Nay Htut Writer, journalist, artist and a human

အေးချမ်းသာယာတဲ့နေ့လေးဖြစ်ပါစေ။ အစစ အဆင်ပြေကျန်းမာရွှင်လန်းပါစေ။ September 9, 2026Wednesday8:30 PMSilver Spring          ...
09/10/2026

အေးချမ်းသာယာတဲ့
နေ့လေးဖြစ်ပါစေ။
အစစ အဆင်ပြေ
ကျန်းမာရွှင်လန်းပါစေ။
September 9, 2026
Wednesday
8:30 PM
Silver Spring

#🌹

အေးချမ်းသာယာတဲ့နေ့လေးဖြစ်ပါစေ။ အစစ အဆင်ပြေကျန်းမာရွှင်လန်းပါစေ။ September 5, 2026Saturday11:13 PMSilver Spring          ...
09/06/2026

အေးချမ်းသာယာတဲ့
နေ့လေးဖြစ်ပါစေ။
အစစ အဆင်ပြေ
ကျန်းမာရွှင်လန်းပါစေ။
September 5, 2026
Saturday
11:13 PM
Silver Spring

#🌹

09/04/2026

မျှော်လင့်ချက်ကလေးတွေလည်း...
ရင်ထဲ အမြဲတမ်းထားလို့သာ.....
အဖော်မဲ့တဲ့ ဘဝရဲ့အလယ်မှာ တစ်ယောက်တည်းပါ
ဘယ်တော့မှ မတွေ့ရင်လည်း....
ခံစားချက်ရဲ့ အစွန်းတစ်ဖက်မှာ...
နောက်ဆုံးထွက်သက်အထိ ကိုယ်ချစ်သွားမှာပါ.....

အေးချမ်းသာယာတဲ့နေ့ရက်ဖြစ်ပါစေ။ အစစ အဆင်ပြေကျန်းမာရွှင်လန်းပါစေ။ September 3, 2026Thursday9:13 PMSilver Spring           ...
09/04/2026

အေးချမ်းသာယာတဲ့
နေ့ရက်ဖြစ်ပါစေ။
အစစ အဆင်ပြေ
ကျန်းမာရွှင်လန်းပါစေ။
September 3, 2026
Thursday
9:13 PM
Silver Spring

#🌹

အေးချမ်းသာယာတဲ့နေ့ရက်ဖြစ်ပါစေ။ အစစ အဆင်ပြေကျန်းမာရွှင်လန်းပါစေ။ August 28, 2026Friday7:40 PMSilver Spring             #🌹
08/28/2026

အေးချမ်းသာယာတဲ့
နေ့ရက်ဖြစ်ပါစေ။
အစစ အဆင်ပြေ
ကျန်းမာရွှင်လန်းပါစေ။
August 28, 2026
Friday
7:40 PM
Silver Spring

#🌹

08/28/2026

စိုင်းခမ်းလိတ်သီချင်းတွေကို ဘာ့ကြောင့် ကြိုက်တာလဲလို့ မေးရင်၊ "ကြိုက်တာထက် ပိုတယ်" လို့ ဖြေမယ်။ သူရေးတဲ့သီချင်းတွေကို ကြိုက်တာထက်လည်း ပိုတယ်၊ ချစ်တာထက်လည်း ပိုတယ်၊ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်လို့ ပိုပြောမှ မှန်မယ်။ ကြိုက်တယ်လို့ ပြောလောက်ရုံနဲ့ ရပ်မထားနိုင်ဘူး။ ဒါက ကျနော့် ပုဂ္ဂလဓိဋ္ဌာန် အယူအဆ။ သီချင်းတွေကို နားထောင်တတ်လာပြီလို့ ပြောတဲ့ ငယ်ငယ်အရွယ်၊ ကလေးဘဝက အစ - ဒီနေ့ ဒီအချိန်အထိ မရိုးတန်း နားထောင်တဲ့ သီချင်းတွေထဲမှာ - စိုင်းထီးဆိုင်ဆိုတဲ့ သီချင်းတွေနဲ့ ခင်မောင်တိုး ဆိုတဲ့ သီချင်းတွေက ထိပ်ဆုံးကပဲ။ စိုင်းထီးဆိုင်လို့ ပြောရင်လည်း စိုင်းခမ်းလိတ်နဲ့ တွဲလျက် မြင်ပြီးသား။ စိုင်းခမ်းလိတ်လို့ ပြောရင်လည်း၊ စိုင်းထီးဆိုင်နဲ့ တွဲလျက် မြင်ပြီးသား။ "ထီးဆိုင်" သီချင်း အားလုံးလိုလိုက၊ ဆရာစိုင်းခမ်းလိတ် ရေးခဲ့တာ မဟုတ်လား။ အခု ၂၀၂၆ ခုနှစ် ဇူလိုင်မှာ၊ စိုင်းခမ်းလိတ်သီချင်းများ - စာအုပ်က တစ်စုတစ်စည်းတည်း ထွက်လာတယ်။ ဒါကိုတော့ မဖြစ်မနေ ဝယ်ရမယ့် သီချင်းစာအုပ်အဖြစ်၊ ဆုံးဖြတ်တယ်။ စာအုပ်ရ,ရ ခြင်း၊ ကောက်လှန်ကြည့်လိုက်တော့ - သီချင်းတွေကို အက္ခရာစဉ်အလိုက် စဉ်ထားတာကို ချက်ချင်း တွေ့ရတယ်။ ဒါ သိပ်ကောင်းတဲ့ မူပဲ လို့ စိတ်ထဲမှာ မှတ်ချက်ချတယ်။ သိပ်မကြာခင်က၊ သီချင်းစာအုပ် မူလစီစဉ်သူတွေက - စိုင်းထီးဆိုင်ရေးတဲ့ သီချင်း နှစ်ပုဒ်သုံးပုဒ်လောက် ရောပါသွားတယ်ဆိုတာကို၊ အသိပေးတဲ့ သတင်းစာဖြတ်ပိုင်းတစ်ခု တွေ့တယ်။ ဒါလည်း ဖြစ်တတ်ပါတယ်ဆိုပြီး၊ စိတ်ထဲ တွေးမိတယ်။

ရိုးရိုးလေးပဲ ထပ်ပြောချင်သေးတယ်။ စိုင်းခမ်းလိတ် သီချင်းတွေက ရင်ထဲကို ဘာလို့ ရောက်သလဲ။ ရင်ထဲ ရောက်တာထက် ပိုတယ်လို့ ပြောမယ်။ အသွေးအသားထဲအထိ စိမ့်ဝင်နေတာ။ သီချင်းတွေကို ခံစားတတ်ပါတယ်ဆိုတဲ့ အရွယ်ငယ်ငယ်ကတည်းက အခုအချိန်အထိ ဆယ်စုနှစ် သုံးစုကျော် အချိန်တွေအထိ - သိလိုက်ဖာသာရော၊ မသိလိုက်ဖာသာရော - - နားထဲကနေ နှလုံးသားထဲ၊ နားထဲကနေ ဦးနှောက်ထဲ။ ဦးနှောက်နဲ့ နှလုံးသားကနေ အသွေးအသားထဲ။ အသွေးအသားထဲကနေ ဘဝနဲ့ အတွေးအခေါ်ထဲ။ ဒီလို စီးဝင် စိမ့်ဝင်နေတဲ့ ဂီတဒဿနတွေဆိုတာ - တော်ရုံဖြစ်နိုင်ရိုးလား။ စိုင်းခမ်းလိတ် သီချင်းတွေဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ရဲ့ ပြယုဂ်ဖြစ်တယ်။ ထိုနည်းလည်းကောင်း၊ မြန်မာ့ဂီတဒဿနရဲ့ ပင်မရေသောက်မြစ်ကြီးအဖြစ်လည်း စီးဆင်းခဲ့တယ်။ ယခုလည်း စီးဆင်းနေဆဲဖြစ်တယ်။ နောင်လည်း စီးဆင်းနေဆဲဖြစ်တယ်။ ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းတွေကို ဒီလိုပြောလို့၊ ဒါဟာ ဗမာနိုက်ဇေးရှင်းလုပ်တာ မဟုတ်ဘူးလို့ ဝန်ခံချင်တယ်။ အငေါ်တူးချင်တဲ့သူတွေက ရှမ်းတွေကို မူပိုင်ခွင့်မပေးဘဲနဲ့ မြန်မာ့အမွေအနှစ်ဖြစ်တယ်လို့ လုယူတယ်လို့ ယိုးစွပ်ချင်မှာလည်း စိုးရိမ်တယ်။ ဆရာ စိုင်းခမ်းလိတ်ဟာ ရှမ်း။ စိုင်းခမ်းလိတ်ကို ရှမ်းတွေလည်း ပိုင်ချင်ပိုင်၊ ဆိုင်ချင်ဆိုင်။ ပိုင်ခွင့်ဆိုင်ခွင့်ရှိတာကိုး။ ကျုပ်တို့ မြန်မာတွေလည်း စိုင်းခမ်းလိတ်နဲ့ ပိုင်အောင်ဆိုင်အောင် လုပ်ရမှာပဲ။ ဘာလို့လဲဆိုတော့ စိုင်းခမ်းလိတ်ရဲ့ ပုတ်နှိုးစေ့ဆော်လိုက်တဲ့ သီချင်းစာသားတွေက ကျုပ်တို့ မြန်မာတွေရဲ့ အသွေးအသားထဲအထိ စီးဆင်းနေပြီလေ။ ဒါက ခဏလေး မဟုတ်ဘူး။ နှစ်ပါင်းများစွာ။ ဆယ်စုနှစ်ပေါင်းများစွာ။ ဒါကို ပြန်ဆွဲနှုတ်လို့ မရတော့ဘူး။ ဒါဟာ ပေါင်းစည်းသွားပြီ။ ဒါဟာ တစ်သားတည်းဖြစ်သွားပြီ။ စိုင်းခမ်းလိတ်ဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်သားအဖြစ် နှစ်ရာထောင်ချီအထိ တည်ရှိနေတော့မှာ။ ဒါကို ငြင်းလို့ မရဘူး။ ကျုပ်တို့က အခု နန်းတော်ရှေ့ဆရာတင်ကို မေ့သလောက်ဖြစ်သွားပြီ။ မြို့မငြိမ်းကိုတော့ လက်ဆင့်ကမ်းနိုင်သေးတယ်။

ဒါပေမယ့် ...
• ဒုလိုက်ဒေးလိုက်၊
• ထုလိုက်ထည်လိုက်၊
• အုံလိုက်ကျင်းလိုက်၊
• အမြောက်အမြား၊
• စဉ်ဆက်မပြတ် စီးဆင်းနေတဲ့ ဂီတဒဿနတွေကတော့
• စိုင်းခမ်းလိတ်နဲ့ပဲ ကြီးပြင်းကြရတော့တာ။

စိုင်းခမ်းလိတ်သီချင်းတွေက စာအုပ်အဖြစ် စုစုစည်းစည်း ထွက်မလာခင်၊ လွန်ခဲ့သော ဆယ်စုနှစ်ကျော်လောက်တွေကတည်းက - စိုင်းထီးဆိုင်ရဲ့ သီချင်းပေါင်းချုပ် စာအုပ်ကလေးဟာ - စာအုပ်အဟောင်းတန်းမှာ ရေပန်းစားပြီး၊ မြတ်မြတ်နိုးနိုး ဝယ်သိမ်းခဲ့ရတဲ့ စာအုပ်ပါ။ ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းများ ဆိုပြီး၊ သီးသီးသန့်သန့် ထွက်လာတော့လည်း၊ ကိုယ်မသိသေး - မကြားဖူးသေး - နားမထောင်ရသေးတဲ့ တေးသီးချင်းအပုဒ်ရေတွေကိုလည်း အများကြီး တွေ့ရတယ်။ တကယ်တော့ ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းတွေကို ဂီတဒဿနကျမ်းတစ်အုပ်လို သဘောထားပြီး၊ သုတေသနပြု ခွဲခြမ်းစိတ်ဖြာချင်တာ။ စိုင်းခမ်းလိတ်ဟာ တေးရေးဆရာတစ်ယောက်ထက် ပိုပါတယ်။ တေးရေးစာဆိုတစ်ဦးထက်လည်း ပိုပါတယ်။ ဒဿနစာဆို တစ်ဦးလို့ ပြောရင် ပိုမှန်မယ်။

စိုင်းခမ်းလိတ်သီချင်းတွေကို ပုဂ္ဂလဓိဋ္ဌာန်နဲ့ ပိုင်ပိုင်စိုးစိုး ပြောအုံးမယ်ဗျာ။
အကြောင်းကတော့ ဒီလို။
သူငယ်ချင်း အချင်းချင်းပြောသလို ပြောချင်တာပဲ။

စိုင်းခမ်းလိတ်သီချင်းတွေက ငါတို့ ယောက်ျားဗီဇစိတ်နဲ့ သိပ်ကိုက်တယ်။ ငါတို့ ခံစားရသလို၊ စိုင်းခမ်းလိတ်သီချင်းတွေက ခံစားနေတယ်။ ငါတို့ ထုတ်မပြဝံ့တဲ့ ခံစားချက်တွေကို စိုင်းခမ်းလိတ်သီချင်းတွေက ထုတ်ပြပေးတယ်။ ငါတို့ ပြောမထွက်တဲ့ စကားရိုင်းတွေကို စိုင်းခမ်းလိတ် သီချင်းတွေက လှလှပပ၊ သိမ်သိမ်မွေ့မွေ့လေး ပြောပြပေးတယ်။ ငါတို့ ယောက်ျားတွေရဲ့ ခံစားချက်ကို ငါတို့ပဲ သိတယ်။ ငါတို့မှာ တတ်နိုင်တာတွေ ရှိတယ်။ မတတ်နိုင်တာတွေ ရှိတယ်။ ငါတို့မှာ စွမ်းနိုင်တာတွေ ရှိတယ်။ မစွမ်းနိုင်တာတွေ ရှိတယ်။ တခါတရံလည်း ငါတို့ လုပ်နိုင်ပေမယ့် ငါတို့ ယောက်ျားမာနက ခံနေတော့၊ ပြဿနာတွေဖြစ်ရ - စကားများရ - ကတောက်ကဆတွေဖြစ်ရနဲ့ မဟုတ်လား။ စိုင်းခမ်းလိတ်သီချင်းတွေ နားထောင်ရင်၊ ဒီလူက ငါတို့ ယောက်ျားအချင်းချင်းရဲ့ စိတ်ကို နားလည်လိုက်တာကွာ...လို့ စိတ်ထဲမှာ ရေရွတ်မိတယ်။ တခါတရံလည်း ပေါက်ကွဲချင်တာပေါ့။ ဒါပေမယ့် အနုပညာလေးနဲ့ ပေါက်ကွဲရတာ ငြိမ့်ညောင်းတယ် မဟုတ်လား။ ဘေးထွက်ဆိုးကျိုးလည်း နည်းတယ်လေ။ ယောက်ျားတွေရဲ့ နှလုံးသားဗီဇစိတ်ကို သိနိုင်၊ ခံစားနိုင်လွန်းတယ်ကွာ။

ငါတို့ဟာ လွမ်းတတ်တယ်၊ ဆွေးတတ်တယ်။ လေလွင့်တတ်တယ်။ မာနလည်း ရှိတယ်။ မာန်လည်း ထားတယ်။ ကရုဏာလည်း သက်တတ်တယ်။ ဒေါသလည်း ကြီးတတ်တယ်။ သဘောထားကြီးတတ်လွန်းလို့၊ ငနွားကြီးလို့လည်း အခေါ်ခံရဖူးတာ ရှိတယ်။ တခါတရံ ငါတို့ ယောက်ျားတွေက ငိုတယ်။ ငိုတဲ့ အကြောင်းကို၊ ငါ့သူငယ်ချင်း တချို့ကို စိတ်ပါလက်ပါ ပြောဖူးတယ်။ တချိန်က ဒီလိုတွေ ပြောဖို့တောင် တွန့်ဆုတ်ရှက်ရွံ့ခဲ့တဲ့ ငါက အခု ဘယ်လိုများ သတ္တိတွေရှိနေရသလဲ။ တကယ်တော့ ဒါက သတ္တိ မဟုတ်ပါဘူး။ လူပီသတာပါ။ လူပီသတဲ့ခံစားချက်တွေဟာ ငါ့အသွေးအသားထဲမှာ စိမ့်ဝင် ဖြာထွက်နေတယ်။ အဲဒါတွေကို ငါက ဘယ်က ရတာလဲ။ စာအုပ်တွေထဲကလား။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလား။ ပြဇာတ်သဘင်တွေထဲကလား။ ဘာသာရေးကျမ်းတွေထဲကလား။ ဟင့်အင်း.... မဟုတ်ဘူး။ မဟုတ်ဘူး။

ငါရခဲ့တာက သီချင်းတွေထဲက ရခဲ့တယ်။
အဲသည့်သီချင်းတွေထဲမှာ စိုင်းခမ်းလိတ် သီချင်းတွေထဲက ထိပ်ဆုံးက ရခဲ့တာ။
ငါ့ကို လူတစ်ယောက်လို ခံစားလာစေတဲ့စိတ်။ ငါဟာ လူပါ့လား...လို့ ပြန်လည် သတိရလာတဲ့စိတ်။ ငါဟာ ခံစားတတ်တယ်၊ ကြေကွဲလွမ်းဆွတ်တတ်တယ်၊ နာကျည်းတတ်တယ်၊ စိတ်နာတတ်တယ်၊ စိတ်ကုန်တတ်တယ်၊ ခွင့်လွှတ်တတ်တယ်၊ ချစ်တတ်တယ်၊ အရှုံးပေးတတ်တယ်၊ ငုံ့ခံတတ်တယ်၊ စိုးရွံ့တတ်တယ်၊ ကြောင့်ကြပူပင်တတ်တယ်... ဆိုတာတွေကို လူသားပီသစွာ ပြန်ခံစားရစေတဲ့စိတ်။

တစ်ဖက်မှာလည်း သဘောထားကြီးခြင်း၊ ကရုဏာရှိခြင်း၊ မေတ္တာထားခြင်း၊ ကြိုးစားခြင်း၊ အနစ်နာခံခြင်း၊ ဇွဲနပဲရှိခြင်းဆိုတာတွေကို ကိုယ့်ကိုယ်ထဲမှာ ပြန်ရှာတွေ့တယ်။ ဒါတွေကို ငါကတော့ သီချင်းတွေနဲ့ ဖော်တာပဲ။ ငါတစ်ယောက်တည်း ရှိနေချိန်၊ စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းတွေကို နားထောင်တာပဲ။

အဲသည့်အခါ ...
• ငါ့နှလုံးသားကို ငါ ပြန်မြင်တယ်။
• ငါ့နှလုံးခုန်သံကို ငါ ပြန်ကြားရတယ်။
• ငါက ဘယ်သူလဲ။
• ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားရပြီး လန့်နေတဲ့ ကောင်။

ငါ့နှလုံးခုန်သံကို ငါ့ဘာသာ ပြန်ကြားရပြီး၊ မလန့်ရအောင် ငါက စိုင်းခမ်းလိတ်ရေးတဲ့ သီချင်းတွေ နားထောင်တယ်။

• နှလုံးသားကို ငြိမ်သက်စေ...
• နှလုံးသားကို ကြည်မွှေ့စေ...
• နှလုံးသားကို ကျယ်ပြန့်စေ...
• နှလုံးသားခံစားမှုများကို နက်ရှိုင်းလေးနက်စေ....

ဆရာ စိုင်းခမ်းလိတ်၏ အနုဂီတဒဿနများ သက်တော်ထောင်ချီရှည်ပါစေ...

အေးချမ်းသာယာတဲ့နေ့ရက်ဖြစ်ပါစေ။ အစစ အဆင်ပြေကျန်းမာရွှင်လန်းပါစေ။ August 25, 2026Monday10:23 PMSilver Spring             #...
08/26/2026

အေးချမ်းသာယာတဲ့
နေ့ရက်ဖြစ်ပါစေ။
အစစ အဆင်ပြေ
ကျန်းမာရွှင်လန်းပါစေ။
August 25, 2026
Monday
10:23 PM
Silver Spring

#🌹

တသက်လုံးပဲ သတိရနေမယ်-ကိုင်ဇာ (၁၉၆၁-၂၀၂၆) #ကိုင်ဇာ
08/22/2026

တသက်လုံးပဲ သတိရနေမယ်
-
ကိုင်ဇာ (၁၉၆၁-၂၀၂၆)

#ကိုင်ဇာ

Address

Washington D.C., DC

Website

Alerts

Be the first to know and let us send you an email when Nay Htut posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share