဖို့၊ အဲဒါပဲရေးတာပဲ။ လူကြီးတွေရဲ့ တာဝန်ဆိုတာ ဆရာမြင်တာ အဲဒါပဲ။”
ဆရာကျန်းမာချမ်းသာပါစေ။ ။
နေထွတ်
၂၀၁၅ ဇူလိုင်လ ၁၈ ရက်။
-- (zawgyi)
ဆရာေျပာတဲ့ စကားတခြန္း
-------------------
ျပီးခဲ့တဲ့ မတ္လ ၂၈ ရက္ေန႔ညက မႏၱေလးကေန ျပန္ခါနီး ဆရာ့ကိုႏႈတ္ဆက္ရင္း ဆရာေျပာခဲ့စကားတခြန္းကို ဒီေန႔ အထူးသတိရမိပါတယ္။
ဆရာက တစ္သက္လုံးႏုိင္ငံေရးစကားေျပာဖို႔ မဆိုထားနဲ႔ ႏုိင္ငံေရးဆိုတဲ့ စကားလံုးကိုေတာင္ ဟ,ဟ ေျပာခဲ့သူ မဟုတ္ပါဘူး။
“ဆရာက သာမန္လူျပိန္းတေယာက္အေနနဲ႔ ေတြးတာေပါ့ေနာ္္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔ဟာသူ ဘာျဖစ္ျဖစ္၊ သူ႔ဖခင္ဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျဖစ္တယ္။ အဲဒီသူ႔ဖခင္ကို ေက်းဇူးဆပ္ဖို႔ ဆရာတို႔ဘာမွ မလုပ္ႏိုင္ ခဲ့ဘူး။ ဗိုလ္ခ်ဳပ္ရဲ့ ေက်းဇူးကိုျပန္ဆပ္ဖို႔ အခုသူ႔သမီးကို ဆရာတို႔ ျပန္ေပးဆပ္လိုက္ရင္ ဆရာတုိ႔ ႏုိင္သေလာက္ ျပန္ဆပ္ရာ ေရာက္တာေပါ့။ ဆရာတို႔ ျမန္မာေတြက ေျပာရင္ယံုလြယ္တယ္။ ေဒၚေအာင္ဆန္းစုၾကည္ တက္လာ ရင္ ဘာ(ဘာသာျခား)ႏုိင္ငံျဖစ္လာမယ္တို႔၊ ဘာျဖစ္လာမယ္၊ ညာျဖစ္လာမယ္ဆို ေျပာသမွ်၊ ေရးသမွ် ယံုလိုက္တာပဲ။ မုန္းမိရင္ စြတ္မုန္းတယ္။ ဆရာတို႔မွာ ႏုိင္ငံေရးအရ မွ်မွ်တတ ေတြးႏိုင္တဲ့ေခါင္းေဆာင္မရွိခဲ့ဘူး။ ဘာပဲျဖစ္ျဖစ္ ဆရာတို႔ တိုင္းျပည္နာမွာ စိုးတယ္။ ဆရာတို႔တုိင္းျပည္က ၃ ခါရွိျပီေပါ့ေနာ္၊ နာခဲ့တာ။ မင္းတုန္းမင္း နတ္ရြာစံေတာ့ သီေပါမင္းနန္းရခ်င္တာနဲ႔ မင္းညီမင္းသား ၃၃ ေယာက္ကို သတ္ခဲ့တယ္။ ထူးခၽြန္တဲ့ ေတာ္တဲ့ မကၡရာမင္းသားတို႔ ေသသြားရတယ္။ တိုင္းျပည္အေတာ္နာခဲ့တယ္။ ေနာက္တခါ ဗိုလ္ခ်ဳပ္ေအာင္ဆန္း။ ေနာက္ ၁၉၉ဝ။ မဲမွ အျပတ္အသတ္ႏုိင္ခဲ့ရက္နဲ႔မရခဲ့တာ။ အခုသူအသက္ကလည္းရေနျပီ၊ ၇ဝ ရွိေနျပီ။ ေခါင္းေဆာင္ အေနနဲ႔ လုပ္ႏုိင္လွ က်န္းမာေရးေကာင္ေရး ေနာင္ ၄၊ ၅၊ ၆ ႏွစ္ေပါ့။ လႊတ္ေတာ္သက္တမ္း ၂ ခုေလာက္ပဲ လုပ္ႏုိင္လွ အမ်ားဆံုးပဲ။ သုိ႔ေသာ္သူ႔မွာ ပညာအရည္အခ်င္း၊အေတြ႔အၾကံဳနဲ႔ ေနာက္ခံ ပတ္ဝန္းက်င္ေကာင္း ေတြရွိတယ္။ သူ႔ကို ၾကည္ညိဳတဲ့သူေတြရွိတယ္။ ပုဂၢိဳလ္ခင္မွ တရားမင္တာေလ။ တို႔တိုင္းျပည္မွာ ေနာက္တက္တဲ့သူေတြ ဒီလို အရည္အခ်င္းမ်ိဳး၊ အခြင့္အလန္းမ်ိဳး ရမွာမဟုတ္ဘူး။ ေနာက္ျပီး သူဟာ တကယ္လည္းပဲ တို႔တိုင္းျပည္ကို ခ်စ္တဲ့စိတ္ရွိလို႔ ဒီတိုင္းျပည္မွာ ေနေနတာေပါ့။ သူအမ်ားၾကီးဟိုမွာ ေနလို႔ရတာပဲ။ အလုပ္လည္းရွိႏိုင္တာပဲ။ ေနာက္ သား ၂ ေယာက္နဲ႔လည္း ျပန္ေပါင္းစည္းႏုိင္တာပဲ။ ဒါကို ဟိုလိုလုိ ဒီလုိလို ေျပာဆိုေနၾကတာေတြ ရပ္ၾကဖို႔ေကာင္းတယ္။ ေနာက္ ဆရာတို႔ အသက္က ၆ဝ ေက်ာ္ေနျပီ။ ေနာက္လူငယ္ေတြရမယ့္ အခြင့္အေရးေတြ၊ ရမယ့္ ျငိမ္းခ်မ္းမႈေတြ မဆံုးရႈံးေစခ်င္ဘူး။ ဆရာတို႔ျမင္တာက ေနာက္မ်ိဳးဆက္ကိုၾကည့္ပါ။ ေနာက္လာမယ့္ လူငယ္ေတြရဲ့ဘဝကို ကိုယ္လိုဘဝမ်ိဳး မျဖစ္ေအာင္ ၾကည့္ဖို႔။ အဲဒီေစတနာ အေရးအၾကီးဆံုးပဲလို႔ ဆရာထင္တယ္။ ကိုယ္ငယ္ငယ္က ျဖစ္ခဲ့တာေတြ၊ မွားခဲ့တာေတြ၊ ကိုယ္ငယ္ငယ္တုန္းက မျဖစ္ခဲ့တာေတြ၊ မရခဲ့တဲ့ အခြင့္အေရးေတြ ေနာက္လူေတြကို ေပးခဲ့ရင္ ဒါ ျဖဴစင္တဲ့ စိတ္ဓာတ္မ်ိဳးလို႔ ဆရာထင္တယ္။ ဒါဟာ အေရးအၾကီးဆံုးပဲ။ ဘာသာေရးေတြမွာလည္း စိတ္ျဖဴစင္စြာထားတတ္ဖို႔၊ အဲဒါပဲေရးတာပဲ။ လူၾကီးေတြရဲ့ တာဝန္ဆိုတာ ဆရာျမင္တာ အဲဒါပဲ။”
ဆရာက်န္းမာခ်မ္းသာပါေစ။ ။
ေနထြတ္
၂၀၁၅ ဇူလိုင္လ ၁၈ ရက္။