Kat Dv Instructive Content Center

03/12/2026

✓ ဆန့်ကျင်ဘက်တရားများမှ လွတ်မြောက်ရာ ✓

သူကလေးဘဝအရွယ်တုန်းက လူကြီးတွေပြောတဲ့ပုံပြင်များကို နားထောင်ခဲ့ပါတယ်။
ပုံပြင်တချို့က ဝမ်းသာကြည်နူးဖွယ်ကောင်းပါတယ်။ တချို့က ကြောက်လန့်ဖွယ်ရာ ကောင်း
ပါတယ်။ သူကြောက်တဲ့အခါ မိခင်ရင်ခွင်ထဲကို တိုးဝှေ့အိပ်မိပါတယ်။ သူပျော်ချင်လို့
သူငယ်ချင်းများနဲ့ ကစားလေ့ရှိပါတယ်။တစ်ခါတလေလည်း ဟေးလားဝါးလားနဲ့ ပျော်စရာ
ကောင်းပါတယ်။ တစ်ခါတစ် လေလည်း ရန်ဖြစ်ကြပြီး ငိုယိုကြရပါတယ်။ ချောကလက်
ချိုချဉ်များကို သူမက်မောမိပါတယ်။ အလွန်ပဲစားကောင်းပါတယ်။ ဒါပေမဲ့ တစ်ခါက သူ
အစားလွန်သွားလို့ နေမကောင်းဖြစ်ရပါတယ်။ ဒီလို သူဝမ်းသာပျော်ရွှင်ဖို့ ကြံရွယ်လုပ်ဆောင်တိုင်း
ကြောက်ရွံ့ရ၊ ရန်ဖြစ်ရ၊ မကျေမနပ်ဖြစ်ရ၊ ငိုရတာကို သူနားမလည်ခဲ့ပါ။

ကျောင်းသားအရွယ် ရောက်တဲ့အခါ စာတော်ဖို့ ကြိုးစားရမယ်လို့ ဆိုဆုံးမကြပါတယ်။
သူလည်း နားလည်ထားပါတယ်။ ဒါပေမဲ့ သူစာကျက်ရမှာ ပျင်းပါတယ်။ စာကျက်မယ်လုပ်တိုင်း အိပ်ချင် ငိုက်မျဉ်းတော့တာပါပဲ။ ကောင်းတာလုပ်ရမှာကို ဘာကြောင့် ပျင်းရိ ဝန်လေးမိပါသလဲ ဆိုတာ သူ နားမလည်နိုင်အောင် ရှိပါတယ်။
လူပျို လူရွယ်အလိုက် သူချစ်စိတ်တွေ ပေါ်လာပါတယ်။ ချစ်သူရပြီး သူလေးနဲ့ တွေ့ရရင်
ဝမ်းသာကြည်နူးဖွယ်ကောင်းမယ်လို့ သူထင်ခဲ့မိပါတယ်။ ဒါပေမဲ့ ချစ်သူရတဲ့အခါ သူထင်
သလောက် ပျော်ရွှင်ကြည်နူးခွင့် မရခဲ့ပါဘူး။ မက်မောမှုနဲ့ စိတ်လှုပ်ရှားရတာ များပါတယ်။
တစ်ခါတလေလည်း တစ်ဦးအပေါ်တစ်ဦး မကျေနပ်တာတွေ၊ မနာလိုတာတွေကို ခံစားရပါတယ်။
ဒါကိုပဲ အချစ်လို့ ဆိုကြမလားမသိပါ။

ချစ်သူတွေဘဝကနေ အိမ်ထောင်သားမွေးဘဝကို မျှော်လင့်ချက်ကြီးစွာနဲ့. ပြောင်းလဲ
ရောက်ရှိ လာကြပါတယ်။ ချစ်သူနှစ်ဦးလက်တွဲပြီး သာယာတဲ့ဘဝကို တည်ဆောက်နိုင်မယ်လို့
စိတ်ကူးယဉ် ခဲ့မိပါတယ်။ ဒါပေမဲ့ သားသမီးရေး၊ ဆွေမျိုးရေး၊ လူမှုရေးတို့ ရောယှက်လာတော့
သူထင်သလို မဖြစ်ခဲ့ပါ။ စီးပွားရေးအတွက် မကြာခဏ စိတ်ဆင်းရဲရပါတယ်။ သားသမီးများရဲ့
ကျန်းမာရေးနဲ့ ပညာရေးအတွက်လည်း ပူပင်ရပါတယ်။ မျှော်မှန်းတာကတစ်မျိုး တကယ့်
အဖြစ်ကတစ်မျိုး ဖြစ်နေတာကို တွေ့ရပါတယ်။

မိမိဘဝ ကုံလုံပြည့်စုံ ကုံလုံပြည့်စုံ သာယာချမ်းသာရေးအတွက် ပစ္စည်းဥစ္စာပြည့်စုံအောင်
သူကြိုးစားစုဆောင်း ခဲ့ပါတယ်။ သူ့မှာ တိုက်အိမ်တွေ၊ မော်တော်ယာဉ်တွေ၊ အခြံအရံတွေနဲ့
ပြည့်စုံလာပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သူထင်သလောက် သာယာစိတ်ချမ်းသာမှု မရရှိခဲ့ပါ။
လက်ရှိဥစ္စာများ လုံခြုံအောင် ထိန်းသိမ်းရတဲ့ဒုက္ခနဲ့ ပစ္စည်းဆုံးရှုံးသွားမှာကို စိုးရိမ်မှုက ပိုလာပါတယ်။

သူ လူကြီးလူကောင်း တစ်ဦးဖြစ်အောင် ကျင့်ကြံနေထိုင်ပါတယ်။ ဂုဏ်သိက္ခာရှိရှိ ပြောဆိုနေထိုင်ပါတယ်။ ကောင်းတာကို ပြောဆိုနေထိုင် လုပ်ကိုင်နေတာ ဝမ်းသာဂုဏ် ယူဖွယ် ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ သူဝမ်းမသာနိုင်ပါ။ စောင့်ထိန်းနေရတာ ပင်ပန်းပါတယ်။ စိတ်လွတ်ကိုယ်လွတ် ထင်ရာလုပ်လိုတဲ့ စိတ်ရိုင်းတွေပေါ်လာတတ်ပါတယ်။ ဘာကြောင့် ဒီလိုကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်တွေ ပေါ်နေရပါသလဲ။ ဒီဆန့်ကျင်ဘက် တရားနှစ်ခု
ကြားမှာ သူ အလူးအလှိမ့်ခံနေရပါတယ်။

လူတွေဟာ ငယ်စဉ်ကတည်းက သာယာပျော်ရွှင်လိုကြတယ်။ စိတ်ချမ်းသာ လိုကြတယ်။
ဒါပေမဲ့ ဒီလိုဖြစ်အောင် နည်းလမ်းများကို လိုက်နာကျင့်သုံးလိုတဲ့ စိတ်ဆန္ဒရှိခဲကြပါတယ်။

ဒီနည်းလမ်းများက ဆန့်ကျင်ပြီး လုပ်ကိုင်နေထိုင်ကြလေ့ရှိပါတယ်။ ဒါကြောင့်လည်း ပျော်ရွှင်
စိတ်ချမ်းသာလိုတဲ့ ရည်းမှန်းချက်အတိုင်းမဖြစ်ဘဲ ဆင်းရဲဒုက္ခရောက်ကြပါတယ်။

ကောင်းတာတွေ ကခက်လို့လား၊ မကောင်းတာတွေက လွယ်လို့လား။ လူတွေက လိုလားတဲ့
ဒါဖြစ်ရင် ကောင်းတာတွေကို လူတွေက တကယ်မကြိုက် မနှစ်သက်လို့လား၊ သာယာမှုကို ပေးနိုင် လို့လား၊ သူတွေးလေတိုင်း ဒီဆန့်ကျင်ဘက်တရားများအလယ်မှာ ဝေ့လည်လည်ဖြစ်နေပါတယ်။ အဖြေရှာမရ ဖြစ်နေပါတယ်။

အချစ်ရှိတော့ အမုန်းရှိတယ်။ ချမ်းသာမှုရှိတော့ ဆင်းရဲမှုရှိတယ်။ ပျော်ရွှင်မှုရှိတော့
ဝမ်းနည်းမှု ရှိတယ်။ ခင်မင်မှုရှိတော့ စိမ်းကားမှုရှိတယ်။ အဆင်းရှိတော့ အတက်ရှိတယ်
အမှောင်ရှိတော့ အလင်းရှိတယ်။ နေ့ရှိတော့ ညရှိတယ်။ အဖြစ်ရှိတော့ အပျက်ရှိတယ်။
ဒီဆန့်ကျင်ဘက်တရားတွေ ဟာ ဒွန်တွဲနေတာပါပဲ။ ဒါကြောင့် သူချစ်ရမှာကို ကြောက်လာတယ်။
ချစ်မိကြရင် တစ်နေ့ အပြစ်မြင် ငြီးငွေ့ကြပြီး အချစ်ပြယ်မှာကို သူ စိုးရိမ်နေမိပါတယ်။
သူစိတ်ချမ်းသာရမှာကို သူစိုးရွံ့ မိပါတယ်။ စိတ်ချမ်းသာပြီးနောက် စိတ်ဆင်းရဲရတာမျိုးကို
ကြုံတွေ့တတ်တာ သူသိနေပါတယ်။ ပြောင်းပြန်တွေးပြီး အမုန်းရှိရင်အချစ်ရှိမယ်။ စိတ်ဆင်းရဲမှု
ရှိရင် စိတ်ချမ်းသာမှုရှိလာလိမ့်မယ်လို့တွေးပြီး စိတ်ကိုဖြေရပါတယ်။ ဘဝဆိုတာ ဒီလို
ဆန့်ကျင်ဘက်တရားများနဲ့ တည်ဆောက်ထားသလိုပါပဲ။ ဒါတွေတွေးပြီး ဘဝကို ငြီးငွေ့ရမှာ
လား။ စိတ်ပျက် အားငယ်ရမှာလား၊ ဒီလိုဆိုရင်လည်းရခဲတဲ့ လူ့ဘဝဟာ အချည်းနှီး
ဖြစ်သွားမှာပေါ့။

သူ ဒီဆန့်ကျင်ဘက် တရားများမှ ဘယ်လိုအလွတ် ရုန်းရမယ်ဆိုတာ အမျိုးမျိုး စဉ်းစား
တွေးခေါ် မိပါတယ်။ ဆန့်ကျင်ဘက်တရားများရဲ့ အကြောင်းများကို ရှာကြံကြည့်မိပါတယ်။
ရုပ်ဝတ္ထုပစ္စည်းများနဲ့ သဘောတရားများပေါ်မှာ တပ်မက်စွဲလမ်းတာကြောင့် ဖြစ်ပေါ်လာကြ
တာလို့ သဘောပေါက်လာပါတယ်။ ဒီဆန့်ကျင်ဘက်တရားများရဲ့ သဘောသဘာဝကို သိနားလည်ဖို့လိုပါတယ်။ ၄င်းတို့ဟာ မိမိတို့မှတ်ယူထားတဲ့ သညာများကြောင့် ဖြစ်ပေါ်လာပါတယ်။
၄င်းတို့အပေါ် ကပ်ငြိစွဲလမ်းပြီး မှားယွင်းစွာ နှလုံးသွင်းခြင်းကြောင့် ဖြစ်တယ်။ ၄င်းတို့ဟာ
ဖြစ်တတ်၊ ချုပ်တတ်တယ်။ သာယာ ဖွယ်ရှိပြီးနောက် ငြီးငွေ့ဖွယ် ဖြစ်လာတတ်တယ်။

ဒီတရားတွေက လွတ်မြောက်ဖို့နည်းလမ်းရှိပါတယ်။ မြတ်စွာဘုရားက လမ်းညွှန်ထားပြီး
ဖြစ်ပါတယ်။ ဒီတရားများရဲ့ ဖြစ်တတ်၊ ချုပ်တတ်၊ သာယာဖွယ်၊ ငြီးငွေ့ဖွယ်တို့ကို
စွန့်ခွာလာပါလိမ့်မယ်။ ၄င်းတိုကို လျစ်လျူရှု နိုင်ပါလိမ့်မယ်။ မိမိရဲ့စိတ်ဟာ စွဲလမ်းခြင်း
ဟုတ်တိုင်းမှန်စွာ သိရပါမယ်။ အဲဒီအခါ ဆန့်ကျင်ဘက်တရားအားလုံးကို မစွဲလမ်းဘဲ
အားလုံးမှ လွတ်မြောက်လာပါလိမ့်မယ်။
ကင်းကွာသွားရင် ဒုက္ခ ကျေပျက်သွားပါလိမ့်မယ်။ အဲဒီအခါ စိတ်ရဲ့လွတ်မြောက်မှု ရရှိပြီး
အမှန်တော့ ဒီဆန့်ကျင်ဘက်တရားတွေဟာ ဒုက္ခအကြောင်းတွေပါ။ ဒီဒုက္ခအကြောင်းတရားနဲ့
ကိုယ်တွေ့အားဖြင့် အေးငြိမ်းမှုကို ခံစားနိုင်ပါလိမ့်မယ်လို့ သူသဘောပေါက်ထားပါတယ်။

အချုပ်ဆိုရရင် ဆန့်ကျင်ဘက်တရားများကို လျစ်လျူရှုစွန့်ပယ်ဖို့ ဖြစ်ပါတယ်။
အဲဒီလို ဆန့်ကျင်ဘက်တရားများမှ လွတ်မြောက်ရာကို သူ့ အသိဉာဏ် ဝီရိယနဲ့ ကြိုးစား
အားထုတ်ပြီး အရောက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

03/12/2026

✓ ကျွန်တော် ပြစ်မှားနေတာ များပါပြီ… ✓

ကျွန်တော့်ကို တချို့က လူတော်လူကောင်းတစ်ဦးဟု ထင်ကြတယ်၊ ပြောကြတယ်။
ကျွန်တော်တတ်နိုင်သမျှ အများအကျိုး ဆောင်ရွက်နေပါတယ်။ တရားဓမ္မအကြောင်းလည်း
ဆွေးနွေးလေ့လာတယ်။ ကိုယ့်သိက္ခာကို တတ်နိုင်သမျှ စောင့်ထိန်းတယ်။ အားလုံးကိုကိုယ်ချင်း
စာတရားနဲ့ တန်းတူဆက်ဆံတယ်။ ဒါကြောင့် ဒီလိုထင်မြင်ပြောကြတာ ဖြစ်ပါလိမ့်မယ်။
အပြင်ပန်းမှာတော့ ဟုတ်ပါလိမ့်မယ်။ အတွင်းစိတ်ထဲကတော့ မဟန်လှပါဘူး။ ဖောက်ပြန်
လေ့ရှိတယ်။ ဆိတ်ကွယ်ရာမှာဖြစ်နေတော့ အများက ဘယ်သိနိုင်ပါ့မလဲ။

ကျွန်တော့်ကို ငယ်စဉ်က အဖေနှင့်အမေ ဆိုဆုံးမပြီးရိုက်ရင် ကျွန်တော့်စိတ်ထဲမှာ
အတော်မကျေမနပ်ဖြစ်တာပဲ။ မိဘမို့သာ ကြိတ်မှိတ်ခံလိုက်ရတာ၊ ကောင်းကောင်းမွန်မွန် စိတ် ရှည်လက်ရှည် ရှင်းလင်းပြောဆို ဆုံးမသင့်တယ်လို့ စိတ်ထဲမှာထင်မိပါတယ်။ စာကျက်ခိုင်းပြီး
ပွဲလမ်းသဘင် သွားဖို့ခွင့်မပြုရင်လည်း အဖေတို့များ ကိုယ်ချင်းစာတရား မရှိလိုက်တာလို့
စိတ်ခုမိပါတယ်။ မိနှစ်ပါးကို ပြစ်မှားမိပါတယ်။ ဆရာတွေက ကျွန်တော်စာမရလို့ ကြိမ်းမောင်း
ရင် ငါ့ကိုနှိမ်တာပဲလို့ စိတ်ဆိုးရပြန်တယ်။ ဆရာတို့ စေတနာကို ပြစ်မှားမိတယ်။

လူပျိုအရွယ် ရောက်လာတော့လည်း အပျိုချောချောမြင်ရင် စိတ်ထဲမှာကြိုက်လိုက်
တာပဲ။ မထိတထိပြောလိုက် လုပ်လိုက်တာပဲ။ စိတ်ထဲမှာ အမျိုးမျိုး စိတ်ကူးယဉ်မိပါတယ်။
ဒီလို ချောချောလှလှမြင်တိုင်း ပြစ်မှားမိပါတယ်။
စာတော်သူများကိုလည်း သူတို့ကအလွတ်ကျက်ပြီး ဆရာ့အလိုကျရေးလို့ အမှတ်
ပိုရတာ၊ ဒို့ကတော့ သဘောပဲမှတ်တယ်။ ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို ဦးစားပေးရေးတယ်။
သူတို့က အမှန်မှာ ဒို့လောက်မတော်ပါဘူးလို့ ထင်နေမိပါတယ်။

ဝန်ထမ်းလုပ်တော့လည်း ကိုယ့်ထက်ရာထူးကြီးသူများနှင့် တန်းတူများကို အထင်
သေးမိပါတယ်။ ဒီကောင်တွေက အထက်လူကြီးကိုဖားတယ်။ လူတွေရှေ့မှာ နေရာယူတတ်
ကြတယ်။ အလုပ်တော့ လက်ကြောတင်းအောင် မလုပ်ကြဘူး။ အရေးအသားလည်း ဒို့လောက်
ရတာမဟုတ်ဘူး။ စီမံချက်စာတမ်း ရေးတတ်ဖို့ ဝေးပါသေးတယ်။ ဒီကြားထဲ တတ်ယောင်ကား
လုပ်ပြီး ညွှန်ကြားလိုက်သေးတယ်။ ဒို့ရေးပြီး တင်ပြချက်တွေကိုအသုံးချပြီး လူရှေ့မှာ အသား
ယူလိုက်သေးတယ်။ ဒို့လုပ်ရည်ကိုင်ရည်ကိုတော့ အခါအားလျော်စွာ အသိအမှတ်ပြုသင့်တာ
ပေါ့။ အတော်စိတ်ထားညံ့တဲ့လူတွေပဲလို့ ကျွန်တော် မကျေမနပ်ဖြစ်မိတာလည်း အတန်တန် အဖန်ဖန်ပင်။

ချမ်းသာတဲ့သူ အချို့ကိုလည်း ဒီလူတွေ မတရားနည်းနဲ့ ချမ်းသာကြတော့ သံသရာ
အတွက် မကောင်းဘူး။ ဒို့က သမာသမတ် လုပ်ကိုင်စားသောက်နေလို့ သူတို့လောက်
မချမ်းသာပေမယ့် သိက္ခာနဲ့ဂုဏ်ရှိတယ်၊ စိတ်ချမ်းသာတယ်။ ဒီလူတွေက လောဘဇောတိုက်
ပြီး စိတ်ချမ်းသာမှာ မဟုတ်ပါဘူးဟု ဝေဖန်မိပြန်ပါတယ်။

ဆွေမျိုးမိတ်ဆွေအချို့က သူတို့အကူအညီလိုရင် လာကြတယ်။ သူ့ရဲ့ကူညီတတ်တဲ့
စိတ်ကို အသုံးချကြတယ်။ သူ့အလှည့်ကျရင် နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းဖြင့်
မကူညီကြဘူး၊ မလိုတစ်မျိုး လိုတစ်မျိုးလူတွေပဲ၊ စာနာမှုတရားမရှိတဲ့ တစ်ကိုယ်ကောင်းသမား
တွေလို့ ထင်မြင်စိတ်ပျက်မိတယ်။

တရားလိုက်စားနေကြတဲ့လူအချို့ဟာ ပင်စင်ယူပြီး အခြားလုပ်စရာမရှိမှ ဘုရား
တရား အကြောင်း ပြောလာကြတယ်။ ဒါတောင် မာနကသိပ်မကျသေးဘူး။ သူတို့က အသိ
အတတ်ချည်းပဲ။ အလုပ်အကိုင်နဲ့ သြဇာအာဏာရှိတုန်းက အကျင့်တွေ မပျောက်သေးပါဘူး။
ဒါတောင်သူတို့က နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို ခပ်တည်တည်နဲ့ ဟောပြောနေသေးတယ်။
စာအုပ်ထဲကဖတ်ပြီး အသိတရားမပါဘဲ ပြောနေကြတာပါ။ ကျွန်တော့်ကိုယ်တွေ့ တွေ့ရှိချက်များ
ကိုပြောရင်လည်း နားထောင်ချင်ပုံမရ၊ မင်းနုပါသေးတယ်ကွာဆိုတဲ့ မျက်နှာထားနဲ့ကြည့်ကြ
သေးတယ်။ ပါးစပ်က ဘုရား တရား၊ လက်ကကားရားနဲ့လူကြီးတွေပဲလို့ ကျွန်တော်က
ပြောချင်တယ်။ တကယ်တရား သိသူတွေက ဒီလိုမဟုတ်ပါဘူး။

ကျွန်တော့်ဇနီးက ကျွန်တော့်ထက် အသက်အတော်ငယ်ပါတယ်။ တကယ့်ချစ်မေတ္တာနဲ့
ယူခဲ့တာပါ။ ရစကတော့ အေးအေးဆေးဆေးရိုးရိုးနဲ့ ချစ်စရာလေးပါ။ ယခု အဒေါ်ကြီး
တစ်ယောက်လို မြည်တွန်တောက်တီးလာတယ်။ ကျွန်တော်အတော်လေး စိတ်ဆင်းရဲရတယ်။
ဇနီးနှင့်သမီးများကိုလည်း ကျွန်တော် စိတ်တိုင်းမကျတဲ့အခါ ငြိုငြင်ဒေါပွမိပါတယ်။ မင်းတို့က
ဘယ်လောက်တတ်လို့လဲ၊ ငါ့စကားနားမထောင်ရင် ခက်မယ်လို့ ကြိမ်းမိပါတယ်။ တပည့်များ၊
လက်ထောက်များကိုလည်း အားမရတိုင်း ဆူပူမိပါတယ်။

ကျွန်တော် အသက် ၇ဝ နီးလာမှ စာအုပ်သုံးအုပ် ရေးသားထုတ်ဝေခဲ့တယ်။ နာမည် မရသေးတဲ့ စာရေးသူအနေဖြင့် အတော်လေး.. အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော့်ကိုယ်ပိုင် အတွေးအခေါ်၊ အတွေ့အကြုံများကို ကိုယ်ပိုင်ရေးဟန်နှင့် ရေးသားပါတယ်။ ဒီတော့ နိုင်ငံခြားမှစာအုပ်များကိုမှီငြမ်းပြီး ကိုယ်ပိုင်လိုရေးသားနေကြသူများကို အထင်သေး တယ်။ ပေါ်ပင်လိုက်ပြီး မင်းသမီး၊ မင်းသားများအကြောင်း၊ ဖိုမကိစ္စများအကြောင်း၊ နိုင်ငံခြားမှ အဖြစ်အပျက်အကြောင်းတို့ကို အထင်တကြီး ရေးသားကြသူများကို စာရေးဆရာအနေဖြင့် ကျွန်တော်လက်မခံလိုဘူး။ ကူးချနေသူများလို့ ထင်နေမိပါတယ်။

ဒီလို နေ့စဉ်အများအပေါ် ပြစ်မှားနေမိပါတယ်။ ကျွန်တော့် တွေးခေါ် ဝေဖန်ချက် တွေဟာ မှန်ကန်တယ်လို့ ယူဆမိပါတယ်။ နောက် တဖြည်းဖြည်း အသက်ရလာတော့ ဒါတွေဟာ မကောင်းတဲ့ စိတ်ဆိုးစိတ်ညစ်တွေလို့ သိစပြုလာပါတယ်။ ဒီတော့ ကျွန်တော့် အပေါ်ကျွန်တော် မကျေမနပ် ဖြစ်လာတယ်။ ရှက်လာကြောက်လာတယ်။ ဒီစိတ်ဆိုးတွေမှ ရုန်းထွက်ချင်လာတယ်။ စိတ်သန့်ရှင်းချင်လာတယ်။ စိတ်အေးချမ်းချင်လာတယ်၊ စိတ်ချမ်း သာချင်တယ်။ ဒီပြစ်မှားတဲ့ မကောင်းတဲ့စိတ်တွေက ပေါ်ပေါ်နေတာပါပဲ။ အသိတရားနဲ့ဆင်ခြင်ပြီး ချေဖျက်ရင်လည်း ခဏသာရပ် သွားသလိုရှိပြီး ပြန်ပေါ်လာတယ်။ အများလည်းကျွန်တော့် လိုနေမှာပါပဲ။

ကျွန်တော် စိတ်ဓာတ်ကျသွားတယ်။ ရတနာသုံးပါးကိုအောက်မေ့မိတယ်။ မြတ်စွာ ဘုရား ဆိုဆုံးမတော်မူသည်များကို သတိရမိတယ်။ တွေးတောပြောဆို လုပ်ကိုင်မှုအားလုံးဟာ အစဉ်အမြဲ ပြောင်းလဲနေတယ်လို့ မိန့်ကြားတော်မူပါတယ်။

ဒီကျွန်တော့် ဆိတ်ကွယ်ရာမှာ စိတ်ထဲမှာပေါ်နေတဲ့ မကောင်းတဲ့စိတ်တွေလည်း အမြဲပဲ ပေါ်လိုက်ပျောက်သွားလိုက်ဖြစ်နေတာကို သတိထားမိလာပါတယ်။ တွေ့လာပါတယ်။

မမြဲတဲ့အရာကို အရှိထားပြီး တားဆီးပိတ်ပင်လို့လည်းမရနိုင်၊ စွဲမြဲနှစ်သက်ပြီး ထွေးပိုက်ထား
လို့လည်းမဖြစ်နိုင်၊ အကြောင်းဆုံလို့ပေါ်ပြီး ပျောက်သွားတာချည်းပါလားလို့ သတိထားသိလာ
တော့ ဒီပြစ်မှားတဲ့ စိတ်ဆိုးစိတ်ညစ်တွေကို မကြောက်တော့ဘူး။ သူတို့က ကျွန်တော့်ကို
မနိုင်တော့ပါဘူး။ စိတ်ကောင်းတွေ မွေးတတ်ဖို့ ကျွန်တော် သတိထား ကြိုးစားကျင့်ကြံနေပါတယ်။
ကျွန်တော် ရိုးသားစွာနဲ့ပဲ ကျွန်တော်မကောင်းတာ၊ ကောင်းတာတွေကို အရဲစွန့်ပြီး ထုတ်ဖော်
တင်ပြခြင်းဖြစ်ပါတယ်။

ဒီအတွင်းတော့ ကျွန်တော်ပြစ်မှားမိသူတွေအားလုံးကို ကျွန်တော့်အား မေတ္တာနဲ့
နားလည်ခွင့်လွှတ်နိုင်ကြပါလို့ ရိုကျိုးစွာ ဝန်ချတောင်းပန်ပါတယ်။

03/12/2026

✓ အိုဘယ့်လုံမပျို ✓

အိုဘယ့်လုံမပျို.. သင်ဘယ်ဆီသွားနေသလဲ။ သင့်ရဲ့အလှဂုဏ်နဲ့ သင့်ဘဝ ချမ်းသာ ပျော်ရွှင်တဲ့လမ်းကို လိုက်နေတာလား၊ သင့်ရဲ့ စေတနာနဲ့ ပညာစွမ်းအားနဲ့ အများအကျိုးဆောင် တဲ့လမ်းကို လိုက်နေတာလား။

လုံမပျို...သင်ဟာ ချောမောလှပတယ်။ ယောက်ျားတွေ ငေးမောနှစ်သက်ကြတယ်။
သင့်အချစ်ရဖို့ တေးသီချင်းတွေစပ်ဆို သီဆိုကြတယ်။ သူတို့ရဲ့ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာမှုကို
ပြသပြီး ချစ်ရေးဆိုကြတယ်။ စိန်ရွှေငွေရတနာ လက်ဆောင်များပေးကြတယ်။ လုံမလေး
တစ်သက်လုံး စိတ်တိုင်းကျ ပျော်ရွှင်ချမ်းသာစွာ ထားပါ့မယ်လို့ သစ္စာဆိုကြတယ်။ ချစ်သူ
ဝိုင်းဝိုင်းလည်ပြီး သာယာစဖွယ် ကောင်းလှတယ်။

လုံမလေးကလည်း မိမိရဲ့အလှစွမ်းအားကို သိပါတယ်။ စာဆိုတော် ကဗျာရှင်များ
သီဆို ရေးသားကြသလို ကိုယ်လုံးကလေးက ခါးသေးရင်ချီ၊ မျက်နှာလေးက လမင်းထက်သာ၊
မြင်သူတွေ အေးပြီးငေးရတယ်။ မျက်လုံးကလေးက ရည်လဲ့ဝင်း၊ အကြည့်ခံရသူ ရင်ဖိုလောက်
တယ်။ အသံကလေးက ဆည်းဆာအချိန်မှာ ကြားရတဲ့ ဆည်းလည်းသံလို၊ နှင်းဆီပင်များကို
ဖြတ်တိုက် သွားတဲ့ လေပြည်လေးရဲ့အသံလို စွဲမက်စရာကောင်းလှပါတယ်။ လုံမလေးရဲ့အလှက
ယောက်ျား ကောင်းရအောင် စွမ်းဆောင်နိုင်တယ်။ တိုက်ကြီး၊ ကားကြီး၊ စိန်ရွှေငွေ ရတနာများနဲ့
ပြည့်စုံစွာ မပူမပင်တစ်သက်လုံးနေထိုင်နိုင်မယ်။ လင်တော်မောင်အတွက် ချစ်စဖွယ်သား
သမီးကောင်းများ မွေးဖွားပေးနိုင်မယ်။ သားသမီးများကို ပြုစုပျိုးထောင်ပြီး ကျောင်းပို့
ကျောင်းကြိုနဲ့ အလုပ်များနေမယ်။ ချစ်သူမောင်ကို ဂရုစိုက် အလိုက်သိပြီး နေ့စဉ်နေရမယ်။
မိမိကို ချစ်လှပါတယ်ဆိုတဲ့မောင်က နုပျိုလှပတဲ့ လုံမလေးတွေကို မက်မောသွားမှာကိုလည်း
စိုးရိမ်နေပါမယ်။ အလှဆိုတာ မမြဲမှန်း သိလာပါလိမ့်မယ်။ လုံမလေး ဒီလိုအလှဂုဏ်ကိုးပြီး
သာယာတဲ့လမ်းကို လိုက်မှာလား။

အလှမက်တဲ့ လမ်းစဉ်ဟာ တစ်ကိုယ်ကောင်းလမ်းစဉ်ဖြစ်တယ်။ မိမိနဲ့ မိမိရဲ့ မိသားစုအတွက်သာ အကျိုးရှိမယ်။ သာယာပျော်ရွှင်ဖွယ်ရာယောင်ယောင်နဲ့ ငြီးငွေ့ဖွယ်ရာ ဖြစ်တယ်။ အများကျိုးဆောင်မှ ဘဝဟာ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းတယ်။ အလှကိုအရင်း
ပြုပြီး ကိုယ်ကျိုးမရှာဘဲ ပညာနဲ့စေတနာအရင်းတည်ပြီး အများကျိုးဆောင်တဲ့ လမ်းကိုလိုက်မယ်
ဆိုရင်တော့ အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်။ ပညာအရည်အချင်းနဲ့ပြည့်စုံအောင်
ကြိုးစားလေ့လာနေရမယ်။ အများအကျိုးကို ဆောင်ရွက်နေရတော့ မိမိအတွက် စဉ်းစားချိန်၊
အလှအပမွမ်းမံသာယာချိန်နည်းပါးမယ်။ ဆွေမျိုးသားချင်း၊ ခင်ပွန်းတို့က နှစ်သက်သဘော
ကျချင်မှကျမယ်။ အိမ်ထောင်ရှင်မ မပီသလို့ထင်ကြမယ်။ သူတို့က သူတို့ကိုသာ ဂရုစိုက်ပြီး
သူတို့အတွက်သာ လုပ်ပေးစေလိုကြတယ်။
အိမ်ထောင်ရေးမှာ မပြေမလည်ဖြစ်လာနိုင်
တယ်။

ဆွေမျိုးတွေက သူတို့ကိုသာ ချစ်ခင်ပံ့ပိုးစေလိုတယ်။ မိမိက အများကို စာနာ ထောက်ထားတာ သူတို့နားမလည်ပါ။ သားသမီးများက သူတို့ကိုသာ ဂရုစိုက်ပြုစုစေလိုတယ်။ အခြားကလေးများကို ကိုယ်ချင်းစာပြီး ချစ်ခင်ယုယတာကို သူတို့နားမလည်ပါ။

ဒီအထဲမှာ လုံမလေး ကူညီဆောင်ရွက်ပေးတဲ့သူအချို့က လုံမလေးကို မကျေနပ်
ပြစ်တင် ရှုတ်ချကြမယ်။ ကျေးဇူးမဲ့စကားတွေ ဆိုကြမယ်။ ဒီလို လောကဓံတရားတွေ ရင်-
ဆိုင် ရလိမ့်မယ်။ ဒီသဘောတရားတွေ လုံမလေးနားလည်ပြီး ကျင့်ကြံထားဖို့လိုမယ်။

ဒီအခက်အခဲ ပြဿနာတွေကို မခံနိုင်ရင်တော့ အများအကျိုးဆောင်တဲ့ လမ်းမှာ
လုံမလေး အရှုံးနဲ့ရင်ဆိုင်ရလိမ့်မယ်။ ယုံကြည်မှု၊ ဇွဲ၊ လုံ့လ၊ ပညာဉာဏ်ရှိဖို့လိုတယ်။ ဒီအရည်
အချင်းတွေပြည့်စုံရင် အောင်မြင်ပါလိမ့်မယ်။

ဒီအောင်မြင်မှုဟာ အများအကျိုးတွက်ဖြစ်တယ်။ လုံမပျိုအတွက် ဘဝတစ်လျှောက်
မပြယ်နိုင်တဲ့ အလှဖြစ်တယ်။ ပြည့်စုံတဲ့ အလှဖြစ်တယ်။ အလှဂုဏ်ဆိုတာမမြဲပါဘူး။ ပညာ
နဲ့ စေတနာဂုဏ်ဟာ အစဉ်မြဲပါတယ်။ လူအများ သိကြတာက ကိုယ်ကာယအလှပါ။ ဒါ
ကြောင့် ပြောင်းလဲပြီး မမြဲတာပါ။ ပညာနဲ့ စေတနာအလှက အရည်အချင်းပါ။ အစဉ်မြဲပါတယ်။
ဒါပေမယ့် ခက်ပါတယ်။

လုံမပျို ဘယ်လမ်းလိုက်မှာလဲ။

03/12/2026

✓ တက်ကြွသောခေတ်လူငယ်များသို့ ✓

မောင်တို့ လူငယ်လူရွယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေပါ။ မောင်တို့ကို
နိုင်ငံရဲ့ အနာဂတ်အတွက် များစွာအားကိုးကြပါတယ်။ မောင်တို့က အများမျှော်လင့်သည်နှင့်
အညီ ကြိုးစားနေကြပါသလား၊ မိမိကိုယ်ကို ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။

လက်ဖက်ရည်ဆိုင်မှာထိုင်၊ အချိန်ဖြုန်း လေပစ်နေသလား။ ဘီယာဆိုင်မှာ အမြည်း
ဇိမ်ခံနေသလား။ ညမှာ ကာရာအိုကေသွား တေးဟစ်နေသလား။ အနောက်တိုင်းယဉ်ကျေးမှ
အထင်ကြီးပြီး ဒစ်စကိုကပွဲတွေ တက်နေသလား။

မိဘက ချမ်းသာကြွယ်ဝလို့ သိန်းရာကျော်တန် ကားကြီးတွေစီးပြီး စီးကရက်ခဲ
နေသလား။ သောင်းချီပေးရတဲ့ အဝတ်အစားတွေဝတ်ပြီး ရှိုးပြနေသလား။ မိန်းကလေး အချော
အလှတွေနောက် အရှက်မရှိ ဇွဲရှိရှိနဲ့လိုက်ပြီး အချိန်ကုန်နေသလား။ မိမိပိုင် အရည်အချင်း
လုပ်ဆောင်မှုစွမ်းရည်မရှိဘဲ ဒီလို ဘော်ကြော့နေတာဟာ ရှက်ဖွယ်ဆိုတာ စဉ်းစားမိရဲ့လား။
နောင်ရေးအတွက် မစဉ်းစားဘဲ တာဝန်မဲ့ အပျော်လိုက်နေတော့ ရည်မှန်းချက်တွေ
မရှိ ဖြစ်လာမယ်။ စိတ်လေလာမယ်၊ မူးယစ်ဆေးဝါးသုံးစွဲသည်အထိ ဖြစ်လာမယ်။ ဒီနောက်
ကိုယ့်စိတ်ကိုယ် မနိုင်ဘဲ လောကကြီးကို မကျေမနပ် ဖြစ်လာမယ်။ လူ့အဖွဲ့အစည်းအနေဖြင့်
လည်း လူကောင်းလေးတွေ ဆုံးရှုံးသွားလိမ့်မယ်။

ခေတ်လူငယ်လူရွယ်ပီပီ ဒီအကျိုးမဲ့ အာရုံနောက်လိုက်တဲ့ လုပ်ငန်းတွေအစား မောင်-
တို့ အကျိုးရော၊ တိုင်းပြည်အကျိုးအတွက်ပါ ကောင်းမြတ်တဲ့ လုပ်ငန်းများ လုပ်ကြပါ။
စာကြိုးစားပါ။ ဗဟုသုတရှိအောင် စာဖတ်ပါ။ လေ့လာပါ။ အသက်မွေးဝမ်းကျောင်း အတတ်
ပညာရပ်များကို သင်ယူပါ။ အားကစားတစ်ခုခုတွင် ထူးချွန်အောင် လေ့ကျင့်ပါ။ လူမှုဝန်ထမ်း
လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါ။ အမှန်တရားသိလိုကြရင် တရားဓမ္မများလည်း လေ့-
လာကျင့်ကြံပါ။ ဒီလိုဆိုရင် အပျော်အပါးလိုက်ဖို့ အချိန်ပင်ရှိမည် မဟုတ်ပါ။

ခေတ်မီတယ်ဆိုတာ တိုးတက်နေတဲ့သိပ္ပံဆိုင်ရာ နည်းပညာများ၊ အတွေးအခေါ်
အယူအဆများကို တတ်ကျွမ်းနားလည်ပြီး မိမိနှင့်နိုင်ငံအကျိုးတွက် အသုံးချနိုင်တဲ့ အရည်
အချင်းရှိခြင်းပါပဲ။ အနောက်နိုင်ငံမှ ကလေကချေ လူရွယ်အချို့ကို အားကျအတုခိုးပြီး ဆက်ဆံ
ပြောဆိုနေထိုင်တာက ခေတ်မီတာမဟုတ်ပါဘူး။ မိုက်မဲရူးသွပ်ခြင်း တစ်မျိုးသာ ဖြစ်ပါ
တယ်။

မောင်တို့ လမ်းရွေးမမှားကြရန် စေတနာနဲ့ သတိပေးရပါတယ်။

03/12/2026

✓ ဩော်မိန်းမ ✓

မိန်းမတွေက ယောက်ျားတွေကို မရခင်တစ်မျိုး၊ ရပြီးတစ်မျိုးလို့ အပြစ်တင်လေ့ ရှိပါတယ်။ အိမ်ထောင်မကျခင်ကတော့ အမျိုးမျိုးချီးကျူးပြီး ချစ်ရေးဆိုကာ အလိုလိုက်ကြတယ်။
အိမ်ထောင်ကျပြီးနောက် အချစ်ပေါ့ပြီး ဂရုမစိုက်ကြတော့ဘူးလို့ ဆိုပါတယ်။ တစ်စိတ်
တစ်ပိုင်းတော့ မှန်ပါလိမ့်မယ်။ ငယ်ရွယ်တုန်းကလို တပ်မက်မောတဲ့ အချစ်မျိုးတော့ အစဉ်
ဘယ်ရှိနိုင်မလဲ။ ဘဝကြင်ဖော် လင်မယားလို တွယ်တာသံယောဇဉ်ရှိတဲ့ အချစ်မျိုးသို့ ပြောင်း
လဲသွားပါတယ်။ သားတို့ သမီးတို့ အမေအနေနဲ့လည်း ချစ်ရတာကို ထည့်ပြောဦးမှ မျှတ
မှန်ကန်မှာပေါ့ ။

မက်မောတဲ့ အချစ်နှင့် ချစ်နေဖို့ကလည်း အသက်တွေ တဖြည်းဖြည်းကြီးလာ ကြ-
ပြီလေ။ ပြီးတော့ သူတို့က အိမ်ထောင်ကျပြီးနောက် လှလှပပ ချစ်စဖွယ် ဝတ်စားဆင်ယင်
ပြောဆိုနေထိုင်တာလည်း မရှိကြတော့ပါဘူး။ ကိုယ်ခန္ဓာကလည်း ဂရုတစိုက်မပြုပြင်တော့
ဝဖြိုးပြီးလာပါတယ်။ ချစ်စနိုး ပြောဆိုမဲ့အစား တိုတိုတုတ်တုတ်၊ ကြမ်းကြမ်းတမ်းတမ်း
ပြောဆိုလာပါတယ်။ အိမ်မှာလည်း မြည်တွန်တောက်တီးပြီး ဆူပူလေ့ရှိပါတယ်။ ဒါသူတို့အလုပ်တဲ့။ ယောက်ျားကို ဘာသိဘာသာ ဆက်ဆံလာပါတယ်။ ယောက်ျားတွေရဲ့ သဘာဝနှင့်
ဆန္ဒကို မထီမဲ့မြင် လုပ်လာကြပါတယ်။ လူအများရှေ့မှာတော့ ဂရုစိုက်သယောင်ယောင်နှင့်
သူတို့ပိုင် ယောက်ျားဖြစ်ကြောင်းသိအောင် ပိုင်ဆိုင်မှုတွေ ပြလေ့ရှိကြပါတယ်။

ယောက်ျားကို ချစ်ချစ်ခင်ခင် လေးလေးစားစားနဲ့ မပြုစု။ ပျော်အောင်မထား။ယောက်ျားက ပျော်စရာရှာလည်း အပြစ်တဲ့။ ယောက်ျားဆိုတာ ချစ်ခင်ယဉ်ကျေးစွာ ပြောဆို ဆက်ဆံအားကိုးရင် မိန်းမအတွက် ခြင်္သေ့ကိုတောင် ရင်ဆိုင်ရတဲ့သူတွေပါ။ သူတို့အပေါ် စိတ်မပါသလို မထီမဲ့မြင် ဆက်ဆံတာကို အခံရအခက်ဆုံးပါ။ ငြူစူ ဆူပူကာ နားငြီးအောင် လုပ်တာကိုဖြင့် အမုန်းဆုံးပါပဲ။

ယောက်ျားအများစုကတော့ ဒီဒုက္ခတွေကို ကြိတ်မှိတ်ခံစား နေကြရပါတယ်။ သူတို့ကို ကြောက်လို့တော့ မဟုတ်ပါ။ နှမချင်းစာနာပြီး ကလေးတို့ အမေဖြစ်နေလို့ပါပဲ။ ဒါတွေ
ကို သိနားလည်ပြီး ယောက်ျားများအပေါ် ညှာတာထောက်ထားသင့်ပါတယ်။

03/12/2026

~ ယခုကတည်းက ဘာမျှမပါ ပါဘူး ~

လောကီ လူသားများပေမို့ ဘဝတာမှာ စားဝတ်နေရေး အဆင်ပြေအောင် ကြိုးစားလုပ်ကိုင်
ကြရပါတယ်။ အဆင်ပြေသည်ထက် ပြေအောင် လုပ်ကိုင်ရင်း လောဘဇောတိုက်ပြီး ပစ္စည်းဥစ္စာ
နှစ်လုံး သုံးလုံး ပိုင်အောင်၊ ကားတစ်စီးရှိရင် သုံးလေးစီးရှိအောင်၊ စိန်တစ်ဆင်စာရှိရင်
များ တိုးပွားအောင် နည်းမျိုးစုံနှင့်ကြံဆောင် လုပ်ကိုင်လာကြပါတယ်။ တိုက်တစ်လုံးပိုင်ရင်
စိန်ရွှေကျောက်သံ ပတ္တမြား အစုံပေါင်းများစွာ ပိုင်ဆိုင်ရအောင် ကြိုးစားကြပြန်ပါတယ်။
သားသမီးနှင့် မြေးများအတွက် အိုစာ၊ နာစာ၊ နောင်ရေးအတွက် စုဆောင်းကြပါတယ်လို့
ပြောကြပါတယ်။

နောက် အသက်ရလာပြီး အသိတရားဝင်လာပြန်တော့ ဒီပစ္စည်းဥစ္စာ သားမယားတို့က
သေရင်မပါဘူး၊ မိမိပြုတဲ့ ကုသိုလ်ကောင်းမှုတွေသာ ပါမယ်ဆိုပြီး မိမိသိနားလည်သလို ဒါန
အလှူအတန်းတွေ ပြုကြပါတယ်။ ဒီတော့လည်း မိမိကြိုးစားစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာများနှင့်
အရင်းတည်ပြီး ပေးကမ်းစွန့်ကြဲ လှူဒါန်းကြတယ်။ ဘုရားကျောင်းကန်များ တည်ဆောက်
ပြီး`မိမိ၏ ကောင်းမှုကုသိုလ်ကို ဝသုန်ဤမြေသက်သေထားပြီး ရေစက်ချ အမျှအတန်း
ပေးဝေကြပါတယ်။ နောင်ဘဝကောင်းစားရေးအတွက် ကုသိုလ်အရင်း အနှီးမြှုပ်နှံတဲ့ သဘော
ပါပဲ။ နိဗ္ဗာန်ရောက်ကြောင်းတော့ ဆုတောင်းကြပါတယ်။ နိဗ္ဗာန်မရောက်မီစပ်ကြား လူစည်းစိမ်၊
နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ် ခံစားဖို့ကလည်း အရေးကြီးပါတယ်။ ကုသိုလ်များများပြုလေ
ဒီစည်းစိမ် ချမ်းသာတွေ အဆင့်မြင့်မြင့် စံစားရလေပဲလို့ ယုံကြည်ကြပါတယ်။ အလှူဒါနပြုတာ
ကောင်းပါတယ်။

ဒီလို စုဆောင်းကြချိန် စုဆောင်းကြတယ်။ ပေးကမ်း လှူဒါန်းကြချိန်မှာ ပေးကမ်းလှူဒါန်း
ကြတယ်။ အဓိကအချက်ကတော့ နောင်ဘဝမှာ ကောင်းတာ၊ ချမ်းသာလိုတဲ့ တောင့်တမှ
လိုချင်မှုပါပဲ။ မကောင်းတာ အကုသိုလ်လုပ်တာ ထက်တော့ သာလွန်ကောင်းမြတ်ပါတယ်။
သဘောထားမှန်က ပိုမိုကောင်းပါတယ်။

အမှန်တော့ ပစ္စည်းဥစ္စာတွေက ယခုလက်ရှိဘဝမှာပင် ကိုယ်နှင့်ပါနေတာ မဟုတ်ပါဘူး၊
ကိုယ့်ဟာကိုယ်ပိုင်ဆိုင်တာလို့ ထင်နေကြတာပါ။ ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေး
ပျက်စီးနိုင်ပါတယ်။ မိမိထံမှ ထွက်ခွာသွားနိုင်ပါတယ်။ နောင်ဘဝအထိ လိုက်ပါဖို့၊ မပါ-
ဖို ့ ပြဿနာပေါ်မလာပါဘူး။ ယခုကတည်းက မပါပါဘူး၊ နောင်ဘဝအတွက်ဆို ဝေးပါသေး
တယ်။ ရှေးအီဂျစ်တွေတုန်းကတော့ အယူအဆတွေ လွဲမှားကာ နောင်ဘဝမှာ အတူပါသွားပြီး
အသုံးပြုရန် မယား၊ ကျေးကျွန်နှင့် အိမ်သုံးပစ္စည်းရတနာများ၊ တိရစ္ဆာန်များကို ကွယ်လွန်သူ
များနှင့်အတူ စတေးမြှုပ်နှံခဲ့တာတွေ ရှိခဲ့ပါတယ်။ အယူလွဲမှားမှုပဲ ဖြစ်ပါတယ်။

မိမိကြိုးစားစုဆောင်းခဲ့တဲ့ ပစ္စည်းဥစ္စာများနှင့် ပေးကမ်းစွန့်ကြဲ လှူဒါန်းကြတာကုသိုလ်
ရပါတယ်။ ကောင်းမှုကုသိုလ်၊ ကောင်းသောလုပ်ရပ်ဖြစ်ပါတယ်။ ဒီကုသိုလ်ကြောင့် မိမိ
မလိုလားဘူးဆိုတဲ့ စည်းစိမ်ချမ်းသာတွေကို ပိုမိုရလိုတဲ့ လိုချင်တပ်မက်မှု ရှိနေရင်တော့
သင့်တော်မယ်မထင်ပါ။ ဘဝရှိနေရင်တော့ အကြောင်းတရားတွေ ပြုနေရင်တော့ အကျိုးတရား
တွေ ဖြစ်ပေါ်နေမှာပင် ဖြစ်ပါတယ်။ နောင်ဘဝမှာ ကြောင်းကျိုးဆက် တရားတွေကလွဲပြီး
ဘာမျှပါမယ် မဟုတ်ပါ။

လွတ်မြောက်တဲ့ ဝိမုတ္တိတရားအတွက် ယခုမှစ၍ ကျင့်ကြံအားထုတ်နေတာက အမှန်ကန်ဆုံး
မြတ်စွာဘုရား ဟောကြားတော်မူတဲ့ တရားဓမ္မအတိုင်း တောင့်တမက်မောမှု၊ ယုံမှားမှုမှ
စိတ်အေးချမ်းသာရဆုံး ဖြစ်ပါတယ်လို့ တင်ပြပါတယ်။

03/12/2026

" ဒီစိတ်တွေကြောင့် ခက်တယ် "

ကျွန်တော်တို့ရဲ့ ဘဝနှင့်လောကကို စိတ်တွေက ဖန်တီးနေတယ်လို့ ပြောရမလို ဖြစ်နေ
ပါတယ်။ စိတ်ညစ်တယ်၊ စိတ်ရှုပ်တယ်၊ စိတ်မချမ်းသာဘူး၊ စိတ်မကောင်းဘူး၊ စိတ်ဓာတ်
ကျတယ် ဖြစ်အောင်လုပ်နေတာ ဒီစိတ်တွေ ဒီအတွေးတွေကြောင့်ပင် ဖြစ်ပါတယ်။ ဒီလိုပဲ
စိတ်ချမ်းသာတယ်၊ စိတ်အေးသွားတယ်၊ စိတ်ချတယ်၊ စိတ်ထားမြင့်မြတ်တယ်၊
စိတ်နှလုံးရွှင်လန်းတယ် ဖြစ်အောင်လုပ် နေတာလည်း ဒီစိတ် ဒီအတွေးတွေပါပဲ။

ဒါဖြစ်ရင် စိတ်ညစ်စရာမတွေးဘဲ စိတ်ချမ်းသာစရာ တွေးနေပါလား၊ ဒီလိုလည်း မရပြန်
ပါဘူး။ ခက်ခဲတယ်လို့ ပြောကြပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ရေးအဆင်မပြေလို့
စိတ်ညစ် ရတာပေါ့။ သားကဆိုးတော့ စိတ်မချမ်းသာဖြစ်ရတာပေါ့။ သူက စော်ကားတော့
စိတ်ဆိုးရတာပေါ့လို့ အကြောင်းပြကြပြန်ပါတယ်။ ဒီလိုဖြစ်ရတာလည်း ကိုယ့်စိတ်ကူးတွေပဲ
မဟုတ်ပါလား။ စိတ်မကူး မစဉ်းစားမိတဲ့အခါ စိတ်ညစ်တာ စိတ်ဆိုးတာ မဖြစ်ပါဘူး။
တွေးတောစိတ်ကူး နေတဲ့အချိန်သာ ဖြစ်ပါတယ်။

အစစအရာရာ ပြည့်စုံတယ်ဆိုတဲ့အတွေးကြောင့် စိတ်ချမ်းသာတယ်။ သားသမီးတွေအားလုံး
ဘွဲ့ရ အလုပ်အကိုင်တွေနှင့် ဖြစ်ကုန်ပြီဟု စဉ်းစားမိတော့ စိတ်ချစိတ်အေးသွားရတယ်။
ဒါတွေဟာလည်း စိတ်ကြောင့် အတွေးစဉ်တွေကြောင့်ပဲ မဟုတ်ပါလား။ ဒီလို တွေးတောစိတ်
မကူးတဲ့အခါမှာ မဖြစ်ပေါ်ပါဘူး။

သူလေးက ချစ်စရာလေးဆိုတာလည်း စိတ်ပါပဲ။ ဒီလူကြီးက မတရားဘူး၊ မုန်းစရာ
ဆိုတာလည်း စိတ်ပါပဲ။ မှားတယ်၊ မှန်တယ်လို့ ယူဆတာလည်း စိတ်ပါပဲ။ အားလုံးဟာ
စိတ်ကြောင့် ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစိတ်တွေ ကြောင့် ခက်တယ်လို့
ညည်းကြလေ့ရှိပါတယ်။ စိတ်ကိုထိန်းဖို့၊ နိုင်ဖို့ ခက်လှတယ်လို့ အားငယ်ကြပါတယ်။
စိတ်ကိုထိန်းလို့ရနိုင်တယ်။ ဒီသဘောလက်ခံထားရင် ထိန်းနိုင်တဲ့အခါရှိသလို
မထိန်းနိုင်တဲ့အခါလည်း ရှိတာကို တွေ့ရပါတယ်။ စိတ်ကို အနိုင်ယူလို့ .. ရနိုင်တယ်။
ဒါကိုယုံကြည်နေရင် နိုင်တဲ့အခါရှိသလို ရှုံးတဲ့အခါလည်း ရှိလာပါလိမ့်မယ်။

တကယ်တော့ စိတ်ဆိုတာ သနားစရာလေးပါ။ အကြောင်းဆုံလို့ ပေါ်လာရ ရှာတာပါ။
အမြဲမရှိရှာပါဘူး။ ပေါ်ပြီးပျောက်သွားရပါတယ်။ မိမိတွေးချင်တာတွေး၊ စိတ်ကူးချင်တာစိတ်ကူး၊
ပေါ်လိုက် ပျောက်လိုက်နေတာပါပဲ။ ဒီလို စိတ်သဘောကို မသိတော့ နှစ်သက်စရာတွေးမိတဲ့အခါ သာယာစွဲလမ်းတယ်။ မနှစ်သက်စရာတွေးမိတဲ့အခါ စိတ်မချမ်းမသာဖြစ်ရတယ်။

စိတ်ဆိုးရတယ်။ ဒါတွေကို နေ့စဉ်လုပ်နေကြတာပါ။
ဒါကြောင့် စိတ်ကြောင့်မခက်ပါဘူး။ အမှန်မသိတာက ခက်တာပါ။ သဘော ထားမှန်ပြီး
နှလုံးသွင်းမှန်ရင် မခက်ပါဘူး။ ဒီလိုမှန်ဖို့ကလည်း သတိထားနေဖို့ လိုပါတယ်။
သတိထားနေတတ်တဲ့ အကျင့်ကို လေ့ကျင့်ပျိုးထောင်ဖို့ပဲ လိုပါတယ်။

03/12/2026

< ကျွန်တော်ဘယ်မှာလဲ >

ကျွန်တော် ချစ်ခင်နှစ်သက်ဖွယ်ရာများကို မြင်တွေ့တဲ့အခါ ချစ်တတ်၊ သာယာတတ်ပါ
တယ်။ ချောမောလှပတဲ့ မိန်းမပျိုများ၊ တီတီတာတာ .. ချစ်ဖွယ်ကောင်းတဲ့ .. ကလေးများ
ကြည်နူးဖွယ် သဘာဝရှုခင်းများ၊ ရောင်စုံဖြာနေတဲ့ ပန်းကလေးများ စတာတွေကို မြင်တွေ့ရတိုင်း
ချစ်ခင်နှစ်သက် သာယာမိပါတယ်။ သူတို့ကို မမြင် မတွေ့ရတဲ့အခါ ဒီလိုချစ်ခင် သာယာမှုများ
ပေါ်မလာတော့ပါ။ ဒါပေမဲ့ စိတ်ထဲမှာ ပြန်လည်တွေးတော စိတ်ကူးယဉ်ပြီး သာယာလေ့
ရှိပါတယ်။ ဒါဖြင့်ရင် ကျွန်တော်သာယာနှစ်သက်တယ်ဆိုတာ သူတို့လား၊ ကျွန်တော့်စိတ်ကူး
အတွေးတွေလား။

ဒီလိုပဲ ကျွန်တော်မကျေနပ် မနှစ်သက်တဲ့သူနဲ့ တွေ့မြင်တဲ့အခါ စိတ်မချမ်းသာဖွယ်ရာ
ရှုခင်းများ တွေ့မြင်တဲ့အခါ ကျွန်တော်မကျေနပ် ဒေါသထွက်ရပြန်ပါတယ်။ ဒီလို မကျေနပ်၊
ဒေါသထွက်အောင် လုပ်တာ သူတို့လား၊ ကျွန်တော့်ရဲ့မကျေနပ်တဲ့ အတွေးတွေလား။

သာယာနာပျော်ဖွယ်ကောင်းတဲ့ တေးသံများကြားရတဲ့အခါ စိတ်နှလုံး ကြည်နူးမိပါတယ်။
ဒါပေမဲ့ နေမကောင်းစိတ်ရှုပ်နေတဲ့အခါ ဒီအသံကပဲ မိမိကိုများစွာ အနှောင့်အယှက်ပေးလေ့
ရှိပါတယ်။ ဒီလို သာယာတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာတွေဟာ အသံကြောင့်လား၊ မိမိရဲ့
ခံစားမှုကြောင့်လား။

ဝက်သားနှပ်၊ အတို့၊ ငံပြာရည်၊ ပဲကြီးဟင်းနဲ့ စားရတာ အလွန်ပင် မြိန်ရှက်လှပါတယ်။
ဒါပေမဲ့ ဒီအစားအစာတွေဟာ သွေးတိုးနဲ့မတည့်ဘူး။ ရှောင်သင့်တယ်လို့ပြောတော့ စားရမှာ
ဝန်လေးသွားပြီး မိမိက ကောင်းတယ်လို့ထင်မိတဲ့ အစားအသောက်ကို ရှောင်ရပြန်တယ်။
ဒါဖြင့်ရင် ကောင်းတာ၊ မကောင်းတာ ဆိုတာဟာ စိတ်ရဲ့ဆုံးဖြတ်ချက်လား။

ဧည့်ခံပွဲများမှာ အမျိုးသမီးများထံမှ မွှေးကြိုင်တဲ့ရနံ့များဟာ ကျွန်တော့်အား သာယာမှု
ကိုပေးပါတယ်။ အမှိုက်ပုံနား ဖြတ်သွားတဲ့အခါ ဆိုးရွားတဲ့အနံ့များကြောင့် ကျွန်တော့်နှာခေါင်းကို
လက်ကိုင်ပဝါနဲ့အုပ်မိပါတယ်။ အနံ့ချင်းတူပါလျက်နဲ့ ဘာကြောင့် ကျွန်တော့်ခံစားချက်မှာ
ခြားနားမှု ရှိရပါသလဲ။

အများနည်းတူပင် ကောင်းတဲ့အတွေ့ကို ကျွန်တော် သာယာကြည်နူးမိပါတယ်။ လှပ-
ချောမွေ့ နုနယ်တဲ့ မိန်းမပျိုလေးနဲ့ ထိတွေ့မှု၊ အိစက်ညက်ညောတဲ့ ဆိုဖာခုံတို့နဲ့ တွေ့ထိမှု၊
အေးချမ်းတဲ့ ရေအလျဉ်၊ ငြိမ့်ညောင်းတဲ့ လေအေးတို့နဲ့ တွေ့ထိမှု စတာတွေကို ကျွန်တော်
သာယာကြည်နူး မိပါတယ်။

အတွေးအခေါ်နဲ့ပတ်သက်ပြီး ကျွန်တော် မှန်ကန်တယ်လို့ ယူဆထားချက်များ ရှိပါတယ်။
ကျွန်တော့်အယူအဆများနဲ့ မကိုက်ညီရင် မမှန်ကန်ဘူးလို့ ကျွန်တော်ထင်မိပါတယ်။ ဒါပေမ
မဲ့ အသက်ကြီးလာတာနဲ့အညီ ဒီအယူအဆများ ပြောင်းလဲသွားတတ်ပါတယ်။ ဘဝအတွေ့
အကြုံအရလည်း ပြောင်းလဲသွားလေ့ရှိပါတယ်။

အဲဒီလို ကျွန်တော်မြင်တာ၊ စားတာ၊ အနံ့ရတာ၊ ကြားတာ၊ ထိတွေ့တာ၊ တွေးခေါ်တာ၊
ခံစားတာတွေကို လုပ်နေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်လည်ဆန်းစစ်ကြည့်ပါတယ်၊
ရှာဖွေ.. ကြည့်ပါတယ်၊ ကျွန်တော် မြင်စရာ၊ စားစရာတွေ၊ အနံ့ရတာတွေ၊ ကြားတာတွေ၊
တွေ့ထိစရာတွေ၊ တွေးတောစရာကွေ၊ ခံစားတာတွေမပါဘဲ ကျွန်တော်ဆိုတာ သီးသန့်သီးခြား
ရှိပါရဲ့လား။ သူတို့ရဲ့ သြဇာခံများ ဖြစ်နေမလား။ သူတို့ရဲ့ အထောက်အပံ့နဲ့ ကျွန်တော့်ဘဝ
ရပ်တည်နေတာလား။ သူတို့ကိုပစ်ပယ်ပြီး ကျွန်တော် ရှင်သန်နိုင်ရဲ့လား။ သူတို့ကို အမြစ်
ဖြတ်လို့ရမလား။ သို့မဟုတ် သူတို့အပေါ် စွဲလမ်းနှစ်သက်တာ၊ မနှစ်မြို့တာ၊ မသာယာတာတွေကို
ဖြတ်ရမှာလား။ ဒါဆိုရင် ကျွန်တော် ဘာဖြစ်သွားမှာလဲ။ ကျွန်တော် ဘယ်ရောက်သွားမှာလဲ။
ဒီလို တစ်ခါတစ်ရံ ကြံကြံဖန်ဖန် တွေးမိပါတယ်။

ကျွန်တော်ဘာလဲ၊ ကျွန်တော်ဘယ်မှာလဲ၊ ဒီလိုရှာကြံနေတာမှန်ရဲ့လား၊ မရှိတာများရှာပုံတော်
ကျူးနေမိတာလား၊ မိတ်ဆွေက ဝိုင်းဝန်းပြီးအဖြေရှာပေးရန် မေတ္တာရပ်ခံပါတယ်။

03/12/2026

< ကျွန်တော်နားလည်သောအေးငြိမ်းခြင်း >

လူတိုင်းလိုပဲ ကျွန်တော်ပညာတော်ချင်တယ်။ ရာထူးကြီးကြီးရချင်တယ်။ တိုက်-
တာပစ္စည်း၊ ... ကားတွေနဲ့ချမ်းသာလိုတယ်။ လုပ်ကိုင်ရာမှာ အောင်မြင်ထင်ပေါ်
ကျော်ကြားလိုတယ်။ အခြံအရံ အပေါင်းအသင်း ပြည့်စုံလိုတယ်။ ဒီလိုကြွယ်ဝချမ်းသာမှ
ဘဝလုံခြုံမှုရှိပြီး စိတ်ချမ်းသာမယ်လို့ ထင်ခဲ့မိတယ်။ အခု ကိုယ်လိုချင် တမ်းတတာတွေ
အတော်အတန် ရရှိပြည့်စုံလာသော်လည်း စိတ်ချမ်းသာမှု မရရှိဘဲ ဖြစ်နေပါသေးတယ်။
ဒါတွေ ဆုံးရှုံး ပျောက်ကွယ်သွားမှာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်လာပါတယ်။
စိတ်ချမ်းသာဖို့ ကြိုးစားရင်း စိတ်ဆင်းရဲမှု ရလာပါတယ်။

ပျော်ရွှင်ကြည်နူးရန် အာရုံတွေ ခံစားပြီးနေခဲ့ပါတယ်။ ဒါလည်း အဆင် မပြေပါ
ဘူး။ မကျေနပ်မှုတွေ၊ ငြီးငွေ့မှုတွေသာ နောက်ဆုံးကျန်ရစ်ခဲ့တာပါပဲ။ မိမိ မျှော်မှန်းသလို
မဖြစ်ခဲ့ပါ။ မမျှော်မှန်းတာတွေသာ ဖြစ်တာကများလာတော့ စိတ်ကုန် လာပါတယ်။
တဖြည်းဖြည်း ဒီပစ္စည်းတွေ အာရုံတွေပေါ်မှာ အထင်ကြီးမှု၊ စွဲလမ်းမှုတွေ လျော့
နည်းလာပါတယ်။ သူတို့ ကြီးစိုးမှုကို မခံလိုတော့ပါဘူး။ သူတို့ပြုသမျှ နုရ မည့်ဘဝမျိုးမှ
ရုန်းကန်ထွက်ချင်ပါတယ်။ သူတို့မပါဘဲ စိတ်ချမ်းသာလိုတဲ့ ဆန္ဒဖြစ်ပေါ်လာပါတယ်။
ဒါဖြင့်ရင် သူတို့နှောင်ကြိုးမှလွတ်အောင် . သူတို့ကိုစွန့်ပစ်ပြီး ထွက်ခွာရမယ်ဆိုတာ
နားလည်လာပါတယ်။

သူတို့အပေါ် စွဲလမ်းမှီတွယ်မှုတွေ နည်းပါးလာတဲ့အလျောက် အေးငြိမ်းတဲ့ စိတ်
ချမ်းသာမှုကို ရရှိခံစားလာရပါတယ်။ မီးတောက်မီးလျှံမှ ဝေးလေလေ၊ အပူကင်း
လာလေလေ သဘောပါပဲ။
အေးငြိမ်းတဲ့သဘောဆိုတာ နဂိုကတည်းက ရှိပြီးသားပါ။ မသိလို့ သတိ
မထား၊ မကျင့်ကြံကြလို့သာ မတွေ့မခံစားကြခြင်း ဖြစ်ပါတယ်။လိုချင်မက်မော စွဲလမ်း
တယ်ဆိုတဲ့ မီးတောက်မီးလျှံ လောင်ကျွမ်းငြိမ်းသွားမှ တွေ့ရတဲ့သဘော မဟုတ်ပါဘူး။
မီးငြိမ်းပြီးမှရတဲ့ အေးငြိမ်းမှုမျိုးဆိုရင် မီးလောင်ကျွမ်းအောင် ရှေးဦးစွာ ကြိုးစားရမလို
ဖြစ်နေမှာပေါ့ ။

အေးငြိမ်းတယ်ဆိုတာ နဂိုမူလကတည်းက အေးချမ်းနေတာ၊ ငြိမ်းချမ်းနေတာကို
ဆိုလိုတာပါ။ အစဉ်ရှိနေတဲ့ အေးငြိမ်းသည့် သဘောသဘာဝကို မသိရှိမခံစားနိုင်တာက
ကျွန်တော်တို့ ပြင်ပပစ္စည်းဥစ္စာ အလှအပတွေနောက် တပ်မက်စွဲလမ်းပြီးလိုက်နေလို့
ပါပဲ။ အလိုက်ရပ်ပြီး မှန်ကန်တဲ့နည်းလမ်းနှင့် ကျင့်ကြံအားထုတ်ရင် တွေ့ရှိမျက်မှောက်
ပြုနိုင်ပါလိမ့်မယ်။ ရယူပိုင်ဆိုင်နိုင်မှာတော့မဟုတ်ပါ။ သို့မဟုတ်ရင် တခြားအာရုံခံ
ပစ္စည်းများလို ဖြစ်သွားမှာပေါ့ ။

အေးငြိမ်းတဲ့ ချမ်းသာမှ ရနိုင်တယ်ဆိုတာ ကျွန်တော်နားလည်စ ပြုလာပါတယ်။
ဘယ်ပုဂ္ဂိုလ်၊ ဘယ်ပစ္စည်းဝတ္ထုတို့ အထောက်အပံ့ ကူညီပံ့ပိုးမှုမျှ မပါဘဲ အေးငြိမ်း ချမ်းသာမူ ရနိုင်ခြင်းကို နားလည် လာပါတယ်။

03/12/2026

‘ ခွင့်မလွှတ်နိုင်ရန်အကြောင်းမရှိပါ ~

ကလေးများကို ချစ်လို့ ပွေ့ချီတဲ့အခါ တစ်ခါတစ်ရံ သူတို့က ပြုံးကြပါတယ်။ ခြေလေးလက်လေး ကားရားကားရားနဲ့ ချစ်စဖွယ်လေးတွေပါပဲ။ တစ်ခါတလေ အော်ဟစ်ငိုတော့တာပါပဲ။ ကလေးအရွယ်ကတည်းက ဒေါသထွက်တတ်ကြတာကိုး။ ကျွန်တော့် ဆံပင်ကို ဆွဲတယ်။ ရင်ဘတ်ကို ဆောင့်ကန်တယ်။ အပေါ့အလေးတောင် ပေါက်ချလိုက်သေးတယ်။

ကျွန်တော့်အင်္ကျီနှင့် လုံချည်တွေ ပေကျံကုန်ပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်မဆိုးပါဘူး။
ရယ်၍တောင် နေမိပါသေးတယ်။ ကလေးဆိုတော့ ဘယ်သိတတ် နားလည်ရှာမလည်း။
ခွင့်လွှတ်ရတာပေါ့။

ကျွန်တော့် အချို့သောလက်ထောက်တွေ၊ တပည့်တွေက တစ်ခါတစ်ရံ စကားနား မထောင်၊ မထီမဲ့မြင်ပြုကြတယ်။ သူတို့ တာဝန်မဲ့ လုပ်ကြတာတွေက ဒုက္ခရောက်ပေါက်တွေပါပဲ။
ရွယ်တူတန်းတူအချို့က ကျွန်တော့်ကို မနာလိုကြဘူး။ စွာတယ်၊ လူစွမ်းကောင်းဆန်တယ်လို့
အပြစ်ပြောကြတယ်။ အထက်လူကြီးများထံ ကုန်းချောတာလည်း ရှိတယ်။ သူတို့ရဲ့ မနာလို
မရှုဆိတ်တာတွေကို ပြောင်ပြောင်တင်းတင်း ပြကြတာပါပဲ။ ဟန်တောင် မဆောင်နိုင်ကြပါ-
ဘူး။ အထက်လူကြီးအချို့ကလည်း ကျွန်တော်အောက်ကျမခံတဲ့စိတ်ကို မကြိုက်ကြဘူး။

ကျွန်တော်အတော်ဝမ်းနည်းတယ်။ စိတ်လည်း ဆိုးမိတယ်။ တုံ့ပြန်လိုတဲ့စိတ်ပေါ်မိတယ်။
ကျွန်တော်က သူတို့အပေါ် ခင်မင်ရက်သားနဲ့ ဘာမျှ အပြစ်မလုပ်မိရက်သားနဲ့ ကျွန်တော့်အပေါ်
မကောင်းကြတာကို နားမလည်နိုင်ပါ။ ကျွန်တော်ထိုင်ပြီး အချိန်ယူစဉ်းစားတယ်။ ရုတ်တရက်
ကျွန်တော် ချစ်လို့ ပွေ့ချီခဲ့တဲ့ ကလေးတွေကို သွားသတိရတယ်။ သူလေးတို့ ဘာလုပ်လုပ်
မသိ နားမလည်ရှာလို့ဘဲလို့ . ကျွန်တော်ခွင့်လွှတ်ခဲ့တာပါပဲ။ ဘာကြောင့် သူတို့ကိုတော့
ခွင့်မလွှတ်နိုင်ရမှာလဲ။ သူတို့ဟာ အသက်အရွယ်ကြီးပြီး အသိဉာဏ်ရှိနေတဲ့သူတွေလို့ ထင်
နေလို့ပါ။ သူတို့လည်း မသိနားမလည်ရှာလို့.. ဒီလို မနာလိုမရှုဆိတ် ဖြစ်နေတာပဲလို့
သဘောပေါက်လာပါတယ်။ ဒါကြောင့် ခွင့်လွှတ်လိုက်ပါတယ်။

သည်းခံခွင့်လွှတ်ခြင်းဟာ အတော်ခက်ခဲပါတယ်။ ဖြစ်တတ်တဲ့ လောကဓမ္မကြောင်းတွေ
သိနားလည်မှလည်း ခွင့်လွှတ်တတ်မှာ ဖြစ်ပါတယ်။ တုံ့ပြန် လက်စားချေတာဟာ ရန်စပျိုး
တာပါ။ ခွင့်လွှတ်ခြင်းက ရန်စအေးစေပါတယ်။ မိမိကိုယ်ကို အောင်နိုင်ခြင်းလည်း ဖြစ်ပါ
တယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ တရားပါပဲ။ မိတ်ဆွေ ကျင့်သုံးကြည့်စေလိုပါတယ်။

Mainstream Pop Musician Melanie CPop Musician Melanie C is a native of London, England. She has had a Career Lasting Mor...
03/11/2026

Mainstream Pop Musician Melanie C

Pop Musician Melanie C is a native of London, England. She has had a Career Lasting More than two decades and is Now well-known in the mainstream Pop Scene.

She expresses her own problems and experiences in her music through expressive lyrics, energetic rhythms, and captivating melodies.

Melanie C has established herself as a successful solo artist after first becoming well-known as a Spice Girls member. Over the years, her music has changed, integrating elements of dance, electronica, and rock. She has a devoted fan base and has received favorable reviews thanks to her unusual voice and captivating stage presence.

A generation of young people yearning for connection and significance can relate to Melanie C's music. Her songs give listeners a sense of empowerment, hope, and fortitude that motivates them to overcome obstacles and follow their goals.

Melanie C is still a major player in the mainstream music industry thanks to her contagious enthusiasm and upbeat demeanor.

KREAM feature the Talents of Norwegian Brothers Daniel and Markus Slettebakken. KREAM has gained Worldwide Attention for...
03/11/2026

KREAM feature the Talents of Norwegian Brothers Daniel and Markus Slettebakken. KREAM has gained Worldwide Attention for their Unique take on Melodic Tech House.

Initially discovered on SoundCloud through their remixes, their Original Music has now been played over a Billion times.

Their One-of-a-kind LIQUID : LAB series on YouTube, has Become One of the biggest Online events in Dance Music. Broadcasting from Norway’s Most Unique Places to over Millions of Viewers.

Address

Washington D.C., DC

Website

Alerts

Be the first to know and let us send you an email when Kat Dv posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category