Myanmar Verified News

Myanmar Verified News ဖေ့ဘွတ်ခ်ပေါ်မှသတင်းအမှားများကိုဘ?

Silent Strike နေ့တွင် ပြည်သူများ ပုံမှန်အတိုင်း သွားလာကြဖို့ NLD ဗဟိုက ထုတ်ပြန်ကြေညာတယ်ဆိုပြီး ပျံ့နှံ့နေတဲ့ သတင်းအမှားတ...
12/09/2021

Silent Strike နေ့တွင် ပြည်သူများ ပုံမှန်အတိုင်း သွားလာကြဖို့ NLD ဗဟိုက ထုတ်ပြန်ကြေညာတယ်ဆိုပြီး ပျံ့နှံ့နေတဲ့ သတင်းအမှား

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) နေ့တွင် ပြည်သူလူထုအနေဖြင့် ပုံမှန်အတိုင်း သွားလာကြ ရန် NLD ဗဟိုက ကြေညာချက်ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှားတစ်ခု ဒီဇင်ဘာ ၉ရက်မှာ ဆိုရှယ်မီဒီယာ ပေါ်၌ ပျံ့နှံ့နေပါတယ်။
ပျံ့နှံ့နေတဲ့သတင်းအမှားတွင် NLD ပါတီရဲ့ တံဆိပ်တုံး ပါဝင်ပြီး သတင်းထုတ်ပြန်ချက်အတု ပုံစံဖြင့် ဖြန့် ဝေထားခြင်း ဖြစ်သည်။

“ ဒီဇင်ဘာ ၁၀ရက်နေ့အား အသံပိတ်သပိတ်အဖြစ် သတ်မှတ်ခြင်းအား မိမိတို့ အဖွဲ့ချုပ်အနေဖြင့် ညွှန်ကြားထားခြင်း မရှိပါ၊ ဒီဇင်ဘာ ၁၀ရက်သည် အစ္စလာမ်ဘာသာဝင်တို့၏ ဝတ်ပြု ဆုတောင်းသည့်နေ့ (သောကြာနေ့) ဖြစ်ကြောင်း၊ Silent Strike သတ်မှတ်ခြင်းသည် အခြားသော ဘာသာ ဝင်များ စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် ပြည်သူလူထုအနေဖြင့် ပုံမှန်တိုင်း သွားလာကြရန် တိုက်တွန်းကြောင်းနှင့် Silent Strike ပြုလုပ်မည့်ရက်အား သီးခြားထုတ်ပြန်ပေးသွးမည်ဟု သတင်းအမှားတွင် ဖော်ပြထားပါတယ်။
ဒီသတင်းအမှားကို ဒီဇင်ဘာ ၉ရက် မွန်းလွဲ ၁နာရီခွဲအထိ Like react ပြုလုပ်သူ ၁၁၀၀ကျော် Share ပြုလုပ်သူ ၁၆၇ဦးအထိရှိကြောင်း တွေ့ရပါတယ်။

သတင်းအမှားကို Naing Thein Myint ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က ဒီဇင်ဘာ ၉ရက် နံနက် ၉နာရီခွဲမှာ တင်ထားတာဖြစ်ပါတယ်။ အောက်ဖော်ပြပါ Web Archive Link ကနေ သတင်းအမှားကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://archive.ph/cT6j4

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေတဲ့ ဒီသတင်းအမှားကို အချက်အလက်စစ်ဆေးကြည့်ရာ

NLD ပါတီနဲ့ ပတ်သက်သော သတင်းတွေကို ထုတ်ပြန်ဖော်ပြပေးနေပြီး ဖေ့ဘွတ်ခ်က blue mark ရရှိထားတဲ့ National League for Democracy ပေ့ချ် ( https://www.facebook.com/nldparty ) မှာလည်း သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

သတင်းမီဒီယာတွေမှာ ဒီအကြောင်းအရာကို သတင်းရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။

ဒါကြောင့် Silent Strike နေ့မှာ ပြည်သူတွေ ပုံမှန်အတိုင်း သွားလာကြဖို့ NLD ဗဟိုက ထုတ်ပြန်တယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်း ထုတ်ဖော်ပြသတဲ့အနေဖြင့် Silent Strike Day လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀နာရီ ကနေ ညနေ ၄နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်မှာ မြန်မာပြည်သူများအားလုံး ပါဝင်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒ ထုတ်ဖော်ကြဖို့ NUGက တာဝန်ရှိသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဒီမိုကရေစီအရေးဆောင်ရွက်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျောင်းသားလူငယ်များက တိုက်တွန်းထားပါတယ်။

ဒီလှုပ်ရှားမှု ပြုလုပ်ရန် တစ်ရက်အလိုတွင် တိကျခိုင်မာမှု မရှိဘဲ လီဆယ်ဖန်တီးထားတဲ့ ဖော်ပြပါ သတင်းအမှားက ပျံ့နှံ့နေတာ ဖြစ်ပါတယ်။


စစ်အုပ်ချုပ်ရေးကာလမှာ ပြစ်ဒဏ်ချခံရတဲ့သူတွေကို  မည်သည့်အစိုးရသစ်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့် မရှိတဲ့ ဉပဒေမူကြမ်း နစက ထုတ...
12/09/2021

စစ်အုပ်ချုပ်ရေးကာလမှာ ပြစ်ဒဏ်ချခံရတဲ့သူတွေကို မည်သည့်အစိုးရသစ်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့် မရှိတဲ့ ဉပဒေမူကြမ်း နစက ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှု၊ ပြစ်ဒဏ်အသီးသီးချမှတ်ခံနေရသည့် အကျဉ်းသူ/အကျဉ်းသားများ မည်သည့်အစိုးရသစ်လက်ထက်တွင်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့် မရှိစေရဟူသော ဉပဒေမူကြမ်းကို နိုင်ငံတော် စစ်ကောင်စီ(နစက)က ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှားတွေ ဒီဇင်ဘာ ၇ရက်မှ စတင်ကာ ပျံ့နှံ့လျက်ရှိ ပါတယ်။

Google မှာ Keyword နဲ့ ရှာဖွေကြည့်တော့ ဒီသတင်းအမှားကို ဖေ့ဘွတ်ခ်အကောင့်တုများစွာက ကူးယူဖော်ပြထားတာကို တွေ့ရပါတယ်။

ပျံ့နှံ့နေတဲ့ မည်သည့်အစိုးရလက်ထက်မှ လွတ်ငြိမ်းချမ်းသာခွင့်မရှိဘူးဆိုတဲ့ သတင်းအမှားမှာ “တပ်မတော်သားများ၊ ရဲများ၊ ဒလန်များကို သတ်ဖြတ်ခဲ့သူများ၊ ဗုံးခွဲ,မှိုင်း ထောင်,မီးရှို့ ခြင်းနှင့် လက်နက်ကိုင်ဆောင်မှုကြောင့် ပြစ်ဒဏ်ကျခံနေရသူများဟူ၍ ပါရှိသည်။ ဒါ့အပြင် CRPH ဖွဲ့စည်းသူ,ပါဝင်သူ,ထောက်ခံသူများနှင့် CDM လုပ်သူများနှင့် ပါဝင်ရန် လှုံဆော်သူများနှင့် နစက ကို မဟုတ်မမှန်သတင်းရေးသူ,ဆဲဆိုသူများနှင့် ဖြန့်ဝေသူများလည်း ပါဝင်တယ်”လို့ သတင်းအမှားမှာ ဖော်ပြထားပါတယ်။

ဒီလို ပျံ့နှံ့နေတဲ့ သတင်းကို စစ်ဆေးကြည့်လိုက်တော့
နစက ဟာ ထိုကဲ့သို့ ဉပဒေမူကြမ်းကို ထုတ်ပြန်ထားခြင်း မရှိပါဘူး။
နစကရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက လည်း ထုတ်ပြန်ကြေညာတာမျိုး မတွေ့ရပါဘူး။
သတင်းဌာနတွေမှာလည်း ရေးသားဖော်ပြထားတာမျိုး မရှိပါဘူး။

ခိုင်မာတိကျတဲ့ သတင်းအချက်အလက်တွေ မပါဝင်ဘဲ နစက က အကျဉ်းသားတွေကို မည်သည့်အစိုးရသစ် လက်ထက်မဆို လွတ်ငြိမ်းချမ်းသာခွင့် မရှိစေရဟူသော ဉပဒေမူကြမ်း ထုတ်ပြန်တယ်ဆိုတာဟာ သတင်းအမှားပဲဖြစ်ပါတယ်။


ကနီ PDF  သစ်ခိုးထုတ်နေတယ်ဆိုပြီး ဖြန့်နေတဲ့ သတင်းအမှားBy- Myanmar Verified News1.12.2021 စစ်ကိုင်တိုင်းဒေသကြီး၊ ကနီမြို့...
12/01/2021

ကနီ PDF သစ်ခိုးထုတ်နေတယ်ဆိုပြီး ဖြန့်နေတဲ့ သတင်းအမှား

By- Myanmar Verified News
1.12.2021

စစ်ကိုင်တိုင်းဒေသကြီး၊ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သစ်မှောင်ခိုသမားတွေကို ဖမ်းဆီးတဲ့ ဓာတ်ပုံကို အသုံးပြုပြီး ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သစ်ခိုးနေပါတယ်လို့ ပြန်လည်စွပ်စွဲထားတဲ့ သတင်းအမှားတစ်ပုဒ် ပျံ့နှံ့နေပါတယ်။

ဒီသတင်းမှားဟာ စစ်တပ်ထောက်ခံတဲ့ ဖေ့ဘွတ်ခ် ဂရုတွေ၊ တယ်လီဂရမ် ချန်နယ်တွေမှာ ပျံ့နှံ့နေတာဖြစ် ပါတယ်။

နိုင်ငံတော်ပိုင် သစ်တောသစ်ပင်တွေ pdf ကြောင့် ပြုန်းတီးနေပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ Kyaw Swar တယ်လီဂရမ် ချန်နယ် က တင်ထားတာဖြစ်ပြီး အဆိုပါသတင်းကို ကြည့်ရှုပြီးသူ ၈၀၀၀ ကျော်အထိ ရှိပါတယ်။ တပ်ကြပ်ကြီး ဖိုးစည် ဆိုတဲ့ တယ်လီဂရမ် ချန်နယ်မှာလည်း အကြမ်းဖက်အဖွဲ့တွေ ထောက်ပံ့မှုမရတော့လို့ သစ်ခိုးထုတ်နေပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားဖြန့်ဝေထားကာ ကြည့်ရှုသူ ၃၇၀ ကျော် ရှိနေတာလည်းတွေ့ရ ပါတယ်။

စစ်ဆေးကြည့်တဲ့အခါမှာတော့ သစ်တန်ဖိုး သိန်း ၂၀၀ကျော် ရှိတဲ့ သစ်ခိုးထုတ်သူတွေကို ကနီ PDF ဖမ်းဆီး လိုက်တာသာ ဖြစ်ပါတယ်။

ဒါကို မြေလတ်အသံ ဖေ့ဘွတ်ပေ့ချ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
https://www.facebook.com/myaelattathan/posts/3038220586494497

ကနီ PDF ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာလည်း သစ်မှောင်ခိုသမားတွေကို၎င်းတို့ ဖမ်းဆီးရမိတဲ့ သတင်းနဲ့ မှတ်တမ်းဓာတ်ပုံကို ဒီဇင်ဘာ ၁ရက်နေ့ မနက် ၇နာရီ ဝန်းကျင်ကတည်းက တင်ထားတာကိုတွေ့ရပါတယ်။
https://www.facebook.com/KaniPeopleDefenseForce/posts/207968674824340

ဒါ့အပြင် BBC သတင်းဌာနကလည်း ကနီ pdf တပ်ဖွဲ့အနေနဲ့ သစ်မှောင်ခိုသမားတွေကို ဖမ်းဆီးလိုက်တဲ့ သတင်းကို ဖော်ပြအတည်ပြုပေးထားပါတယ်။

https://www.facebook.com/BBCnewsBurmese/posts/4752020308187150

ဒါကြောင့်မို့လို့ ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဟာ သစ်မှောင်ခိုးသမားတွေကို ဖမ်းဆီးရမိတဲ့ ဓာတ်ပုံကို အသုံးပြုပြီး စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့် အကောင့်တွေ၊ ချန်နယ်တွေက ကနီ pdf ကို သစ်ခိုးတယ်ဆိုပြီး ပြန်လည် စွပ်စွဲ ဝါဒဖြန့်ထားတဲ့သတင်းအမှားသာဖြစ်ပါတယ်။

လူမှုမီဒီယာ သုံးစွဲသူတွေ သတိထားသင့်သည့် သတင်းမီဒီယာ အယောင်ဆောင် ဖေ့ဘွတ်စ် စာမျက်နှာ - Freedom News Group _______________...
05/17/2021

လူမှုမီဒီယာ သုံးစွဲသူတွေ သတိထားသင့်သည့် သတင်းမီဒီယာ အယောင်ဆောင် ဖေ့ဘွတ်စ် စာမျက်နှာ - Freedom News Group
_______________________________________________________________

အင်တာနက်တွေကိုအကန့်အသတ်နဲ့ဖြတ်တောက်ထားတဲ့အပြင် သတင်းမီဒီယာဌာနအများအပြားဟာ လိုင်စင်ရုတ်သိမ်းခံရတဲ့အတွက် အခုလိုကာလမှာ အင်တာနက်လူမှုမီဒီယာတွေပေါ်ကသတင်းအမှားတွေဟာ ပိုမိုများပြားလာနေပါတယ်။ အင်တာနက်အသုံး ပြုသူတွေအနေနဲ့ သတင်းအမှားတွေကို ရယူ မျှဝေနေကြတဲ့ သတင်းအမှား သံသရာလည်ရတဲ့အဖြစ်ကို မရောက်အောင် အင်တာနက်ပေါ်ကသတင်းတွေကို ဖတ်ရှုရာမှာ သတိထားဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။

Myanmar Verified News အနေနဲ့ သတိပေးချင်တဲ့ သတင်းမီဒီယာအယောင်ဆောင် စာမျက်နှာတစ်ခုက Freedom News Group ဆိုတဲ့ ဖေ့ဘွတ်ခ်စာမျက်နှာဖြစ်ပါတယ်။ FNG လို့သူတို့ကိုယ်သူတို့ ခေါ်လေ့ရှိတဲ့ အဲ့ဒီသတင်းမီီဒီယာအယောင်ဆောင်စာမျက်နှာဟာ ၂၀၀၉ ခုနှစ်ကတည်းက စတင်ဖွင့်လှစ် ထားတာဖြစ်ပြီးတော့ ဝဘ်ဆိုက်ဒ်တစ်ခုလည်း ရှိပြီး ယခင်ကလည်း သတင်းအမှားပေါင်းများစွာကိုတင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အမြဲတမ်း Active ဖြစ်နေတာမျိုးမဟုတ်ပါဘူး။

အဲ့ဒီပေ့ချ်ဟာ အာဏာမသိမ်းခင်ရက်ပိုင်းအလိုမှာ ပြန်လည်အသက်ဝင်လာခဲ့ပြီး တောက်လျှောက် သတင်းအမှားတွေကို သတင်းအမှန်တွေနဲ့ရောပြီး တင်လာခဲ့ပါတယ်။ အာဏာမသိမ်းခင် ဇန်နဝါရီလ အတွင်းမှာဆိုရင် အာဏာရပါတီနဲ့ ရွေးကောက်ပွဲအနိုင်ရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲလိမ်မဲခိုးတဲ့ပါတီဆိုပြီး တိုက်ခိုက်တဲ့ သတင်းအမှားတွေတင်ခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီ FNG ဆိုတဲ့ သတင်းမီဒီယာအယောင်ဆောင်ပေ့ချ် က ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်လည်း ချင်းပြည်နယ်မင်းတပ်မြို့တိုက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအမှားတွေကိုတင်ခဲ့ပါတယ်။ အဲ့ဒီသတင်းအမှားဟာ ဘာသာရေးနဲ့ပတ်သက်ပြီးနွယ်တဲ့ အရေးအသားမျိုးနဲ့ ဖြန့်ချိလာတာဖြစ်ပြီးတော့ ချင်းပြည်နယ်အခြေစိုက် ဒေသခံသတင်းမီဒီယာတွေက အဲ့ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်းအတည်ပြုပါတယ်။ ဒါ့အပြင်အခြား သတင်းမီဒီယာလုပ် ငန်းစဉ်အတိုင်းရေးသားနေကြတဲ့ သတင်းဌာနတွေမှာလည်းမတွေ့ရပါဘူး။ ချင်းပြည်နယ်အခြေစိုက် Chin World မီဒီယာက အဲ့ဒီသတင်းမှားကြောင်း ပြောပြထားတဲ့ ပို့စ် ကို http://shorturl.at/B0168 ဝင်ဖတ်နိုင်ပါတယ်။

အင်တာနက်အသုံးပြုသူတွေအနေနဲ့ Freedom News Group ဆိုတဲ့ သတင်းမီီဒီယာ အယောင်ဆောင် စာမျက်နှာက တင်တဲ့သတင်းမှန် သမျှကို မယုံကြည်ဖို့လိုအပ်သလို အခြားသတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရေးသားနေကြတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားခြင်းရှိမရှိ ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။



Address

3423 Fraggle Drive West Chicago, IL 60185
West Chicago, IL
60603

Alerts

Be the first to know and let us send you an email when Myanmar Verified News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share