
05/29/2025
Teenagers နဲ့ Skincare
ဆယ်ကျော်သက် ကလေးလေးတွေ (မိန်းကလေးရော, ယောကျာ်းလေးရော) ဘာ skincare brand သုံးရမလဲလို့ ခဏခဏ မေးကြတယ်... skincare ဆိုတာ ပထမဆုံး ကိုယ့် skin type ကိုကြည့်ပြီး ရွေးရတယ်... dry skin လား , oily skin လား , acne prone skin လား စသဖြင့်ပေါ့...
ဆယ်ကျော်သက်ကလေးတွေရဲ့ skin က လူကြီးတွေထက် ပိုနူးညံ့တယ်... sensitive ဖြစ်တယ်... Hormone အပြောင်းလဲတွေ ဖြစ်နေတဲ့ အရွယ်မို့ ဝက်ခြံထွက်ဖို့ အရမ်းလွယ်တယ်... ဒါကြောင့် သူတို့သုံးတဲ့ products တွေက fragrance free (အမွှေးနံ့ မပါတာ) and non-comedogenic (ချွေးပေါက်မပိတ်တာ) ဖြစ်တဲ့ products တွေကို သုံးတာ အကောင်းဆုံးဖြစ်ပါတယ်...
USA မှာတော့ teen friendly skincare brand တွေထဲမှာ Popular အဖြစ်ဆုံးက
1) CeraVe နဲ့
2) Cetaphil ဖြစ်ပါတယ်
ဒီ brand 2 ခု က Dermatologists တွေရဲ့ ထောက်ခံချက်ကို ရထားပြီး fragrance free formula နဲ့ ထုတ်တာမို့ sensitive skin တွေအတွက် Safe ဖြစ်တယ်... ဝက်ခြံဖြစ်လွယ်တဲ့ Skin တွေအတွက်လဲ အရမ်းကောင်းတယ်... ဈေးနှုန်းလဲ သင့်တင့်တယ်... တစ်ခု သတိထားရမှာက အတုအရမ်းပေါတဲ့ brand တွေဖြစ်တာမို့ သေချာစီစစ်ရွေးချယ်ပြီး ဝယ်ဖို့ အရေးကြီးပါတယ်...
နောက်ထပ် သုံးလို့ရတဲ့ brand တွေလဲရှိပါတယ်... ဒါပေမယ့် Teenagers တွေသုံးမယ်ဆို ကိုယ့်အသားအရည် အခြေအနေနဲ့ သုံးမယ့် products ကို သေချာလေ့လာပြီးမှ သုံးရမယ့် brand တွေပါ... ကောင်းပေမယ့် ကိုယ့်အခြေအနေနဲ့ကိုက်မှ သုံးသင့်တာပါ... ဘာလို့ဆို ဆယ်ကျော်သက် skin က နူးညံ့ပြီး အမှားမခံလို့ပါ...
1) Neutrogena
2) The ordinary
3) Clinique
ဒီ brand တွေက Skincare ထဲမှာ စိတ်ချရတဲ့ brand တွေပေမယ့် ပါဝင်တဲ့ ingredients တွေရဲ့ ပြင်းအားကို သေချာနားလည်မှ သုံးသင့်ပါတယ်.. ဆယ်ကျော်သက်တွေထဲမှာတောင် 16/17/18 တွေ ပဲ ပိုသုံးသင့်တဲ့ brand တွေဖြစ်ပါတယ်...
ကလေးရဲ့ အသားအရည်က ဘာပြဿနာမှ မရှိရင် Good skin hygiene ဖြစ်ဖို့လောက်ပဲ လိုတာကြောင့်မျက်နှာသစ်ဆေး, Moisturizer and sunscreen လောက်ပဲ သုံးသင့်ပါတယ်... .
နောက်ထပ် အထူးသတိထားရမှာက ဆယ်ကျောက်သက်ကလေးတွေသုံးမယ့် ပစ္စည်းတွေက အတုတွေ မဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်... ထိခိုက်လွယ်ပြီး နူးညံ့တဲ့ skin တွေမို့ စိတ်ချရတဲ့ ပစ္စည်းအစစ်ကိုသာ ရွေးချယ်ဝယ်ယူပေးဖို့ လိုပါတယ်...
Yadanar Phome Thwal
5/29/2025